လူတွေက မေးတယ် ×××အာဏာ လွှဲချိန်ဟာ ဘယ်အချိန်လဲမေးရင် မဖြေတတ်ပါကွယ်
×××မျှော်လို့ နေမယ်××× အချိန်တန်ရင်ပေါ့ကွယ် ××× မဟူရာ ×××
အမှောင်လွှမ်းချိန် တွေ ××× အမြန်ကုန်ကာလေ ××× အလင်းဖောက်နိုင်ပါစေ ×××
ပြည်သူတွေ ××× တွဲလက်ညီညာ.. ခေတ်အမှောင် ××× ပျောက်ကွယ် အောင်လေ ×××
ပြိုင်တူ အဖြေပေးမယ် ××× ပြည်သူရဲ့ အသံဟာ ××× အမှောင်ညရက်ရှည် ×××
အမြန်ပျောက်ကွယ်စေ ဆုတောင်းကာနေ ××× အချိန်တန်ပြီပေါ့လေ ×××
အင်း .. ညှပ်ကြီးကလည်း ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဟုတ်တာ မဟုတ်တာအပထား၊ စာလေး ပေလေးရေးတယ်ဆိုတော့ ဘုမ သိ ဘမသိ အထင်ကြီးသူတွေက အထင်ကြီးကြ၏။ ညှပ်ကြီးက လည်း တကယ့်ကို ဆရာကြီးစ တိုင်နှင့် ဟန်ကိုယ့်ဖို့ဆိုပြီး နှိုင်း နှိုင်းချိန်ချိန် သုခမိန်လေသံမျိုး ဘာမေးမေး ခပ်တည်တည်နှင့် ရွှီးတတ်လေတော့ ရပ်ထဲရွာထဲက အရီးလေးဖော့တို့၊ ဒေါ်ဘုမတို့၊
ကိုသာစိန်တို့ ရှေ့မှာတော့ တကယ့်မဟာက၀ိပညာရှိ စူပါ စတားကြီး ဖြစ်လို့နေ၏။ ခုလည်း ကြည့်လေ ‘‘တို့တင်မြှောက်လိုက်တဲ့ အစိုးရဘယ်တော့တက်မလဲ’’ တဲ့။ ညှပ်ကြီး တစ်ယောက်အာခေါင်ခြောက်သွား၏။ ရင်တွေခုန်လာ၏။ နှလုံးခုန်မြန်လာ၏။ တကယ့်နိုင်ငံရေး ပဂေးကြီးများ၊ ပညာရှင်များ မှန်းဆလိုက်တိုင်း နောင်တလှိုင်းတွေ တရိပ်ရိပ်တက်တဲ့ တိုင်းပြည်ကြီး အရေးမေးစရာရှားလို့ ညှပ်ကြီးလာမေး၏။ အင်းလေ ... သူတို့ ခမျာတွေလည်း ထီလက်မှတ်လည်းရှိနေပြီ။ ထီပေါက်စဉ်လည်း တိုက်ပြီးပြီဆိုလေတော့ ဆုငွေထုတ်ချင် တာ အပြစ်မရှိဟု ဆိုရမည်သာ ဖြစ်၏။ ဒါပေမဲ့ အားလုံးသိကြတဲ့ အတိုင်း ညှပ်ကြီးတို့ နိုင်ငံက ခုစာကလေးကြော်၊ ခုဆီထမင်း၊ ခုပီဆာ၊ ခုဘာဂါဆိုသလို မိုးအုံ့ရင် တစ်မျိုးတွေးပြီး နေပူရင် တစ်မျိုး ပြောတတ်လေတော့ အတွေ့အကြုံရင့်ကျက်သူပီပီ တစ်ခွန်း တည်းပြောလိုက်ပါ၏။ ဆုတောင်းလေ၊ ဆုတောင်း၊ ဆုတောင်းကောင်းမှ လူကောင်းတွေနဲ့ ကြုံရမပေါ့ဟုဆိုတော့ သိပ်ကြည်ပုံမရ။ ညှပ်ကြီးကိုယ်တိုင်လည်း ဆုတောင်းနေရတာ သူတို့ မသိထင်ပါ၏။ တောင်ပြိုကမ်းပြို လို့မက မိုးပြို၊မြေပြို၊ ကမ္ဘာပြိုတောင်မှ ညှပ်ကြီးတို့ကတော့ အတွေ့အကြုံအရ စကားကို အလွန်အကျွံမပြောရဲ။ ကိုယ့်အရှေ့မှာ စကားတွေ အလွန်အကျွံပြော၊ ကတိတွေအသားကုန်ပေးပြီး ပြည်သူတွေရဲ့ မယုံကြည်မှု သံသယနံွံထဲ နစ်နေသူတွေ ဒုနဲ့ဒေးမို့ လျှာမလိပ်အောင် မဟာဘရိတ် တပ်ထားပြီး ကိုယ့်ဝစီကိုယ်ဝီစီမှုတ် သတိပေးပြီးစောင့်နေရ၏။
