Skip to main content

ထိုင်းနိုင်ငံမှာ ပလတ်စတစ်ဆန် အတုတွေ့ရှိ (မြန်မာမှာတော့ အခုထိအရေးမယူသေးဘူး)


 ထိုင်းနိုင်ငံ နခွန်နယုတ်ခရိုင် တနေရာမှာ ဘန်ကလိုပိုင်ရှင်နှင့် သူ့ရဲ့ အလုပ်သမား ကမ္ဘောဒီးယား လူမျိုးတဦးသည် ယမန်နေ့ ဇန်န၀ါရီလ၂၇ရက်နေ့ ၂၀၁၆ခုနှစ်မှာ ၀န်ကကျုံဈေးမှာ ၀ယ်လာသော ဆန်သည် ပတ်လတ်စတစ်ဆန်အတုနဲ့ ရောနှောနေတာကို တွေ့ရတဲ့ အတွက် နခွန်နယတ်ရဲစခန်းသို့ သွားရောက်
တိုင်ကြားခဲ့ပါတယ်။

 တစ်အိတ် ၄၅၀ ဘတ်ဖြစ်ဝယ်လာပါတယ်။ ၀ယ်လာပြီး ချက်ပြုတ်ရာမှာ ပျော့တာ ကပ်စေးတာ မဟုတ်ပဲ မာကြောနေတာကို တွေ့ရတဲ့အတွက် ဒယ်အိုးနဲ့ လှော်ကြည့်ရာမှာ ပလစ်စတစ်ဖြစ်ကြောင်း တွေ့ရပါတယ်။

 ရဲစခန်းရောက်တော့ ရဲရှေ့မှောက်မှာလည်း သွားရောက် သက်သေပြရာမှာ ဆန်အတုဖြစ်ကြောင်း
တွေ့ရပါတယ်။

ရဲက ၎င်းဆန်အတုတွေကိုသိမ်းထားပြီး ဘယ်သူက အတုလုပ်တာလဲ ဘယ်ကလာလဲဆိုတာကို လိုက်လံစစ်ဆေးပြီး ဥပဒေအရ အရေးယူသွားမှာ ဖြစ်ပါတယ်။

Comments