Skip to main content

ကိုပါကြီးသေဆုံးမှု ပြစ်မှုကျူးလွန်သူများကို အရေးယူရန် ပြည်မြို့မှာတောင်းဆို

 အောက်တိုဘာ ၃၀

အစိုးရ စစ်တပ်ရဲ့ ဖမ်းဆီးခြင်း ခံထားရစဉ် အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် သေဆုံးမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူပေးဖို့ ပြည်မြို့မှာ ဗုဒ္ဓဟူးနေ့နံနက်ပိုင်း က  ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

 ကျန်ရစ်သူ မိသားစုအနေဖြင့် တရားမျှတမှုရှာဖွေခွင့် ရရှိရေး၊ စိတ်ခံစားမှု ကုစားခွင့်ရရှိစေရေး စသည်တို့ကို ဆောင်ရွက်ပေးရန်လည်း  သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း

ကိုကျော်ဆန်း က ဧရာဝတီ ကို ပြောပါတယ်။

ဆန္ဒပြပွဲကို ပြည်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ၀င်တွေ၊ ပြည်ခရိုင် နိုင်ငံရေး အကျဉ်းသားဟောင်းအသင်းမှ အဖွဲ့ဝင်တွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ၈၈ ပွင့်လင်း အဖွဲ့ အစည်းဝင်တွေ၊ တက်ကြွ လှုပ်ရှား အဖွဲ့တွေနဲ့ နယ်မြေခံ သတင်းထောက်တချို့ စတဲ့ စုစုပေါင်း လူအင်အား ၇၀ ကျော် တက်ရောက် ခဲ့ကြပါတယ်။

ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးကို မွန်ပြည်နယ် ကျိုက်မရောမြို့၊ အခြေစိုက် ခမရ (၂၀၈) မှာ ဖမ်းဆီး ခံထားရစဉ် ထွက်ပြေးဖို့ ကြိုးစားတာ အပြင်၊ တာဝန်ကျ ၀န်ထမ်းဆီက သေနတ်ကို လုယူဖို့ကြိုးစားတဲ့အတွက် ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ တပ်မတော်က ပြီးခဲ့တဲ့ သီတင်းပတ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုပါကြီးဟာ ယခုလဆန်းပိုင်းမှာပဲ ပစ် သတ်ခံခဲ့ရပါတယ်။

စစ်တပ်က ပြောဆိုချက်ဟာ မှန်ကန် ခိုင်လုံမှု မရှိဘူးလို့လည်း ကိုကျော်ဆန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ တရား ဥပဒေ စိုးမိုးဖို့၊ လူ့အခွင့်အရေး ရရှိဖို့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက် ကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူ ပေးဖို့နဲ့နောက်နောင်မှာလည်း ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်မလာအောင် ဆောင်ရွက်ဖို့လည်း   တောင်းဆိုခဲ့ကြပါတယ်။

ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီးတော့လည်း တပ်မတော်အနေနဲ့ ရှင်းလင်းတိကျအောင် ဆောင်ရွက်ပေးဖို့၊ ပွင့်လင်း မြင်သာမှု ရှိအောင် လုပ်ဆောင်ပေးဖို့၊ တဘက်သတ် မလုပ်ဆောင်ဖို့ကိုပါ တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ကိုမျိုးသူထွဋ်က ပြောပါတယ်။

ကိုမျိုးသူထွဋ်က "စစ်တပ်အနေနဲ့ သူတို့မှာ အပြစ်မရှိဘူး၊ သူတို့လုပ်ရပ် မှန်ကန်တယ်ဆိုပြီး အမြဲတမ်း တဖက်သတ် ထုတ်ပြန်ပြောဆိုနေတာက တာဝန်မဲ့လွန်းပါတယ်။ ကိုပါကြီး ကိစ္စမတိုင်ခင် ပြည်မြို့ နဝဒေး တံတားအောက်ကိစ္စလည်း မိသားစုဝင်တွေကိုပဲခေါ်ပြီး သူတို့လုပ်တာမဟုတ်ဘူးဆိုပြီး ရှင်းပြလိုက်တာနဲ့ ဒီအမှုဟာ အစပျောက်ခဲ့ရတယ်။ သူတို့ဖြေရှင်းချက်တွေဟာ ပြည်သူလူထု အနေနဲ့ လက်ခံနိုင်စရာမရှိပါဘူး" လို့ ပြောပါတယ်။

ဆန္ဒပြရာတွင် ပါဝင်သူ ကိုရေခဲကလည်း "ကိုပါကြီးကို သတင်းထောက် တယောက်အဖြစ် အသိအမှတ်ပြုတဲ့ အတွက် ပူးပေါင်းပြီး ဆန္ဒပြတယ်။ သူရေးသားခဲ့တဲ့ သတင်းဌာနတွေကလည်း အသိအမှတ်ပြုပြီး စာနယ်ဇင်း ကောင်စီ(ယာယီ)ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး အစိုးရကို တွန်းအားပေးပြီး တောင်းဆိုပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်" လို့ ပြောပါတယ်။

ဒီနေ့ ဆန္ဒပြခွင့်ကို မြို့နယ်ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့ပေမယ့် ခရိုင် အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဆန္ဒပြခွင့်ကိုတော့ တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြသူတွေက အုပ်ချုပ်ရေးမှူးရုံးရှေ့အထိ  သွားရောက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ကောင်းမြတ်မင်း




Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...