Skip to main content

ကော်သူးလေတပ်မတော် ဖွဲ့စည်းရန် သဘောတူညီချက်ရရှိ

 အောက်တိုဘာ ၃၁

ဒီကေဘီအေ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ကျင်းပတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေရဲ့ ဆွေးနွေးပွဲ ကနေ ကော်သူးလေ တပ်မတော် အဖြစ် ပေါင်းစည်းဖို့နဲ့  အားလုံး ပါဝင်တဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်သွားဖို့ သဘော တူညီကြောင်း အစည်းအဝေး အပြီး ထုတ်ပြန် ကြေညာပါတယ်။

ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့  ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူကမူအရ သဘောတူလက်ခံပြီး ဒီကေဘီအေ (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ကတော့ အကြွင်းမဲ့ သဘောတူကြောင်း
ဆုံးဖြတ်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

ဒီအစည်းအဝေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကေအန်အယ်လ်အေ တပ်မဟာ (၇) က အမှတ် (၁၀၁) တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖောဒိုက “ကရင်လက်နက်ကိုင်အားလုံး တခုတည်းပြန်ဖြစ်ဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နိုင်ငံရေးရည်မှန်းချက်ကတော့ အခုလက်ရှိ ကေအန်ယူက နိုင်ငံရေးဦးဆောင်မှု လမ်းစဉ်မှာ တွန်းအားတရပ်အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကော်သူးလေတပ်မတော်ဟာ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးအတွက် တိုင်းရင်းသား ပြည်သူတွေ၊ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ သဘောတူဆုံးဖြတ် ခဲ့ကြပါတယ်။

နှစ်ရက်ကြာဆွေးနွေးပွဲရဲ့ ပထမနေ့တုန်းက  ကေအန်ယူကိုယ်စား လှယ်တွေ တက်ရောက်ပေမယ့် ဒုတိယနေ့မှာတော့ တက်ရောက်ခဲ့တာမရှိပါဘူး။  ဒါပေမယ့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) ဒု-စစ်ဦးစီချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအန်ဒီအို) ဦးစီးချုပ် ဗိုလ်မှူးချုပ် နယ်ဒါးမြတို့က အစည်းအဝေးမှာ တယ်လီဖုန်းနဲ့ မိန့်ခွန်းပြောဆိုခဲ့ကြပါတယ်။

ဒီဗွီဘီက  တယ်လီဖုန်းနဲ့ သီခြားမေးမြန်းရာမှာ ဗိုလ်မှူးချုပ် ဘောကျော်ဟဲက “ပြည်သူလူထုတွေက တပ်မတော်တခုတည်းဖြစ်ဖို့ လိုလားသလို ကျနော်တို့လည်း တပ်မတော်တခုတည်း ဖြစ်ဖို့ လိုလားပါတယ်။ လက်ရှိအချိန်မှာ ကျနော်တို့  စုစည်းနိုင်ခြင်း မရှိသေးတဲ့အပေါ်  ကျနော်တို့ စုစည်းချင်တဲ့ ဆန္ဒရှိတဲ့အကြောင်း  သဘောထားကို ထုတ်ပြန်ထားတယ်။ ဒီအပေါ် ကျနော်တို့ ညီညွတ်ရေးကော်မတီ အဖွဲ့ကနေပြီး ကရင်တပ်မတော်တွေ လက်တွဲသွားနိုင်ဖို့ တဆင့်ပြီးတဆင့် လုပ်ဆောင်သွားပါမယ်” လို့ ပြောပါတယ်။

ဗိုလ်မှူးချုပ် နယ်ဒါးမြက “လောလောဆယ်တော့ ကျတော်တို့ မတွေ့ဆုံနိုင်သေးပေမယ့် ကျတော်တို့တွေဟာ တစုတစည်းတည်းရှိတဲ့အကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ ကရင်လူမျိုးတွေအနေနဲ့  ကျတော်တို့ တဖွဲ့နဲ့တဖွဲ့ ကူညီကြဖို့ ကရင်လူမျိုးရဲ့ ရည်မှန်းချက်ပြီးပြည့်စုံတဲ့ထိ စုစည်းညီညွတ်ဆောင် လုပ်ဆောင်ကြဖို့ပါ။ ကျနော်တို့တွေဟာ စောဘဦးကြီးရဲ့ သားသမီးတွေဖြစ်တဲ့အတွက် သူ့မူ ၄ ချက်ကို ကျနော်တို့ နှစ်လုံးထဲမှာ စွဲမြဲထားပါတယ်။  ဒါကြောင့် အားမငယ်ကြပါနဲ့လို့ အားလုံးကို ခွန်အားပေးချင်ပါတယ်” လို့ ပြောပါတယ်။

မနေ့က ပြီးဆုံးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ အမြဲတမ်းဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကလည်း ကော်သူးလေတပ်မတော် ဖွဲ့စည်းရေးကို မူအားဖြင့် ထောက်ခံ ကြောင်း ဆုံးဖြတ်ကြေညာခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဗိုလ်ချုပ်ထိန်မောင်ဦးဆောင်တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်တော်(ငြိမ်းချမ်းရေးကောင်စီ)က ကိုယ်စားလှယ်တော့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အဲဒီအဖွဲ့ကနေ မကြာသေးခင်ကမှ ထွက်ခဲ့တဲ့ ဒေါက်တာ တင်မိုသီကတော့ တက်ရောက်ပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဒီကေဘီအေ၊ ကေကေအိုနဲ့ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေက ကရင်ကိုယ်စားလှယ်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/69317

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...