Skip to main content

Posts

Showing posts from December, 2015

ဈေးကွက်ကို ကြီးစိုးနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန် ပိုစတာများ

နာမည်ကျော် အနုပညာရှင်တဦး မဟုတ်သော်လည်း နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ(NLD) ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို အသားပေး ဖော်ပြထားတဲ့ ၂၀၁၆ ပြက္ခဒိန်ပုံတွေက ပြည်သူချစ် အနုပညာရှင်ပုံတွေထက် အရောင်းသွက် နေတယ်လို့  ပြက္ခဒိန်၊ ပိုစတာဈေးကွက်မှာ ရောင်းချနေသူတွေက ပြောပါတယ်။

အာရှတော်ဝင်ဆေးရုံတွင် ကျောက်တည်မှု ခွဲစိတ်ပြီးနောက် သေဆုံးသွားသည့်လူနာကိစ္စ စုံစမ်းမည်ဟုဆို

  ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ရှိ အာရှတော်ဝင်ပုဂ္ဂလိကဆေးရုံတွင် ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန် ဒေါက်တာ ဦးသန်းအေး ၏ ခွဲစိတ်ကုသမှု ခံယူခဲ့သည့် အသက် ၄၇ နှစ်အရွယ် ဒေါ်သင်းသင်းဟန်သည်  ခွဲစိတ်စဉ် ကျောက်ကပ်ရှိ ကျောက်ကို လေဆာပစ်သည့် အရှိန်များရာမှ သွေးကြောပေါက်၍ ခန္ဓာကိုယ် အတွင်း သွေးဆိပ်ပျံ့နှံ့ကာ သေဆုံးခဲ့ရသည်ဟု ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်  ဖြစ်စဉ်အပေါ် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ က  စုံစမ်းစစ်ဆေး မှုများပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကမာရွတ်မြို့နယ် မြန်မာ့သင်္ဘောကျင်းလုပ်ငန်း အဆင့်မြင့်အရာရှိအိမ်ရာတွင် နေထိုင်သည့် အသက် ၄၇ နှစ် အရွယ်ရှိ ဒေါ်သင်းသင်းဟန် သည် မွေးရာပါ ကျောက်ကပ် တစ်လုံး အားနည်းပြီး ကျန်တဖက်တွင် ကျောက်များဖြင့် ပိတ်ဆို့နေသဖြင့် ဆီး၊ ကျောက်နှင့်ကျောက်ကပ် သည်းခြေအိတ် အထူးကုဆရာဝန် နှင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်း တွင် ခွဲစိတ် ကုသခဲ့ကြောင်း၊

ပြည်ခိုင်ဖြိုး ကန့်ကွက်လွှာများကို ပြန်လည်ကန့်ကွက်ခဲ့ဟု ဦးဖြိုးမင်းသိန်းပြော

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ လျှပ်စစ်ဝန် ကြီးဟောင်း ဦးခင်မောင်စိုးအပါ အ၀င် ကန့်ကွက်လွှာတင်ထား သည့် အမှုသုံးခုကို ပြန်လည်ကန့် ကွက်လွှာတင်သွင်းခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား

 အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများကို ကိုင်တွယ်ရာ၌ အဆင်ပြေစေရန် ဝန်ကြီးဌာနများ၏ အချက်အလက် များကို အစိုးရအဖွဲ့ထံမှ တောင်း ခံထားကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှု ဆောင် ဦးဝင်းထိန်က ပြောသည်။ အာဏာလွှဲပြောင်းရေးလုပ် ငန်းစဉ်အတွက် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ အသွင်ကူး ပြောင်းရေးအဖွဲ့တို့  ပြီးခဲ့သည့်ရက်သတ္တပတ်က တွေ့ဆုံရာတွင် ဝန် ကြီးဌာနများ၏အချက်အလက် များကို တောင်းခံထားခြင်းဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့ခေါင်း ဆောင် ဦးဝင်းထိန်က ပြောသည်။

မြန်မာကို ကိုင်လှုပ်ခဲ့သော ဖြစ်ရပ်ကြီး (၁၀)ခု

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ခေါင်းစဉ်အမျိုးမျိုးတပ်၍ အုပ်ချုပ်ခဲ့သော စစ်အစိုးရအုပ်ချုပ်မှုကို မလိုချင်တော့ကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာပြည်သူများသည် မဲပေးခြင်းဖြင့် ၎င်းတို့၏ဆန္ဒကို ဖော်ထုတ်ခဲ့ကြသည်။ ဆန္ဒမဲပေးသူ ၇၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံများအပြင် ထိုင်း၊ ဗီယက်နမ် အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံများကပင် အတုယူကြရန် ပြောကြားမှုများရှိခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရတစ်ရပ် ဖွဲ့နိုင်သည့် အရေအတွက်ကို ကျော်လွန်၍

ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား(ဒါလားငြိမ်းချမ်းရေး)

Arakan Army AA ခေါ် ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် Photo: Arakan Army ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အရှေ့ဘက် ရမ်းချောင်းတောင်အနီးတစ်ဝိုက်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့် တပ်မတော်(AA) တို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

NLD ပါတီနဲ့ ပူးပေါင်းနိုင်ရေး UNA တိုင်းရင်းသား ပါတီတွေ ဆွေးနွေး

(UNA ) စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကို တွေ့ရစဉ် Photo: RFA နိုင်ငံရေးပါတီ ၈ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင် တဲ့အထိ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ရှမ်းပြည်နယ် နမ့်ခမ်းဒေသခံတချို့ အကြမ်းဖက် ရိုက်နှက်ခံရ(အစိုးရတပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ရိုက်နှက်)

ရိုက်နှက်မေးမြန်းခံရသူနှင့် ဖျက်ဆီးခံခဲ့ရသည့် ပစ္စည်းများကို တွေ့ရစဉ် (ဓာတ်ပုံ – တအာင်း အမျိုးသမီး အဖွဲ့အစည်း) ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် စေကင်းကျေးရွာတွင် အစိုးရ တပ်မတော်နှင့် ပန်းဆေး ပြည်သူ့စစ်အဖွဲ့တို့က ဒေသခံ ရွာသား များကို အကြမ်းဖက် ရိုက်နှိက်ခြင်းနှင့် အတင်း အဓ္ဓမ ပစ္စည်းများသိမ်းယူခြင်းတို့ ပြုလုပ်ခဲ့ကြောင်း တအာင်း အမျိုးသမီး အဖွဲ့အစည်းက သတင်း ထုတ်ပြန်လိုက်သည်။

