Skip to main content

သမ္မတ၊ တပ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံရေး ယနေ့လား၊ မနက်ဖြန်လား

သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - အေအက်ဖ်ပီ
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်ကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ခပ်မြန်မြန်ပင် လက်ခံလိုက်ပြီး ယခုတစ်ပတ် အတွင်းမှာပင် နှစ် ကြိမ်တွေ့ဆုံထားကာ အချက်ငါးချက်ပါ ပူးတွဲကြေညာချက်ထုတ်ပြန် ထားပြီးဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကမူ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းတွေ့ဆုံကြမည်ဟု အကြောင်းပြန်ထားသည်။

ထိုအကြောင်းပြန်ကြားချက် ပါ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးချိန်ဆိုသည့် အဓိပ္ပာယ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း အတိအကျ မသိကြောင်းပြီး ခဲ့သည့်သီတင်းပတ်က  ၀ါရှင်တန် ပို့စ်သတင်းစာနှင့်
တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။ သူရဦး ရွှေမန်း၏ ပြန်ကြားစာတွင် ရှေ့လာမည့် တစ်ပတ်အတွင်း နှစ်ဖက်ညှိနှိုင်းမည် ဟုပါရှိပြီး အမှန်တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် လျင်လျင်မြန်မြန်ပင် တွေ့ဆုံခဲ့ သည်။ သမ္မတနှင့် တပ်ချုပ်တို့၏ ပြန်ကြားချက်တွင်မူ အချိန်ကာလ သီးသန့်သတ်မှတ်ချက် တိတိကျကျ မပါရှိခြင်းကြောင့် တွေ့ဆုံမှုအပေါ် အချိန်ယူလိုခြင်း (သို့မဟုတ်) အချိန်ဆွဲလိုခြင်းဖြစ်မည်လားဟု ခန့်မှန်းမှုများ ထွက်ပေါ်လာသည်။
 ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းသည် လက်ရှိအစိုးရနှင့်အာ ဏာရပါတီ၊ တပ်မတော်တို့အတွက် မမျှော်လင့်ထားသည့် ရလဒ် လည်းဖြစ်သည်။
ထို့ကြောင့် ယခုဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရေး တောင်းဆိုချက် အပေါ် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် မူအားဖြင့် တွေ့ဆုံရန်သဘောတူ လိုက်သော်လည်း မည်သို့တုံ့ပြန်ရမည်လဲ ဆိုသည်ကို
ပြင်ဆင်ရန် အချိန်ယူနေခြင်း ဖြစ်နိုင်ပြီး တွေ့ဆုံဆွေးနွေးမှုမှာ ယခုတစ်ကြိမ်တွင်တော့ ရှောင်လွှဲမရနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။
‘‘တွေ့ဖို့ဖြစ်လာမှာပါ။ ရွေးကာက်ပွဲ လုပ်ငန်းစဉ်ပြီးဆုံးချိန် ဆိုတာ ကော်မရှင်က အစီရင်ခံစာတင်ပြီးချိန်ထိတော့ ဖြစ်မယ်။ အဲဒါ ကလည်း သူတို့အချိန်ယူချင်တာနဲ့ တူတယ်။ တစ်နည်းအားဖြင့် အချိန်ဆွဲချင်တာပေါ့။ အခုရလဒ်(NLD) အပြတ်အသတ်နိုင်ခြင်း) ရမယ်လို့မမျှော်လင့်တော့ ပြင်ဆင်ထားပုံ လည်းမရဘူး။ ဒီတော့ ဒါကို ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သူတို့စဉ်းစားနေတယ် လို့ထင်တယ်’’ ဟု သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ၎င်း၏အမြင် ကိုပြောသည်။
