Skip to main content

လောအယ်စိုး – “ကိုပါကြီး” သို့မဟုတ် မမှိန်တဲ့ ကြယ်၂၇၊၁၀၊၂၀၁၄

 အောက်တိုဘာ ၂၇

ကိုပါကြီး သတင်းဆိုးကြောင့် ကျနော်တုန်လှုပ်ပြီး အထူးကြေကွဲမိပါတယ် ။ ဇနီးသည်မသန္တာနှင့်အတူ မိသားစုဝင်တွေ ဘယ်လောက်အထိ ၀မ်းနည်း နာကျင် နာကျည်းနေကြမယ် ဆိုတာ ကျနော် ခန့်မှန်းနိုင်ပါတယ်။
သူပုန်ရဲ့ လူပဲပြောပြော၊  နိုင်ငံရေးသမား တယောက်လို့ပဲ ပြောပြော၊  ဘယ်လိုပဲ တံဆိပ်တွေကပ်နေပါစေ … သတင်းထောက်တွေ ဆိုတာ စက်ရုပ်တွေ မဟုတ်ပါဘူး ခံစားချက်ရှိကြသူတွေဖြစ်ပြီး ခံယူချက်၊ အခြေခံမူ တခုစီတော့ ရှိကြသူတွေလို့ ကျနော်အပြည့်အ၀ ယုံကြည်ပါတယ်။
အာဏာရှင် စစ်ဘီလူးတွေက လူသတ်လက်နက်တွေကိုင်စွဲပြီး သူတို့တတွေရဲ့ အာဏာ၊ တန်ခိုး သွေးညှီနံ့ တွေကိုသာ ထင်ရှားစေကြတယ်။ ကျနော်တို့ သတင်းထောက်တွေက ကလောင်ကိုင်မယ် ၊ ကွန်ပြူတာကိုင်မယ် ၊ ကင်မရာကိုင်ပြီး အသံမဲ့နေသော အဖိနှိပ်ခံတွေအတွက် … သူတို့ဘယ်လိုဖိနှိပ်ခံနေရတယ် … ဆိုတဲ့ နင်းပြားဘ၀တွေကို ကမ္ဘာကြီးကသိရှိဖို့ ကိုယ်စား
တိုက်ပွဲဝင်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။
ကျနော့်ရဲ့ ခံယူချက်တွေအပေါ် ကိုပါကြီးနားလည်ပြီး ထပ်တူခံစားပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်။ သမိုင်းတခုကို အတူဖြတ်သန်းကြရင်း နေရာ၊ ဒေသ၊ ပုံသဏ္ဍာန်မတူသော စစ်မြေပြင်တိုက်ပွဲအသီးသီးမှာ ကျနော်တို့တတွေ တိုက်ပွဲဝင်ကြတယ်။
ကိုပါကြီး … ကျနော့်ကို အတ္တဆန်တယ်လို့ ပြောချင်ပြောပါ ။ ကျနော် တိုင်းပြည်ကနေ သို့မဟုတ် စစ်မြေပြင်တခုကနေ ရေခြားမြေခြားတနေရာကို ထွက်ခွာလာခဲ့ပါတယ်။ ကျနော်ထက် အသက်ကြီးသော ဖြတ်သန်းမှု့ ကြီးသော ကိုပါကြီးက အဲ့ဒီ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပါတယ်။
တဦးချင်းလူပုဂ္ဂိုလ်တွေ၊ အဖွဲ့ အစည်းတွေက အသံတွေ အမျိုးမျိုးပေးပြီး ကင်ပွန်းတပ်နေပါစေ … ကိုပါကြီး … အစ်ကိုဟာ ကျနော့်အတွက် ပြည်သူဘက်ကရပ်တည်သော သတင်းထောက်ကြီးတဦးပါ ။ သမိုင်းမရိုင်းသွားခဲ့သော မြန်မာပြည်ရဲ့ သားကောင်းတဦးပါ။
ကျော်ကြားမှု့တွေနဲ့ ပြည်သူ့ဘက်ကရပ်တည်သူ ဆိုသူများက အခြေအနေတခုခုကြောင့် အကြောင်းတစုံတရာကြောင့် ကိုပါကြီးကျဆုံးသွားမှု့ အပေါ် နှာစေးနေကြပါစေ … သူတို့တတွေအပေါ် ခွင့်လွှတ်နားလည်ပေးလိုက်ပါလို့ ကျနော် နာကျင်ခြင်းများစွာနဲ့ မေတ္တာရပ်ခံပါရစေ။
အမိမြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာကြီးမှာတော့ စွန့်လွှတ်ရဲသူ ကိုပါကြီးကို ထိုက်ထိုက်တန်တန် နေရာပေးပါလိမ့်မယ်။ မုန်တိုင်းတွေကြားမှာ ကြယ်တွေ သတ္တိရှိစွာ လင်းလက်နေဆဲ လင်းလက်နေပါဦးမယ်။
ခေတ်အဆက်ဆက် သူရဲကောင်းအဖြစ် ပြည်သူနှလုံးအိမ်မှ အသိအမှတ်ပြုခြင်းခံရသူတွေ ဘယ်သောအခါမျှ မသေဆုံးပါ။ အစ်ကို ကိုပါကြီး မြန်မာ့သမိုင်းစာမျက်နှာတွင် ကွယ်လွန်သွားမည့်သူ တဦးမဟုတ်ပါ။
ဦးညွတ်လျှက် …
လောအယ်စိုး

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...