Skip to main content

Posts

Showing posts from April, 2017

အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ

အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ခဲ့ရာမှာ ဧပြီလ ၂၉ ရက်နေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပါတယ်။ အခု အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အဓိက လွှမ်းမိုးခဲ့တဲ့ အကြောင်းအရာတွေကတော့ မြောက်ကိုရီးယား နျူးကလီးယားအရေး၊ တောင်တရုတ်ပင်လယ် အတွင်း ပင်လယ်ပိုင်နက် အငြင်းပွားမှု အရေးနဲ့ အာဆီယံဒေတွင်း နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကိစ္စတွေဖြစ်ပါတယ်။

ပျောက်နေတဲ့ ရန်ပုံငွေကျပ်သန်း ၇၀၀၀ အနက် သန်း ၁၇၀၀ ကျော် ပြန်ပေးမည်ဟု မကွေးတိုင်း ဝန်ကြီးချူပ်ဟောင်းဆို

ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ လက်ထက် မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူခဲ့ တယ်လို့ ပြောဆိုနေကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို မကြာမှီရက်ပိုင်း အတွင်း လက်ရှိ အစိုးရထံ ပြန်လည်ပေးအပ် သွားမယ် လို့ ပြောဆိုထားတဲ့ အကြောင်း လက်ရှိမကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေ ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးညီလာခံတက်ဖို့ မနီလာမြို့ကိုရောက်ရှိ

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံ တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနီလာမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီး ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ကြောင်း မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

ရိုဟင်ဂျာအရေး ဒေါ်စုနှင့် အင်ဒိုသမ္မတ ဆွေးနွေး

ရခိုင်ပြည်နယ် ပဋိပက္ခဟာ ရှုပ်ထွေးပြီး အခက်အခဲတွေ ရှိပေမဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ မြန်မာ အစိုးရဘက်က သံဓိဌာန် အခိုင်အမာ ချထားကြောင်း ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲကို တက်ရောက် လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်။ ဧပြီလ (၂၉)ရက် စနေနေ့က အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အလားအလာ – အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးနှစ်လို့ ခေါ်ဆိုထားပါတယ်။ အဲဒီလိုပဲ ၂၁ ပင်လုံညီလာခံ ဒုတိယအကြိမ်ကလည်း ဖေဖော်ဝါရီလထဲမှာ ပြန်လည်ကျင်းပဖို့ ရှိပါတယ်။ အဲဒီတော့ မြန်မာပြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုအလားအလာတွေ ရှိနိုင်မလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင်တွေဖြစ်တဲ့ ဆရာဦးသန်းစိုးနိုင်နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။

NLD အစိုးရသက်တမ်း ပထမနှစ်မှာ စီးပွားရေး တုံ့နှေးနေတာနဲ့ ပတ်သက်ပြီး

NLD အစိုးရသက်တမ်း ပထမနှစ်မှာ စီးပွားရေး တုံ့နှေးနေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာလောကမှာ အမျိုးမျိုးဝေဖန်ရေးသား ကြပါတယ်။ စီးပွားရေးပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ရင် ပြည်သူ့စားဝတ်နေရေး အခြေအနေဟာ ပိုမိုဆိုးဝါးလာဖွယ် ရှိတယ်လို့ ဧပြီလ (၂၁) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြပါတယ်။ စီးပွားရေးကျပ်တည်းလာတာဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ အခြေအနေကို ရောက်လာတယ်လို့ ပြည့်ခိုင်ဖြိုးပါတီဥက္ကဋ္ဌက နေပြည်တော်မှာ ပြောပါတယ်။ ဒါပေမဲ့ ဝါရင့်လုပ်ငန်းရှင်တွေကတော့ ရေရှည်မှာ ကောင်းမွန်လာလိမ့်မယ်လို့ မြင်ကြပါတယ်။

UNFC က NCA လက်မှတ်ထိုး လိုကြောင်း ဒေါက်တာတင်မျိုး ဝင်း ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA ကိုလက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးရယူဖို့ တိုင်းရင်းသားအားလုံးက သဘောထား ဆန္ဒတစ်ခုတည်းရှိကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC က ခူဦးရယ် ဦးေ ဆာင်တဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ ဧပြီလ ၂၈ ရက်နေ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဒေါက်တာ တင်မျိုးဝင်း က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

ကျောက်စိမ်းတုံးကို မြစ်ကြီးနားမြို့ သို့ သယ်ယူ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေမဆေး သမားတွေ တွေ့ရှိခဲ့တဲ့ ခန့်မှန်းအလေးချိန် ၄ တန်ကျော်ရှိ ကျောက်စိမ်းအရိုင်းတုံးကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်နဲ့ မြစ်ကြီးနားမြို့ကို ဒီကနေ့ သယ်ယူလာပြီဖြစ်ပါတယ်။ ကျောက်စိမ်းတုံး တွေ့ရှိခဲ့သူတွေကို ကုမ္ပဏီဘက်က ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာ့ရှစ်ဆယ် ပေးပြီး ညှိနှိုင်းအဆင်ပြေတဲ့အတွက် အဲဒီကျောက်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ်နဲ့ လုံခင်းကျောက်စိမ်းရုံးကနေ မြစ်ကြီးနားကို ဒီကနေ့ သယ်ဆောင်သွားပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

