Skip to main content

Posts

Showing posts from November, 2015

ဒေါ်အောင်ဆန်းစုကြည်လက်ထက် မြန်မာ - တရုတ် ဆက်ဆံရေး ဘာလဲ ဘယ်လဲ

 ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ရာ ကမ္ဘာတလွှားမှ လေ့လာစောင့်ကြည့်သူများပင် အံ့သြမှင်သက် ဖြစ်ခဲ့ရသည်။ ထိုသို့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်နေကြသည့် နိုင်ငံများတွင် မြန်မာတို့၏ အိမ်နီးချင်းဖြစ်သလို

တပ်မတော်၏ လက်တွဲဖော်သစ်

မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီဟု ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူ အက်ရှလေဆောင် က ဆိုသည်။ “ဘယ်အရာမှ မတူနိုင်တော့ပါဘူး” ဟု အက်ရှလေက ပြောကြားသည်။ အထင်ရှားဆုံး ပြောင်းလဲမှုတစ်ခုမှာ တစ်ချိန်က အင်အားကြီးခဲ့သော ကြံ့ခိုင်ရေးပါတီသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲရလဒ်အရ ပြိုဆင်းသွားခဲ့ပြီး နိုင်ငံရေးပုံစံသစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပုစ္စာသစ်အတွက် တရုတ်နိုင်ငံ အဖြေရှာနေဆဲ

 NLD အစိုးရသစ်သည် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အပါအ၀င် နိုင်ငံအားလုံးနှင့် ဆက်ဆံရေး တိုးတက်ရန် ဆောင်ရွက်ဖွယ် ရှိသည်ဟု ယင်းကဆိုသည်။ မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက တရုတ်မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ “သူတို့နဲ့ ထိုက်တန်တဲ့ လေးစားမှုကို မြန်မာဆီက မရဘူးလို့ တရုတ်က ယူဆနေပြီး မြန်မာအစိုးရဟာ အနောက်နဲ့ နီးကပ်လာနေတယ်လို့လည်း ထင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

အနိုင်ရပါတီကို အာဏာချောမွေ့စွာ လွှဲပေးရေး ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ အပေါ် မူတည်နေသလား

 တကယ်တော့ မြန်မာပြည်မှာစစ်တပ်နှင့် ဒီမိုကရေစီသည် ပြဒါးတလမ်းသံတလမ်းသာဖြစ်ပါသည်။  ဗိုလ်ချုပ် နေ၀င်းလက်ထက်စစ်တပ်ကအာဏာသိမ်းပြီးရှိသမျှကိုအပိုင်သိမ်းလိုက်ကတည်းကစစ်တပ်နှင့် ပြည်သူလူထုသည်လည်းမဟာရန်သူဖြစ်သွားခဲ့ပါသည်။ လွတ်လပ်ရေးခေတ်တုန်းကစစ်ဗိုလ်စစ်သားကိုလူအများကချစ်ခင်ကြသလောက်

ဂျပန်ရောက် မြန်မာများ နဲ့ ဦးဉာဏ်ဝင်း တွေ့ဆုံ

 အစိုးရသစ်လက်ထက် လုပ်ငန်းစဉ်တွေထဲ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အပါအဝင် ဒုက္ခသည်တွေအရေး ဦးစားပေး လုပ်ဆောင် သွားမယ့် အကြောင်း ဂျပန်ရောက် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကို ပြောဆိုလိုက်ပါတယ်။ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေဘက်ကလည်း NLD ဦးဆောင်တဲ့ အစိုးရသစ်အပေါ် သူတို့ ကူညီဆောင်ရွက်ပေးနိုင်တာတွေ လက်ရှိမြန်မာ့နိုင်ငံရေး

မြန်မာရဲ့ မိုင်းနဲ့ စိုက်ပျိုးရေးမှာ သြစီ ပါဝင်နိုင်

 လာမယ့် ​နှစ်မှာ ​NLD ​ဦးဆောင်တဲ့ ​အစိုးရသစ် ​တက်လာတဲ့အခါ ​မြန်မာနိုင်ငံရဲ့ ​မိုင်းတွင်းလုပ်ငန်း၊ ​စိုက်ပျိုးရေးနဲ့ ​ပညာရေးကဏ္ဍမှာ ​သြစတြေးလျနိုင်ငံက ​ကျွမ်းကျင်သူတွေက ​အရေးပါတဲ့ ​ကဏ္ဍမှာ ​ပါဝင်ဖို့ ​အလားအလာများတယ်လို့ ​ဆိုပါတယ်။

ကိုသစ် (သီတဂူ) – တို့ချစ်တဲ့ကမ္ဘာ …. တို့ချစ်တဲ့ကလေးတွေ

 တို့ချစ်တဲ့ကမ္ဘာ …. တို့ချစ်တဲ့ကလေးတွေ (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၅ (၁) ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ခြင်းနဲ့အတူ အခုတလော ကျယ်ကျယ်လောင်လောင် ကြားနေရသည့်သတင်းများတွင် ကလေးငယ်များပျောက်ဆုံးသတင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။ မြန်မာပြည်ရှိ မြို့ကြီး မြို့ငယ် နေရာအတော် များများမှာ ကလေးငယ်များပျောက်ဆုံးနေကြောင်းသတင်းတွေကို ခပ်စိပ်စိပ်ကလေး တွေ့မြင်နေရပါသည်။ ရန်ကုန်မှာ ကလေးငယ်တွေ ပျောက်သတဲ့၊ မန္တလေးမှာ ကလေးငယ်တွေပျောက်သတဲ့၊ တောင်ငူမှာလည်း ကလေးငယ်တွေ ပျောက် သတဲ့၊ ကော့သောင်း၊ မြစ်ကြီးနား စသဖြင့်စသဖြင့် အထက်အောက်အရပ်ဒေသ တော်တော်များများမှာ ကလေးပျောက်ဆုံး သတင်းတွေကို တွေ့မြင်ကြားသိနေပြီဖြစ်ရာ ဒါတွေအားလုံးက ကျွန်တော်တို့ ကလေးငယ်တွေရဲ့ အနာဂတ်တွေကို ခြိမ်း ခြောက်လာပြီဖြစ်သည်။ ပျောက်ဆုံးကလေးငယ်များတွင်

အဖွဲ့ချုပ် ကိုယ်စားလှယ်များ တနိုင်ငံလုံး အမှိုက်ကောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ပြည်သူလူထုကို အောက်အခြေကစပြီး အလုပ်အကျွေးပြုတဲ့ သင်ခန်းစာရအောင် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တနိုင်ငံလုံးအနှံ့ အမှိုက်ကောက် အမှိုက်သိမ်း လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ရန်ကုန်က အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ ဒေါ်စုက ဒီဇင်ဘာ ၁၂ ရက်ကစလို့  ကော့မှူးမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အမှိုက်ကောက် အမှိုက်သိမ်းတဲ့ လုပ်ငန်းစမယ်၊ ဒီလုပ်ငန်းကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့တွေနဲ့ ညှိပြီး လုပ်ဆောင်သွားကြဖို့ ပြောခဲ့တာပါ။ နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်မြန်မာပြည် ရွေးကောက်ခံကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာလို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် သမ္မတတို့နဲ့ တွေ့ဆုံမည်

