Skip to main content

သေဒဏ် ချမှတ်ခံထားရသော လိပ်ကျွန်းအမှု လိုအပ်သော အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်းဆို

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနှစ်ဦးအား အမြန်ဆုံး လွှတ်ပေးရန် တက်ကြွလှုပ်ရှားသူများက ဒီဇင်ဘာ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုနေစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)
သေဒဏ် ချမှတ်ခံထားရသည့် လိပ်ကျွန်း လူသတ်မှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။


ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ ရခိုင်လူငယ် နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်သည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း၊ အမှုအား စစ်ဆေးရာတွင် ရဲလုပ်ငန်းစဉ် စနစ်မကျမှု၊ မှုခင်းဆရာဝန် လိုက်ပါဆောင်ရွက်မှု အားနည်းခြင်း၊ သက်သေခံ ပစ္စည်းများ၊ လူသက်သေ မပြနိုင်မှု ၊ ဒီအင်န်အေ စစ်ဆေးမှုတို့သည် ပြည့်စုံလုံလောက်မှု မရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု နိုင်ငံတကာ ဥပဒေ ပညာရှင်များနှင့် ထိုအမှုကို လေ့လာစောင့်ကြည့် နေသူများက ဝေဖန် ထောက်ပြနေသည်မှာ အထင်အရှားဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ တရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသားနှစ်ဦး အဆင့်ဆင့် အယူခံ သွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ကူညီ ဆောင်ရွက်ပေးရန်၊ လိုအပ်သော ဥပေဒပိုင်းဆိုင်ရာ အကြံဥာဏ်များကို လည်းကောင်း၊ လိုအပ်သော ငွေကြေးကို လည်းကောင်း ၀ိုင်းဝန်း ကူညီကြရန်နှင့် နိုင်ငံတော် အစိုးရပိုင်းမှလည်း ကူညီဆောင်ရွက်ပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းထားသည်။

ဆက်လက်၍  အစိုးရ အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို အခြေခံ၍ အကာအကွယ် ပေးရန်နှင့် လိပ်ကျွန်း လူသတ်မှု သေဒဏ် ချမှတ်လိုက်မှုအပေါ် လက်မခံနိုင်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းသံရုံးကို ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ နိုင်ငံကြီးသား ပီသစွာ ဆန္ဒပြကြမည် ကိုလည်း အထူးကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လိပ်ကျွန်းအမှုနှင့် ပတ်သတ်သည့် သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးအား သတ်မှုဖြင့် စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သူ ၀င်းေ

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...