လွှတ်တော်လို အဓိကအကျ ဆုံး နေရာကြီးမှာတောင်မှ အဆို ပြုသူက ပြုပြီး ထောက်ခံသူက ထောက်ခံပြီး အတည်ပြုပြီးသား ကကတိက၀တ်တွေ ပြန်ဖျက်နေ မှတော့ လွယ်လွယ်ကူကူ မယုံ တတ်တာ အပြစ်မရှိဟု ထင်ပါ ၏။ ကိုယ့်လယ်၊ ကိုယ့်ယာ၊ ကိုယ်မပိုင်တော့တဲ့ ခေတ်ကြီးမှာ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကိုယ်မပိုင် တော့တဲ့ ခေတ်ကြီးမှာ ဘာကိုမှ အပိုင်တွက် မထားတာ အ ကောင်းဆုံးဟု ယုံကြည်ရင်း တစ် ခါက ဖတ်ခဲ့ဖူးသော ပုံပြင်တစ် ပုဒ်သတိရမိပါ၏။
တစ်ခါက ကျေးရွာတစ်ရွာတွင် ညားခါစလင်မယားနှစ်ဦးတစ်အိုးတစ်အိမ်ထူထောင်ရင်း ဘ၀သစ်ကို စလေ၏။ ဤသို့ဖြင့်သူတို့နှစ်ဦး အမွေရလိုက်သည့် ယာခင်းလေးတွင် နှမ်းစိုက်ရန်အ တွက် နှမ်းစေ့လေးများကို ယာ ခင်းအတွင်း ကြဲပက်လေ၏။ ထိုအခါ မယားလုပ်သူက ‘‘မောင်ကြီးရေ နှမ်းတွေပေါ်ရင် ရွှေဆွဲကြိုး လေး ၀ယ်ပေးပါနော်’’ဟု ဆိုလေ ၏။ ထိုအခါ ယောက်ျားဖြစ်သူက ‘‘နေစမ်းပါဦးရှင်မရယ်။ အပင် တောင် မဖြစ်သေးဘူး’’ဟု ဆိုလိုက်၏။ ဤသို့ဖြင့် ရက်အ နည်းငယ်ကြာလာသောအခါ အ ပင်ငယ်လေးများ ထွက်လာ၏။ ထိုအခါ မယားဖြစ်သူက ‘‘မောင်ကြီးရေ အပင်လေးတွေ ထွက်လာပြီ တော့။ မြို့တက်ရောင်းရင် ပါ တိတ်တစ်ထည်ဝယ်ပေးနော်’’ ဟု ပူဆာပြန်၏။ ထိုအခါ ယောက်ျား ဖြစ်သူက ‘‘နေစမ်းပါဦးရှင်မရယ်။ မသီးသေးဘူး။ မပွင့်သေးဘူး’’ဟု သတိပေးပြန်၏။ ဤသို့ဖြင့် ကာ လ အနည်းငယ် ကြာလာသော အခါ နှမ်းပင်များမှ နှမ်းများသီး ပွင့်လာ၏။ ထိုအခါ ဇနီးမယားဖြစ် သူက ‘‘မောင်ကြီးရေ နှမ်းတွေ သီးပွင့်လာပြီတော့။ မြို့တက် ရောင်းရင် ရေဒီယိုလေးလည်း ၀ယ်ပေးနော်’’ဟု ဆိုပြန်၏။ ထိုအခါ ခင်ပွန်းဖြစ်သူက‘‘နေစမ်းပါဦးရှင်မရယ်၊ ဆီမဖြစ်သေးဘူး’’ ဟု ဆိုပြန်လေ၏။ ဤသို့ဖြင့် ရက်အ နည်းငယ်ကြာသောအခါ နှမ်းများ ကို ခူးဆွတ်၍ ကြိတ်ဆုံတွင် ကိုယ်တိုင်ကြိတ်ကာ စဥ့်အိုးကြီးဖြင့် ထည့်လေ၏။ ထိုအခါ မယားဖြစ် သူက ‘‘ကဲ ..မောင်ကြီးရယ်၊ ဒီ တစ်ခါတော့ နှမ်းဖြစ်တာလည်း သေချာပြီ။ ဆီဖြစ်တာလည်း သေ ချာပြီ။ ဆွဲကြိုးကလေးလည်း သေ ချာပြီတော့’’ဟု ဆိုပြန်လေ၏။ ထို အခါ ယောက်ျားလုပ်သူက ‘‘နေ စမ်းပါဦးရှင်မရယ်။ လက်ထဲငွေ မရောက်သေးဘူးဟု ဆိုပြန်လေ ၏။ ဤသို့ဖြင့် လင်မယားနှစ်ဦး ပျော်ရွှင်စွာဖြင့် မြို့သို့တက်၍ ရောင်းချရန် စဥ့်အိုးကြီးကို လှည်း ပေါ်မတင်ကြစဉ် အမှတ်မထင်ဆီ များပေ၍ လက်မှလျှောကျကာ နှမ်းဆီးမရလိုက်ဘဲ စဥ့်အိုးပါဆုံး သွားရှာတဲ့ ပုံပြင်ကလေး သတိရ မိပါ၏။