နေပြည်တော်၊ သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ကကျင်းပခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင် ၄၈ ဦး တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။

NLD ကိုယ်စားလှယ်တွေ အဂတိ ကင်းရှင်းဖို့ ဒေါ်စု သတိပေး

နားဆင်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ အဂတိလိုက်စားမှု ကင်းရှင်းဖို့၊ ပါတီတွင်း စည်းကမ်းတွေကို တင်းကျပ်သွားမှာ ဖြစ်တဲ့အကြောင်း သတိပေးလိုက်ပါတယ်။ အစိုးရသစ်ကို ဦးဆောင်ဖို့ ရှိနေတဲ့ NLD ပါတီရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ လူထုနဲ့ တသားတည်း ရပ်တည်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခ က ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အာရုဏ်ဆွမ်းကပ်တာဘယ်သူလဲ

Ko Cho fb မှ '''''''''''''''''''''''''''''''''''''''''''''''''''''''''''''''''' ဘုန်းကြီးတွေကို မီးလောင်ဗုံးနဲ့ အာရုဏ်ဆွမ်းကပ်တာဘယ်သူလဲ

ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ တရုတ်တွေ အစိုးရသက်တမ်း မကုန်မီ ကျောက် တူးဖော်မှုတွေကို အဆပေါင်းများစွာ တိုးမြှင့်လုပ်ဆောင်နေ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ တရုတ် ကုမ္ပဏီတွေကနေ အစိုးရသက်တမ်း မကုန်မီ ကျောက် တူးဖော်မှုတွေကို အဆပေါင်းများစွာ တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။ Posted by DVB TV News on Thursday, March 8, 2012 ပြန်လည်မရနိုင်တော့တဲ့ ရေမြေတောတောင်သဘာဝကို တရုတ်လက်ထဲအပ်ပြီး ရက်ရက်စက်စက်ရောင်းချနေတာ ဘယ်သူတွေလဲ ? သင် မြန်မာနိုင်ငံသားတစ်ယောက် ထို့ထက်ပို၍ဆိုရလျှင် အမိမြန်မာနိုင်ငံတော်ကို ချစ်မြတ်နိုးသူတစ်ယောက်ဆိုလျှင် ဒီ video လေးကို ကြည့်ပြီး သင့်ရဲ့အမြင်ကိုရေးသားခဲ့ပါ။ သစ်တောများလည်းပြုန်းတီးလုပြီ တောင်တွေလည်းဖြိုဖျက်ခံနေရပြီ ရာသီဥတုလည်းပျက်စီးနေရပြီ ပြည်သူများလည်းတိုင်းတပါးထွက်ကျွန်ခံနေရဆဲ သို့ပါသော်လည်း… "အဘတို့ကောင်းတယ်" ပြောထွက်တဲ့ပါးစပ် ထမင်းစားတာမှဟုတ်ပါရဲ့လား ?

တရုတ် ရေကာတာ နဲ့ အစိုးရသစ်

နားဆင်ရန် ဦးအောင်ခင် ,  ကျော်ကျော်သိန်း 26.11.2015 18:51 နိုင်ငံပေါင်း (၇၀) ကျော်မှာ ရေကာတာ (၃၀၀) ကျော်ကို တရုတ်ကုမ္ပဏီတွေက တည်ဆောက်နေပါတယ်။ ဒီအထဲမှာ မြန်မာပြည်မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ် (၃၀) ကျော် ပါဝင်ပါတယ်။ ရည်ရွယ်ချက်က တရုတ်ပြည်ကို ဓါတ်အားပေးဖို့ ဖြစ်တာမို့ ဆန့်ကျင်သူတွေ တိုးပွားနေပါတယ်။ ၂၀၁၁ မှာ မြစ်ဆုံဆည်ကိုဆောက်ရင်း တန်းလန်းရပ်ဆိုင်းခဲ့ပေမယ့် မဂ္ဂါဝပ်တစ်ရာရှိတဲ့ ချီဖွေငယ်နဲ့ မဂ္ဂါဝပ် (၂၄၀)

ရွေးကောက်ပွဲရလဒ်နှင့် ဆက်ရှိနေဦးမည့် ဖိအားများ

နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာနိုင်ငံတွင်ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ စိုးရိမ်မှုများရှိခဲ့ ကြသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒပေးမဲပေးနိုင်ခဲ့သောကြောင့် အကောင်းမြင်မှုများ ထွက်ပေါ်လာခဲ့ရသည်။ သန်းနှင့်ချီသော မြန်မာနိုင်ငံသားများက ခြိမ်းခြောက်မှု၊ ကြောက်ရွံမှုကင်းစွာဖြင့် လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးခဲ့ကြပြီး အဓိက အတိုက်အခံ NLD ပါတီက လွှတ်တော်တွင် နေရာအများစု အနိုင်ရရှိခဲ့ကာ၂၀၁၆ ခုနှစ်တွင် အစိုးရတခု ဖွဲ့စည်းရန် အခွင့်အရေး ရရှိသွားခဲ့သည်။ သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကလည်း ရွေးကောက်ပွဲရလဒ်ကို လေးစား လက်ခံသွားမည်ဟု ကတိပြုခဲ့ကြသည်။

အစိုးရသစ်ကို စောင့်ကြိုနေသော စီးပွားရေး ကိန်းဂဏန်းများ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုလိုက်ပြီးနောက် ပြန်လည် ၀င်ရောက်လာသည့် ဒိန်းမတ် နိုင်ငံထုတ် Carlsberg Beer သယ်ဆောင်လာသည့် ကားများ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ) ရွေးကောက်ပွဲ အနိုင်ရပါတီက အစိုးရသစ် တရပ်ဖွဲ့၍ နိုင်ငံ ဖွံ့ဖြိုးရေး တာဝန်များကို ယူရတော့မည်။ ယခင် အစိုးရဟောင်းလက်ထက် ရှိခဲ့သော နိုင်ငံစီးပွားရေး အခြေအနေ ဖော်ပြနေသည့် ကိန်းဂဏန်းများကို အစိုးရသစ်က နှစ်မြို့သည်ဖြစ်စေ မနှစ်မြို့သည် ဖြစ်စေ အာဏာလွှဲပြီဆိုသည်နှင့် ကောင်းမွေ ဆိုးမွေ အကုန် တာဝန်ယူရတော့မည် ဖြစ်သည်။ ထိုတာဝန်ယူရမည့် ကိန်းဂဏန်း သတ်မှတ်မှုများတွင် နိုင်ငံစီးပွားရေးတခုလုံးကို ညွှန်းဆိုနေသည့် အချက်များဖြစ်သော ပြည်တွင်း အသားတင် စုစုပေါင်း ထုတ်ကုန်တန်ဖိုး(GDP)၊ ငွေဖောင်းပွမှုနှုန်း၊

