ရွေးကောက်ပွဲ နေ့နှင့် အစိုးရသစ်ထံ အာဏာလွှဲပြောင်းမည့်နေ့ကြားတွင် ကြားကာလ လေးလကျော် ရှိနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ကြေညာ သော အပြီးသတ်ရွေးကောက်ပွဲ ရ လဒ်အရ အတိုက်အခံပါတီ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
က ပြည်ထောင်စုလွှတ်တော်၏ ရွေးကောက်ခံအမတ်နေရာ ၇၉ ဒသမ ၄ ရာခိုင်နှုန်းကို အနိုင်ရရှိ ခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်တွင် တပ်မတော် သား ၂၅ ရာခိုင်နှုန်းက နေရာယူ ထားဦးမည်ဖြစ်သည်။ အသွင်ကူး ပြောင်းရေးကို အစပြုခဲ့သူ တပ်မတော်သည် ရွေးကောက်ပွဲကို ထောက်ခံပြီး ရလဒ်ကိုလေးစား မည်ဟု လောလောလတ်လတ်ပင် ကတိပြုထားသည်။ သို့သော် တပ် မတော်၏ မျှော်မှန်းချက် ဘာဆို သည်မှာ ယခုအထိ ရှင်းရှင်းလင်း လင်းမတွေ့ရသေးပေ။ အာဏာ ချောချောမွေ့မွေ့ လွှဲပြောင်းရေး၊ တည်ငြိမ်မှု ရရှိရေးတို့အတွက် နိုင်ငံရေးမျှ ခြေသဘောတူညီချက် ကို အဓိကကျသော ခေါင်းဆောင် များအကြား တွေ့ဆုံဆွေးနွေးမှုမှ နေ၍ ရနိုင်ရန် ပြည်သူအများစုက မျှော်လင့်နေကြသည်။ ရွေး ကောက်ပွဲမဲအများစုအနိုင်ရချိန် တွင် အတိုက်အခံခေါင်းဆောင် ပထမဆုံး လုပ်ဆောင်ခဲ့သောအလုပ်က အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး ဆွေးနွေးလိုပါသည်ဆိုသော စာများကို သမ္မတ ဦးသိန်းစိန်၊တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ထံ တစ်စောင်စီပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ သုံးဦးစလုံးက တွေ့ဆုံမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ သည်။ သို့သော် တပ်ချုပ်၊ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံမှုသည် ယခုအချိန်အထိ အကောင်အထည်မပေါ်သေးပေ။
နိုဝင်ဘာ ၈ ရက်က ဒီချုပ်ရုံးရှေ့တွင် ရွေးကောက်ပွဲရလဒ်ကြေညာသည်များကို စောင့်ကြည့်ရင်း အောင်ပွဲခံနေသော ပြည်သူများကိုတွေ့ရစဉ်။
ဓာတ်ပုံ − ရဲအောင်သူ/အေအက်ဖ်ပီ
ဒေါ်အောင်ဆန်းစုကြည် သည် ပြုပြင်ပြောင်းလဲရေးလိုလား သော စစ်ဗိုလ်ချုပ်ကြီးဟောင်းတစ် ဦးအဖြစ် လူအသိအမှတ်ပြုခံလာ ရသည့် လက်ရှိပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းနှင့် တွေ့ဆုံဆွေးနွေးမှု ခပ်စိပ်စိပ်ပြု လုပ်လျက်ရှိသည်။ နိုဝင်ဘာ ၂၃ ရက်တွင် သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌရုံး၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် တစ်ရက် တည်းမှာပင် ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် သူရဦး ရွှေမန်းတို့ သီးသန့်တွေ့ဆုံဆွေး နွေးမှုလည်းရှိခဲ့သည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ဘက်က အခုချိန်ထိ သိမ်သိမ်မွေ့ မွေ့သွားနေတဲ့အတွက် အခြေအ နေက ကောင်းနေတယ်’’ဟု နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဦးကျော် ၀င်းက ပြောသည်။ ဆက်လက်၍ ၎င်းက ‘‘ဒါပေ မဲ့ တစ်ဖက်က ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူး။ ဒါကို စောင့်ကြည့်ရ မှာပဲ’’ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အ နေဖြင့် တပ်မတော်နှင့် လက်တွဲ ဆောင်ရွက်လိုကြောင်း လူသိရှင် ကြား ထုတ်ဖော်ပြောထားသည်။ ထို့အတူနှစ်ဦးနှစ်ဖက် အနိုင်ရမည့် အကျိုးသင့်အကြောင်းသင့်အရေး ကြီးအပြောင်းအလဲများ အရေး ဆွေးနွေးရန်လည်း တပ်မတော်ထံ သတင်းစကားများ သွယ်ဝိုက်၍ ပါးလျက်ရှိသည်။
ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီး ယခုလမှစ၍ သမ္မတ ရွေးချယ်မည့် ဖြစ်နိုင်ခြေသည် ဖေဖော်ဝါရီကြားကာလမှာ မသေချာ မရေရာမှုများသည့် ကာလဖြစ် မည်ဖြစ်ပြီး တင်းမာမှုများဖြစ်နိုင်ခြေ ရှိသည်ဟူ၍
မြန်မာ့နိုင်ငံရေး လေ့လာသူများအကြား စိုးရိမ်မှု များခဲ့ကြသည်။ ကြားကာလ လေးလကျော်ကျော် ရှည်လျားရာ မည် သူသမ္မတဖြစ်မည်ဆိုသည့်အပေါ် မတူညီသောအုပ်စုများ ညှိနှိုင်းမှု များအပါအ၀င် ရှုပ်ထွေးမှုများ ထွက်ပေါ်ရန် အချိန်များများရနေ မည့်ကာလလည်းဖြစ်သည်။
‘‘ရွေးကောက်ပွဲပြီးနောက်မှာ အစိုးရသစ်တစ်ရပ်ဖွဲ့ဖို့ လပေါင်း များစွာ အချိန်ယူတာဟာ ဘယ် တိုင်းပြည်မှာမဆို ပုံမှန်တော့သိပ်မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြေအနေမှာဆိုရင် ဒီစည်းမျဉ်းဟာ ရွေးကောက်ပွဲရလဒ်နဲ့ ကြားဝင် စွက်ဖက်ဖို့ ရည်ရွယ်ထားတာလို့ လူတော်တော်များများက သံသယရှိနိုင်တယ်’’ဟု မြန်မာ့နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ၀ါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောသည်။
လက်ရှိအာဏာရ ပြည်ခိုင် ဖြိုးနှင့် ယခင်အာဏာပိုင်ဟောင်း ကြီးများ အကြီးအကျယ်ရှုံးနိမ့်မည့်အကြောင်းရင်းများကို ရွေးကောက် ပွဲမတိုင်ခင်နှစ်လကြို၍ အပြည် ပြည်ဆိုင်ရာ အကျပ်အတည်းအဖွဲ့ (ICG) သုံးသပ် အစီရင်ခံထုတ်ခဲ့ သော်လည်း အစိုးရ၊ လွှတ်တော် များနှင့် တပ်မတော်မှ လက်ရှိပြု ပြင်ပြောင်းလဲရေးသမား ခေါင်း ဆောင်များ ပြန်လည်ပေါင်းစည်း မည်ဆိုပါက ရှေးရိုးဆန်သော အာဏာပိုင်ဟောင်းများက မည်သို့တုံ့ ပြန်ကြမည်နည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းသိရှိရန် မလွယ်ကူ ကြောင်း ထောက်ပြထားသည်။
‘‘အဓိက အနီးကပ်ဆုံးချက် ချင်းစိန်ခေါ်ချက်က အစိုးရသစ် ဖွဲ့ စည်းခြင်းပဲ။ ရှေ့ဆက်သွားဖို့အတွက် အကျိုးအကြောင်းသင့် သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်မတော်ကြားမှာ
ဆွေးနွေးမှုနဲ့ သဘောတူညီမှုရှိဖို့ ဖြစ်ပါတယ်။ တပ်မတော်လို့ ကျွန်တော်ပြောတဲ့နေရာမှာ ဦးသိန်းစိန်၊ တပ်ချုပ် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေတို့ကိုဆိုလိုပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်နဲ့ တပ်မတော်ကြားက သဘောတူညီချက်ကသာလျှင် အရာရာရှေ့ကို အပြုသဘောနဲ့ချောချောမွေ့မွေ့ရွေ့နိုင်ဖို့က အဓိကအခြေခံအကြောင်းရင်းပါ။ ဒါဟာနိုင်ငံနဲ့ပြည်သူလူထုရဲ့ အကျိုးစီးပွားဖြစ်သလို တပ်မတော်အတွက် ကောင်းသော အကျိုးစီးပွား လည်းပဲဖြစ်တယ်’’ဟု Center For Demo-cracy and Culture ၏ သုတေသနပညာရှင် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ် ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် မကြာသေးမီကပင်မြန်မာ နိုင်ငံရှိ နိုင်ငံတကာ သံရုံးများမှ သံ တမန်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံတကာ၏၀ိုင်း ၀န်းကူညီမှုကို တောင်းဆိုခဲ့သည်။ အမေရိကန် အပါအ၀င်