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား( ဦး ပါမောက္ခမှ တိုင်းပြည်နှင့် လူမျိုး အတွက် လိုအပ်ပါက လူဝတ်လဲ ပြီး သေနတ်ကိုင် စစ်မှုထမ်းမည်)

 သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နှစ်သစ်ကူးညတွင် တရုတ်က လှူဒါန်းသည့် ရဲကားများဖြင့် အားဖြည့်ကင်းလှည့်မည်

တရုတ်အစိုးရက လှူဒါန်းထားသည့် ရဲကားများ (ဓာတ်ပုံ-ဖိုးတုတ်)  ဒီဇင်ဘာ ၃၁ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးည ၌ တရုတ်နိုင်ငံက လှူဒါန်းထား သည့် လုံခြုံရေးရဲကားအသစ် ၄၅ စီးဖြင့် အင်အားဖြည့်ကာ ကင်း လှည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

လိပ်ကျွန်းအမှု ဆန္ဒပြသူများကို မြန်မာအစိုးရ တားဆီးပေးရန် ထိုင်းတောင်းဆို ဆန္ဒပြမှု ဦးဆောင်သူများကို ဖော်ထုတ် ဖမ်းဆီးသွားမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ခြိမ်းခြောက်

လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် မြန်မာနိုင်ငံသားများက ဆန္ဒပြကန့်ကွက်နေခြင်းကို တားဆီးပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်သည်။

သမ္မတအာဏာလျော့စေမယ့် ကာလုံဥပဒေကြမ်း ပြည်ပဝေဖန်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်အမတ်တွေလေ့လာဖို့ ဖြန့်ဝေခဲ့တဲ့ ကာလုံဥပဒေကြမ်းသစ်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ရင် နောက်တက်လာမယ့် သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့အရေးကျွမ်းကျင်သူတွေက ဝေဖန်လိုက်ပါတယ်။ လက်ရှိလွှတ်တော်သက်တမ်းကုန်ဆုံးခါနီး ဒီဥပဒေကြမ်းအသစ်ကို အမျိုးသားလွှတ်တော်ကနေ ရုတ်တရက် ဖြန့်ဝေလာတဲ့အပေါ်မှာ လွှတ်တော်တွင်း ဝေဖန်ပြောဆိုမှုတွေရှိနေကြတာပါ။

လူထုကို ဖိနှိပ်ခဲ့သည့် ဥပဒေပုဒ်မများ

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံခဲ့ရသော မချောစန္ဒီထွန်းအား ၎င်း၏ ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း) ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် အသုံးပြုခဲ့သည့် ပုဒ်မများအနက် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) မှာ အဓိက ပါဝင်ခဲ့ပြီး လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန်အတွက် ဥပဒေပုဒ်မ အမျိုးမျိုးကို ထပ်မံအသုံးချခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပါအ၀င် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကဲ့သို့ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ လူထုကို ဖိနှိပ်ရန် တရားစွဲဆိုမှုများ၊ ထောင်ဒဏ်

AA နှင့် အစိုးရ တပ်မတော် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား

  စစ်ရေးလေ့ကျင့်နေသော AA တပ်သားများ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ အကြား ယခု ရက်ပိုင်းအတွင်း တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။ AA ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်က “၂၇ ရက် မနက်ပိုင်း ၁၀နာရီလောက်က စဖြစ်တာပါ၊ ကျနော်တို့ရဲ့ လှုပ်ရှားစစ်ကြောင်း တပ်ဖွဲ့ဝင်အချို့နဲ့ မြန်မာ့တပ်မတော်ဘက်က စစ်ကြောင်းတွေ ထိပ်တိုက်တိုးပြီး ဖြစ်တာပါ”ဟု ဧရာဝတီကို ပြောသည်။ တိုက်ပွဲသည် ကျောက်တော်မြို့နယ်အတွင်းရှိ မဟာမုနိဘုရားအရှေ့မြောက်ဘက် ရန်ကုန်-စစ်တွေ လမ်းမနှင့် ၄မိုင်ခန့် အကွာတွင် ဖြစ်ပွားနေကြောင်း သိရသည်။

ဖားကန့်မှာ မြေစာပုံပိ သေကြပြန်ပြီ

ဒီဇင်ဘာ ၂၅ ရက် ဖားကန့် မြေစာပုံ ပြိုအပြီးအလောင်းရှာဖွေနေစဉ်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဖားကန့်မှ ကျောက်စိမ်းတွင်း တခုတွင် မြေပြိုကျမှုတခု ဖြစ်ပွားခဲ့သည့် အတွက် အလုပ်သမား ၅၀ ခန့်၏ အသက်အန္တရာယ်ကို စိုးရိမ်နေရသည်ဟု သိရသည်။ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်မှုများလည်း ဆောင် ရွက်နေသည်။ ဒေသခံများက မြေစာပုံ ပိသူ လူ ၅၀ ခန့်ဟု ဆိုကြသော်လည်း ထိခိုက်သောအရေအတွက်ကို အာဏာပိုင်များက အတည်မပြုနိုင်သေးချေ။

ဦးခွန်ဂျာလီအမှုကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်

ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် စွဲချက်တင်ခံရသော ဦးခွန်ဂျာလီ  လှိုင်မြို့နယ်တရားရုံး တွင် တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ ဓာတ်ပုံကိုခြေဖြင့်နင်းကာ လူမှုကွန်ရက်စာမျက်နှာ၌ ဖြန့် ဝေခဲ့သူဟု စွပ်စွဲခံရသူဦးခွန်ဂျာလီ ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်ခဲ့ကြောင်း လှိုင်မြို့နယ်တရားရုံး တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဖားကန့်အရေး ဖြေရှင်းရန် အစိုးရ၏ နည်းလမ်းသုံးခုကို လွှတ်တော် လက်မခံ

လုံးခင်းနှင့် ဖားကန့် ရတ နာနယ်မြေတွင် ကျောက်စိမ်း တူးဖော်မှု လုံးဝပိတ်သိမ်းခြင်း၊  စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း စသော နည်းလမ်းသုံးမျိုးဖြင့် ဆောင် ရွက်ရန် အစိုးရ၏ အစီအစဉ်ကို ပြည် ထောင်စုလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်သည်။ ဖားကန့်ဒေသတွင် မြေစာပုံပြို ကျခြင်းများကြောင့် ပြည်သူများ မကြာ ခဏသေဆုံးနေခြင်းနှင့် သဘာဝ သယံ ဇာတများ ထုတ်လုပ်နေခြင်းအပေါ် ပြည်သူများ၏ စိုးရိမ်နေမှုကို ဖြေရှင်းရန်နည်းလမ်းသုံးခုကို သတ္တုတွင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းအောင် က ယမန်နေ့က ပြည်ထောင်စုလွှတ်တော် ၌  ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တရားဝင် တင်သွင်းထားခြင်း မရှိသေးကြောင်းနှင့် လက်ရှိ သက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ပြောကြား

