Skip to main content

ပြည်သူတွေကို အထင်မသေးပါနဲ့

“ပြည်သူတွေကို အထင်မသေးပါနဲ့”ဆိုတဲ့ စကားကို ကျွန်တော်တွေ့ဖူးတာ ဆရာကြီး လူထုစိန်ဝင်း စာအုပ်တွေထဲမှာပေါ့။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ရင် ရှင်ကြီးဝမ်းထဲလည်း ၀င်ခဲ့တယ်။ ရှင်ငယ်ဝမ်းထဲလည်း ၀င်ခဲ့တဲ့ မြန်မာပြည်သူလူထုကို ဘယ်တော့မှ အထင်မသေးသင့်ကြောင်း ဆရာကြီးက ခဏခဏ ရေးသားခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုတစ်ကြိမ်တော့ ကိုယ်တိုင်လည်း နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရတော့ ဆရာကြီးရဲ့ စကားကိုပဲ သွားသတိရနေပြန်ပါတယ်။ “ပြည်သူတွေကို အထင်မသေးပါနဲ့” တဲ့ ။
 ၂၀၁၅ ရွေးကောက်ပွဲကြီးဟာဖြင့် ပြည်သူလူထုတစ်ရပ်လုံး အပြောင်းအလဲအတွက် အရမ်းကို တောင့်တငတ်မွတ်နေကြလို့ အရမ်းကို မျှော်လင့်နေကြတဲ့ ရွေးကောက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ် ။ အပြောင်းအလဲဆိုတာကို တချို့တွေက ပြောင်းလဲနေပါပြီ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး မြင်ချင်တာက အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အုပ်စုတစ်ဖွဲ့ကနေပြီး ပုံစံအမျိုးမျိုး နာမည်အမျိုးမျိုးတပ်ပြီး ပြောင်းလဲအုပ်ချုပ်နေတဲ့ ပြောင်းလဲမှုမျိုး မဟုတ်ဘူး။ ပြည်သူတွေ ထောက်ခံတဲ့၊ ပြည်သူတွေ ကြိုက်နှစ်သက်တဲ့  ပြည်သူ့အစိုးရ တင်မြှောက်ချင်တာ၊ ပြည်သူတွေရဲ့ မဲတစ်ပြားနဲ့ ပြည်သူ့မျက်နှာမကြည့်တဲ့ အစိုးရကို ဖြုတ်ချလို့ရတယ်ဆိုတာမျိုး။ ရွေးကောက်ပွဲအပြီး ရလဒ်တွေ ထွက်လာတော့လည်း မြန်မာနိုင်ငံရဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှု၊ ဘယ်လောက်ပဲ အကွေ့အကောက်တွေ ရှိနေပါစေ ကျော်ဖြတ်နိုင်တဲ့အသိဉာဏ် မနိမ့်ဘူးဆိုတာ ပြသနေတာပါပဲ။ ဒီနေရာမှာ ဥပမာလေးတစ်ခု ပြောချင်တာက အရင်က ကိုယ်ကြိုက်ရင် အမှန်ချစ်ခဲ့ရတယ်။ အခုတော့ တံဆိပ်တုံးထုကြရပါတယ်။ တံဆိပ်တုံးကို တောင်ပေါ်က ပေါက်တူးလေးကိုင်ပြီး တောင်ယာလုပ်နေတဲ့ တိုင်းရင်းသားကြီးတွေ၊ ချောင်ကြိုချောင်ကြားက ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ၊ တဒိုင်းဒိုင်း ပစ်နေတဲ့ ကျည်ဆန်တွေကြားက ကျွန်တော်တို့ ဆွေမျိုးတွေ တံဆိပ်တုံးကို မှန်မှန်ကန်ကန် ထုပြခဲ့ကြပြီလေ။
 
ဖြစ်စဉ်(၁)
 
ကျွန်တော်က ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ ယောနယ်ထဲကို ပတ်ချာလည် သတင်းတွေယူရင်း ကျွန်တော့်ကို ချင်းတောင်သွားဖို့ ပြောလိုက်တော့ ချက်ချင်းမဆိုင်းဘဲ ချင်းတောင်ပေါ်ကို တက်ခဲ့ရတာပေါ့။ ဟားခါး - ကလေးခရီးဟာ မိုင် ၁၃၀ ဝေးပြီးတော့ ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် တစ်နေကုန် စီးနင်းရပါတယ်။ ကျွန်တော်ကတော့ ကိုယ့်လုပ်စရာတွေ ပြတ်အောင် လုပ်ကိုင်ရင်း မနက် ၁၀ နာရီခွဲမှ ထွက်ခဲ့ရတော့ လမ်းမှာ ရေသောက်ရုံ၊ အပေါ့စွန့်ရုံသာ ရပ်နားခဲ့ပါတယ်။ ဖလမ်းမြို့ရောက်တော့ ခဏနားရင်း လူငယ်လေးနှစ်ယောက်နဲ့ ဆုံတွေ့ပါတယ်။ သူတို့နဲ့ မိတ်ဖွဲ့ရင်း စကားပြောမိပါတယ်။ မင်းတို့ မဲမပေးဘူးလားဆိုတော့ မဲပေးမှာပါတဲ့။ အခုလည်း မဲရုံတာဝန်ကျလို့ ကျွန်တော်တို့ ရွာဘက်က ပြန်လာတာတဲ့ ။
 