လက်ရှိအချိန်တွင် အနိုင်ရဒီချုပ်ပါတီကို ပြည်ခိုင်ဖြိုးပါတီက ရဲအရေးပိုင်သောအမှုများဖြင့် ရဲစခန်းအသီးသီး၌ အမှုဖွင့်တိုင်ကြား ထားသည်။ သို့သော် ငွေကျပ်ငါးသိန်း ပေးသွင်း၍ ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲ
ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားခြင်း ကသာ အဓိက အရေးကြီးပြီး အနိုင်ရ ကိုယ်စားလှယ်ကို ဖြုတ်ချနိုင်သည့် အတွက် ယင်းကန့်ကွက်လွှာ များကိုသာ အဓိကဂရုပြုရမည်ဖြစ်သည်။ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးတွင် ကန့်ကွက်လွှာတင်သွင်းမှုမှာ ယခု ဆောင်းပါးရေးသားချိန်အထိ တစ်မှုမျှမရှိသေးပေ။
 ထို့ကြောင့် ၁၉၉၀ ရွေးကောက်ပွဲကာလတွင် အသုံးပြုခဲ့ သည့် အနိုင်ရဒီချုပ် ကိုယ်စားလှယ်လောင်းများကို အရည်အချင်းပျက် ယွင်းမှုဖြင့် ဖြုတ်ချ၍ ရွေးကောက် ပွဲရလဒ်ကို ပြောင်းပစ်ရန် မှာလည်း မဖြစ်နိုင်တော့ရာ NLD အစိုးရဖွဲ့ရေးနှင့် သမ္မတလောင်းတင်နိုင်ရေး တို့သည်လည်း သေချာပေါက် ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုချက်ကို သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ လက်ခံ
တွေ့ဆုံရေးမှာ ဖြစ်လာမည်သာဖြစ်ကြောင်း ဦးစည်သူ အောင်မြင့်က သုံးသပ်သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်အ နေနဲ့ လက်ရှိအချိန်အထိ သူကိုယ် တိုင်လည်း သူ့နေရာကို သူမပြောနိုင်သေးဘူး။ ဒါ တပ်မတော်နဲ့ မတွေ့ရသေးလို့လည်း ဖြစ်နိုင်တယ်။တွေ့ကြတဲ့အခါ ညှိနှိုင်းဖို့က ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်နေတယ်။ နေရာတိုင်းမှာ သူနဲ့တပ်မတော်ပဲ တွေ့မှာကိုး။  ၀န်ကြီး၊ ဒုဝန်ကြီးနေရာတွေ သူခန့်ရင်တောင် အောက်မှာ စစ်တပ်ထွက်တွေက ထုနဲ့ထည်နဲ့ နေရာယူ ထားပြီးသားမို့’’ဟု ၎င်းကပြောသည်။
သမ္မတနှင့် ကာကွယ်ရေးဦး စီးချုပ်တို့၏ ပြန်ကြားစာနှစ်စောင် စလုံးတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးချိန်၌ တွေ့ဆုံမည်ဟု ပါရှိထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအနေဖြင့် ရွေး ကောက်ပွဲအစီရင်ခံစာကို သမ္မတ ထံ တင်သွင်းခြင်း၊ ကိုယ်စားလှယ် လောင်းကန့်ကွက်လွှာများကို ရွေး ကောက်ပွဲအပြီး ၄၅ ရက်အတွင်း စီရင်ဆုံးဖြတ်ခြင်း စသည့် လုပ်ငန်းစဉ်များ အားလုံး ပြီးစီးချိန်ဆိုပါက ခေါင်းဆောင်သုံးဦးတွေ့ဆုံမှုသည်  ဒီဇင်ဘာလကုန်ပိုင်း ဖြစ်နိုင်သည် ဟု ခန့်မှန်းမှုများလည်း ရှိသည်။
 တွေ့ဆုံမှုတွင် သမ္မတနှင့် တပ်ချုပ်တို့က ဒေါ်အောင်ဆန်းစု ကြည်ကို အတူတကွတွေ့ဆုံမည် လား(သို့မဟုတ်)သီးခြားစီတွေ့ဆုံ မည်လားဆိုသည်ကိုမူ မသိရသေးပေ။
