Skip to main content

နေပြည်တော်တွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ တိုင်းပြည်တခုလုံးအား ခြိမ်းခြောက်သော သတိပေးမှု ပြုလုပ်

 အောက်တိုဘာ ၃၁



လက်ရှိ ပြည်တော်ထောင်စု မြန်မာနိုင်ငံတော်၏ အစိုးရအဖွဲ့အတွင်းမကြာသေးမှီ (၂) လခန့်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်မှ သက်ဆိုင်ရာ အစိုးရမှ လစဉ် ထုတ်ဝေသော ဂျာနယ် သတင်းထောက်နှင့် အစိုးရမှပင် ဦးစီးကိုင်တွယ် ထုတ်ဝေနေသော နေ့စဉ် သတင်းစာ သတင်းထောက်
အချို့အား ခေါ်ယူ၍ အောက်ပါအတိုင်းပြောဆိုပါသည်။
“သတင်းထောက် ကိုပါကြီးသေဆုံးမှုဖြစ်စဉ်တွင်
တပ်မတော်ဘက်မှ အမှားအယွင်းမရှိခဲ့ကြောင်း
ကိုပါကြီးသေဆုံးမှုဖြစ်စဉ်ကို အကြောင်းပြု၍
တပ်မတော်ကို ထိခိုက်နစ်နာစေသော
အရေးအသား အပြောအဆိုများကို
ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှဖြစ်ကြောင်း”
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ သတိပေးပြောကြား ဆိုသော သတင်း မက်ဆေ့ စာရေးသူတို့ထံသို့ ရောက်ရှိလာပြီး မကြခင် နေ့စဉ်ထုတ် သတင်းစာများတွင် ဖေါ်ပြသွားမည်ဟုလည်းသိရသည်။
ဦးရဲထွဋ်၏ ပြောဆိုမှုအား ပြင်ပ ဂျာနယ်များတွင် သတင်းရောက်ရှိပြီးကြောင်း မရှိသေးဟုလည်း သတင်းသမဂမှ အမည်မဖေါ်လိုသော တာဝန်ရှိသူတဦးက စာရေးသူအား ပြောကြားပါသည်။
အခုလို ပြန်ကြားရေးဝန်ကြီး တယောက်အနေဖြင့် ဥပဒေကျင့်ဝတ် လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသော စကားလုံးတို့အား ထုတ်ဖေါ်ပြောဆိုလာမှုသည် တိုင်းပြည်သူ ပြည်သားများအားလုံးတို့အား အကြပ်ကိုင်၍ ထပ်မံချိမ်းခြောက် ပြောဆိုနေတာဖြစ်ပြီး တိုင်းပြည်တခုလုံး မည်သို့သော ရာဇ၀တ်မှုနှင့် ဆက်နွယ်ပတ်သက်သော လုပ်ရပ်များအား လက်ရှိ မြန်မာ့တပ်မတော်မှ ကြူးလွန်ထားလျှင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အားလုံး လိုက်လျော ရေငုံ နုတ်ပိတ်နေရသလို ပုံစံမျိုး ဖြစ်နေတယ် ဟု ရန်ကုန် ရှေ့နေများကွန်ယက်မှ ရှေ့နေတဦးက ပြောဆိုပါသည်။