အင်း ...ဘာပဲဖြစ်ဖြစ် ပြည် သူများကတော့ နိုဝင်ဘာ ၈ ရက် တွင် အပေါင်ဆုံးထားသော ဘ၀များ၊ ရသင့်ရထိုက်သော အမွေ များ ပြန်ရွေး၊ ပြန်တောင်းနိုင်ခဲ့ပြီ ဖြစ်၏။ ၂၀၁၅ ခုနှစ်၏ မင်္ဂလာအရှိ ဆုံး လတစ်လ ဖြစ်ခဲ့ပြီဖြစ်၏။ သို့ သော် ကြီးမားသော အနှောင့်အ ယှက်အဖြစ် စစ်ပွဲများ ဟိုတစ်စ ဒီတစ်စဖြစ်နေကြ၏။ မင်္ဂလာရက်၊ လတွေမှာ ဖန်ခွက်တစ်လုံးကျကွဲ တာကအစ စိုးရိမ်စရာ ဖြစ်ပါ၏။ မေတ္တာတရားနှင့် ဓားသွားလို ဆန့်ကျင်ဘက်ဖြစ်နေပါ၏။ ဓား သွားက အားကောင်းလာလျှင် မေတ္တာတရားကို ကျိုးပဲ့စေ၏။ မေတ္တာတရားအားကောင်းလျှင် လည်း ဓားသွားကိုတုံးစေပါ၏။ အပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာတေးကို ဆိုဖို့လိုပါ၏။ ဂျွန် အက်ဖ်ကနေဒီပြောသွားသော စကားတစ်ခွန်းရှိပါ၏။ လူသား တွေက စစ်ကိုအဆုံးသတ်ရလိမ့် မယ်။ ဒါမှမဟုတ်ရင် စစ်က လူ သားတွေကို အဆုံးသတ်သွားလိမ့် မယ်’’ ဟု သတိပေးခဲ့ဖူးပါ၏။
ဆင်းရဲခြင်းက လူတွေကို သတ်နေပါ၏။ ဖားကန့်တွင် မြေ စာပုံပြိုကျ၍ လူအများအပြား သေနေရ၏။ သေဆုံးသူ အများ အပြားမှာ ရေမဆေးကျောက် ရှာ ဖွေနေသူများ ဖြစ်၏။ ထိုသူများ အတွက်တော့ အန္တရာယ်ရှိသော နေရာတွင် ထမင်းအိုးရှိသည်ဟု ယူဆကြရတော့မည် ဖြစ်၏။ သတ္တုတွင်းဝန်ကြီးဌာနတွင် အ ထွေထွေမန်နေဂျာလုပ်ကိုင်ခဲ့သူ တစ်ဦး၏ အပြောအရ မြေစာပုံ များ၏ အမြင့်မှာ ပေငါးဆယ် ထက်ကျော်ခွင့် မရှိကြောင်း ကြားသိရ၏။ သို့သော် ယခုပြိုကျသည့် မြေစာပုံမှာ ပေတစ်ထောင်ကျော် ဖြစ်နေ၏။ ယခုတော့ ဆင်းရဲ သားများ မြေစာပုံမှာ မြေစာပင်ဖြစ်ခဲ့ရ၏။ ဘာပဲဖြစ်ဖြစ် နိုင်ငံအတွင်း ဆင်းရဲမှုကြောင့် သေဆုံးရသူများ များလှပြီဖြစ်၏။ ယခုတော့မူ ဆင်းရဲခြင်း၏ လွတ်မြောက်ရာလမ်းကို သန်းပေါင်းများစွာသော ပြည်သူတို့၏ လက်သန်းလေး များဖြင့် ညွှန်ပြနိုင်ခဲ့ပြီဖြစ်၏။ ဆင်းရဲခြင်းမှလွတ် မြောက်ရာလမ်း အောင်မြင်မှုအတွက် လမ်းပြမြေ ပုံ တကယ့် Road Map အစစ်ဖြစ်ပါ၏။
ယုံကြည်စွာဖြင့် လွှဲပြောင်းပေးရန်သာ လိုအပ်တော့ပါ၏။ ပကာသနဆင်ထားတဲ့ ရာဇပလ္လင်ကို ထာဝရခင်တွယ်နေခဲ့ကြသူ များအတွက် ကဗျာဆရာမောင် ခိုင်မာ၏ ကဗျာတစ်ပိုဒ်ဖြင့် အသိပေး လိုပါ၏။ ‘‘တကယ်တော့ လည်း ရှင်မရယ် ရာဇပလ္လင်ဆိုတာ မူလဇာတ်ရုပ်သစ်ငုတ်တစ် ခုမှန်း မြင်တတ်အောင် မြင်ရမယ် မြင်လိုက်ပါစရှင်မရယ်’’. တဲ့ ။ ။

Comments
Post a Comment