‘‘သူတို့တွေအားလုံး အတူတူ တွေ့မယ်လို့ ထင်လို့လား။ ကျွန် တော်တော့ သိပ်မထင်ပါဘူး။ တွေ့ရင်လည်း သီးခြားစီပဲတွေ့ ကြမှာပါ’’ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဘာတေးလ်လင့်တနာ ကပြောသည်။
ဆောင်းပါးရှင် လယ်ရီဂျေ ဂင်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် သမ္မတဖြစ်ရေး အတွက် ကြိုးပမ်းနေဆဲဖြစ်ပြီး NLD ကတင်မည့် သမ္မတလောင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် သာဖြစ်ကြောင်း ပါတီနာယက ဦးတင်ဦး နှင့် ပါတီအသိုင်းအ၀ိုင်းကို ကိုးကား၍ ၎င်း၏ ‘‘သံမဏိလိပ်ပြာသမ္မတဖြစ်ရန်ပြင်ပြီ’’ ဆောင်းပါး တွင် ရေးသားထားသည်။ ဒေါ် အောင်ဆန်းစုကြည်ကို သမ္မတမ ဖြစ်ရန် တားဆီးထားသည့် ပုဒ်မ ၅၉(စ)အား ၎င်းတစ်ဦးတည်းကို ခြွင်းချက်ထား၍ ပြင်ဆင်ရန် တပ်မတော်က လက်ခံနိုင်ဖွယ် ရှိကြောင်းလည်း သတင်းစာဆရာက ခန့်မှန်းထားပြန်သည်။ ထိုအချက်များက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့်တွေ့ဆုံရန် ကြိုးစားမှုများ ဖြစ်လာကြောင်း ၎င်းကထောက်ပြသည်။
သို့သော် ဒေါ်အောင်ဆန်းစု ကြည်ကမူ ဖွဲ့စည်းပုံပြင်ဆင်ရေး သည် တစ်လနှစ်လအတွင်း ပြင်ဆင်နိုင်သည့်ကိစ္စမဟုတ်ဘဲ သမ္မတ တစ်ဦးကို ၎င်းကိုယ်တိုင် ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း ၀ါရှင်တန်ပို့စ်နှင့် မေးမြန်းခန်း၌
အတိအလင်းပြောကြား ထားပြီးဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၏မြေး ကိုနေရွှေသွေးအောင်က ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ယင်းသတင်းအပေါ် လက်ရှိ အစိုးရအာဏာပိုင်များ ဘက်က အထူးသတိထား၍ လှုပ်လှုပ်ရှားရှား တုံ့ပြန်မှုအချို့ ရှိခဲ့သည်ကို ဝေဖန်ထောက်ပြခြင်းများ ရှိခဲ့သည်။
‘‘ဒေါ်အောင်ဆန်းစုကြည်ဆီ ပြန်ကြားတဲ့စာအရဆိုရင်တော့ ဒီ ဇင်ဘာလကုန်လောက်တော့တွေ့ ကြမယ်ထင်တယ်။ ဒါပေမဲ့ တွေ့ဖို့က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ် မူတည်ပါတယ်။ နောက်ပြီး သူတို့နှစ်ယောက် (ဒေါ်အောင်ဆန်းစုကြည်နဲ့ နေရွှေသွေးအောင်) တို့ တွေ့တဲ့နေ့မတိုင်ခင်လေးမှာပဲ နေရွှေသွေးအောင်နဲ့ ပတ်သက်လို့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်က သူ့ဖေ့စ်ဘွတ်ခ် အကောင့်မှာ ပြောကြားချက်တွေက ထူးဆန်းတယ်။
တော်တော်လေးရဲရဲရင့်ရင့်ပြောထားတယ်။ သူဘာကြောင့် ဒီလိုပြောနိုင်လဲဆိုတာပေါ့’’ဟု စစ်ရေးနှင့်နိုင်ငံရေး လေ့လာသုံးသပ် သူတစ်ဦးက ပြောကြားသည်။
တွေ့ဆုံဆွေးနွေးမှုကို အချိန် ယူနေခြင်း (သို့မဟုတ်) အချိန်ဆွဲ နေခြင်း ဖြစ်လာမည်ကို နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက စိုးရိမ်နေပြီး အထူးသဖြင့် NLD အစိုးရသစ်တစ်ရပ် မဖွဲ့နိုင်မီ ကြားကာလ တည်ငြိမ်ရေးတွင်
ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု၊ မသမာမှုများကို အသုံးချ၍ အနိုင်ရ ပါတီအပေါ် တိုက်ခိုက် လာနိုင်ခြေများကို အထူးသတိထား စောင့်ကြည့်နေချိန်တွင် ယခုကဲ့သို့ နေရွှေသွေးအောင်က ဒေါ်အောင် ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
‘‘ဒီတွေ့ဆုံမှုကို Informal လို့ပဲပြောရမှာပါ။ တကယ် တွေ့ဆုံခဲ့တာမှန်ရင် လမ်းကြောင်းချောမွေ့စေရေး အတွက် အများကြီး အထောက်အကူပြုနိုင်တယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ သူ(နေ ရွှေသွေးအောင်)ဆီမှာ mandate ဘယ်လောက်ရှိသလဲ ဆိုတဲ့အပေါ် မှာလည်း မူတည်ပါတယ်’’ဟု နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် သတင်းစာဆရာ လက်ျာထွန်းကပြော သည်။
‘‘တွေ့ဖို့များပါတယ်။ ရှောင် လွှဲလို့လည်း မရနိုင်တော့အောင် (NLD)နိုင်ထားတဲ့ ပမာဏက အ ရင်လို အရည်အချင်းပျက်ယွင်းမှုနဲ့ ရလဒ်ကို ပြောင်းပြန်လှန်နိုင်တဲ့အ နေအထား မရှိတာ သေချာနေပြီ။ ရွေးကောက်ပွဲ
လုပ်ငန်းစဉ်ပြီးဆုံးမှ လို့ ပြောထားတာကတော့ မလို အပ်ဘဲ ပြည်သူတွေကို စိုးရိမ်ပူပန် မှုတိုးစေတယ်။ဘာပဲဖြစ်ဖြစ် တွေ့ဖို့ကတော့ များပါတယ်’’ဟု နိုင်ငံ ရေးနှင့် တပ်မတော်ဆိုင်ရာ လေ့လာသုံးသပ် ဆောင်းပါးများ
ရေးသားသူ မသီတာ(စမ်းချောင်း)က ပြောသည်။
မြန်မာပြည်သူအများစုသည် ညွန့်ပေါင်းအစိုးရ ဆိုသည့် အသုံးအနှုန်းကို မကြိုက်ကြသော်လည်း လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားချက်အရ အနိုင်ရလာ သည့် မည်သည့်ပါတီမဆို တပ်မတော်နှင့် ကျိန်းသေ ညှိနှိုင်းပြီး အစိုးရဖွဲ့ရမည် သာဖြစ်၍ ညွန့်ပေါင်း အစိုးရသာဖြစ်ကြောင်း၊ ယခုNLD အနေဖြင့်လည်း ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်နှစ်ရပ်စလုံးတွင် ပါဝင်နေသည့် တပ်မတော် နှင့် လက်တွဲ၍ ညှိနှိုင်းခြင်းကြောင့်
ညွှန့်ပေါင်း ပုံစံသာ ဖြစ်သွားမည်ဖြစ်ကြောင်း မသီတာ(စမ်းချောင်း)က ထောက်ပြသည်။
‘‘အရင်သက်တမ်းမှာလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကို ကြည့်လိုက်ရင် ဒီလူတွေချည်းပဲဆိုတော့ ပြည်သူတွေက ရုတ်တရက် အမြင်မှာ ဒါဟာ ညွန့်ပေါင်းလို့ မမြင်ကြဘူး။ အခု NLD က နိုင်သွားတဲ့အခါ ကျတော့ ဒီအခြေခံအချက်ပေါ် စဉ်းစားရင် သေချာပေါက်တပ် နဲ့ ညှိရပြီး ညွန့်ပေါင်းဖြစ်သွားမှာ ပဲ။ ကာကွယ်ရေး၊ နယ်စပ်ရေးရာ နဲ့ ပြည်ထဲရေးက ကာကွယ်ရေးဦးစီးချုပ်က ခန့်ရတာပဲလေ’’
ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ် အောင်ဆန်းစုကြည်က တွေ့ဆုံ ဆွေးနွေးရေးအတွက် သမ္မတနှင့်တပ်ချုပ်တို့ဘက်က ၄၅ ရက်ခန့် အချိန်ယူနိုင်ကြောင်း ခန့်မှန်းထားသည်။
‘‘ကျွန်မကတော့ သူတို့တွေ ၄၅ ရက်လောက် အချိန်ယူပြီး စောင့်နေဦးမယ်လို့ ထင်တယ်။ အတိအကျတော့မဆိုလိုဘူး’’ဟုပြော သည်။         ။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video