နိုင်ငံတကာမှလည်း ရွေးကောက်ပွဲရလဒ် အတိုင်း ပြည်သူ့ဆန္ဒနှင့်အညီ အ စိုးရဖွဲ့နိုင်ရေးအတွက် မြန်မာ့နိုင်ငံ ရေးခေါင်းဆောင်များအားလုံးပူး ပေါင်းဆွေးနွေးကြရန် တောက် လျောက်တိုက်တွန်းလျက်ရှိသည်။
‘‘အရေးကြီးတာက အစိုးရ သစ်တက်လာပြီးနောက်ပိုင်းတည် ငြိမ်တဲ့အစိုးရသစ်ဖြစ်လာဖို့ နိုင်ငံ တကာ အသိုင်းအ၀ိုင်းအားလုံး လက်တွဲကူညီပေးဖို့ပါ’’ဟု မြန်မာ နိုင်ငံတွင် တာဝန်ထမ်းဆောင်နေ သော အာရှအင်အားကြီး
နိုင်ငံတစ်ခုမှ သံတမန်ကပြောသည်။
လက်ရှိလွှတ်တော်သည် ဇန်န၀ါရီ ၃၁ ရက်တွင် သက်တမ်း ကုန်မည်ဖြစ်ပြီး ဦးသိန်းစိန်အစိုးရ သည် မတ်လ ၃၀ ရက်တွင် သက်တမ်းပြီးဆုံးမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည် သူ့လွှတ်တော်၏ သက်တမ်းတစ် ရပ်စတင်သော ပထမအကြိမ် ပုံ မှန်အစည်းအဝေးကို အထွေထွေ ရွေးကောက်ပွဲစတင်ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အ တွင်း ကျင်းပရမည်ဖြစ်သည်။ ထို့နောက်ပြည်ထောင်စု လွှတ်တော်၏
ပထ မအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမ အစည်းအဝေးစတင်သည့် နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်ဖြစ် သည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပ ဒေအရ သမ္မတရွေးချယ်ရေးအဖွဲ့ အဖြစ် ယာယီတာဝန်ထမ်းဆောင် သော ပြည်ထောင်စုလွှတ်တော်က သွယ်ဝိုက်၍ ရွေးချယ်ပေးရသော သမ္မတစနစ်ဆန်ဆန် စနစ်ဖြစ်နေ ပြီး သမ္မတက အစိုးရအဖွဲ့ကို ဖွဲ့ စည်းမည်ဖြစ်သလို ၎င်းသည် ရာ ထူးလက်ခံပြီးချိန်၌ ပါတီ၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ် ဆိုင်းရမည်ဖြစ်သည်။ သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေး ချယ်တင်မြှောက်ရမည်ဖြစ်ပြီး ယင်းအဖွဲ့ကို ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ထိုလွှတ်တော်နှစ်ရပ် အတွက် တပ်ချုပ်က အမည်စာ ရင်းတင်သွင်းသည့် တပ်မတော် သားကိုယ်စားလှယ်များ အစုအဖွဲ့ ဆိုသည့် သုံးဖွဲ့မှနေ၍ ဒုသမ္မတ တစ်ဦးစီကို ရွေးချယ်တင်မြှောက် ရမည်ဖြစ်သည်။ လွှတ်တော်ကိုယ် စားလှယ်များထဲမှဖြစ်စေ၊ လွှတ် တော်ကိုယ်စားလှယ်မဟုတ်သူ များထဲမှ ဖြစ်စေ ရွေးချယ်တင် မြှောက်နိုင်သည်။ ယင်းအနက် တစ်ဦးကို သမ္မတအဖြစ် လွှတ် တော်တွင် ဆန္ဒမဲပေးရွေးချယ်ကြ မည်ဖြစ်သည်။
တပ်မတော်က ၂၅ ရာခိုင် နှုန်းမှာ ရှိမြဲရှိနေမည်ဖြစ်သလို အဓိကျသည့် ကာကွယ်ရေး၊ ပြည် ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီး များကို တပ်မတော်က တိုက်ရိုက် ခန့်အပ်ဦးမည်ဖြစ်သည်။ ထို့အတူ တပ်မတော်က တင်မြှောက်မည့် ဒု သမ္မတတစ်ဦးလည်း NLD အစိုးရ အဖွဲ့တွင် ပါဝင်နေမည်ဖြစ်သည်။
