Skip to main content

လူထုကို ဖိနှိပ်ခဲ့သည့် ဥပဒေပုဒ်မများ


ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံခဲ့ရသော မချောစန္ဒီထွန်းအား ၎င်း၏ ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း) ယခင် စစ်အစိုးရ လက်ထက်တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် အသုံးပြုခဲ့သည့် ပုဒ်မများအနက် ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) မှာ အဓိက ပါဝင်ခဲ့ပြီး လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန်အတွက် ဥပဒေပုဒ်မ အမျိုးမျိုးကို ထပ်မံအသုံးချခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပါအ၀င် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကဲ့သို့ ဥပဒေပုဒ်မ အမျိုးမျိုးတပ်ကာ လူထုကို ဖိနှိပ်ရန် တရားစွဲဆိုမှုများ၊ ထောင်ဒဏ်
ချမှတ်မှုများ အစိုးရသစ် လက်ထက် ၂၀၁၅ ခုနှစ်အတွင်း အများအပြား ပေါ်ပေါက်လာခဲ့သောကြောင့် ၂၀၁၅ ခုနှစ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ဖော်ပြအပ်ပါသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးသည့် အချိန်မှ ၂၀၁၅ အတွင်း၌ ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့် ဖမ်းဆီးတရားစွဲဆို ထောင်ချခံခဲ့ရ သူများနှင့် တရားစွဲဆို ခံနေရဆဲ တက်ကြွလှုပ်ရှားသူများ အမြောက်အမြား ရှိခဲ့သည်။ ယင်းတို့အနက် ကျော်ကြားသည့် တက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုထင်ကျော်၊ ဒေါ်နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဦးဝင်းချို၊ ကိုဝေဠု၊ ကိုတင်ထွဋ်ပိုင်တို့သည် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း ပုဒ်မ ၁၈ ဖြင့် အကြိမ်ကြိမ် ဖမ်းဆီးတရားစွဲဆို ထောင်ချခြင်းကို ခံခဲ့ရသည်။ ထို့ပြင် ပုဒ်မ ၁၈ အပြင် တက်ကြွလှုပ်ရှားသူများအား နိုင်ငံရေးအရ ဟန့်တား ဖိနှိပ်ထားသည့် နောက်ထပ်ပုဒ်မ တစ်ခုမှာ ၅၀၅ (ခ) ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် လက်ထက်၌ တက်ကြွလှုပ်ရှားသူများအား တရားစွဲဆိုရာတွင် ပုဒ်မ ၁၈ အပြင် ၅၀၅ (ခ) ဖြင့်ပါ ထပ်မံ တရားစွဲဆိုလေ့ ရှိသည်ကို တွေ့ရှိရသည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၌ “မည်သူမဆို ဖော်ပြချက်ကို ဖြစ်စေ၊ ကောလာဟလကို ဖြစ်စေ၊ သတင်းကို ဖြစ်စေ ပြုရာတွင် သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင် နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဖြစ်စေ ထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော် လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ် လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ပုဒ်မ ၁၈ ၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် အများဆုံး ချမှတ်ခံထားရသူမှာ ကိုထင်ကျော် ဖြစ်သည်။ ကိုထင်ကျော်အား ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ် အတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများကြောင့် မြို့နယ်တရားရုံးပေါင်း ၁၃ ခုမှ ထောင်ဒဏ် ၁၃ နှစ်လေးလ ချမှတ်ခဲ့သည့်အပြင် လက်ရှိတွင်လည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ သို့ရာတွင် မြို့နယ်ပေါင်းစုံ၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွက် ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ချရာတွင် တစ်ပေါင်းတည်း မဟုတ်ဘဲ သီးခြားတစ်မြို့နယ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့၌ ဆန္ဒပြခဲ့သည့် ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် အပါအ၀င် ခြောက်ဦးအား ပုဒ်မ ၁၈၊ ၅၀၅ (ခ) အပါအ၀င် အခြားပုဒ်မများဖြင့် ၂၀၁၅ ခုနှစ် မေ ၁၅ ရက်က ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ်လေးနှစ်နှင့် လေးလစီ ချမှတ်ခဲ့သည်။ ထို့ပြင် လက်ရှိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည့် ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများအား ပုဒ်မ ၅၀၅ (ခ) အပြင် ကျောင်းသားခေါင်းဆောင် အချို့ကို ပုဒ်မ ၁၈၊ ၁၄၃၊ ၁၄၅ အပါဝင် အခြားပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ ထို့ပြင် လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒပြခဲ့ကြသည့် တက္ကသိုလ် ကျောင်းသားသမဂ္ဂများ (တကသ) ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်း တို့ကိုလည်း ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးတရားစွဲထားသည်ကို တွေ့ရှိရသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၃ ခုနှစ်၌ နိုင်ငံရေး အကျဉ်းသား ၃၂၅ ဦးကို ခြောက်ကြိမ်ခွဲ၍ လွှတ်ပေးခဲ့သော်လည်း ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးမှုများမှာ ဆက်တိုက်ဖြစ်ခဲ့ကာ ထိုနှစ်အကုန်တွင် အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၃၀ ကျော် ကျန်ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ၂၀၁၃ ခုနှစ်အတွက် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ်၌ ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၅၉ ဦးရှိကာ ယင်းတို့အနက် ၇၈ ဦးမှာ လယ်ယာမြေ သိမ်းဆည်းခံရသည့်အတွက် ဆန့်ကျင် ဆန္ဒပြခဲ့မှုကြောင့် ဖမ်းဆီးခံထားရသော လယ်သမားများ ဖြစ်ကြောင်းနှင့် ၂၀၁၄ ခုနှစ် အတွင်း၌ ဂျာနယ်လစ်များ အပါအ၀င် နိုင်ငံရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဖမ်းဆီး ထောင်ချမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း အေအေပီပီ၏ ၂၀၁၄ ခုနှစ်အတွက် အစီရင်ခံစာ၌ ရေးသားထားသည်။ ထို့ပြင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ လကုန်အထိ ပြုစုထားသည့် နှိင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး အသင်း၏ အစီရင်ခံစာတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်း ၁၂၇ ဦးရှိကာ တရားရင်ဆိုင်နေရသူများမှာ ၄၇၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ ယင်းတို့အနက် အများဆုံးမှာ ပုဒ်မ ၁၈၊ ၅၀၅ (ခ)၊ ၁၄၃၊ ၁၄၅ တို့နှင့် တရားစွဲဆို ခံထားရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် Facebook ပေါ်၌ ရေးသား ဖော်ပြမှုများကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှု ဖြစ်စဉ်များ ၂၀၁၅ ခုနှစ်တွင် အများအပြား ပေါ်ထွက်ခဲ့သည်။ ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည့်ဖြစ်စဉ် ရှစ်မှုအထိ ရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှုအရ သိရသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းနေပုံအား Facebook ပေါ်တွင် စက်တင်ဘာ ၃၀ ရက်က ဖြန့်ဝေခဲ့သည်ဟုဆိုကာ Zaw Myo Nyunt အမည်ရှိ Facebook အကောင့် သုံးစွဲသူ မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်နေ ဦးဇော်မျိုးညွန့်အား မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်တွင် ဖမ်းဆီးကာ ၎င်းအား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စိုးဝင်းမော်က မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် တရားလို ပြုလုပ်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲခဲ့သည်။ ဦးဇော်မျိုးညွန့်ပြီးနောက် ပုဒ်မ ၆၆ (ဃ)၊ တရားစွဲဆို ခံရသူမှာ မချောစန္ဒီထွန်း (ခေါ်) ချစ်သမီး ဖြစ်သည်။ အရောင် ပြောင်းလဲထားသည့် တပ်မတော် ၀တ်စုံသစ် ၀တ်ဆင်ထားသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ဓာတ်ပုံကို Facebook ပေါ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထဘီအရောင်နှင့် ခိုင်းနှိုင်းရေးတင်ခဲ့သည် ဟုဆိုကာ တရားစွဲခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင်တင်သည့်အတွက် ဟုဆိုကာ ငြိမ်းချမ်းရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်းဖြစ်သူ ကချင်အမျိုးသား ဦးခွန်ဂျာလီအား ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး မင်းထွဋ်က လှိုင်မြို့မရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခဲ့သည်။ ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်နေ ကိုလူဇော်စိုးဝင်းကိုလည်း Zaw Htoo Mg အမည်ရှိ Facebook Account တွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးအား ပုတ်ခတ်ထားသည့် ဓာတ်ပုံနှင့် စာများ ရေးသား ဖော်ပြသည်ဟုဆိုကာ ရန်ကုန်တိုင်းရှိ တပ်မတော်ပိုင်းမှ သက်ဆိုင်ရာ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဒေါပုံမြို့မ ရဲစခန်းတွင် တိုင်တန်းခဲ့ရာ အောက်တိုဘာ ၁၆ ရက် ညပိုင်းတွင် ကိုလူဇော်စိုးဝင်းကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ယင်း Zaw Htoo Mg အမည်ရှိ အကောင့်၏ ကာဗာဓာတ်ပုံ နေရာတွင် ကိုလူဇော်စိုးဝင်း၏ မှတ်ပုံတင်ကို အသုံးပြု ဖော်ပြထားခြင်းကြောင့် ထိန်းသိမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ သက်သေ အထောက်အထား မရှိသဖြင့် ကိုလူဇော်စိုးဝင်းသည် အချုပ်ခန်းတွင် နှစ်ပတ်ခန့် ချုပ်နှောင်ခံရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့နောက် ဧရာဝတီ တိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Thu Thu အမည်ရှိ Facebook အကောင့်မှ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ကန်ကြီးထောင့် မြို့ခံလူငယ်များ အနေဖြင့် ဦးစည်သူအောင်က ဦးဆောင်၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူ ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့ရာ ဦးသန်းထွန်းကို အာမခံပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ဖမ်းဆီးပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးချိန်တွင် ဦးစွာ ဖမ်းဆီးခံထားရသော မချောစန္ဒီထွန်းနှင့် ဦးခွန်ဂျာလီတို့ နှစ်ဦးစလုံးကို အာမခံဖြင့် လွှတ်ပေးခြင်း မရှိဘဲ ရုံးထုတ် စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်နေချိန် ဖြစ်သည်။ ယင်းကဲ့သို့ အာမခံပေးမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ဦးသန်းထွန်း၏ အာမခံကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ချုပ်နှောင်၍ ရုံးထုတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဆက်လက်၍ ကဗျာဆရာ မောင်ဆောင်းခကိုလည်း “သမ္မတကြီး” ဆိုသည့် စကားလုံးပါ ပုံရိပ်အမည်ရှိ ကဗျာတစ်ပုဒ်အား Facebook တွင် ရေးသားဖော်ပြခဲ့သည် ဟုဆိုကာ ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာ ၂၀ ရက်က အမှုဖွင့်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၇ ရက်တွင် မောင်ဆောင်းခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်ကြားမှုများအနက် အစိုးရ၊ တပ်မတော်နှင့် လူထုခေါင်းဆောင်တို့နှင့် ပတ်သက်သည့် ကိစ္စများအပြင် လူမှုရေးကိစ္စ ဖြစ်စဉ်များကိုလည်း အဆိုပါ ဥပဒေဖြင့် တိုင်ကြားမှုများ ရှိခဲ့သည်။ မည်သူမဆို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည် တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေချမှတ်ခြင်း ခံရနိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ၌ ပြဋ္ဌာန်းထားသည်။ လာမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင်လည်း ၎င်းပုဒ်မများ ဖျက်သိမ်းနိုင်မလားနှင့် ဆက်လက် ဆုပ်ကိုင်ထားနိုင်မလား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။ Writer: ဥာဏ်ဝင်းရှိန်၊ ကြည်နိုင် လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video