အားလုံးပူးပေါင်း ပါဝင်မှ ငြိမ်းချမ်းရေး အထမြောက်မည်

အစိုးရ ဖွဲ့နိုင်သည့် ပမာဏထက် ကျော်လွန်၍ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖို့ ရှေ့တွင် ရင်ဆိုင်ဖြေရှင်း ကျော်လွှားရမည့် စိန်ခေါ်မှု အမျိုးမျိုးအနက် မဖြစ်မနေ ဦးစားပေးကိုင်တွယ်ရမည့် ကိစ္စရပ် အနည်းငယ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာသည် ထိပ်ဆုံးဦးစားပေး အနေအထားတွင် ရှိနေသည်။ ရွေးကောက်ပွဲ တည်ငြိမ်အောင်မြင်စွာ ပြီးဆုံးသွားခဲ့သော်လည်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပေါ်ကာ စစ်ဘေးစစ်ရှောင် ဒုက္ခသည်များ သောင်းချီ တိုးပွားလျက်ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင်ဘက်မှ ကိုယ်စားလှယ်များ ရန်ကုန်သို့ စေလွှတ်၍

ပြည်သူ၏ ဆန္ဒနှင့် ဂုဏ်သိက္ခာအတွက် ပြတ်သားရမည့်အချိန်

နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲဆန္ဒရှင်အများစုက ပြတ်ပြတ်သားသား တသံတည်း ထွက်ခဲ့ကြသည်။ မပြောင်းလဲခြင်းကို ဆန့်ကျင်ခဲ့ကြသည်။ နိုင်ငံတဝန်းရှိ မဲရုံများတွင် အေးချမ်းတည်ငြိမ်စွာ တန်းစီ၍ အပြောင်းအလဲအတွက် တယောက်ပြီး တယောက် မဲထည့်ခဲ့ကြသည်။ လွန်ခဲ့သည့် ၂၅ နှစ်ခန့်၊ ၁၉၉၀ ရွေး ကောက်ပွဲတွင် အကြီးအကျယ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထု၏ တခဲနက် ထောက်ခံမှုဖြင့် ထပ်မံ အနိုင်ရရှိခဲ့သည်။ မြန်မာနိုင်ငံသားများက အပြောင်းအလဲ ချောမွေ့စွာ ဖြစ်ပေါ်မှုကို မျှော်လင့်နေသော်လည်း အများစုက လက်ရှိ အစိုးရအပေါ် သင်္ကာမကင်းမှုများ ရှိနေပါသေးသည်။

ဒီမိုကရေစီ ဘုန်းဘုန်း (သို့မဟုတ်) ရွှေညဝါဆရာတော်

အနှစ် ၅၀ ကျော် အကြောက်တရားများနှင့် ရှင်သန်ခဲ့ရသည့် ပြည်သူများ မျက်စိပွင့်၊ နားပွင့် ရှိလာသည့် ပြယုဂ်ကို ပြရမည် ဆိုလျှင် မကြာခင်ကမှ ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ညွှန်းဆိုရမည်ပင် ဖြစ်သည်။ ပြည်သူ့အင်အားဖြင့် ရွေးချယ်လိုက်ခြင်းကြောင့် တိုင်းပြည်၏ အရွေ့တခုကို ဦးဆောင်မည့် ပါတီကြီး တခု ရွေးကောက်ပွဲတွင် လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့သည်။ ပြည်သူများ မျက်စိပွင့်၊ နားပွင့် ဖြစ်လာရခြင်းသည် အရွေ့တခုကို လိုလားသည့် ဒီမိုကရေစီ အင်အားစုများစွာ၏ ဘက်စုံထောင့်စုံမှ တွန်းအားပေးမှုကြောင့် ဟုဆိုလျှင် မှားမည် မထင်ပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်တွင်းငြိမ်းချမ်းရေး အတားအဆီးများ

မကြာမီ မြန်မာနိုင်ငံ လွှတ်တော်တွင် အမတ်အသစ်များ နေရာယူပြီး ဒုသမ္မတနှင့် သမ္မတအသီးသီး ကိုရွေးချယ်ကာ အစိုးရအသစ်တရပ်ကို ဖွဲ့စည်းမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နောက်တက်လာမည့် သမ္မတအသစ် အထက်တွင် ရှိမည်ဟု ပြောခဲ့သည်။ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အပါအ၀င် ပြည်ထောင်စု လွှတ်တော်တွင် အပြတ်အသတ် အနိုင်ရခဲ့သည်မှာ ထင်ရှားပါသည်။ သို့သော် အောင်မြင်မှုများ အလွန်တွင် NLD အနေနှင့်

မြန်မာနိုင်ငံမှာ လက်ရှိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ တင်ရှိနေ

မြန်မာနိုင်ငံမှာ လက်ရှိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ တင်ရှိနေတယ်လို့   ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ နိုင်ငံပိုင်မီဒီယာနဲ့တွေ့ဆုံမေးမြန်းရာမှာ ဒုဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက “ပြည်ပကြွေးမြီနဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ် မတိုင်မီအထိ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိ တယ်။ နိုင်ငံတကာ မိသားစုစီးပွားရေး အသိုင်းအ၀ိုင်းထဲကို ၀င်လာတဲ့အခါမှာ ကြွေးမြီတွေကို အတိုးတွေလျော်ပစ်ဖို့၊ ကြွေးမြီအသစ် ပြန်လုပ်တာတွေလို အတိုးသက်သာဖို့ သက်ဆိုင်ရာ ပဲရစ်ကလပ်လို အဖွဲ့တွေနဲ့ ဆွေးနွေးတာတွေ လုပ်ခဲ့ကြပါတယ်၊ ၁၁ ဘီလီယံကနေ ၆ ဘီလီလောက် အထိ နည်းသွားခဲ့ပါတယ်” လို့  ဖြေကြားသွားပါတယ်။

အနာဂတ်ဘ၀ကို ထမ်းပိုးသည့် ပခုံးများ

''သားသမီးတွေကအရွယ်ရောက်လာတော့ကိုယ့်မိဘကဒီလိုကုန်ထမ်းသမားတယောက်ဆိုတော့ စဉ်းစားကြည့်ပေါ့ သားရယ်၊ သူတို့ပတ်ဝန်းကျင်ကို ဘယ်လိုများ ရင်ဆိုင်ကြမလဲ။ သူတို့လေးတွေကို ဦးတို့လို ကုန်ထမ်းတဲ့ဘဝမျိုးနဲ့ မမြင်ချင်ဘူးလေ။ ကိုယ်သာကုန်ထမ်းမယ် ကိုယ့်သားသမီးတွေကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။''ပြောပြောဆိုဆိုဖြင့် ဦးသိန်းဇော်သည်နဖူးမှ စီးကျနေသည့် ချွေးများအားသုတ်လိုက်သည်။ ထိုအခိုက်တွင် မြစ်ကမ်းဘက်မှတိုက်လာသော လေကြမ်းများနှင့်မာန်ဖီနေသလားထင်မှတ်ရသည့် နေမင်းကြီး၏အပူချိန်နှင့် ရောနှောကာ ဘေးပတ်ဝန်းကျင်တွင်ဈေးသည်များ အော်ဟစ်ဈေးရောင်းနေသည့် အသံများကြောင့် သီရိမင်္ဂလာဈေးသစ်ကြီးမှာ ပိုမိုအသက်ဝင်လာစေသည်။ နေအပူရှိန်ပြင်းထန်လှသဖြင့်ငါးစိမ်းသည်တို့သည် ဗန်းပေါ်မှငါးများကိုရေနှင့် မကြာခဏဆိုသလို ပက်ဖျန်းကြသည်ကို တွေ့ရသည်။ ဈေးဆိုသည့်အတွက် လူစုံ၊ ဘဝစုံ၊ မြင်ကွင်းစုံ၊ ရသစုံများနှင့် တွေ့ရမြင်ရ ကြားရသမျှသည် အသစ်အဆန်းများဖြစ်နေလေသည်။

