အောက်တိုဘာ ၃၁ မြန်မာနိုင်ငံမှာ တည်ဆောက်မယ့် ဟံသာဝတီ လေဆိပ်စီမံကိန်း အတွက် စင်ကာပူ ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ဂျပန် ကုမ္ပဏီတို့က လုပ်ဆောင်ခွင့် ရရှိသွားပါတယ်။ အစိုးရနဲ့ တောင်ကိုးရီးယား အင်ချွန်နိုင်ငံတကာ ကုမ္ပဏီတို့ ဒီနှစ်အစောပိုင်းမှာ သဘောတူညီချက် ပျက်ပြား သွားတဲ့နောက် ဂျပန် JGCနဲ့ ယောင်နမ် ဦးပိုင်ကုမ္ပဏီ (YNH)တို့ ရရှိသွားတာ ဖြစ်ပါတယ်။