ဂျပန် နိုင်ငံသို့ ရောက်ရှိနေသော NLD အဆင့်မြှင့်ကိုယ်စားလှယ် အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး ဖူမီယို ကီရှီဒါက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဂျပန် အနေနဲ့ တရားဝင် ဖွံ့ဖြိုးရေး အကူအညီများ အရှိန် တိုးမြှင့် ပေးသွားမယ့် အပြင် ပုဂ္ဂို လိက ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် ပြုလုပ်မှာ ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ NLD အစိုးရ အဖွဲ့ အောင်မြင်ရေးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ငြိမ်းချမ်းမှု ရရှိရေးအတွက် လွန်စွာ အရေးပါသည်ဟု ခံယူကြောင်းလည်း ဆိုပါတယ်။
အဖွဲ့ခေါင်းဆောင် ဖြစ်သူ NLD ရဲ့ အဓိက စီးပွားရေး မူဝါဒ ရေးရာ တာဝန်ခံ ဦးမျိုးမြင်က မြန်မာနိုင်ငံ အနေနဲ့ စိမ်ခေါ်မှုပေါင်း များစွာ ရင်ဆိုင်နေရပြီး ခက်ခဲ့သည့် အခြေအနေပေါ် လျောက်လှမ်းနေရသဖြင့် ဂျပန်မှ ပေးမယ်ဆိုတဲ့ တရားဝင် ဖွံ့ဖြိုးရေး အကူအညီများသည် အားတက်ဖွယ်ဖြစ်ပြီး ရှေ့လျောက် ဂျပန်နဲ့ ချစ်ကြည်ရင်းနှီးမှု တိုးတက် ဆည်ဆောက်သွားမယ်လို့ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။
၇ ရက်ကြာ ချစ်ကြည်ရေး ခရီး ရောက်ရှိနေတဲ့ ကိုယ်စားလှယ် အဖွဲ့က ဂျပန် ဘဏ္ကာရေးဝန်ကြီး တာရို အာဆို အပါအ၀င် ၀န်ကြီးဌာနမှ ထိတ်တန်း အရာရှိများ၊ Bank of Japan မှ အရာရှိများအပြင် JICA မှ လူ များ နဲ့ ပါ ဆက်လက် ဆွေးနွေးသွားဘို့ ရှိနေပါတယ်။
Comments
Post a Comment