သူ့လူကိုယ့်ဘက်သား [သရ၀ဏ် (ပြည်)]

၂၀၁၆ နှစ်ဆန်းပိုင်းတွင် တက်လာမည့်အစိုးရအတွက် စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာက စောင့်ကြိုနေ သည်။ ထိုအခက်အခဲများထဲမှတခုမှာ အစိုးရယန္တယားအတွင်း ယခင်အစိုးရမှ ထည့်သွင်းမြှုပ်နှံသွားသည့် ပဉ္စမံတပ်သားများဖြစ်သည်။ ထိုပဉ္စမံတပ်သားများသည် အသွင်အမျိုးမျိုးဖြင့် နေရာယူထားပြီးဖြစ်သည်။ အစိုးရ အဖွဲ့အတွင်း ပထမဆုံးခြေကုပ်ယူသွားပြီးသော ရာထူးနေရာများမှာ ရွေးကောက်ပွဲမတိုင်ခင် ခုနစ်လခန့်ကမှ အချိန်ကိုက်ခန့်အပ်ခဲ့သည် အမြဲတမ်းအတွင်းဝန်(Permanent Secretary)ဟူသော

ရာဇပလ္လင်မှာ ထာဝရမရှင်သန်ချင်ပါနဲ့

လူတွေက မေးတယ် ×××အာဏာ လွှဲချိန်ဟာ ဘယ်အချိန်လဲမေးရင် မဖြေတတ်ပါကွယ် ×××မျှော်လို့ နေမယ်××× အချိန်တန်ရင်ပေါ့ကွယ် ××× မဟူရာ ××× အမှောင်လွှမ်းချိန် တွေ ××× အမြန်ကုန်ကာလေ ××× အလင်းဖောက်နိုင်ပါစေ ××× ပြည်သူတွေ ××× တွဲလက်ညီညာ.. ခေတ်အမှောင် ××× ပျောက်ကွယ် အောင်လေ ××× ပြိုင်တူ အဖြေပေးမယ် ××× ပြည်သူရဲ့ အသံဟာ ××× အမှောင်ညရက်ရှည် ×××  အမြန်ပျောက်ကွယ်စေ ဆုတောင်းကာနေ ××× အချိန်တန်ပြီပေါ့လေ ××× အင်း .. ညှပ်ကြီးကလည်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟုတ်တာ မဟုတ်တာအပထား၊ စာလေး ပေလေးရေးတယ်ဆိုတော့ ဘုမ သိ ဘမသိ အထင်ကြီးသူတွေက အထင်ကြီးကြ၏။ ညှပ်ကြီးက လည်း တကယ့်ကို ဆရာကြီးစ တိုင်နှင့် ဟန်ကိုယ့်ဖို့ဆိုပြီး နှိုင်း နှိုင်းချိန်ချိန် သုခမိန်လေသံမျိုး ဘာမေးမေး ခပ်တည်တည်နှင့် ရွှီးတတ်လေတော့ ရပ်ထဲရွာထဲက အရီးလေးဖော့တို့၊ ဒေါ်ဘုမတို့၊

ဘင်္ဂါလီများကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားပေးရန် ပြုလုပ်ဟူသော ပြောဆိုခြင်းအပေါ် လဝက ဒု ဝန်ကြီး ငြင်း

ရခိုင်ပြည်နယ် မြေပုံမြို့ ဘင်္ဂါလီ ဒုက္ခသည်စခန်းမှ ယာယီ သက်သေခံ လက်မှတ် (White Card) ရရှိခဲ့သော ဘင်္ဂါလီ အမျိုးသမီး တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) ဘင်္ဂါလီ(မွတ်စလင်)များကို ဥပဒေနှင့်မညီဘဲ နိုင်ငံသားပေးရန် အတင်းအကျပ် အကောင်အထည် ဖော်နေသည်ဟူသော ပြောဆို ကန့်ကွက်နေခြင်းနှင့် ပတ်သက်ပြီး ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်၌ လဝက ဒု ဝန်ကြီးက ငြင်းဆိုသွားသည်။ ယင်းသို့ ပြောဆိုခြင်းသည် အထင်အမြင်လွဲမှားစွာ စွပ်စွဲနေခြင်းသာဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန (လဝက) ဒု ၀န်ကြီး ဦးဝင်းမြင့်က ငြင်းဆို ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံ့သမိုင်း စာမျက်နှာသစ်အတွက် အရေးကြီးဆုံးအချိန်

ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မည်သူ့ကိုမျှ အာဃာတမထားဘဲ အမျိုးသားရင်ကြားစေ့ရေးမူဝါဒဖြင့် အသွင်ကူးပြောင်းမှု ချောမွေ့စေရန် ဆောင်ရွက်လျက်ရှိသည်။ ဓာတ်ပုံ-ရိုက်တာ ရွေးကောက်ပွဲ နေ့နှင့် အစိုးရသစ်ထံ အာဏာလွှဲပြောင်းမည့်နေ့ကြားတွင် ကြားကာလ လေးလကျော် ရှိနေသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာ သော အပြီးသတ်ရွေးကောက်ပွဲ ရ လဒ်အရ အတိုက်အခံပါတီ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)

လွှတ်တော်သစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကြောင့် တပ်နှင့်လွှတ်တော်ပွတ်တိုက်နိုင်မည်လား

အစည်းအဝေးတက်ရန် လာသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုတွေ့ရစဉ်၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) လွှတ်တော်နှစ်ရပ်စလုံးတွင်လက်ရှိ အာဏာရပါတီမှ ကိုယ်စားလှယ်အနည်းငယ်သာပါဝင်ပြီး အတိုက်အခံပါတီ၏ကိုယ်စားလှယ်အများဆုံး အခင်းအကျင်းဖြင့် ပွဲထွက်လာတော့မည့် လွှတ်တော်သစ်သည် ၂၀၁၆ ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း၌ စတင်တော့မည်ဖြစ်သည်။ အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများစုလွှမ်းမိုးထားသော လွှတ်တော်နှင့်ထိုလွှတ်တော်က သမ္မတရွေးချယ်ပြီး ဖွဲ့စည်းမည့် အစိုးရသစ်တို့

