Skip to main content

တူမောင်ညို – ကိုပါကြီး နှင့် လူသတ်သော စစ်တပ် ၂၉၊၁၀၊၂၀၁၄

 အောက်တိုဘာ ၂၉

စစ်တပ်က သတ်လို့ သေရတဲ့အထဲမှာ “ကိုပါကြီး” က ပထမဆုံးမဟုတ်သလို၊ နောက်ဆုံးလည်းမဟုတ်သေးဘူး။ မပြီးဆုံးသေး တဲ့  ပြည်တွင်းစစ်ကြီးထဲမှာ စစ်တပ်ကသတ်လို့ “ကိုပါကြီး”လို သေခဲ့ကြရသူတွေမြောက်များစွာရှိပါတယ်။  “ကိုပါကြီး” က ယောက်ျား သားမို့ နှိပ်စက်ညှင်းပမ်းပြီး အသတ်ခံရတာပဲ။ “ကိုပါကြီး” နေရာမှာ မိန်းမသားတစ်ယောက်သာဆိုရင် မသေခင် မဖွယ်မရာအလုပ်ခံရ ဦးမှာသေချာတယ်။ ကချင်ပြည်နယ်မှာ အစောပိုင်းက ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ
စစ်တပ်က ဖမ်းထားတဲ့ ရွာသားကိုတောင် မဖွယ် မရာလုပ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့သေးတာမို့ စစ်တပ်ရဲ့ အကြမ်းဖက်ယုတ်မာမှုတွေက ကမ်းကုန်အောင် ဆိုးဝါးရိုင်းစိုင်းပါတယ်။
စစ်တပ်ဆိုတာ ဟိုတုန်းကလည်း လူသတ်ခဲ့တယ်၊အခုလည်းသတ်နေတယ်၊ နောင်လည်းသတ်နေဦးမှာပဲ။ “၂၀၀၈  အခြေခံ ဥပဒေ” ဆိုတာ စစ်တပ်ကို ထင်ရာစိုင်းခွင့်လိုင်စင်ပေးထားတဲ့ အခြေခံဥပဒေဖြစ်တယ်။ စစ်သားအမတ်တွေက “ပုဒ်မ ၄၃၆ ” မပြင်လို ဘူးလို့ ဗြောင်ပြောထားပြီမဟုတ်ပါလား။
ဗိုလ်နေဝင်းတို့ ၁၉၆၂ အာဏာသိမ်းပြီးတော့ (လွတ်တော်အမတ်) သီပေါစော်ဘွားစပ်ကြာဆိုင်ဖမ်းဆီးခံရပြီး အသတ်ခံရပါ တယ်။အလောင်းပင်ပြန်မရပါဘူး။ ဒီနေ့အထိလည်း လက်သည်တရားခံဘယ်သူဆိုတာမပေါ်ပါဘူး။ ဒါပေမယ့်ဗိုလ်နေဝင်းစစ်တပ်နဲ့ ထောက်လှမ်းရေးက သတ်ပစ်တယ်ဆိုတာတော့ လူတိုင်းသိတယ်။ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများက လူတွေကိုလည်း တိုက်ပွဲ မှာ အရှင် ဖမ်းမိပေမယ့် ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရတယ်။ အသေဖမ်းမိတယ်ဆိုပြီး လက်စတုန်းစီရင်ခဲ့တာလည်း ဗိုလ်နေဝင်း တို့စစ်တပ် ပဲဖြစ်တယ်။ ဒီနေ့စစ်တပ်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာတို့နဲ့ပတ်သက်လာရင် လက်ယဉ်နေတဲ့ သွေး ဆာနေတဲ့ ဖက်ဆစ်စစ်တပ်ဖြစ်တယ်။