လက်ရှိ ကိုပါကြီးအား နှိပ်စက် ညှင်းပမ်း သတ်ဖြတ်ပြီးသည့်တိုင် သေဆုံးသွားသော အလောင်းအား ရုပ်လုံးဖျက်၍ သဘောဖြင့် မီးရှို့ပြီး ကျန်ရစ်သော အကြွင်းကျန်များအား တာဝန်ယူ မြုပ်နှံထားသည် အမှတ်(၂၀၈) မြန်မာ့ တပ်မတော် လက်နက်ကိုင်တပ်ရင်းတခု၏ ဥပဒေ မျက်ကွယ်ပြုသော ဥပဒေနှင့် မဆီလျော် မညီညွတ်သော လုပ်ရပ်များအတွက် ဇနီးဖြစ်သူမသန္တာမှလည်း ကိုယ်ပါကြီး၏ ရုပ်အလောင်းနှင့်် ၄င်းအားဖမ်းဆီးစဉ် သိမ်းဆည်းထားသော ကိုပါကြီး ပိုင်ဆိုင်မှုများအား လုံးပြန်လည်ပေးအပ်ရန် အစဉ်တစိုက် ဆက်လက် တောင်းဆိုနေပြီး ရာဇ၀တ်ကြောင်းအရ အရေးယူဖေါ်ထုတ်နိုင်ရန် ဥပဒေ နားလည်သူ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်နှင့် တိုင်ပင်နေသည်ဟု သိရသည်။
လက်ရှိ အများပြည်သူများ သိကြားထားသော ကိုပါကြီး၏ ဖြစ်စဉ်နှင့် ပြန်ကြားရေး ၀န်ကြီး ကိုယ်တိုင် စီစဉ်တည်းဖြတ်၍ တင်ပြထုတ်စေခဲ့သော အောက်တိုဘာ ၂၄ ရက် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၏ တင်ပြထားမှုများသည် ဖြစ်စဉ်နှင့် အကြမ်းဖက် နှိပ်စက် သပ်ဖြတ်ခံရသော ကိုပါကြီး၏ သေးဆုံးခြင်း အလောင်းပုံဖျက် သုတ်သင် အစဖြောက်ထားခြင်း ဆိုသော အခြေနေနှင့် အလွန်ကွာခြားနေသည့်အပြင် လက်ရှိ နိုင်ငံတော်တွင် ပြဌာန်းထားသော လိုက်နာရမည် ဥပဒေလုပ်ထုံး လုပ်နည်းနှင့် ဆန်ကျင်ဘက်ဖြစ်နေကြောင်း အာရှ လူ့အခွင့်ရေးဆိုင်ရာ ဌာနမှ အခိုင်မာ ထုတ်ပြန်ထားသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံသားတရပ်လုံး၏ လုံခြုံရေးအားသော်၎င်း အသက်စည်းစိမ် ကာကွယ်ရေးတို့အားသော်၎င်း အဓိက တာဝန်ယူဆောင်ရွက်ခွင့်ရရှိထားသော မြန်မာ့တပ်မတော်၏ လုပ်ရပ်အား လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် တိုက်၇ိုက်တာဝန်ရှိနေပြီး ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တွင်လည်း အထူးတာဝန်ရှိကြောင်း ဥရောပ လူ့အခွင့်ရေးဆိုင်ရာ စာတမ်းပြုစုသူ ဒေါက်တာ ဂယ်ရီမန်စမစ် က ဆိုပါသည်။
ထိုသို့ အဆင့်ဆင့် တာဝန်ယူမှု တာဝန်ခံမှုတို့အား ဥပဒေနည်းလမ်းနှင့်အညီ တိုင်းသူပြည်သားတို့၏ ဘ၀ အသက် အေးချမ်းသာယာရေးတို့အား ဆောင်ရွက်ရမည့်အစား ယခု လက်ရှိ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်မှ တိုင်းပြည်အား ခြိမ်းခြောက် နုတ်ပိတ်သော အပြုမှူအား တိုင်းပြည်နှင့် အ၀န်း ၀ိုင်းဝန်း ရှုပ်ချ ဆန့်ကျင်ရန် လိုအပ်ကြောင်း စာရေးသူ လက်ရှိ ဆက်တိုက်ဖြစ်ပေါ်လာနေသော အခြေနေများကို စောင့်ကြည့်၍ တင်ပြလိုက်ခြင်းပါ….
ဖြစ်စဉ် အမှန် ဖြစ်ပါ၏
ရှယ်ယူသွားနိုင်ကြပါပြီ
ကျေးဇူးတင်စွာဖြင့်
ဂိုလ်ရှယ်လေး

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...