အစိုးရက ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသော လုပ်ငန်းခုနစ်ရာကျော် ပယ်ဖျက်ပေးရန်တောင်းဆိုမှု လွှတ်တော်သဘောမတူ
အစိုးရက ဆောင် ရွက်ပေးမည်ဟု လွှတ်တော်သို့ ကတိပြုထားသည့် လုပ်ငန်း ၇၂၄
ခုကို ပယ်ဖျက်ပေးရန် ပြည်ထောင် စုအစိုးရအဖွဲ့က တင်ပြခဲ့သော် လည်း
ပယ်ဖျက်ရေးကိစ္စကို သဘောမတူဘဲ မှတ်တမ်းတင်ထား ရှိကာ လာမည့် အစိုးရလက်ထက်
တွင် ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ် လိုက်သည်။
ဇန်နဝါရီ ၁၈ ရက်တွင်ပြု လုပ်သည့် ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ အစိုးရ၏အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံ ချက်များစိစစ်ရေးကော်မတီက တင်သွင်းသည့် ဒုတိယအကြိမ် မြောက်အစီရင်ခံစာ၌ အထက်ပါ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လွှတ်တော်သို့ တင်ပြခဲ့သည်။
အဆိုပါလုပ်ငန်းများသည် ဘဏ္ဍာငွေမရရှိခြင်း၊ နှစ်ရှည်လုပ် ငန်းများဖြစ်နေခြင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း အပြီးသတ်မ ဆောင်ရွက်နိုင်ခြင်း စသည့်အ ချက်များကြောင့် လက်ရှိ အစိုးရ လက်ထက်တွင် ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်းမရှိတော့သ ဖြင့် ပယ်ဖျက်ပေးရေး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညှိနှိုင်းလာခြင်း ဖြစ်ကြောင်း အစီရင်ခံစာက ဖော် ပြသည်။
ထိုကဲ့သို့ ပယ်ဖျက်ပေးရေး ကိစ္စရပ်ကို (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးများပြန်လည် စတင်သည့် နိုဝင်ဘာလလယ်ခန့် က လွှတ်တော်သို့ ယင်းကော်မတီ ကပင် အစီရင်ခံစာတင်သွင်းကာ အတည်ပြုခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ်များကန့်ကွက် သောကြောင့် ယခုကဲ့သို့ အစီရင် ခံစာအသစ်ရေးသားကာ လွှတ် တော်သို့ တင်သွင်းအတည်ပြု ချက်ရယူခဲ့ခြင်းဖြစ်သည်။
‘‘အစိုးရက ကတိဖျက်ဖို့ တင်ပြလာတာဟာ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့လုပ်ဆောင်ချက် တွေကို အစိုးရက ရိုက်ချိုးသလို ဖြစ်နေပါတယ်။ အစိုးရပြောင်း တာကြောင့် ကတိတွေဖျက်ရင် နောက်အစိုးရတက်လည်း ဒီလိုပဲ လုပ်လို့ရတယ်လို့ ထင်သွားနိုင်ပါ တယ်’’ဟု ကွမ်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်နန်းဝါနုက ပြောသည်။
လွှတ်တော်သက်တမ်း ငါးနှစ်တာသက်တမ်းအတွင်း အစိုးရ အဖွဲ့ကဆောင်ရွက်ပေးရန် ကတိပြုထားသော်လည်း လုပ်ငန်း ပေါင်း ၃,၈၄၄ ခုအနက် လုပ်ငန်းပေါင်း ၃,၀၆၅ ပြီးစီးခဲ့သည်ဟု အစိုးရအဖွဲ့က အကြောင်းပြန်ခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

Comments
Post a Comment