“၂၀၀၈ အခြေခံဥပဒေ”  မရှိခင်ကလည်း စစ်တပ်တပ်က ဒီလိုပဲလူသတ်ပါတယ်။ “၂၀၀၈ အခြေခံဥပဒေ”ရှိလာတော့လည်း စစ်တပ်က လူသတ်နေဆဲပါပဲ။ ဘာများထူးခြားပါသလဲ။ စစ်တပ်က လူသတ်ပါတယ်လို့ အော်နိုင်တဲ့ အခွင့်အလမ်းကလေးတော့ရလာပါ တယ်။ “အော်လို့ရတဲ့” အခွင့်အလမ်းကလေးပဲရတာပါ။ ဒိထက် ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ပါဘူး။ စစ်တပ်က ခိုးကြောင်ခိုး ဝှက် ထုတ်ပြန်တဲ့ကြေညာချက်မှာပဲကြည့်ပါ။ ဖမ်းမိထားတာကို “သေနတ်လုပြီးပြေးဖို့ကြိုးစားလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်” တဲ့။ တခါထဲကိစ္စပြတ်ကြေညာထားပါတယ်၊ သူတို့ နှိပ်စက်ညှင်းပန်းသတ်ဖြတ်လို့ သေသွားရတဲ့လူ၊ ဘာမှပြန်မပြောနိုင်တော့တဲ့လူကို တခါထဲ တရားခံတောင် လုပ်ထားလိုက်သေးတယ်။ ဘယ်လောက်သေးသိမ်စုတ်ပဲ့ပါသလဲ။
ဒီလို စစ်တပ်က ဗြောင်ကျူးလွန်တဲ့ လူသတ်မှုကို ဘယ်သူတွေက၊ ဘယ်နိုင်ငံရေးပါတီတွေက ကန့်ကွက်ရှုံ့ချပါသလဲ။
လွှတ်တော်ထဲရောက်နေတဲ့ အတိုက်အခံပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဘာသံမှ မကြားရပါဘူး။ စစ်ဗိုလ်ဟောင်း၊ သာသာနာရေးဝန်ကြီးဟောင်း (ဗိုလ်)ဦးဆန်းဆင့်ကို ထောင် ၁၃ နှစ်ချတာကိုတော့ စိုးရိမ်ကြတဲ့၊ လက်မှတ်ထိုးပြီးအသနားခံစာဝိုင်း တင် ကြတဲ့  လွှတ်တော်အမတ်တွေနဲ့ သက်ဆိုင် တဲ့နိုင်ငံရေးပါတီတွေဟာ ကိုပါကြီးကိစ္စမှာတော့ သိပ်ကိုနေနိုင်လွန်းကြတာဟာ စစ်တပ် က လူသတ်တဲ့ကိစ္စလိုပဲ ဗြောင်အကျဆုံး ရေငုံနှုတ်ပိတ်နေမှုပဲဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်တာကိုသိပါလျက်နဲ့ ကန့်ကွက်ဆန့်ကျင်ခြင်း မပြုတာဟာ ကြီးမားတဲ့ တာဝန်ပျက်ကွက်မှုဖြစ်ပါတယ်။ ဒါ့အပြင် အခုလို ရေငုံနှုတ်ဆိတ်နေတာကလည်း တနည်းအားဖြင့် စစ်တပ်က လူသတ်မှုကျူးလွန်တာကို သွယ်ဝိုက်သော အားဖြင့် အားပေးနေတာပဲဖြစ်ပါတယ်။
စာနယ်ကောင်စီ (ယာယီ) ကထုတ်ပြန်တဲ့ကြေညာချက်ကတော့ဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ) ဘာလဲဆိုတာကို ဖော်ပြတဲ့ ကြေညာချက်ဖြစ်ပါတယ်။ရယ်စရာကောင်းတဲ့ တာဝန်ကျေ/ဝတ္တရားကျေထုတ်ပြန်တဲ့ကြေညာချက်ကလေးဖြစ်လို့နေပါတယ်။ စာနယ်ဇင်း ကောင်စီ ( ယာယီ) ရဲ့ နေရာမှာ စာနယ်ဇင်းကောင်စီ (ရယ်စရာ) လို့ ပြောင်းသင့်ပါတယ်။