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းကို လွှတ်တော်သို့ တရားဝင် တင်သွင်းရခြင်း မရှိသေးကြောင်းနှင့် လက်ရှိ လွှတ်တော် သက်တမ်းအတွင်း အတည်ပြုနိုင်မည် မဟုတ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။ အဆိုပါ ကာ/လုံ ဥပဒေကြမ်းအား လွှတ်တော်ရုံးမှ ကိုယ်စားလှယ်များ လေ့လာနိုင်ရန် ကြိုတင် ဖြန့်ဝေထားခြင်းဖြစ်ပြီး လွှတ်တော်သို့ တရားဝင် တင်သွင်းထားခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

လွှတ်တော်တွင် အောင်မြင်ခဲ့သော အစိုးရသို့ တိုက်တွန်းသည့် အဆိုများနှင့် ပတ်သက်၍ အကောင်အထည် ဖော်ပေးမှု နည်းပါးသောကြောင့် နာမည်ပျက်ရုံသာ ရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

လွှတ်တော်တွင် အောင်မြင်ခဲ့သော အစိုးရသို့ တိုက်တွန်းသည့် အဆိုများနှင့် ပတ်သက်၍ အကောင်အထည် ဖော်ပေးမှု နည်းပါးသောကြောင့် နာမည်ပျက်ရုံသာ ရှိခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဖိအားပေးတိုင်း လွှတ်ပေးမည် မဟုတ်ကြောင်းနှင့် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးကို လေးစားလိုက်နာရန် ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပြောကြား

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် နိုင်ငံခြား ခရီးသွားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ရွှေ့ပြောင်း မြန်မာအလုပ်သမား နှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်လာသည်ကို ကန့်ကွက်ကြောင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

တရားရေးနည်းလမ်း မပြီးသေးလို့ စိတ်ရှည်ကြဖို့ ထိုင်းရှေ့နေ များ မေတ္တာရပ်ခံ

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရဲ့ မေတ္တာရပ်ခံချက်အရ ထိုင်းရှေ့နေများကောင်စီက ကူညီပေးနေတာ ဖြစ်ပြီး ထိုင်းတရား စီရင်ရေးစနစ်အပေါ် ယုံကြည်မှုရှိကြဖို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို အယူခံ တရားရုံး (သို့) တရားလွှတ်တော် အထိ တင်ပြတဲ့အခါမှာ အမှုသွား၊ အမှုလာ အချက်အလက်အားလုံးကို ပြန်လည် သုံးသပ်မှာ ဖြစ်ကြောင်း၊ မြန်မာသံအမတ်ကြီးနဲ့ တရားခံ မောင်ဇော် လင်း၊ မောင်ဝင်းဇော်ထွန်းတို့ရဲ့မိဘဆွေမျိုးတွေကို အခုလ ၃ဝ ရက်နေ့မှာ တွေ့ဆုံပြီး ဘာဆက်လုပ်နိုင်တယ် ဆိုတာ ရှင်းပြမှာ ဖြစ်ကြောင်း၊ မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သွားမယ်ဆိုတာ ပြော လိုကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေလိုလျှင်

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိပါ။ ၂၀၁၅ ခုနှစ် လွှတ်တော်အသီးသီး ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် NLD ပါတီ၏ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတအဖြစ် မြင်တွေ့လိုသည့် ပြည်သူအသီးသီး ပုဂ္ဂိုလ် အမျိုး မျိုးတို့တွင်  ၂၀ဝ၈ ဖွဲ့စည်းပုံက ဟန့်တားထားမှုကို မည်သို့မည်ပုံ ကျော်ဖြတ်ချေဖျက်နိုင်မည့် နည်းလမ်း အား မျက်မှောက်ကာလ၌ စဉ်းစားဆွေးနွေးနေသံများ နယ်ပယ်အသီးသီးတွင် ကြားသိမြင်တွေ့နေရပါသည်။ အထူးသဖြင့် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ ၅၉ ၌ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများတွင် ရှိရမည့် အရည်အချင်းများအဖြစ် (က) မှ (ဆ) အထိ အချက် ၇ ချက် တွင် ပုဒ်မခွဲ (စ)၌ “မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး(သို့) ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တဦးဦး၏ ဇနီး(သို့) ခင်ပွန်း သော်လည်းကောင်း၊ နိုင်ငံ ခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့် ရှောက်ရိုသေသူ (သို့) နိုင်ငံခြား အစိုးရ၏ လက် အောက်ခံဖြစ်သူ (သို့) တိုင်းတပါး၏ နိုင်ငံသားဖြစ် သူများမြ

၂၀၁၅ ခုနှစ်အတွင်း သေဆုံးခဲ့သည့် ထင်ရှားကျော်ကြားသူ အချို့

 ဇန်န၀ါရီ ၃ ရက် ။   ။ အမေရိကန် လွှတ်တော်အမတ် အဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရသည့် အက်ဒ၀ပ်ဘရွတ်သည် အသက် ၉၅ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဇန်န၀ါရီ ၂၃ ရက် ။   ။ ဆော်ဒီအာရေဗျ နိုင်ငံ၏ ဘုရင် အဗ္ဗဒူလာဘင်အဗ္ဗဒူလာဇစ်သည် အဆုတ်ရောင်ရောဂါ ခံစားရပြီးနောက် အသက် ၉၀ တွင် သေဆုံးခဲ့သည်။ ဇန်န၀ါရီ ၃၁ ရက် ။   ။ ဂျာမနီ သမ္မတဟောင်းနှင့် ခရစ်ယာန် ဒီမိုကရက်တစ် အဖွဲ့ဝင် ရစ်ချက်ဖွန်ဘိုင်ဇက်ခါသည် အသက် ၉၄ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသတင်းများ

ဇန်န၀ါရီ ၁     ■    မိမိပိုင်တောင်ယာတွင် နေထိုင်သော်လည်း ကျူးကျော်ဟုဆိုကာ နေပြည်တော်စည်ပင်သာယာ တရားရုံးက အသက် ၇၀ ကျော်အရွယ် တောင်သူဦးအောင်ဝင်းအား ပုဒ်မ   ၂၆ ဖြင့် ထောင်ဒဏ်တစ်လ  ချမှတ်။မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီ ပုဂ္ဂလိကဆေးရုံတွင် ကျွမ်းကျင်လက်မှတ်မရှိဘဲ ဆေးကုသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ညစ်ညမ်းစာများ၊ ညစ်ညမ်းပုံများ အသုံးပြုကြော်ငြာနေခြင်းတို့ကြောင့် ဆေးရုံပိုင်ရှင်နှင့် ဗီဇာသက်တမ်းကုန်ဆုံးနေသည့် တရုတ်နိုင်ငံသားခြောက်ဦးကို ချမ်းအေးသာစံ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်

