Skip to main content

ထိုင်းသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်သူများ

မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ်ပြစ်ဒဏ်မှလွတ်မြောက်ရန်အတွက် အင်အားတစ်ထောင်ဝန်းကျင်ခန့်က ရန်ကုန်မြို့ရှိထိုင်းသံရုံးအနီးတွင် ယနေ့နံနက် ၉ နာရီခွဲခန့်ကပင် စတင်ဆန္ဒထုတ်ဖော်နေကြသည်။
သက်ဆိုင်ရာအာဏာပိုင်များက သံရုံးရှေ့မရောက်ရန် ပိတ်ဆို့ထားသည့်အတွက် ဆန္ဒပြသူများသည် ပြည်လမ်းမပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်မှုတွင် သံဃာတော်များ လူ့အခွင့်အရေးလှုပ်ရှားသူများ၊အနုပညာနယ်ပယ်မှ ကဗျာဆရာများ၊အနုပညာရှင်များ ၊လူတန်စားအလွှာပေါင်းစုံမှပြည်သူများပါဝင်ခဲ့ကြသည်။

မြန်မာလူငယ်နှစ်ဦးအားလွှတ်ပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်ခြင်း၊ကြွေးကြော်သံများ ဟစ်ကြွေးခြင်းအပြင် MASKဖြင့် အသံတိတ်လှုပ်ရှားမှုလည်း ပါဝင်သည်။
ဓာတ်ပုံ-ကျော်ဇင်သန်း

Comments