ပြန်မလွှဲရင်တော့ ညွန်ကြားချက်အတိုင်း ဆက်လုပ်မယ်” ဆိုတဲ့ ဒေါက်တာ အောင်မိုးညို

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ လက်ထက် ကျပ် သန်းပေါင်း ထောင်နဲ့ ချီပျောက်ဆုံးနေတဲ့ ရန်ပုံငွေတွေကို လက်ရှိ အစိုးရထံ လွှဲပြောင်း ပေးအပ်ခြင်း မပြုလုပ်ရင် တည်ဆဲဥပဒေတွေနဲ့ အညီ အရေးယူ ဆောင်ရွက် မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ဘေးကျပ် နံကျပ် နိုင်ငံရေး နှင့် မွန်ပြည်သစ်ပါတီ၏ အနာဂတ်

လက်ရှိတွင် မွန်ပြည်သူများအဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် လက်မှတ် ရေးထိုးမည်လား၊ ပြည်တွင်းရှိ မွန်နိုင်ငံရေး ပါတီများ၏ စုစည်းမရသော အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် ဖွဲ့စည်းထားသည့် “ပေါင်းစပ် ညှိနှိုင်းရေး ကော်မရှင်” ကို မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် မည်သို့ ဆက်လက် ရပ်တည်မည်နည်း ဆိုသည့် အချက်များမှာ စိတ်ဝင်စားစရာ ကောင်းသည့် မေးခွန်းများ ဖြစ်နေသည်။

တရုတ်ခရီးစဉ်မှာ သမ္မတဦးထင်ကျော် ဘာရခဲ့မလဲ

တရုတ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ် အတွင်းတွင် မြန်မာ သမ္မတ ဦးထင်ကျော် အနေဖြင့် တရုတ်သမ္မတ ရှီကျင်ဖျင့် အပါအဝင် တရုတ်ခေါင်းဆောင်များ နှင့် အရေးပါသော ကိစ္စ အတော်များများကို ဆွေးနွေးလိမ့်မည် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျောထောက်နောက်ခံဖြင့် သမ္မတ ဦးထင်ကျော်က ၂ နိုင်ငံ ကြားတွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ရာ၌ အရေးပါသောနေရာတခုမှ ပါဝင်ရတော့မည် ဖြစ်သည်။

ရခိုင်အရေး တရုတ်ပါဝင်မှု လက်မခံဟု သမ္မတရုံးပြော

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ကိစ္စများကို ကူညီဖြေရှင်းရန် တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) က တောင်းဆိုထားသော်လည်း လက်ခံမည် မဟုတ်ဘဲ အဓိကသက်ဆိုင်သည့် ဘင်္ဂလားဒေရှ် နိုင်ငံနှင့်သာ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး က ပြောသည်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၇ ဦး ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံရ

ကမာရွတ်မြို့နယ် ဒုအထွေထွေအုပ်ချုပ်ရေးမှူးက အမျိုးသားရေး လှုပ်ရှားသူများဟု ဆိုသည့် ဦးပါမောက္ခ၊ ဦးဉာဏဓမ္မ၊ ဦးသုစိတ္တ၊ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦးနှင့် ဦးနေဝင်းအောင် တို့ ၇ ဦးကို ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက အမေရိကန် သံရုံးရှေ့တွင် ပြုလုပ်ခဲ့သည့် “ရိုဟင်ဂျာလူမှု အသိုက်အဝန်း” အသုံးအနှုန်း ကန့်ကွက် ဆန္ဒထုတ်ဖော်မှုသည် နိုင်ငံတော်အား အများပြည်သူ အကြည်ညိုပျက်စေသည့်အတွက် ယမန်နှစ်က တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

KNU နှင့် တပ်မတော်အကြား သေနတ်ပြန်ပေါက်မှု ညှိနှိုင်း၍ ပြေလည်မှုရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တပ်မတော် စစ်ကြောင်းအကြား သေနတ်ပြန်ပေါက်မှု နှစ်ဘက်ညှိနှိုင်း၍ ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။ KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့များနှင့် တပ်မတော် စစ်ကြောင်းများအကြား ယခုလ ၂၂ ရက်နေ့ က ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး ဧပြီ ၂၈ ရက်နေ့က ပြည်နယ်အဆင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးရာတွင် ပြေလည်မှုရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာဌာန | သတင်းများ မွန်ပြည်နယ် တံတားအသစ် စတင် ဖွင့်လှစ်