အစိုးရလုပ်ငန်း အကျင့်ပျက်မှု

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲလို့ ငြိမ်းချမ်းပြီး ရွေးကောက်ပွဲနိုင်တဲ့ အရပ်သားအစိုးရ တက်လာတာတောင် မြန်မာ့စီးပွားရေးဟာ ရေရှည်တိုးတက်ဖွံ့ဖြိုးဖို့ အလားအလာ မရှိဘူးလို့ ဝါရှင်တန်အခြေစိုက် Brookings Institution က စီးပွားရေးပညာရှင် Lex Rieffel က လွန်ခဲ့တဲ့ စက်တင်ဘာလက သုံးသပ်ပါတယ်။ အစိုးရဌာနနဲ့ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့  အကျင့်ပျက်စရိုက်တွေကို လေ့လာရင် စီးပွားရေးမှာ အသွင်ကူးပြောင်းဖို့ အလွန်ခက်ခဲတာကို တွေ့နိုင်ပါတယ်တဲ့။ မဆလခေတ်မှာ နိုင်ငံပိုင်လုပ်ငန်းတွေ ဒုက္ခပေးလို့

အပြောင်ရှင်းနေတဲ့ ဖားကန့်ကျောက်စိမ်းတွင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို အခုတလော ပိုပြီးတော့ အပြင်းအထန် အလုံးအရင်းနဲ့ လုပ်နေကြတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေပါတယ်။ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူအားလုံးအတွက် ဒီကိစ္စကြောင့် အတော့်ကို စိတ်မချမ်းမသာဖြစ်နေချိန်ရချိန်မှာ တာဝန်ရှိသူတွေဘက်က ဘာ့ကြောင့်များ အခုလို လုပ်ခွင့်ပေးထား တယ်လို့ ယူဆပါသလည်း၊ ဒါကို တားဆီးဟန့်တားနိုင်တဲ့ အခြေအနေကော ရှိသေးတယ်လို့ ယူဆကြပါသလား၊ ဒီဇင်ဘာလ ၁၉ ရက် စနေနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ နားဆင်ရန်

အမှန်တရားက ပြတင်းပေါက်ကခုန်ဆင်း သွားပြီလား

လပေါင်းများစွာ လိပ်ခဲ တည်းလည်းဖြစ်နေ ရတဲ့ လိပ်ကျွန်းအမှု စီရင်ချက်ကတော့ ကျွန်မတို့ မြန်မာ ပြည်သူပြည်သားတွေအတွက် ငယ်ထိပ်မြွေပေါက် လိုက်တာပါပဲ။ မြွေမှ ရိုးရိုးမြွေ မဟုတ်ဘူး။ အဆိပ်ပြင်းတဲ့မြွေပါ။ ကြားလည်းကြားဖူးခဲ့တယ်။ စာတွေထဲမှာလည်း ဖတ်ဖူးခဲ့ တယ်။ ‘ငွေကြေးက အိမ်ရှေ့က ဝင်လာတဲ့အခါ အမှန်တရားက ပြတင်းပေါက်ကခုန်ဆင်းသွား တယ်’ဆိုလား။ ဒီအဆိုအမိန့် ကလေးက နှစ်တွေဘယ်လောက် ပဲကြာကြာ၊ မပြောင်းလဲတော့တဲ့ အမှန်တရားတစ်ရပ်များဖြစ်နေ လေတော့သလားပဲ။ အခုအမှု ကိစ္စကတော့ ငွေကြေးတစ်ခုတည်းကြောင့်တော့မဟုတ်လောက်။ ငွေကြေးထက်အရေးကြီးတာက ဂုဏ်သိက္ခာ။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ဂုဏ်သိက္ခာ။ အဲဒီဂုဏ်သိက္ခာအတွက် ပေးဆပ် လိုက်ရတာက အပြစ်မဲ့တဲ့ မြန်မာ လူငယ်လေးနှစ်ယောက်တဲ့။

မြန်မာနိုင်ငံသားနှစ်ဦး အမှု ပြန် သုံးသပ်ပေးဖို့ တပ်ချုပ် သ၀ဏ်လွှာပို့

မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  ထိုင်းနိုင်ငံက လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ အမှုကို သက်သေအထောက်အထား ခိုင်လုံမှု ရှိ-မရှိ ပြန်လည် သုံးသပ်စစ်ဆေးပေးဖို့ ထိုင်းအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကို ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှ သေဒဏ်ချခံရသော မြန်မာလုပ်သား နှစ်ဦးအတွက် တရားဥပဒေအရ လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ပေးမည်ဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ထိုင်းနိုင်ငံလူသတ်မှုနှင့် ပတ်သက်ပြီး မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချခံရမှုအတွက် တရားဥပဒေအရ လုပ်သင့်လုပ်ထိုက်သည်များ ဆောင်ရွက်ပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားသည်။ အဆိုပါ သေဒဏ်ချခံရသော မြန်မာ လုပ်သားနှစ်ဦးအတွက် ယနေ့ ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့တွင် လူ၁၀၀ခန့် ဆန္ဒလာရောက်ထုတ်ဖော်ခဲ့ပြီး ယင်းအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆန္ဒလာရောက် ထုတ်ဖော်ပြောကြားသူများကို ဦးဝင်းထိန်က ကိုယ်စား ထွက်ပြောခြင်းဖြစ်သည်။

ကြေညာချက်အမှတ် ၃/၁၂/၂၀၁၅

၂၀၁၅ နိုင်ငံရေးသုံးသပ်ချက်

  ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အပြောင်းအလဲနဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပေမယ့် ဒီဖြစ်ရပ်တွေကနေ အကောင်းဘက်ကို ဦးတည်တဲ့ ရလဒ်တွေပေါ်လာဖို့ကိုတော့ စောင့်နေရဆဲ ဖြစ်တဲ့ အကြောင်း ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ဦးကျော်ဇံသာက သုံးသပ် ထားပါတယ်။

