Skip to main content

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား( ဦး ပါမောက္ခမှ တိုင်းပြည်နှင့် လူမျိုး အတွက် လိုအပ်ပါက လူဝတ်လဲ ပြီး သေနတ်ကိုင် စစ်မှုထမ်းမည်)

 သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဆန့်ကျင်ဘက်များ ပြောဆို နေသည့် အမျိုးသားအား လာ ရောက်နားထောင်နေသော အမျိုး သားများက ၀င်တား၊ ၀င်ဆွဲပြု လုပ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ပြီး ရပ်ကွက် တာဝန်ရှိသူ များနှင့် လုံခြုံရေးတာဝန်ယူထား သော ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ သည်။
‘‘ဒီကောင်လေးက နားသိပ် မကောင်းဘူး။ ရပ်ကွက်က လူ တွေက ထိန်းသိမ်းလိုက်တာ။ သူ မေးကြည့်တဲ့အခါမှာ နားမကြား မှန်းသိတဲ့အတွက် ပြန်လွှတ်ပေး လိုက်တယ်။ ဖမ်းဆီးထားတာ မရှိ ဘူး။ ရဲစခန်းလည်း မခေါ်ထား ဘူး’’ဟု အနောက်ပိုင်းခရိုင်မှ ဒုရဲမှူးကြီး ကျော်ထွဋ်က 7Day Daily သတင်းစာအား ဖြေသည်။
သေဒဏ်ကျ မြန်မာနိုင်ငံ သား နှစ်ဦး လွတ်မြောက်ရေးအ တွက် မဘသ ဦးဆောင်ဆရာ တော်တစ်ပါးဖြစ်သူ မကွေးဆရာ တော် ဦးပါမောက္ခဦးဆောင်၍ ဗိုလ်စိန်မှန်အားကစားကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ထိုင်း သံရုံးအထိ လူနှစ်ရာခန့် ချီတက် ဆန္ဒပြခဲ့ကာ ထိုင်းသံရုံးတာဝန်ရှိ သူထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခွင့်ရခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ပိုင်းတွင် ထိုင်းသံရုံးသို့ မဘသ ဆရာတော်သုံးပါး၊ လူနှစ်ဦးက ထိုင်းတာဝန်ရှိသူအချို့နှင့် ငါးမိ နစ်ခန့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းအစိုးရသို့ ပေးပို့သော အိတ်ဖွင့်ပေးစာကို ထိုင်းနိုင်ငံသို့ အမြန်ဆုံးပေးပို့မည်ဟု ထိုင်းသံရုံး က ကတိပေးခဲ့သည်။
ထိုင်းနိုင်ငံကို အိမ်နီးချင်း ကောင်းအဖြစ် နေထိုင်လိုပြီး ပြ ဿနာ တစ်စုံတစ်ရာ မဖြစ်လို ကြောင်း၊ နှစ်ထောင်ချီကြာဘာ သာချင်းတူ မေတ္တာတရားထား၍ အစဉ်လက်တွဲ နေသွားချင် ကြောင်း မဘသအား ပြောကြားခဲ့ သည်။
လူမျိုးကို ထိခိုက်လာလျှင် ကိုယ်လူမျိုးက ပြစ်မှုမကျူးလွန် ဘဲ သေဒဏ်ပေးခံရမည့် ရဟန်းကို မဆိုထားနှင့် အဟိတ်တိ ရစ္ဆာန်ဖြစ်သော ကျီးကန်းတောင် အမျိုးကိုထိလျှင် ၀ိုင်းအာ ကြောင်း၊ မျက်ခွက်ကို အတောင် ဖြင့် ခတ်ကြောင်း မကွေးဆရာ တော် ဦးပါမောက္ခက မိန့်သည်။
‘‘သူတို့နှစ်ဦး မပြောကောင်း မဆိုကောင်း တစ်ခုခုလက်လွန် ခြေလွန်ဖြစ်မယ်ဆိုရင် သံဃာ ချွတ်ပြီး စစ်တိုက်ရမှာ အကြောင်း မဟုတ်ဘူး။ အဲဒီစကားက ခုလည်းအဲဒီလိုပဲပြောမယ်။ နောင် လည်း အဲလိုပဲပြောမယ်။ ဘုန်းကြီးလူမျိုးထိ သွားရင်တော့ ငါ့ရဟန်းပဲဆိုပြီး သည်းခံနေမှာ မဟုတ်ဘူး’’ ဟု ဆရာတော်က ထိုင်းသံရုံးနှင့် ညှိ နှိုင်းအပြီး ဖြေကြားသည်။
မဘသဆရာတော်များ ဦး ဆောင်၍ ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံရသော မြန်မာနိုင်ငံသား နှစ် ဦး လွတ်မြောက်ရေးအတွက် ရန် ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန် မှန်အားကစားကွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နေ့လယ် ၁ နာရီ၌ ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒ ပြပွဲတွင် မကွေးဆရာတော် ဦး ပါမောက္ခမှ တိုင်းပြည်နှင့် လူမျိုး အတွက် လိုအပ်ပါက လူဝတ်လဲ ပြီး သေနတ်ကိုင် စစ်မှုထမ်းမည် ဟု မိန့်ကြားခဲ့သည်။
မဘသဆရာတော်များအ ပြင် မြန်မာအမျိုးသားရေးကွန် ရက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်နှင့် အထွေထွေအတွင်းရေးမှူး နောင် တော်လေးတို့ ဦးဆောင်ပါဝင်ခဲ့ သည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video