Skip to main content

အမေရိကန်နဲ့ ဗြိတိန် Afghan တိုက်ခိုက်ရေးတာဝန် ပြီးဆုံး

 အောက်တိုဘာ ၂၇

fghanistan နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ အမေရိကန်နဲ့ ဗြိတိန်တပ်တွေရဲ့ တိုက်ခိုက်ရေးတာဝန်တွေအဆုံးသပ်တဲ့ အခမ်းအနားကို ဒီကနေ့
ကျင်းပခဲ့ပါတယ်။Bastion စစ်အခြေစိုက်စခန်းမှာကျင်းပတဲ့ တာဝန်လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ စစ်စခန်းမှာလွှင့်ထူထားတဲ့ ဗြိတိန်အလံကိုချခဲ့ပြီး ၁၃ နှစ်တာ အာဖဂန်စစ်ပွဲမှာ ဗြိတိန်တပ်တွေရဲ့ပါဝင်မှုကို အဆုံးသတ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေ အခြေစိုက်တဲ့ မျက်နှာချင်းဆိုင် Leatherneck စစ်စခန်းမှာလည်း

အမေရိကန်အလံကိုချခဲ့ပြီး Afghan တပ်ဖွဲ့လက်ကို အုပ်ချုပ်မှု လွှဲပြောင်းပေးခဲ့ပါတယ်။ Bastion စစ်အခြေစိုက်စခန်းဟာ ၂၀၀၅ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ ဗြိတိန်တပ်တွေရဲ့ အဓိက အခြေစိုက်စခန်းဖြစ်ပါတယ်။
ဒီကနေ့ တာဝန်လွှဲပြောင်းပေးတဲ့အခမ်းအနားမှာ အမေရိကန် Marine ကမ်းတက်တပ်သားတွေနဲ့ Afghan စစ်သားတွေက ဂုဏ်ပြုတပ်ဖွဲ့အဖြစ် အာဖဂန်၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတော်သီချင်းတွေ ဖွင့်လှစ်စဉ် အလေးပြုခဲ့ကြပါတယ်။
Bastion စစ်အခြေစိုက်စခန်းဟာ တချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဝင်ပေါင်း ၄ သောင်းအထိရှိခဲ့တဲ့ စစ်စခန်းဖြစ်ပါတယ်။ အာဖဂန်နစ္စတန်စစ်ပွဲမှာ ၂၀၀၁ ခုနှစ် ကတည်းက ဗြိတိန်တပ်တွေ ပါဝင်ခဲ့ပြီး ဗြိတိန်တပ်ဖွဲ့ဝင် ၄၅၃ ယောက် ကျဆုံးခဲ့ပါတယ်။ အာဖဂန်ပြည်သူတွေအတွက် တည်ငြိမ်တဲ့အနာဂါတ် ဖြစ်ဖို့ အတတ်နိုင်ဆုံး ကူညီပေးခဲ့တဲ့အတွက် ဗြိတိန်တိုက်ခိုက်ရေးတပ်တွေရဲ့ တာဝန်ပြီးဆုံးသွားပြီဆိုတာကို ဂုဏ်ယူစွာနဲ့ ကြေညာနိုင်တဲ့အကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီး Michael Fallon ကပြောကြားခဲ့ပါတယ်။
ဒီနှစ် မကုန်ခင် အမေရိကန်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားတပ်တွေ ရုပ်သိမ်းပြီးသွားရင်တော့ Afghan တပ်တွေကို သင်တန်းပေး အကြံပေးမှုတွေအတွက် အာဖဂန်နစ္စတန်နိုင်ငံထဲမှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင် စုစုပေါင်း ၁ သောင်း ၂ ထောင်ပဲကျန်တော့မှာ ဖြစ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video