Skip to main content

ပြည်သူများမပျော်နိုင်သေးပါ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး အေးအေးချမ်းချမ်းဖြင့် အသွင်ကူးပြောင်းနိုင်ရေး ဆောင်ရွက်သွား မည်ဟု ကတိပြုပြောကြားခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ အေးအေးချမ်းချမ်းဖြင့် အာဏာလွှဲပြောင်းနိုင်ရေးမှာ ယနေ့ မြန်မာပြည်သူ အားလုံးနီးပါး၏မျှော်လင့်ချက်လည်းဖြစ်သည်။ သမ္မတဦးသိန်းစိန်က သတ်မှတ်ကာလအတွင်း အေးချမ်းတည်ငြိမ်စွာ လွှဲပြောင်းပေးမည်ဟု ပြောခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပါ။ ရွေးကောက်ပွဲပြီးနောက်ပိုင်း လေးကြိမ်မြောက် ကတိပေးခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၁ ရက်က သမ္မတရုံး၏ ‘‘မိဘပြည်သူများသို့ ကျေးဇူး တင်ရှိကြောင်း သတင်းထုတ်ပြန်ချက်’’တွင်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်က
အမေရိကန်သမ္မတအိုဘားမားနှင့်ဖုန်းပြောရာတွင်လည်း ကောင်း၊ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံပွဲတွင်လည်းကောင်း၊ ယခုနောက်ဆုံး နိုဝင်ဘာ ၂၂ ရက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင်လည်းကောင်း အာဏာလွှဲ ပြောင်းရေးကို စနစ်တကျ ချောချောမွေ့မွေ့ဆောင်ရွက်မည်ဟု ကတိပေးထားသည်။ ထို့အပြင် ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၃ ရက်ကပြောသော ရေဒီယိုမိန့်ခွန်းနှင့် နိုဝင်ဘာ ၆ ရက်တွင် ပြောကြားသော ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်းနှစ်ခုတွင်လည်း ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာမည်ဖြစ်ပြီး ပါတီတိုင်းကလည်း လေးစားလိုက်နာရန် တိုက်တွန်းထားကာ၊ ရွေးကောက်ပွဲရလဒ်နှင့်အညီ နိုင်ငံရေးအခင်းအကျင်းသစ်ကို အတူလက် တွဲပုံဖော်မည်ဟု ကတိပြုခဲ့သည်။
ထိုသို့ နိုင်ငံတော်သမ္မတက အကြိမ်ကြိမ် ကတိပြုထားသော်လည်း ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်နှင့် သမ္မတတို့တွေ့ဆုံရေးသည် ဘယ်တော့မှန်းမသိရသေး၍ ပြည်သူများစိုးရိမ်နေကြဆဲဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် တွေ့ဆုံဆွေးနွေးရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏တွေ့ဆုံရန် စာပို့ ကမ်းလှမ်းချက်ကို သမ္မတရုံးက အကြောင်းပြန်ထားသည်။ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က မူလက ပြောထားခဲ့သည့်အတိုင်း ကြေညာ ရန်ကျန်နေသေးသော ကချင်ပြည်နယ်မြောက်ပိုင်းရှိ မဲဆန္ဒနယ်အချို့၏ ရလဒ်များကို နိုဝင်ဘာ ၂၀ ရက်က အပြီးသတ်ကြေညာကာ နှစ်ပတ်အတွင်း ရလဒ်များအပြီးကြေညာပေးသွားခဲ့သည်။
ထို့ကြောင့် သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ၍ အာဏာလွှဲပြောင်းရေးချောမွေ့အောင် မည်သည့်အချိန်တွင် ပြုလုပ်မည်ကို ကမ္ဘာကရော တစ်နိုင်ငံလုံးကပါ စောင့်မျှော်နေသည်။
သို့သော် ရွေးကောက်ပွဲပြီး နှစ်ပတ်ကြာသည့်တိုင် တွေ့ဆုံဆွေးနွေးရေးမှာ ဘယ်ဆီမှန်းမသိသေး၍ ပြည်သူအများစု ပူပန်နေသည်။ အသွင်ကူးပြောင်းမှုအေးချမ်းစေရန် ခေါင်းဆောင်များကြားတွေ့ဆုံဆွေးနွေးရေးကို ပြည်သူများမျှော်လင့်နေချိန်တွင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့၌ တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာခြင်း၊ ငွေကြေးပိုမိုဖောင်းပွလာခြင်းတို့က ပြည်သူများစိတ်နှလုံးကို ပိုမို ညှိုးနွမ်းစေခဲ့ပါသည်။ ထို့အပြင် ရွေးကောက်ပွဲရှုံးနိမ့်သော ပြည်ခိုင်ဖြိုးက ဒီချုပ်ကို အမှုအများအပြားတိုင်ကြားရန်ရှိသည်ဟူသော သတင်းများကြောင့် စိုးတထိတ်ထိတ်ဖြစ်စေသည်။
ဆယ်စုနှစ်ငါးခုအတွင်း စစ်အာဏာရှင်စနစ်ဆိုးအောက် ကျရောက်ခဲ့ပြီး ဘက်ပေါင်းစုံနိမ့်ကျခဲ့ရသော နိုင်ငံ၏ပြည်သူများကမူ ၎င်းတို့၏ဆန္ဒကို မဲတစ်ပြားစီဖြင့် နိုဝင်ဘာ ၈ ရက်တွင် တခဲနက် ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ပြည်သူများက အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာပြီးဆုံးပါမှ အပြည့်အဝပျော်ရွှင်နိုင်မည်ဖြစ်သည်။
ပြည်သူများ၏ဆန္ဒကို အလေးထားသည်ဆိုပါက၊ ဒီမိုကရေစီစနစ်ကို ခိုင်မာစေလိုပါက နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အာဏာလွှဲပြောင်းရေး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် လိုပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ပါက မြန်မာ့ဒီမိုကရေစီခရီးလမ်း၏သမိုင်းဝင်သူရဲကောင်းများ ဖြစ်လာမည်ဖြစ်သည်။  ထိုအခွင့်အရေးကို အသုံးမချနိုင်ပါက နိုင်ငံအတွက် အဆိုးကျော့သံသရာ တစ်ပတ်လည်လာရန်သာရှိသည်။
ထို့ကြောင့် ပြည်သူများကို မျက်နှာမူ၍ နိုင်ငံ့အနာဂတ်အတွက်၊ မိမိတို့၏ ရင်သွေးငယ်များအနာဂတ်အတွက် သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က သမိုင်းဝင်အခွင့်အရေးကို လက်မလွှတ်တမ်းအသုံးချရန် တိုက်တွန်းအပ်ပါသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...