Skip to main content

ဩစတြေးလျတွင် သေဆုံးပြီးသားနှလုံးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ပေးနိုင်

 အောက်တိုဘာ ၃၁



ဩစတြေးလျတွင် သေဆုံးပြီးသားနှလုံးဖြင့် အောင်မြင်စွာ အစားထိုး ခွဲစိတ်ပေးနိုင်
**********************************************************************************
စတြေးလျမှာ သေဆုံးပြီးသား နှလုံးကို အောင်မြင်စွာနှင့် အစားထိုး ခွဲစိတ်ပေး နိုင်ခဲ့ပြီဟု သိရပါသည်။ နှလုံးအစားထိုး ကုသရန် အရေအတွက် များလာသည်နှင့်အမျှ ကုသရန် လိုလာသည့်အတွက် သေဆုံးပြီးသား နှလုံးများကို အသုံးပြုပြီး အစားထိုး ကုသခဲ့ရာ မှာတော့ အောင်မြင်မှု ရရှိခဲ့ကြောင်း ဩစတြေးလျ ခွဲစိတ် ဆရာဝန်များက မီဒီယာသို့ အောက်တိုဘာလ(၂၄)ရက်နေ့က အတည်ပြု ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဦးနှောက်သေဆုံးပြီး နှလုံးခုန်နေသူများ၏ နှလုံးကို
သာ အစားထိုး ကုသရန်ရာ သုံးစွဲနေရတာ ဖြစ်ပြီး အခုအခါမှာတော့ နှလုံးခုန် ရပ်နေသော နှလုံးများကိုပါ အစားထိုးလာ နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ယခု နည်းလမ်းဖြင့် လူ(၃)ဦးမှ အစားထိုး ကုသမှုခံ ယူခဲ့ကြပြီး (၅၇)နှစ်အရွယ်ရှိ မိုက်ကယ် ဂရီဘီလက်စ် အသက်(၄၀) အရွယ်ရှိ ယန်ဒါမန်နှင့် နောက်လူနာ တစ်ဦးတို့ ဖြစ်ပါသည်။ ၄င်းတို့ အခေါ်တော့ သေတ္တာတစ်လုံးထဲက နှလုံသားနည်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ (သွေးတွေက လည်ပတ်စီးနေမယ်၊ လိုအပ်သည့် နေရာတွေကို အစာအာဟာရ ပေးနေမယ်၊ ဒီနည်းနှင့် နှလုံးကို ပြန်လည်နိုးကြား လာစေမယ်၊ ဒီအခါ အစားထိုးရန် သင့်လျော်သော အခြေအနေ ရလာမယ် ဆိုရင်တော့ အောင်မြင်စွာနှင့် အစားထိုး နိုင်ပြီလေ။ ဒါပေမဲ့လည်း လိုအပ်ရင်တော့ လျှပ်စစ်ဓါတ်နှင့် ရှောခ့်နည်းနည်း ရိုက်ရပါတယ်လို့) စိန့်ဗင်းဆင့်စ် ဆေးရုံမှ နှလုံးခွဲစိတ် ပါရဂူ ကူမွတ်ထ ဒီတယ်လ်က ပြောပါသည်။ နှလုံး အစားထိုးရန် နှလုံးအရှင် စောင့်ဆိုင်းနေရ သူများအနေနှင့်တော့ သွေးလည်ပတ်မှု ရပ်တန့်သွားပြီ ဖြစ်သည့် နှလုံးများ အသုံးပြုပြီး ခွဲစိတ်ကုသ လာနိုင်တော့မည်ဟု ဆိုပါသည်။ လက်ရှိမှာ တတိယလူနာသည် အဆိုပါနည်းနှင့် နှလုံးအစားထိုး ကုသပြီးနောက် ပုံမှန်အတိုင်း ပြန်လည်ကျန်းမာ လျက်ရှိကြောင်း ဆေးရုံက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Comments