အရပ်သားအစိုးရကို လွှမ်းမိုးမည့် ကာလုံဥပဒေကြမ်း လွှတ်တော်တွင် စတင်ဖြန့်ဝေ

အရပ်သားအစိုးရကို လွှမ်းမိုးထားမယ့် ကာလုံဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၁ ရက် က အမျိုးသားလွှတ်တော်မှာ စတင်ဖြန့်ဝေခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းတခုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ စတင်ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ဥပဒေကြမ်းပါ သတ်မှတ်ချက်တွေအရ သမ္မတဟာ ကာလုံမှာ သဘာပတိအဖြစ်ပဲ ရှိနေပြီး မဲပေးခွင့်လည်း မရဘူးလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။ “ကာလုံ ၁၁ ယောက်မှာ  စည်းဝေးလုပ်ရင် သမ္မတက သဘာပတိလုပ်ရမယ်ဗျာ။ သဘာပတိက မဲပေးခွင့် မရှိဘူး။ ကျန်တဲ့သူတွေပဲ မဲပေးရမယ်လို့ ပြောတယ်။ ကျန်တဲ့သူဆိုတဲ့အတွက် တပ်မတော်ဘက်က ၆ မဲ ဖြစ်နေတာပေါ့။ ကျန်တာက ၄ မဲပဲ ကျန်တာပေါ့။ မဲတူမှ သမ္မတ သဘာပတိက မဲပေးရမယ်ဆိုတော့ မဲက တူစရာ ရှိပါ့မလားဗျာ။”

သို့ ဘုရင်မင်းမြတ် နှင့် ဗိုလ်ချုပ်ကြီးများ

သို့ ဘုရင်မင်းမြတ် နှင့် ဗိုလ်ချုပ်ကြီးများ ထိုင်းနိုင်ငံ၊ဘုရင့်တပ်မတော်။ ၁။ထိုင်းနိုင်ငံ၊လိပ်ကျွန်းခိုတောင်လူသတ်မှုတွင် ဗြိတိန်နိုင်ငံသား(၂)အသတ်ခံရမှုတွင် ရခိုင်လူမျိုး၊မြန်မာနိုင်ငံသား(၂)ဦး သတ်ဖြတ်ခဲ့သည်ဟု စွတ်စွဲခဲ့ကြောင်းကြားသိခဲ့ရပါသည်။ ၂။အမှုတည်ဆောက်ချိန်နှင့် သက်သေထွက်ဆိုချက်များသည် ခိုင်လုံသောအကြောင်းပြချက်မရှိခဲ့ကြောင်းနှင့် စွပ်စွဲချက်များသည် မခိုင်လုံကြောင်း နိုင်ငံတကာပညာရှင်များက ထွက်ဆိုပြီးဖြစ်လေသည်။ ၃။ထိုင်းနိုင်ငံ၊ကော့စမ္မီအရပ်မှ ရဲအရာရှိများ၏ နိုပ်စက်ကာ အကျဉ်းသား(၂)ဦးအား အတင်းအကျပ် ဖြောင့်ချက်ပေးစေခြင်း၊ချိန်းခြောက်ထွက်ဆိုစေခြင်းများလည်းရှိရာ ဤအမှုသည် မရိုးဖြောင့်မှန်းသိသာလေ၏။

လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာလုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့တွင် လူတစ်ထောင်ကျော် ဆန္ဒပြ

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံးလွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများက စာရွက်စာတမ်းများ ကိုင်ဆောင်ကာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြနေစဉ် ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှု ဖြစ်စဉ်တွင် သေဒဏ် ချမှတ်ခြင်း ခံထားရသည့် မြန်မာနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့တွင် လူတစ်ထောင်ကျော်သည် ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြခဲ့ကြသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမ၀င် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ အခန်း (၆)၊ ၀င်ငွေခွန် ဥပဒေက ငွေဖြူဖြစ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေ

၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ပါ ကြေးမုံ သတင်းစာတွင် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ မူကြမ်းအား ပြည်သူများ သိရှိလေ့လာ အကြံပြုနိုင်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာ ထားသည့်အပေါ် ယင်းဥပဒေသည် လာဘ်ပေးလာဘ်ယူမှုနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမ၀င် နည်းလမ်းများမှ ရရှိသော ငွေမည်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း၊ အခန်း (၆)၊ ၀င်ငွေခွန် ဥပဒေက ငွေဖြူဖြစ်အောင် လုပ်ပေးသကဲ့သို့ ဖြစ်နေကြောင်း နယ်ပယ်အသီးသီးမှ ဝေဖန်သုံးသပ် လိုက်ပါသည်။

သေဒဏ် ချမှတ်ခံထားရသော လိပ်ကျွန်းအမှု လိုအပ်သော အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်းဆို

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံး လွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများက ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုနေစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) သေဒဏ် ချမှတ်ခံထားရသည့် လိပ်ကျွန်း လူသတ်မှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သူများ

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ပြစ်ဒဏ်မှလွတ်မြောက်ရန်အတွက် အင်အားတစ်ထောင်ဝန်းကျင်ခန့် က ရန်ကုန်မြို့ရှိထိုင်းသံရုံးအနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်ကပင် စတင်ဆန္ဒထုတ်ဖော်နေကြသည်။ သက်ဆိုင်ရာအာဏာပိုင်များက သံရုံးရှေ့မရောက်ရန် ပိတ်ဆို့ထားသည့်အတွက် ဆန္ဒပြသူများသည် ပြည်လမ်းမပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်မှုတွင် သံဃာတော်များ လူ့အခွင့်အရေးလှုပ်ရှားသူများ၊အနုပညာနယ်ပယ်မှ ကဗျာဆရာများ၊အနုပညာရှင်များ ၊လူတန်စားအလွှာပေါင်းစုံမှပြ ည်သူများပါဝင်ခဲ့ကြသည်။ မြန်မာလူငယ်နှစ်ဦးအားလွှတ်ေ ပးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ကြွေးကြော် သံများ ဟစ်ကြွေးခြင်းအပြင် MASKဖြင့် အသံတိတ်လှုပ်ရှားမှုလည်း ပါဝင်သည်။ ဓာတ်ပုံ-ကျော်ဇင်သန်း