၂၆ အောက်တိုဘာမှာ လက်သီးလက်မောင်းတန်းပြီး အာဘောင်အာရင်းသန်သန် မိန့်ခွန်းတွေပြောကြတဲ့ “၈ ပူး ငြိမ်းပွင့်တွေ” ကိုကြည့်ကြပါစို့။ သူတို့ဟောပြောချက်တွေက “ဆူပွက်နေတဲ့ ရေနွေးအိုးထဲက ရေကို ခွက်တစ်ခုနဲ့ခပ်ယူပြီး အဲဒီ ဆူပွက် နေတဲ့အိုးထဲ ပြန်လောင်းထည့်တာမျိုးနဲ့ အလားသဏ္ဍာန်တူနေပါတယ်”။
 ဒီလိုလုပ်ခြင်းကြောင့် ခဏတာအားဖြင့်တော့ အိုးထဲမှာ ဆူပွက်နေတဲ့ရေတွေဟာ ယာယီအားဖြင့် ငြိမ်သက်သွားပါလိမ့်မယ်။ ဒီလိုနည်းနဲ့ မတရားမှုကို ဆန့်ကျင်လာမယ့်လူထုရဲ့ အုံကြွမှုကိုအချိန်ဆွဲလိုက်တယ်၊ တားဆီးထားလိုက်တယ်လို့မြင်တယ်။ ကြီးမားတဲ့ အုံကြွမှုကြီးအဖြစ်မခံဘဲ၊ အုံကြွမှုလေးတစ်ခု ဖော်ထုတ်ပြီး ထိန်းသိမ်းတဲ့ သဘောပေါ့။ ဥပမာရေပြည့်လျှံနေတဲ့ ရေကာတာကြီးကို ရေကာ တာကြီးကျိုးသွားမှာစိုးတဲ့အတွက် ရေတချို့ကို ကြိုတင်အစီအစဉ်ရှိရှိ ဖောက်ထုတ်/လွှဲထုတ်ပေးလိုက်တဲ့ သဘောမျိုးနဲ့ အလားတူနေပါ တယ်။ ယနေ့မြန်မာပြည်ရဲ့အခြေအနေက  အကြမ်းဖက်ဖိနှိပ်မှုတွေ၊ မတရားမှုတွေနဲ့ ပြည့်လျှံလာနေတဲ့ ရေကာတာကြီးနဲ့တူနေပါတယ်။ အုပ်စိုးသူတွေက ဘာသာရေးလူမျိုးရေးမှိုင်းတိုက်မှုတွေနဲ့ လမ်းလွှဲပြီး ယာယီအားဖြင့် ရှောင်လွှဲဖို့ကြိုးစားနေပါတယ်။ “အတိုက်အခံ” လို့ဆိုသူတွေကလည်း လမ်းမပေါ်က အုံကြွမှုတွေဖြစ်လာမှာကို စိုးရိမ်ပါတယ်။
ဒီလိုထိန်းနိုင်ဖို့ဆိုရင် ပထမဆုံးလိုအပ်ချက်က ကိုပါကြီးသတ်ဖြတ်ခံရမှုအပေါ် ထင်ရှားတဲ့သူတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေက ဘယ်လိုသဘောထားတစုံတရာမှ ကြိုတင်ထုတ်ပြန်ချက်ကြေညာခြင်းမပြုဖို့ပါပဲ။
ထင်ရှားသူတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံရေးပါတီတွေက တစုံတရာမှတ်ချက်ပြုခြင်း၊ ဝေဖန်၊ရှုံ့ချခြင်း၊ ကန့်ကွက်၊ ဆန့်ကျင်ခြင်းမရှိတဲ့အချက်ကလည်း လက်တွေ့မျက်မြင်ပါပဲ။
ဒါကြောင့် ၂၆ အောက်တိုဘာ၊ မြို့တော်ခမ်းမရှေ့က ပွဲဟာ ဘာမှထွေထွေထူးထူးမဟုတ်ဘဲ၊  “သမ္မတကြီးကို ဦးတိုက်ပြီး တောင်းဆိုပါတယ်”တို့၊ အခုလိုမတရားမှုတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးကြောင့်သက်သက်နဲ့ နှုတ်ပိတ်နေရမယ့်၊ နှာစီးနေ ရ မယ့် အခြေအနေမျိုးကိုတော့ ကျနော်တို့လက်မခံနိုင်ဘူး၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံတောင်းဆိုတယ်၊ ရွေးကောက်ပွဲနဲ့ တင် မြှောက်လို့မရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို သူတို့အမူအကျင့်တွေအမြန်ဆုံးပြင်ပါလို့ ပြောချင်တယ် ”ဆိုတဲ့  စကားလုံးတွေနဲ့ အဆုံးသတ် သွားပြီး တိကျတဲ့ အရေးဆိုမှုတွေပါမလာဘူး။ ရဲကလည်း လာတယ်ဆိုရုံ စတိပဲလာပြီး ပြန်သွားတာကလည်း မထူးဆန်းဘူးလား။ (အစိုးရနဲ့အတိုက်အခံ)တာဝန်ရှိသူတွေ အချင်းချင်း အပြန်အလှန်ကြိုတင်ညှိနှိုင်းအာမခံပြီး ဆောင်ရွက်သွားကြသလိုမျိုးပါပဲ၊ ဒီပွဲမှာပွဲ ထိန်းသွားတာ၊ (crowd control) လုပ်သွားတာ သိပ်ပြီး စည်းကမ်းသေဝပ်လွန်းလှပါတယ်။
ဒါကြောင့် မသင်္ကာစရာကောင်းပါတယ်။ ကော်မရှင်ဖွဲ့ပြီးစုံစမ်းစစ်ဆေးပေး ဖို့တောင်းဆိုချက်ဆို တာက လည်းတိုးတိမ်လွန်း လှပါတယ်။ နောက်ဆုံးတော့ ကျန်ရစ်သူမုဆိုးမ ခမျာ၊ စစ်တပ်က ပေးတဲ့ လျှော်ကြေးဆိုတာနဲ့ နှစ်သိမ့်ကြေနပ်ရမယ့် ကိန်းဆိုက်နေပါ တယ်။
 ကိုပါကြီးကျန်ရစ်သူမုဆိုးမရဲ့ စကား ကတော့ တောက်ပြောင်လှပါတယ်။ “စစ်တပ်ရဲ့ဘယ်လို ကူညီထောက်ပံ့မှုများပေးအပ် မည် ဆိုသည်ကို (လုံးဝ) လုံးဝ လက်မခံပါ”တဲ့။ အမှုကိုဆက်လက်ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။
တကယ်တော့ “ကိုပါကြီးအသတ်ခံရမှု” ဟာ “၂၀၀၈ အခြေခံဥပဒေ” ၊“တည်ဆဲဥပဒေ” ၊ “တရားဥပဒေစိုးမိုးရေး ” စတဲ့ ဘာ ဘာညာညာတွေ ဘယ်သူတွေက ဘယ်လိုပင် ပြောဟောနေပေမယ့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဟာ မလုံခြံမြဲ မလုံခြုံ ဘူး၊ စိတ်မချရဘူး၊ မကာကွယ်နိုင်ဘူး၊ စစ်တပ်က အချိန်မရွေးဖမ်းဆီးသတ်ဖြတ်နိုင်တယ်ဆိုတဲ့အချက်ကို အရှင်းလင်းဆုံးဖော်ပြနေတဲ့ အချက်သာဖြစ်ပါတယ်။
ဒီလိုမတရားအသတ်ဖြတ်ခံရမှုအပေါ်မှာ ဒီမိုကရေစီခေါင်းဆောင်၊ အတိုက်အခံပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်ဆို သူတွေဆီက ဘယ်လိုပြောသံဆိုသံမှမကြားရတာကလည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီရဲ့စံကျဖော်ပြချက်တစ်ခုပင်ဖြစ်ပါကြောင်း။
တူမောင်ညို – ကိုပါကြီး နှင့် လူသတ်သော စစ်တပ် 
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...