ဤအခြေအနေတွင် အရေး ကြီးသော မေးခွန်းက သမ္မတ ဘယ်သူဖြစ်မလဲဆိုသည့် မေးခွန်း ဖြစ်နေသည်။ အနိုင်ရပါတီခေါင်း ဆောင်က ခန့်အပ်တာဝန်ပေးမည့် သမ္မတသည် အာဏာရှိမည်မ ဟုတ်ဘဲ သမ္မတအထက်တွင် သူ ရှိမည်။ နိုင်ငံရေးဆုံးဖြတ်ချက် အားလုံးက ၎င်းကသာ ချမှတ်မည် ဟု ပြောကြားလာသည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတနေရာအတွက် ဆက် လက်ပိတ်ပင်ခံထားရပြီး သမ္မတ လောင်းကို ညှိနှိုင်းရွေးချယ်ဖို့ ဖြစ် နေတဲ့ အခြေအနေမျိုးမှာ တပ်မ တော်ဟာ NLD ရဲ့ ကြီးမားတဲ့ အ နိုင်ရမှုကို လက်ခံဖို့ အဆင်သင့် ဖြစ်နေနိုင်တယ်လို့ စိတ်ကူးကြည့် နိုင်ပါတယ်’’ဟု နိုင်ငံတကာရှိ ပဋိပက္ခများ တားဆီးဖြေရှင်းရန် ကွင်းဆင်းလေ့လာသုတေသနများပြုလုပ်ကာ အကြံပေးအားပေးမှုများ ပြုလုပ်နေသော ICG ၏ မြန်မာ့ရွေးကောက်ပွဲ အခမ်းအကျင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။
အကယ်၍ ရုပ်သေး သမ္မတ တစ်ဦးဦးကို ဒေါ်အောင်ဆန်းစု ကြည်က တာဝန်ပေးအပ်မည်ဆိုပါက ကာ/လုံ ကောင်စီ၊ ဘဏ္ဍာရေး ကော်မရှင်အစရှိသည်တို့ကို ဥက္ကဋ္ဌတာဝန်ယူခြင်းအပါအ၀င် သမ္မတ ရုံးနှင့် အစိုးရအဖွဲ့တာဝန်ကို ထိ ထိရောက်ရောက်ထမ်းဆောင်ရာ ၌ အခက်အခဲကြုံရလာနိုင်ခြေရှိနေကြောင်း မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူများက ထောက်ပြနေ သည်။
NLD အနေဖြင့် ရွေးကောက် ပွဲ မဲအများစုအနိုင်ရပြီး လွှတ်တော် တွင် သမ္မတတင်မြှောက်ခြင်း အောင်မြင်၍ အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိကြ သည့် တပ်မတော်အရာရှိများပါ ၀င်သည့် အမျိုးသားရင်ကြားစေ့ ရေးအစိုးရကို ဖွဲ့စည်းသင့် ကြောင်းမြန်မာ့နိုင်ငံရေးလေ့လာသူအချို့ က တိုက်တွန်းနေကြသည်။ ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင်က လည်း NLD အနိုင်ရ၍ အစိုးရဖွဲ့ သည့်အခါ အမျိုးသားရင်ကြားစေ့ ရေးအစိုးရကို ဖွဲ့စည်းမည်၊ အမျိုး သားရင်ကြားစေ့ရေးကို အခြေခံ၍ ပူးပေါင်းမည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အ စည်းများကို ကြိုဆိုမည်ဟု ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးခရီးစဉ် အတွင်း မကြာသေးမီကပင် လူ သိရှင်ကြားမိန့်ခွန်းပြောခဲ့သည်။ မည်သူ့ကိုမှ အာဃာတမထားဘဲ လက်တွဲလုပ်မည်၊ တပ်မတော်မှ မည်သူ့ကိုမျှ တိုက်ခိုက်ချင်သည့် ဆန္ဒမရှိ၊ အရေးယူရန်၊ ပြဿနာရှာ ရန် ရည်ရွယ်ချက်မရှိဆိုသော စ ကားမှာ ၎င်း၏ စည်းရုံးရေးခရီးစဉ် များအတွင်း မကြာခဏပြောကြား နေခဲ့သော သတင်းစကားဖြစ်လာ ခဲ့သည်။ ထို့အတူ NLD အစိုးရဖွဲ့ နိုင်ပါက တပ်မတော်ကို သိက္ခာရှိ စွာ ရပ်တည်နိုင်သည့် တပ်မတော် တစ်ရပ်အဖြစ် ရပ်တည်နိုင်ရေး ပံ့ပိုးခြင်းများ လုပ်ဆောင်မည်ဟုလည်း ပြောထားသည်။ သို့သော်ယခုအချိန်ထိမူ တပ်မတော်နှင့် အနိုင်ရပါတီခေါင်းဆောင်ကြား တွေ့ဆုံဆွေးနွေးမှုကို ပြည် သူများ မမြင်ကြရသေးပေ။

Comments
Post a Comment