သမိုင်းသစ်တစ်ခုစတင်ခြင်း

ရွေးကောက်ပွဲမတိုင်မီက ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း စောသူရအောင် ဒေသခံတစ်ဦးနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနေစဉ် မြန်မာ့ဒီမိုကရေစီခရီးအတွက် သမိုင်းဝင်ရွေးကောက်ပွဲဟု ကမ္ဘာကတင်စားနေသော နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အပြောင်းအလဲလိုလားသော  ပြည်သူများအတွက်မျှသာမက မသန်စွမ်းသူများအတွက်လည်း သမိုင်းတွင်မည့် အောင်မြင်မှုတစ်ခုအဖြစ် မှတ် ကျောက်တင်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် ထိုသို့မျှော်လင့်ချက်ရောင်နီထွန်းလင်းခဲ့သည့်အကြောင်းမှာ ယင်းမြို့နယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒီချုပ်အတွက် ရွေးကောက်ပွဲအလွန် စိန်ခေါ်မှုများ

နိုဝင်ဘာ ၈ ရက်က မဲများရေတွက်နေစဉ် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)) ပူပူနွေးနွေး ရွေးကောက်ခံကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအောင်နိုင်မှုတွင် ယစ်မူးနေချိန်မရဘဲ ၄၅ ရက်အတွင်း ကြုံတွေ့လာနိုင်သည့် တိုင်တန်းချက်များကို ဖြေရှင်းရန် ပြင်ဆင်ထားကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များအပြီးသတ်ထွက်ပေါ်ပြီး အစိုးရသစ်တစ်ရပ် ရုပ်လုံးပေါ်နေသည့်တိုင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လူကြီး မင်းများ အနားမရနိုင်သေးဘဲ ၄၅ရက်အတွင်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သည့် ရွေးကောက်ပွဲရလဒ် ကန့်ကွက်လွှာများအတွက် အသင့်စောင့်ဆိုင်းနေရသည်။ နွေးနွေး ရွေးကောက်ခံကိုယ်စားလှယ်များမှာ ရွေးကောက်ပွဲအောင်နိုင်မှုတွင် ယစ်မူးနေချိန်မရဘဲ ၄၅ ရက်အတွင်း ကြုံတွေ့လာနိုင်သည့်

သမ္မတ၊ တပ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရေး ယနေ့လား၊ မနက်ဖြန်လား

သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - အေအက်ဖ်ပီ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ခပ်မြန်မြန်ပင် လက်ခံလိုက်ပြီး ယခုတစ်ပတ် အတွင်းမှာပင် နှစ် ကြိမ်တွေ့ဆုံထားကာ အချက်ငါးချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန် ထားပြီးဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကမူ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းတွေ့ဆုံကြမည်ဟု အကြောင်းပြန်ထားသည်။

တရားမဝင် ပြက္ခဒိန် ပုံနှိပ်မှု၊ ၅ ဦး ဒဏ်ငွေချ

ရိုဟင်ဂျာ မွတ်စလင်တွေဟာ အသိအမှတ်ပြုခံရပြီးတဲ့ တိုင်းရင်းသားတွေဖြစ်တယ်လို့ ရေးသားဖေါ်ပြထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ ပါဝင်တဲ့ ပြက္ခဒိန်ထုတ်ဝေဖို့ ရိုက်နှိပ်မှုနဲ့ လူ ၅ ဦးကို တရားရုံးက ငွေဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်ရိုက်နှိပ်မှုနဲ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က “ကျော်” ပုံနှိပ်တိုက် ပိုင်ရှင် အပါအ၀င် လေးဦးကို နိုဝင်ဘာ ၂၃ ရက်နေ့က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ ပုဒ်မ-၂၀ နဲ့ ရဲတပ်ဖွဲ့ က ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့ရာမှာ၊တရားရုံးက တစ်ဦးကို ဒဏ်ငွေ ကျပ် ၁၀ သိန်းစီ ပေးဆောင်ဖို့ အမိန့ှ်ုချမှတ်ခဲ့ရာမှာ ၅ ဦးလုံးက ဒဏ်ငွေပေးဆောင်ခဲ့ကြပါတယ်။ မနေ့ကတော့ သူတို့ ၅ ဦးကို ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း ပြည်တွင်းထုတ် Eleven သတင်း က ဖေါ်ပြပါတယ်။

ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ကြောင်း ရေးသားပြက္ခဒိန် ထုတ်ဝေမှု ၄ ဦး ဖမ်းဆီးခံရ

ရိုဟင်ဂျာဟာ တိုင်းရင်းသားတွေဖြစ်တယ်လို့ ရေးသားဖော်ပြထားပြီး၊ မြန်မာ၊ အင်္ဂလိပ်၊ အာရဗီ သုံးဘာသာ နဲ့ ပြက္ခဒိန် ရိုက်နှိပ်ထုတ်ဝေသူ ၅ ဦးထဲက ၄ ဦးကို ဖမ်းဆီးထားပြီး တာဝန်ခံဖြစ်သူ ဦးအောင်ခင် (စစ်တွေ) ဆိုသူကတော့ ရှောင်တိမ်းနေတယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ဦးအောင်ခင် (စစ်တွေ) ကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က ပြောပါတယ်။ "ဒီပြက္ခဒိန်ကို စီမံဆောင်ရွက်တဲ့ အဓိကတရားခံက စစ်တွေ အောင်ခင် ဖြစ်ပါတယ်၊ လောလောဆယ် သူကတိမ်းရှောင်နေပါတယ်" သူတို့ငါးဦးကို ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ပုဒ်မအပြင် ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ပါ တရားစွဲထားတာလို့ သိရပါတယ်။

ဘဂါင်္လီများနိုင်ငံသားဖြစ်ခွင့်အပေါ် စီစစ်မှုကို ကန့် ကွက်ခြင်းက ဥပဒေကိုနားမလည်၍ဖြစ်ဟု ဒုဝန်ကြီးဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၄ ။ ။ ဘင်္ဂါလီလူမျိုးများ၏ နိုင်ငံသားစိစစ်မှု နှင့် ပက်သက်သည့် မြန်မာနိုင်ငံသား ဥပဒေကျင့်သုံးမှုတွင် ဥပဒေအယူအဆများနှင့် ကန့်ကွက်တင်ပြချက်များမှာ တည်ဆဲမြန်မာနိုင်ငံသားဥပဒေအား သေချာစွာ နည်းလည်သဘောပေါက်ခြင်းမရှိသည့် အတွက်ဟု လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောဆို လိုက်သည်။ ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားဟုတ်/မဟုတ်စိစစ်ရာတွင် ဖျက်သိမ်းပြီးဖြစ်သည့် ၁၉၄၈ ခုနှစ်မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မအချို့ကို အဓိကဇောင်းပေးပြီး စိစစ်မှုများပြုလုပ်နေသဖြင့် ဒေသခံပြည်သူ (၁၀၅၃) ဦးက မကျေနပ်၍ လက်မှတ်ရေးထိုးထားသည်ကို

