ဒါကတော့ လွန် လွန်းပြီ ဦးသိန်းစိန်
=======================
၅ ရက်လောက်သာ ကျန်တော့သည့် လွှတ်တော် သက်တမ်းအတွင်း ဦးသိန်းစိန် အစိုးရက မည်သို့ ရည်ရွယ်ချက်မှန်းမသိ ကမန်းကတန်း ဆွေးနွေးရန် အဆိုပြုချက်တခု တင်သွင်းလာခဲ့ပါတယ်။

အခြားတော့
မဟုတ် လူဝင်မှု ကြီးကြပ်ရေး ဌာနကို ပြည်ထဲရေး ၀န်ကြီးဌာန အောက်သို့
သွတ်သွင်းရန် ဖြစ်ပါတယ်။ သို့အတွက် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန နှင့်
ပြည်ထဲရေးကို ပေါင်းစပ်ရန် လွှတ်တော်ရဲ့ သဘောတူညီမှု ရရန် ဖုတ်ပူမီးတိုက်
လူကြားမကောင်း ကြိုးစား လာနေပါတယ်။
အကြောင်းပြချက်ကတော့ အသုံးစရိတ် လျော့ချနိုင်ရေး နဲ့ နယ်ခြား ကာကွယ်ရေးကို ခိုင်မာအောင် ပြုလုပ်သွားနိုင်ဘို့ လို့ ဆိုပါတယ်။
တိုင်းပြည်အတွင်း တရားမ၀င် ရောက်ရှိနေသော တရုတ် ကုလား များကား လူဝင်မှု ကြီးကြပ်ရေး အားနည်းမှုကြောင့် ဒုနဲ့ ဒေး ဖြစ်နေပြီး ယခုအခါ ဒုံရင်း ဒုံရင်းအတိုင်း ဖြစ်အောင် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းလို့ မရအောင် ဟန့်တား လာနေပါတယ်။
ယခုအခါ ယင်းကိစ္စကို ယနေ့လွှတ်တေိာ်တွင် ဆွေးနွေးကြဘို့ ရှိနေပေသည်၊ ပြည်ထဲရေး ၀န်ကြီးဌာန အောက်သို့ ရောက်ရှိသွားခြင်းဖြင့် အလိုလို စစ်တပ်ရဲ့ ထိမ်းချုပ်မှုအောက် သွတ်သွင်း လိုက်ခြင်း ဖြစ်ပါတယ်။
ပြည်ထဲရေး ၀န်ကြီးဌာနဟာ တိုင်းပြည်ရဲ့ ဗျူရိုကရေစီ ယန္တယားကြီး ဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးမှုး ရုံးများ နဲ့ ရဲတပ်ဖွဲ့ကို ထိမ်းချုပ်ထားပြီ ဖြစ်လို့ အလွန် အင်အားကြီးတဲ့ ၀န်ကြီးဌာန များ ဖြစ်နေတဲ့ အပြင် အကျင့်ပျက် ချစားမှု အများဆုံး ဖြစ်နေတဲ့ ၀န်ကြီးဌာနလည်း ဖြစ်ပါတယ်။
ဒီလို မဖွယ်မရာ ပြုလုပ်လာခြင်းဟာ NLD ဘက်က တခုခု တုံ့ပြန့်လာအောင် နဲ့ အာဏာလွှဲပြောင်းရေး အဟန့်အတား ဖြစ်စေရန် လွှတ်တော်ကို ခုတုံး လုပ်ပြီး ကောက်ကျစ်စွာ အသုံးချလာနေတာ ဖြစ်ပါတယ်။ NLD က ဘယ်လိုတုန့်ပြန် မလဲ ဆိုတာမသဲကွဲ သေးပါဘူး၊
နိုင်ငံရေး ပင်စင် ဥပဒေ၊ သမ္မတ လုံခြုံရေး ဥပဒေများ ၊ ကာလုံ ဥပဒေများ အပါအ၀င် တခုပြီး တခု ရလေလိုလေ အိုတစေ ပြုလုပ်လာနေကြသည်မှာ ရိုးသားအေးဆေး လှပါသည်ဟု အချို့ ထင်နေကြဆဲ ဖြစ်သော ဦးသိန်းစိန်အဖို့ အဆိုပါ အမြင် မှားယွင်းကြောင်းကို တခုပြီး တခု လုပ်ပြလာနေတာပဲ ဖြစ်ပါတယ်။
လူထု ရဲ့ အများ ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဘယ်လိုမှ လှုပ်မရအောင် တခုပြီး တခု ကြံစည် လာနေတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါတယ်။

Comments
Post a Comment