မောင်ရစ် – အိုဘားမားနဲ့ ကလင်တန်တို့ဆီက သင်ခန်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၀၁၆ နှစ်သစ်ကူးအတွက် ရေးရမယ့် အယ်ဒီတာ့အာဘော်ဆိုတော့ ခေါင်းစဉ်ကို ဖမ်းစားမလားလို့ တတ်လိုက်တာပါဗျာ။ ၂၀၁၅ ကို ပြန်ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲနဲ့ မဲပေးသူ ပြည်သူတွေကို အကယ်ဒမီပေးရမယ် ထင်ပါတယ်။ အဲသည် ရွေးကောက်ပွဲနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို အကယ်ဒမီရအောင် ဖန်တီးရှင် ဒါရိုက်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီ ပေါ့ခင်ဗျား။ သူတို့တွေ အကယ်ဒမီရအောင် အစွမ်းကုန်ဇာတ်ပို့သူတွေက ဘယ်သူလဲ … ပြည်ခိုင်ဖြိုး အစိုးရ၊ လွှတ်တော်နဲ့ ပါတီဝင်တွေ လို့ ဆိုရမှာပါ။  မြန်မာပြည်ဟာ တကယ်ကိုပဲ ပါတီစုံစနစ်၊ ရွေးကောက်ပွဲစနစ်၊ အခြေခံဥပဒေက ပြဌာန်းထားသည်နှင့်အညီ စည်းကမ်းတကျနဲ့ အပြောင်းအလဲခေတ်ကို ရောက်ရှိနေပြီလားလို့ ဆိုရတော့ မလိုဖြစ်နေပါပြီ။ ဒါဆိုရင် သူများပါတီစုံနဲ့ ရွေးကောက်ပွဲနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရ ကောင်းမလား မသိပါဘူးဗျာ။

မြန်မာ ၂ ဦးကို လွတ်ငြိမ်းခွင့်ပေးရန် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ ပေးပို့

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား လူငယ် ၂ ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျို မဲခုယိုမြို့ ထိုင်းသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံရောက် ပညာသင်ကျောင်းသား လူငယ်တွေအပါအ၀င် တိုကျိုကနေ အလှမ်းကွာတဲ့ ယိုကိုဟားမား၊ ဆိုင်တမ၊ ချီးဘားခရိုင်တို့က မြန်မာနိုင်ငံသား၂၀၀ လောက် လာရောက်ပူးပေါင်းပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက မြန်မာလူငယ်နှစ်ဦးကို ထိုင်းဘုရင်မင်းမြတ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အသနားခံစာတစောင်လည်း ထိုင်းသံရုံးတာဝန်ခံကနေတဆင့် ပေးပို့ခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာလူငယ် နှစ်ဦးကို သေဒဏ်ခဲ့မှတ်တဲ့အပေါ် ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ကန့်ကွက်တဲ့စာကိုလည်း ပေးပို့ခဲ့ကြပါတယ်။

လိပ်ကျွန်း လူသတ်မှု အရေး ထိုင်း-မြန်မာ ဆွေးနွေး

ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်နဲ့ ပတ်သက်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ ထိုင်းအာဏာပိုင်တွေ နဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ မြန်မာသမ္မတဦးသိန်းစိန်က ညွန်ကြား လိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်ရုံးကိုသွားပြီး ၀န်ကြီးချုပ်ရုံး ၀န်ကြီး Pannada Diskul နဲ့ တွေ့ဆုံပြီးတော့ သေဒဏ် ချ ခံထားရတဲ့ မြန်မာရွှေ့ပြောင်း

လိပ်ကျွန်း လူသတ်မှု အယူခံ မြန်မာ အစိုးရ ကူညီမည်

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့အမှုမှာ အပြစ်ရှိတယ် ဆိုပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် စီရင်ချက် ကို အယူခံဝင်ရာမှာ ကူညီ သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောပါတယ်။ မြန်မာနိုင်ငံသား ၂ ဦးပေါ် သေဒဏ်ချမှတ်ခဲ့တဲ့ ထိုင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကန့်ကွက်ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန် ကမ္ဘာလှည့် ခရီးသွား ၂ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သေဒဏ်အပြစ်ပေးခဲ့တဲ့အပေါ် စိုးရိမ်တဲ့ အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြည်ပသို့ ခိုးထွက်ရန် ကြိုးစားသည့် ဘင်္ဂါလီသုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြည်ပသို့ ခိုးထွက်ရန် ကြိုးစားသည့် ဘင်္ဂါလီသုံးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိ Published on Thu, 12/24/2015 - 10:57 မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကာ ပြည်ပသို့ ခိုးထွက်ရန်ကြိုးစားသည့် ဘင်္ဂါလီ ယောက်ျားလေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာ ၂၂ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ ဖမ်းဆီးရမိခဲ့သူများမှာ အသက် ၁၅နှစ် အရွယ် မောင်လှဝင်းထွန်း (ခ)မာမတ်ချာကူး၊ အသက်၁၆ နှစ်အရွယ် မောင်လှဝင်းနိုင်(ခ)မာမတ်ချာကဲနှင့် အသက် ၄၈ နှစ်အရွယ် ဒေါ်မနော်အရှားတို့ဖြစ်ကြောင်း သိရသည်။ “နိုင်ငံကူးလက်မှတ်နဲ့ မလေးရှားလေကြောင်းပေါ် တက်မယ့်သူတွေကို စစ်ဆေးရာကနေ မသင်္ကာလို့ သူတို့သုံးယောက်ကို ခေါ်ယူစစ်ဆေးရာမှာ သုံးလောက်စလုံးက မြန်မာစကား မပြောတတ်ဘူး။ မြန်မာနိုင်ငံသား ဖြစ်ကြောင်း သက်သေမပြနိုင်တာနဲ့ လေယာဉ်နဲ့ လိုက်ပါခွင့်မပြုဘဲ ဖမ်းဆီးစစ်ဆေးနေပါ တယ်”ဟု

ဘရူနိုင်းတွင် ခရစ်စမတ်ပွဲ ပေါ်ပေါ်တင်တင်ကျင်းပပါက ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိ

ဘန်ဒါဆရီ ဘီဂါဝမ်၊ ဒီဇင်ဘာ-၂၃ ။ ။ ရေနံကြွယ်ဝသည့် နိုင်ငံငယ်လေး၏ ဆူလတန်ဘုရင်၏ ကြေညာချက်အရ ဘရူနိုင်းတွင် ခရစ်စမတ်ပွဲကို တရားမ၀င် ဆင်ယင်ကျင်းပသူ မည်သူမဆို ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိနေသည်ဟု ဆိုသည်။ ကြီးကြီးကျယ်ကျယ်နှင့် လွတ်လွတ်လပ်လပ် ဆင်ယင်ကျင်းပခြင်းမှာ မွတ်စလင်လူထုကို စိတ်ယိုင်သွားစေနိုင်သောကြောင့် ဘရူနိုင်းနိုင်ငံတွင် ယမန်နှစ်မှ စတင်၍ ခရစ်စမတ်ပွဲကို ပိတ်ပင်လာခဲ့သည်။ ခရစ်ယာန်နှင့် အခြားဘာသာဝင်များအနေဖြင့် ခရစ်စမတ်ပွဲကို ကျင်းပနိုင်သော်လည်း တစ်ကိုယ်ရေ သိုသိပ်စွာသာ ကျင်းပနိုင်မည်ဖြစ်ပြီး ပထမဦးစွာ အာဏာပိုင်များကိုလည်း အသိပေးရမည်ဖြစ်