လွှတ်တော်ထဲမှာ “ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီးပြော

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန၏ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth နှင့် တွေ့ဆုံမေးမြန်းမှုကို Senior General Min Aung Hlaing ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားမှုကို ဒုတိယ အပိုင်းအဖြစ် ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။ ဤအပိုင်းတွင် တရုတ်မြန်မာ ဆက်ဆံရေး၊ အမေရိကန် မြန်မာဆက်ဆံရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့် လွှတ်တော်တွင်းရောက် တပ်မတော်သား အမတ်များ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ ပြောဆိုရာတွင် Powerful မဖြစ်ဟု ပြောဆိုခဲ့သည်။ အလားတူ လွှတ်တော်တွင်းရောက် တပ်မတော်သား အမတ်ဦးရေ လျော့ချနိုင်မည့် မေးခွန်းနှင့် ပတ်သက်၍မူ “ဒီဟာ

အမြင့်ကို မှန်းလွန်းလျှင် ချော်ကျတတ်သည်ဟု ကာကွယ်ရေး ဦးစီးချုပ် သတိပေး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Washington Post သတင်းဌာန၏ Senior Associate Editor ဖြစ်သူ Elizabeth (Lally) Graham Weymouth နှင့် တွေ့ဆုံမေးမြန်းမှုကို Senior General Min Aung Hlaing ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားသည်ကို နောက်ဆုံး အပိုင်းအဖြစ် ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။ Washington Post - အဆွေတော်ရဲ့ နိုင်ငံအကြောင်းကို အခြားနိုင်ငံတွေက အဆွေတော်လောက် မသိနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များအနေနဲ့ နိုင်ငံကို တည်ဆောက်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်ဆိုတာကို ကျွန်မ သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရဲ့ မျှော်မှန်းချက်က အတိုင်းအတာ မြင့်မားပါတယ်။ ဗိုလ်ချုပ်မှူးကြီး - ဟုတ်ပါတယ်။ ပြည်သူလူထုကတော့

ဖွဲ့စည်းပုံ ပုဒ်မ ၅၉(စ) ပြင်ဖို့ တိုက်ရိုက် မဆုံးဖြတ်ပေးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၀ါရှင်တန်ပို့စ် သတင်းစာမှ Senior Associate Editor ဖြစ်သူ Lally Weymouth တို့၏ တွေ့ဆုံမေးမြန်းမှုကို Senior General Min Aung Hlaing လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားမှုကို ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။ ဤတွေ့ဆုံမေးမြန်းမှုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားကို မေးမြန်းရာတွင် အချိန်မကျသေးဟု ပြန်လည် ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပါ ၅၉(စ) နှင့် ပတ်သက်သည့် အမြင်၊ ငြိမ်းချမ်းရေး အခြေအနေတို့ကို ဖတ်ရှုရမည်ဖြစ်သည်။ Washington Post- မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလို မဟုတ်ဘဲ တပ်မတော်နဲ့ အရပ်သား အစိုးရကြား အာဏာကို ခွဲဝေသုံးစွဲနေရတယ်လို့ ပြောလို့ရနိုင်မလား။ အမေရိကန် နိုင်ငံမှာဆိုရင်တော့ တပ်က အရပ်သား အစိုးရရဲ့ ကွပ်ကဲမှု အောက်မှာရှိပါတယ်။

ချစ်သမီးကို အသရေဖျက်မှုနှင့် တရားစွဲဆိုမှု ပယ်ဖျက်ရေး တရားရုံးပယ်ချ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သရော်သည်ဟုဆိုကာ မချောစန္ဒီထွန်း (ခ) ချစ်သမီးကို အီလက်ထရောနစ် ပုဒ်မအပြင် ထပ်တိုး စွဲဆိုထားသည့် အသရေဖျက်မှုပုဒ်မသည် နစ်နာသူကိုယ်တိုင် တရားစွဲဆိုခြင်း မဟုတ်သည့်အတွက် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ တရားရှင် လွှတ်ပေးရန် ရှေ့နေ၏ တောင်းဆိုမှုကို တရားရုံးက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ စတုတ္ထမြောက် ရုံးချိန်းတွင် ယင်းတောင်းဆိုမှုကို တရားရုံးက ပယ်ချလိုက်ခြင်း ဖြစ်ပြီး နောက်ထပ်ရုံးချိန်းကို လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်ထားသော ထမီအရောင်နှင့်

"ကျနော်က နိုးလို့ မပြောပါဘူး။ ဒါကတော့ ဥပဒေနဲ့အညီပဲ ဖြစ်ရမှာပါ"

ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အကြီးတန်းအယ်ဒီတာ Lally Weymouth က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ကမာရွတ်မီဒီယာက ဘာသာပြန်ဆိုဖော်ပြလိုက်ပါတယ်။ - အာဏာလွှဲပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်တော့တွေ့မှာပါလဲ။

ပြည်တွင်းစစ်ကို အမြစ်ဖြတ်ဖို့လိုတဲ့ အစိုးရသစ်

လပိုင်းသာကျန်တော့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်း ကုန်ဆုံးသွားပြီးနောက် မဲအပြန်အသတ်နဲ့ အသစ်တက်လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ အစိုးရအနေနဲ့ နိုင်ငံအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကိစ္စရပ်များအပါအဝင် ယိုယွင်းပျက်စီးနေတဲ့ ကဏ္ဍအရပ်ရပ်ကို မဖြစ်မနေ လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရမယ့် ကဏ္ဍတွေအနက် အထူးအလေးထားလုပ်ဆောင်ရမယ့် ကိစ္စရပ်တခုဟာ နိုင်ငံအတွင်း အစိုးရ အဆက်ဆက်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား နှစ်ပေါင်း ၆၀ ကျော်ကြာ အမြစ်တွယ် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း စစ်ရပ်တန့်နိုင်ရေးအတွက် စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရေးထား ဖော်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ်မှုကော်မတီဝင် ဦးဝင်းထိန်က

တခြမ်းပဲ့ ဒီမိုကရေစီ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိလိုက်ပေမယ့် ဗျူရိုကရေစီ ယန္တရားတခုလုံးကို စစ်တပ်က ချုပ်ကိုင်ထားတာ အပါအဝင် အာဏာကြီးစိုးထားဆဲ ဖြစ်တဲ့အတွက် တခြမ်းပဲ့ ဒီမိုကရေစီအဖြစ်နဲ့ပဲ ဆက်လက် ခရီးသွားရလိမ့်အုံးမယ်လို့ မြန်မာ့အရေးသုံးသပ်သူ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်  က သုံးသပ်လိုက်ပါတယ်။ ဒေါက်တာဦးအောင်ခင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။ ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားပါပြီ။ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဒီမိုကရေစီ ဖော်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် နိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ အများကြီး တွေ့နေရပါပြီ။ လူတွေကတော့ ဒီမိုကရေစီ ဖြစ်ထွန်းတော့မယ်ဆိုပြီးတော့ မျှော်လင့်နေကြတယ်။ ဆရာ ဘယ်လို သုံးသပ်လိုပါလဲ။ အခုအခြေအနေက ဒီမိုကရေစီ ခရီးအစ ဘယ်လောက် အလှမ်းဝေးနေပါသေးလဲ။