လူငယ်နှစ်ယောက်က ကလေးတက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ လူငယ်လေးနှစ်ဦးပါ။ သူတို့ကို ဆက်မေးကြည့်ရင်း မင်းတို့ ဘယ်ပါတီ မဲပေးမလဲဆိုတော့ NLD ကို မဲပေးပါ့ မယ်တဲ့။ ကျွန်တော် ထင်ထားတဲ့အဖြေက အဲဒီလိုမဟုတ်ဘူး။ သူတို့ရဲ့ ချင်းတိုင်းရင်းသားပါတီတစ်ခုခုကို မဲပေးမယ်လို့ ဖြေမယ်ထင်ထားခဲ့တာလေ။ 
ဒါနဲ့ဆက်ပြီး ဘာဖြစ်လို့  NLD ကို မဲပေးတာလဲလို့ မေးကြည့်တော့ လူငယ်လေးက ဒီလို ဖြေတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံရေးကို သိပ်နားလည်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူကြီးတွေ ပြောနေတာတွေ ကျွန်တော်တို့ ကြားနေရတယ်လေ ။ လူကြီးတွေက ဘာပြောလဲဆိုတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ၊ ငါတို့နိုင်ငံမှာ အပြောင်းအလဲတစ်ခု လုပ်ပေးနိုင်ဖို့ NLD ပါတီကိုပဲ မဲပေးရမယ်တဲ့။ ကျွန်တော် သူတို့ ပြောစကားလေးကို ငေးနားထောင်ရင်း ချင်းတောင်တန်းကြီးကို ငေးကြည့်လိုက်တော့ မြူခိုးတွေက ရဲရဲတောက် ချယ်ရီပန်းတွေပေါ်ကနေ တဖြေးဖြေး ကွယ်ပျောက်လျက်။
 
ဖြစ်စဉ်(၂)
 
ရွေးကောက်ပွဲကာလမှ ကလေးမြို့မှာ မရှိပါဘူး။ ချင်းတောင်တန်းကြီးပေါ်မှာ ရွေးကောက်ပွဲပြီး နှစ်ရက် သုံးရက်လောက်နေမှ ပြန်ခဲ့ရတာပါ ။ ရွေးကောက်ပွဲအကြောင်းလေးတွေ စကားစမိတော့ အိမ်ကဇနီးက ပြောပါ တယ် ။ အိမ်ကိုလာပြီး စက်ဘီးနဲ့ ဈေးလာလာရောင်းတဲ့ စက်ဘီးဈေးသည်အကြောင်း ရောက်သွားပါတယ် ။ သူမမှာ ရွေးကောက်ပွဲ မဲပေးချင်လွန်းလို့ နှစ်ရက်လောက် နားလိုက်ရတယ်ဆိုတာ သိရပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ မဲပေးဖို့ စောစောထလာပြီး မဲပေးခါနီးကျမှ မူးမိုက်သွားလို့ မဲမပေးဘဲ လှည့်ပြန်မယ်အလုပ် ဘေးနားကသူတွေက သိသွားလို့ အချဉ်တွေ ၀ိုင်းပေးကြ၊ မုန့်တွေ ၀ိုင်းပေးကြနဲ့ သူလည်း ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြရတယ်လို့ သိရပါတယ်။ ဒါကိုကြည့်ရင် ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှု ဘယ်လောက်များရှိသလဲဆိုတာ သိနိုင်ပါတယ်။ စက်ဘီးဈေးသည်လေးလည်း မဲပေးပြီး နောက်ရက်ပါ ဈေးရောင်းမထွက်နိုင်လို့ နှစ်ရက် ဈေးရောင်းပျက်ကွက်ခဲ့ရတယ်လို့ ဆိုပါတယ် ။ တကယ်တော့ သူတို့က မြို့အစွန်မှာ နေထိုင်ကြပြီး တစ်နေ့လုပ် တစ်နေ့စားတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ နိုးကြားမှုက အောချလောက်စရာ။ သူတို့တစ်တွေ နိုင်ငံရေးစာအုပ်တွေ ဖတ်ပြီး သိရှိနေတာမဟုတ်ပေမယ့် ကျွန်တော်တို့ မြန်မာမှု ပြည်သူအသိုင်းအ၀ိုင်းရဲ့ နိုင်ငံရေးဗီဇရှိမှု၊ ကိုယ့်ဝန်းကျင်ကို ဆွဲဆောင်နိုင်မှုက ဘယ်လောက် အားကောင်းတယ်ဆိုတာ ကိုယ်တွေ့ သိလိုက်ရပါတယ်။
 
ဖြစ်စဉ် ( ၃ )
 
ကလေးမြို့ မြို့မဈေးထဲက ဈေးသည်တစ်ဦးပေါ့။ “ကျွန်မတို့ဆိုရင် မဲပေးဖို့အတွက် သူများတွေက တစ်ခါပဲ တန်းစီရတယ်။ ကျွန်မတို့က နှစ်ခါတောင် တန်းစီရတယ် ။ ဘာလို့လဲဆိုတော့  မဲပေးတဲ့နေ့က ဈေးဖွင့်တယ်လေ။ ကလေးမြို့ဈေးက ဥပုသ်နေ့ တစ်ရက်ပဲ ပိတ်တယ်။ ဒါ့ကြောင့် မဲ ပေးတဲ့နေ့မှာ ဈေးပိတ်ရအောင်လို့ ဈေးသူဈေးသားတွေ သဘောတူ လက်မှတ်ထိုးရတယ် ။ အဲဒီမှာ လက်မှတ်ထိုးဖို့ တစ်ခါ တန်းစီရတယ်။ ဈေးတစ်ဈေးလုံးက ပိတ်ချင်တာကိုး။ ရွေးကောက်ပွဲနေ့ မဲပေးတော့လည်း ကျွန်မတို့ အချိန် ငါးနာရီလောက် အနည်းဆုံး တန်းစီခဲ့ကြရတယ်။ ဘာဖြစ်လို့ အဲလိုလုပ်ရလဲဆိုတော့ ကျွန်မတို့ အပြောင်းအလဲကို လိုချင်တယ်။ ကျွန်မတို့ရှာတဲ့ စီးပွားရေးကိုလည်း ကျွန်မတို့ ဥပဒေဘောင်အတွင်းက ရှာချင်တယ်။ ဥပဒေစိုးမိုးမှု ရချင်တယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အခါကျတော့ ကျွန်မတို့ စီးပွားရှာရတာလည်း ကျီးလန့်စာ စား၊ ဥပဒေဆိုတာကလည်း တိကျမှုမရှိတော့ ဘယ်ကိုကြောက်လို့ ကြောက်နေရမှန်း မသိဘူး။ 
တည်ငြိမ်မှုဆိုတာ ကျွန်မတို့လိုချင်တာက တရားဥပဒေစိုးမိုးရေးပဲ၊ အခွန်တွေ ကောက်တယ်ဆိုလည်း အစိုးရကို ပေးရတဲ့ငွေနဲ့ လာဘ်ပေးရတဲ့ငွေက အတူတူ ဖြစ်နေတယ် ။လာဘ်ပေးလာဘ်ယူမှုတွေ ပျောက်စေချင်တယ်။ အာဏာရှင်စနစ် ကျဆုံးရေးဆိုတာ ကျွန်မတို့အတွက် အဓိကလိုချင်တဲ့ အပြောင်းအလဲတစ်ရပ်ပါ” လို့ ပြောပါတယ် ။
 
တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်သူ၊ မြန်မာပြည်သားတွေက မညံ့ပါဘူး ။ နိုင်ငံရေး အသိအမြင်မှာလည်း ဗီဇကိုက သင်လွယ် တတ်လွယ်တဲ့ သူတွေပါ။ 
 
မြန်မာပြည်အစွန်အဖျား ဖွံ့ဖြိုးမှုနည်းပါးလွန်းတဲ့ ချင်းပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေမှာရှိတဲ့ ဒေသခံပြည်သူလူထုတွေကိုယ်တိုင် ကိုယ်လိုချင်တဲ့ အစိုးရကို ကိုယ်တိုင်ရအောင် မဲပေးနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့အစွမ်းအစကို သိရှိနိုင်ပါတယ် ။ ဒီအချိန်သာ ဆရာကြီး လူထုစိန်ဝင်းသာ ရှိလို့ ကတော့ ]မြန်မာပြည်သူတွေကို အထင်မသေးပါနဲ့” ဆိုပြီး မြိန့်မြိန့် ပြုံးပြုံးကြီး ပြောနေဦးမှာ အသေအချာပါ။
Writer: 
ကိုဆူး (ချင်းတောင်ခြေ)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video