မွတ်စလင် ယုံကြည်ရာကို ခြိမ်းခြောက်ခြင်းဆိုကာ ဆိုမာလီ၌ ခရစ္စမတ်ပွဲတော်အား တားမြစ်ထား

ဆိုမာလီယာ၊ ဒီဇင်ဘာ ၂၃ ။ ။ ခရစ်ယာန်ပွဲတော်များက နိုင်ငံ၏ မွတ်စလင် ယုံကြည်မှုအား ခြိမ်းခြောက်နိုင်သည်ဟု သတိပေးကာ ဆိုမာလီအစိုးရက နိုင်ငံတွင်း၌ ခရစ္စမတ်ပွဲတော်များ ကျင်းပခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ "ဒီလိုပွဲတော်တွေက အစ္စလာမ်နဲ့ လားလားမျှ မဆိုင်ပါဘူး။"ဟု ဘာသာရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထိုပြင် လူစုရုံးခြင်းများကို ရပ်တန့်တားဆီးရန်လည်း လုံခြုံရေးအေဂျင်စီများက တာဝန်ယူထားပြီးဖြစ်သည်။ နိုင်ငံခြားသားများအနေဖြင့် ကိုယ့် အိမ်ထဲ၌ လွတ်လွတ်လပ်လပ်ပင် ခရစ္စမတ်ပွဲ ကျင်းပနိုင်ကြောင်း၊ သို့သော် ဟိုတယ်များနှင့် အများနှင့်ဆိုင်သော နေရာများတွင်မူ ကျင်းပခြင်းမရှိရန် တားမြစ်ထားကြောင်းလည်း သိရသည်။ "မွတ်စလင်နိုင်ငံဖြစ်လျက် ခရစ္စမတ်ပွဲတွေ ကျင်းပနေတာ မမှန်ကန်တဲ့ လုပ်ရပ်ပါ။"ဟု ဆိုမာလီ တရားရေးနှင့် ဘာသာရေးဆိုင်ရာ ဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ - See more at: http://mizzimaburmese.com/article/8911#sthash.ZBwX8kzx.zin3ZIrq.dpuf

နိုင်ငံရေးသမားနဲ့ ကိုယ်ကျင့်သီလ

မြန်မာစကားပုံများထဲတွင် ပုဂ္ဂိုလ်ခင်မှ တရားမင်သည်ဆိုသည့် စကားပုံ ရှိသည်။ ကောင်းမွန်တဲ့ သူဖြစ်မှ လူကြည်ညိုခံရမည်ဟူသည့် သဘောပင် ဖြစ်သည်။ ဤ စကားပုံနှင့် မြန်မာလူမျိုးများမှာ ရင်းနီးကျွမ်းဝင်လွန်းသည့် စကားပုံ ဖြစ်သည်။ မှန်ပါသည်။ မကောင်းမွန်သည့် လူပုဂ္ဂိုလ်ကိုမူ မည်သူမျှ လေးစားကြည်ညိုကြလိမ့်မည် မဟုတ်ချေ။ ယခုတလော လွှတ်တော်တွင်းက နိုင်ငံရေးပင်စင်ကိစ္စ၊ တိုင်းပြည်သယံဇာတများ ဖြစ်သည့် မြေပေါ် မြေအောက် သယံဇာတများ လက်မလည်အောင် ချနေရောင်းနေသည့် ကိစ္စနှင့် တာဝန် ထမ်းဆောင်နေစဉ်အတွင်း ပြုမူခဲ့သည့် ကိစ္စများအပေါ် တရားစွဲဆိုခွင့်မရှိဟူသည့် အခြေခံဥပဒေဆိုင်ရာ ကြိုးပမ်းမှု သတင်းများကို မိမိတို့အားလုံး စိတ်မချမ်းမြေ့ဖွယ် ကြားနေကြရပါသည်။ လွှတ်တော်အတွင်း လွန်ခဲ့သည့်

ဒီမိုကရေစီ အကူးအပြောင်းနှင့် နိုင်ငံရေး ပဋိညာဉ်

လက်ရှိအစိုးရမှ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီ အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးမည့် အစီအစဉ်များ စတင်လျက်ရှိပြီ။ ဖွဲ့စည်းပုံပါ အချိန်ဇယား ပြဋ္ဌာန်းချက်များအရမူ လွှဲပြောင်းမှုသည် ၂၀၁၆ မတ်လတွင် အပြီးသတ်မည် ဖြစ်၏။ ဤတွင် ယခု အလွှဲအပြောင်း (transfer of power) နှင့် ပြီးခဲ့သည့် ၄-၅ နှစ်လုံးလုံး ကျနော်တို့ ပြောဆိုလာခဲ့ကြသည့် ဒီမိုကရေစီ အကူးအပြောင်း (democratic transition) တို့ကို ဆက်စပ် စဉ်းစားမိ၏။ အဓိကက အာဏာလွှဲပြောင်းမည့် အဆင့်ထိ ဆိုက်ရောက်လာသော အနေအထားနှင့် လွှဲပြောင်းပြီးလျှင် ကျနော်တို့သည် ဒီမိုကရေစီ ခရီးလမ်း၏ မည်သည်နေရာလောက်ဆီ ရောက်ရှိမည်နည်းဟူသော အချက်တို့ကို သုံးသပ် ချင့်တွက်လိုခြင်း ဖြစ်၏။ သည်အတွက်၊ နောက်ဘက်ကို အတန်အသင့် ပြန်ကြည့်သော်၊ သည်တိုင်းပြည် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကျနော်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ကြ၏။

လွှတ်တော်ရှေ့က `ကျိုင်း

လွှတ်တော် တတ်တော့မယ် ဆိုရင် အရင်ဆုံး လွတ်တော်ဥက္ကဌရှေ့က ကျိုင်းကိုင်စာရေးက ကျိုင်းကြီးကို ထမ်းလာပြီး ကလပ် ပေါ်တွင် တင်ပြီးမှ အခမ်းစတင်ပြီ ဖြစ်ကြောင်း သဘာပတိက တူထုခါ လွှတ်တော်ကို စတင်သည် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တွင်တွေ့မြင်လိုက်ပါတယ်။ တူမတွေ တူတွေက အဲဒီ တင်းပုတ် လိုလို ဘာလိုလို ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ ဟာကြီးကို ဦးလေးဖြစ်သူကို ဘာကြီးလဲ လေးလေးလို့မေးတော့ ဦးလေးဖြစ်သူက ကျိုင်းတော့ လို့တော့သိတယ် ဘာလို့ဆို ကျိုင်းဆိုတာ ဘင်ခရာတီးဝိုင်းမှာလဲ ပါတယ်လေ ဘင်ခရာလေးဘာလေး တီးခဲ့မှုတ်ခဲ့ဘူးတော့ အဲဒါကျိုင်းကွယ့် တူလေး တူမလေးတို့ရဲ့ လို့ပြောလိုက်ပေမဲ့၊ တူတွေတူမတွေက ကျေနပ်ပုံမပေါ်ဘူး ကျိုင်းကြီးက ဘာလို့ဒီနားလာထားတာလဲ လေးလေး ဆိုတော့ ကျွန်တော်လဲ ဆက်မပြောတတ်တာနဲ့ `ပျောက် မှာဆိုးလို့ကွ သူကရွှေဆိုတော့ အဘိုးတန်တယ်လေ လူကြီးတွေ အစည်းဝေးလု

ကိုသန်းလွင် – ခြစားမှု တိုက်ဖျက်ရေး

(၁) မကြာသေးမှီက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှအရာရှိတစ်ဦးက “ ဆင်ဆိုတာ ကွေ့ရင်တဆစ်ချိုးမကွေ့ပါဘူး” “An elephant is not prone to making sharp turns.”ပာုပြောခဲ့သည်၊ နိုင်ငံတော်ရေးရာ ပေါ်လစီများကို ပြောင်းလဲရာတွင် တမဟုတ်ချည်း လုပ်၍ မရပါ၊ အချိန်ယူ ကြရသည်၊ ချင့်ချိန်ကြရသည်၊ ထို့ကြောင့် လမ်း ကြောင်း ဦးတည်ရာ ပြောင်းလိုကြသော ဆင်ကောင်ကြီး များသည်လမ်ကြောင်းပြောင်းရန် တဖြည်းဖြည်း အချိန် ယူရပုံ ကို တင်စားပြီးဝန်ကြီးချုပ် မိုဒီ၏ နိုင်ငံတော် ပြုပြင် ရေး လုပ်ငန်းများသည် အချိန်ယူရပါလိမ့်မည်ပာု ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သစ် နီရန်ဒါးမိုဒီ ကျမ်းသစ္စာကျိန်ဆိုပြီး နိုင်ငံကိုအုပ်ချုပ်ခဲ့သည်မှာ လာမည့် မေလတွင် တစ်နှစ်ပြည့်ပါတော့မည်၊ မဲရှုံးပြီး အာဏာကို စွန့်လွှတ်ခဲ့ရသော ကွန်ဂရက်ပါတီမှာ စီးပွားရေး ပေါ်လစီ အမှားများကြောင့်၎င်း၊ နိုင်ငံနှင့် အ၀ှမ်းနေရာပေါင်းစုံ ခြစားမှုများကြောင့်၎င်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိ

လှစီးပြေး ဒုက္ခ္ခသည်စခန်း အပြီးသတ်ပိတ်

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ဘင်္ဂလားဒေရှ့်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေကို ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။ မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ဒီနှစ် ဇွန်လကုန်ပိုင်းလောက်က စတင်ပြီး မိခင်နိုင်ငံရင်းကို လွှဲပြောင်းပေးခဲ့ရာက ဒီဇင်ဘာလ ၂ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် လှေစီးပြေးဒုက္ခသည် ၄၈ ယောက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါ

ကိုယ်လွတ်မရုန်းပါနှင့်၊ တာဝန်ခံပါ

ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်သော နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းသည် အမေရိ ကန်ပြည်ထောင်စု၏ The Former Presidents Act သမ္မတဟောင်း များနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် လေ့လာသုံးသပ်ပြီး ရေးဆွဲထားခြင်းဟု ဆိုသော်ငြား ၎င်းဥပဒေ မူကြမ်းတွင် ပါရှိသည့် အခန်း ၄ ကမူ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီခြင်း မရှိသည်သာမက အမျိုးသား ရင်ကြား စေ့ရေးအတွက် ညီညွတ်မျှတသော လုပ်ထုံးလုပ်နည်းလည်း မဟုတ်ပါ။ အဆိုပါ ဥပဒေမူကြမ်း အခန်း ၄ ခေါင်းစဉ် “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ ဆောင်ရွက်ချက် အပေါ် အကာအကွယ်ပေး ခြင်း” ပါ အပိုဒ် ၁၀ တွင် “နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆော

ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဒီမိုကရေစီ – ဒီမိုကရေစီနိုင်ငံတွေ ဘာကြောင့် ကျရှုံးရသလဲ (၁၊ ၂၊ ၃)

၁၉၆၀ ပြည့်လွန်ကာလတွေမှာ ကိုလိုနီနိုင်ငံအများအပြား လွတ်လပ်ရေးရတဲ့ လှိုင်းလုံးကြီး ဖြစ်ခဲ့ချိန်ကစလို့ နိုင်ငံပေါင်း ၉၀ နီးပါးမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖြစ်စဉ်ပေါင်း ၁၂၀ ကျော် တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ၁၉၈၀ ပြည့်နှစ်ကစပြီး ထူထောင်ခဲ့တဲ့ အဲဒီ ဒီမိုကရေစီနိုင်ငံတွေဟာ အဲဒီခုနှစ်ထက်အရင် နှစ်ပေါင်း ၂၀ လောက်စောပြီး ထူထောင်ခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံတွေထက် ရှင်သန်ရပ်တည်မှုနှုန်း ပိုမြင့်တာကို တွေ့ရပါတယ်။ ဒီကနေ့ခေတ် ဖွံ့ဖြိုးဆဲနဲ့ ကွန်မြူနစ်ဟောင်းနိုင်ငံ အများအပြားမှာ ထူထောင်ထားတဲ့ ဒီမိုကရေစီစနစ်တွေဟာ (ဘိုလီးဗီးယား၊ ဂျော်ဂျီယာ၊ ဗင်နီဖွဲလား၊ ရုရှား လိုနိုင်ငံမျိုးတွေရဲ့ ဒီမိုကရေစီတွေအပါအ၀င်) နောက်ပြန် လျှောကျချင်လျှောကျ၊ မလျှောကျသေးဘူး ဆိုရင်လည်း နောက်ကြောင်းပြန်မယ့် အန္တရာယ် အနေအထားမှာ ရှိနေကြတာပါ။ အသစ်ရရှိတဲ့ အချက်အလက်တွေဟာ ဒီမိုကရေစီနို