ဂါမဏိ – အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူ အမြတ်ထုတ်ခြင်း

  (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ “နိုင်ငံတော်” ဆိုတာကြီးနဲ့ အပစ်အခတ်ရပ်စဲ ငြိမ်းချမ်းရေးလုပ်ပြီး အင်အား စုဆောင်း တိုးချဲ့တာ၊ လက်နက်ဝယ်ယူဖြည့်တင်းတာ၊ နယ်မြေ ကျော်လွန်ချဲ့ထွင်တာ၊ လူထုအပေါ် ဆက်ကြေးကောက်တာတွေ လုပ်ခဲ့တယ်လို့ “နိုင်ငံတော်” လို့ ကိုယ့်ဟာကိုယ်နာမယ်တပ်ထားသူက စွပ်စွဲတာတွေ ကြားနေရပါတယ်။

အစိုးရအရာရှိတွေ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ရန် အစီအစဉ်မရှိဟုဆို

နေပြည်တော် လွှတ်တော်အစည်းအဝေး။ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရဝန်ထမ်း အရာရှိများ ၏ ပိုင်ဆိုင်မှု အခြေအနေ စစ် ဆေး ရန် အစီအစဉ်မရှိဟု အဆိုပါ ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်း က ယနေ့ပြုလုပ်သည့် ပြည်သူ့လွတ်တော် ပုံမှန်အစည်း အဝေးတွင် ပြောကြားလိုက်သည်။ ယနေ့ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး က “အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ဖြေရှင်းရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် မည်သို့သော စနစ်ဖြင့် အရေးယူဆောင်ရွက်မှု နှင့် အောင်မြင်မှု ရှိ/မရှိ”မေးခွန်းကို မေးမြန်းခဲ့ရာ

၅၉(စ)နှင့် အမြီးမတစ်စေချင်

၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။ ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့

ပြည်သူများမပျော်နိုင်သေးပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အေးအေးချမ်းချမ်းဖြင့် အသွင်ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွား မည်ဟု ကတိပြုပြောကြားခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ အေးအေးချမ်းချမ်းဖြင့် အာဏာလွှဲပြောင်းနိုင်ရေးမှာ ယနေ့ မြန်မာပြည်သူ အားလုံးနီးပါး၏မျှော်လင့်ချက်လည်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က သတ်မှတ်ကာလအတွင်း အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းပေးမည်ဟု ပြောခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပါ။ ရွေးကောက်ပွဲပြီးနောက်ပိုင်း လေးကြိမ်မြောက် ကတိပေးခြင်း ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက်က သမ္မတရုံး၏ ‘‘မိဘပြည်သူများသို့ ကျေးဇူး တင်ရှိကြောင်း သတင်းထုတ်ပြန်ချက်’’တွင်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်က

ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်

ပါတီခေါင်းဆောင် ဆိုတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကလည်း ပါတီကို နိုင်ငံရေးအရ တည်ဆောက်ဖို့ နိုင်ငံရေးအလုပ် လုံးဝ မလုပ်ပဲ စစ်တပ်ပုံစံ အထက်ကအမိန့် အောက်က နာခံ ဆိုတာ တစ်ခုတည်း လုပ်ခဲ့ကြတာပါ။ ပြည်ခိုင်ဖြိုးပါတီ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ရတာမှာ အဲဒီ အချက်က အဓိကပါ။ နားဆင်ရန် 23.11.2015 22:46 ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ ရွေးကောက်ပွဲ ရလာဒ်တွေကို အပြီးသတ် ကြေငြာ ပြီးစီးခဲ့ပါပြီ။ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်လို့ ပြောနိုင်သလို၊

“စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေကို ချမ်းသာ ကြွယ်ဝစေသလောက် ဆင်းရဲသား ပြည်သူတွေကို မြေမြှုပ်သတ်ဖြတ်နေတဲ့ ကျောက်စိမ်းမြေ”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ လင်းအားကြီး အချိန်လောက်က ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ရွာနားက ကံခါ စုပေါင်းမြေစာပုံကြီး ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော်ကနေ ၂၀၀ အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းရပြီး ၂၁ ရက်နေ့ ည အထိ အလောင်း ၈၀ နီးပါး ရှာဖွေ တွေ့ရှိထားပြီလို့ ဆိုပါတယ်။ သေဆုံးသွားသူတွေဟာ ဆင်းရဲလို့ အနယ်နယ် အရပ်ရပ် ကနေ ဖားကန့်မှာ ရေမဆေးကျောက် ရှာဖို့ လာရောက်နေထိုင်ကြသူတွေပါ။ မြန်မာပြည်က ကျောက်စိမ်းသယံဇာတ ဟာ စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေကို ကြွယ်ဝ ချမ်းသာစေသလောက် တိုင်းပြည်ကို ချွတ်ခြုံကျစေရုံမက စစ်ပွဲတွေကိုလည်း ရှည်ကြာစေ၊ ဆင်းရဲသားတွေကိုလည်း မြေမြှုပ်ပစ်နေတာကို ဒီ သတင်းက ဖော်ပြနေပါတယ်။ ပြသနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဒီလို ပြသနာမျိုးနောင် မဖြစ် ပွားအောင် တားဆီးနိုင်မယ့် နည်းလမ်းတွေများ

ဦးရွှေမန်းကို ကာကွယ်ရေးဝန်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီတွေ့ဆုံ

ပြည်ထောင်စု လွှတ်တော်နာယက၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာ ၂၃ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံခဲ့ခြင်းကြောင့် လေးရက်အတွင်း နှစ်ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာခဲ့သည်။ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုကို အသေးစိတ် ထုတ်ဖေါ်မပြောသော်လည်း ဦးရွှေမန်းထံ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ပူစရာမလိုဟု NLD ပြော

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ၂၀၁၆ခုနှစ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော် အသစ်တွင် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ပူပန်စရာလိုမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ် အမှုဆောင် ဦးကျော်ခင်က နိုဝင်ဘာ ၂၃ရက်တွင် မဇ္ဈိမကို ပြောသည်။ "လွှတ်တော်ရဲ့အရိပ်ဟာ NLDရဲ့ အများဆုံးအရိပ်ပဲ၊ NLD အများစု ရပေမယ့် တပ်ကလွှမ်းမိုးထားလို့ လုပ်လို့ မရဘူးဆိုတာ ဒီမိုကရေစီမှာ မရှိဘူးလေ။ NLD ကအများစုဖြစ်လို့ မဲခွဲ ဆုံးဖြတ်ရင် ကျွန်တော်တို့ နိုင်မှာပေါ့။ အဲဒါဆိုရင် ကျွန်တော်တို့ သမ္မတ ကိစ္စလည်း တွေးပူစရာမရှိပါဘူး" ဟု ဟု ဆိုသည်။ နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပသည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၏ လွှတ်တော်နေရာများ အားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ကို NLD

လူထုခေါင်းဆောင်ရဲ့ ကြက်သိမ့်ထစရာ ပြောချက်

ကျွန်မတို့ နိုင်ငံရဲ့ အဓိက ပြသာနာက ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဒီနိုင်ငံမှာမရှိဘူး။ တရား ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ရာထူးရှိတဲ့လူတွေ စိုးမိုးရေးဖြစ်နေတယ်။ ရာထူးရှိတဲ့သူ စိုးမိုးရေးဆိုတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှု လုံးဝမရှိဘူး။ ရာထူးရှိတဲ့ လူတွေရဲ့ လိုအင်ဆန္ဒအရ အားလုံးဖြစ်ရတာ။ အဲတော့ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေ အထူးသဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပါတယ်ဆိုတဲ့ နိုင်ငံတခုမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေမို့လို့ ကျွန်မတို့ဒီစနစ်ကို ပြောင်းလဲရမယ်။ ဒါ့ကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဆောင်ပုဒ်ဟာ''' ပြောင်းလဲချိန်တန်ပြီ '' "အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့"ဆိုတာ ကျွန်မတို့က အမှန်တကယ် ပြောင်းလဲမှုကို လိုချင်တယ်။ အပေါ်ယံကြော ပြောင်းလဲမှု ကို မလိုချင်ဘူး။အပေါ်ယံကြော ဒီမိုကရေစီဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ အာဏာရှိတဲ့သူတွေတော့ ချမ်းသာချင်ရင် ချမ်းသာသွားမှာပေါ့လေ။ ဒါကြောင့် ကျွန်မတို့စနစ်ကို ပြောင်းရမယ်။ # ဒေါ်အောင်ဆန်းစုကြည်

NLD က နိုင်ငံရှေ့ဆက်မယ့် မူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။

(၁) အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေး များရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကိုနှိင်နင်းပြီး အခွန်အခများ အပြည့်အဝ ရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားပါမည်။ (၂) လာဘ်စားမှုများ တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနများ တာဝန်ယူတတ်မှုရှိရေးတို့ကို လုပ်ဆောင်ပါမည်။ စုစည်းလုပ်ကိုင်မှုအားနည်းနေသော အစိုးရဌာန ယန္တယားများကို ပြင်ဆင်ဖွဲ့စည်းသွားပါမည်။ (၃) စိုက်ပျိုးရေးကဏ္ဏ ဖွံ့ဖြိုးအောင် နိုင်ငံတကာ ရင်းနှီးမြုပ်နံမည့် ကုမ္ပဏီများကိုဖိတ်ခေါ်ပြီး၊ လယ်သမားများကိုချေးငွေများ၊ လယ်လုပ်ပိုင်ခွင့်များ ဖေါ်ဆောင်ပေးသွားပါမည်။ (၄) တိုင်းပြည်ဘဏ္ဍာရေး ငွေးကြေးခိုင်မာရေးများအတွက် ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး ငွေးကြေးကဏ္ဏ ကို ထိန်းညှိသွားပါမည်။ (၅) အခြေခံအဆောက်အအုံများကို နိုင်ငံခြားချေးငွေများ အကူညီများနဲ့ ဖြည့်တင်း တည်ဆောက်ပေးသွားပါမည်။ Source: The Myanmar Times Credit: Ye Wunna Hlaing Copy from Zaw Zaw Aung

ပြည်သူတွေကို အထင်မသေးပါနဲ့

“ပြည်သူတွေကို အထင်မသေးပါနဲ့”ဆိုတဲ့ စကားကို ကျွန်တော်တွေ့ဖူးတာ ဆရာကြီး လူထုစိန်ဝင်း စာအုပ်တွေထဲမှာပေါ့။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် ရှင်ကြီးဝမ်းထဲလည်း ၀င်ခဲ့တယ်။ ရှင်ငယ်ဝမ်းထဲလည်း ၀င်ခဲ့တဲ့ မြန်မာပြည်သူလူထုကို ဘယ်တော့မှ အထင်မသေးသင့်ကြောင်း ဆရာကြီးက ခဏခဏ ရေးသားခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုတစ်ကြိမ်တော့ ကိုယ်တိုင်လည်း နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတော့ ဆရာကြီးရဲ့ စကားကိုပဲ သွားသတိရနေပြန်ပါတယ်။ “ပြည်သူတွေကို အထင်မသေးပါနဲ့” တဲ့ ။  ၂၀၁၅ ရွေးကောက်ပွဲကြီးဟာဖြင့် ပြည်သူလူထုတစ်ရပ်လုံး အပြောင်းအလဲအတွက်

မြန်မာ့ ကျောက်စိမ်း ဘယ်သူ ရောင်းစား နေသလဲ

နားဆင်ရန် မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တ၀က်ကျော် အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀)ကျော် ၀င်ငွေပဏာမရှိနေတဲ့ ကျောက်စိမ်းလုပ်ငန်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်နေသလဲ ဆိုတာ အများပြည်သူ သိအောင် တရားဝင် ကြေညာပေးဖို့ Global Witness အဖွဲ့ကြီးက တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံတော် လျှို့ဝှက်ချက် ခေါင်းစဉ်နဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းအကြောင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အကြောင်းဆွေးနွေးပွဲကို ကြာသာပတေးနေ့က ၀ါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တာပါ။ ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

မိုးညင်းမြို့အနီး KIA တပ်တွေကို အစိုးရတပ်တွေ ဆက်လက် တိုက်ခိုက်

ဦးဖေစိန်နဲ့ မေးမြန်းချက် ကချင်ပြည်နယ် မိုးညင်းမြို့ အရှေ့ဘက်က တောင်ကြောတွေမှာရှိနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်တွေကို မြန်မာအစိုးရတပ်တွေက ဒီကနေ့မနက်မှာ လက်နက်ကြီးကျည်ပေါင်း ရာနဲ့ချီပြီး ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။ မနက် ၉ နာရီကနေ ၁၁ နာရီလောက်ထိ နှစ်နာရီကြာဆက်တိုက် တိုက်ခိုက်သံတွေကြားနေရတယ်လို့ မိုးညင်းဒေသခံတဦးဖြစ်တဲ့ ဦးဖေစိန်က RFA ကိုပြောပါတယ်။ "၉ နာရီလောက်ကနေ ၁၁ နာရီလောက်ကြာ လက်နက်ကြီးသံတွေက လက်နက်ကြီး ရာဂဏန်း ရှိမယ်လို့ ထင်တာပဲ၊ ပစ်နေတာ တစ်ဝုန်းဝုန်း တစ်ဒိုင်းဒိုင်းနဲ့ နောက် လက်နက်ငယ် ပစ်သံတွေလည်း တဒုတ်ဒုတ်တဒက်ဒက်နဲ့ ကြားနေရတယ်၊ အဲ့ဒီ ၁၁ နာရီလောက် ပြီးတဲ့နောက်ပိုင်းတော့