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုတဲ့ ဆိုင်းဘုတ်ကိုတင်ပြီး ဒီကနေ့ကစလို့ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပါတယ်။ အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာကို ဒေသခံတွေက လုံးဝမကျေနပ်ကြဘဲ သံလွင်တံ တား( ချောင်းဆုံ) ဆိုတဲ့ မူလနာမည် ပြန်ပေးဖို့ဆိုပြီး လက်မှတ်ကောက်ခံထားတယ်လို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လှုပ်ရှားမှုကော်မတီက မင်းအောင်မွန်က ပြောပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အအုံအတွက် ဘတ်ဂျက် ကျပ် ၅ ဒသမ ၂ ဘီလီယံရ

ဗုံးခွဲဖျက်ဆီးဖြိုချခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ဘတ်ဂျက် ကျပ် ၅ ဘီလီယံ ရရှိထားတယ်လို့ ပညာရေး ၀န်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

DR Myint Cho ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ကျိုးမဖက်ဘဲတိုင်းပြည်ကောင်းစားရေးအတွက်

မိတ်ဆွေတို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကောင်းစားရေးအတွက် မနားမနေ အလုပ်လုပ်ခဲ့တဲ့ စံပြလူထုခေါင်းဆောင်၊ တဖြည်းဖြည်းဇရာထောင်းလာပေမဲ့လည်း သူ့အသက်အရွယ်ကိုမငဲ့ဘဲ တိုင်းပြည်ကောင်းစားရေးအတွက် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေကရည်ရွယ်ချက်ရှိရှိလုပ်ထားတဲ့

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ကြိုးပမ်းအားထုတ်ခြင်း

အတိတ်ရဲ့ ဒဏ်ရာတွေကို ချန်ထားခဲ့ပြီး ငြိမ်းချမ်းရေးဆီကို အရောက်သွားကြဖို့၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေး၊ အပြန်အလှန် ယုံကြည်မှုနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြဖို့ ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ရဟန်းမင်းအမတ် ကာဒီနယ် ချားလ်စ်ဘိုက တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဧပြီ ၂၆ ရက်နဲ့ ၂၇ ရက် ရန်ကုန်မှာကျင်းပတဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ကြိုးပမ်းအားထုတ်ခြင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောသွားတာပါ။ မိန့်ခွန်းအပြည့်အစုံ ငြိမ်းချမ်းပါစေ၊ Peace, Shalom, Shanthi,

ဘချုပ်ကြီးရဲ့ မာရ်နတ်(၁၁)ကောင်နဲ့ မြန်​မာပြည်​သူ​တွေရဲ့ `ဇ´

၁။ တွေးခေါ်မြော်မြင်ခြင်းကင်းမဲ့တဲ့ ပညာရေးစနစ် အုတ်မြစ်ချပေးခဲ့ခြင်း။ ၂။ သယံဇာတမှန်သမျှကို ပြုပြင်ရခက်ခဲလှတဲ့ နှစ်ရှည်စာချုပ်တွေနဲ့ သူရို့ရဲ့ ပထွေးတော်တွေလက်ထဲ အပ်ထားခဲ့ခြင်း။ ၃။ ပြည်တွင်းလည်ပတ်ငွေအားလုံးရဲ့

ပျောက်နေတဲ့ ရန်ပုံငွေကျပ်သန်း ၇၀၀၀ အနက် သန်း ၁၇၀၀ ကျော် ပြန်ပေးမည်ဟု မကွေးတိုင်း ဝန်ကြီးချူပ်ဟောင်းဆို

မကွေးတိုင်းလွှတ်တော် (MOI) ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ လက်ထက် မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူခဲ့ တယ်လို့ ပြောဆိုနေကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို မကြာမှီရက်ပိုင်း အတွင်း လက်ရှိ အစိုးရထံ ပြန်လည်ပေးအပ် သွားမယ် လို့ ပြောဆိုထားတဲ့ အကြောင်း လက်ရှိမကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေ ကို ပြောပါတယ်။

ရေနံ ရန်ပုံငွေ ပျောက်ဆုံးမှုအား စစ်ဆေးသည့် လုပ်ငန်းစဉ် ပြီးစီး၍ အရေးယူမှု ပြုလုပ်ရန် ပြည်ထဲရေးသို့ တင်ပြထား

နေအောင် မကွေးတိုင်း ဒေသကြီး အတွင်း ရှိ ရေနံ လက်ယက်တွင်း များမှ ရရှိသည့် ငွေကျပ် ၇ ဘီလီယံ ခွဲခန့် ပျောက်ဆုံးမှု အား စစ်ဆေးသည့် လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်ပြီး အရေးယူမှုများ ပြုလုပ်ရန် အတွက် ပြည်ထဲရေး ၀န်ကြီးဌာနသို့ တင်ပြထားကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ယခုလ ၁၈ ရက်နေ့တွင် မြန်မာတိုင်း ဂျာနယ်သို့ ပြောကြားသည်။

ပန်ခမ်း အစည်းအဝေးကြေညာချက်နဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းသစ်

ပန်ခမ်း အစည်းအဝေးကို ဧပြီလ ၁၅ ရက်ကနေ ဧပြီလ ၁၉ ရက်နေ့ အထိ ဝဒေသ ပန်ခမ်းမြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပန်ခမ်း အစည်းအဝေးကနေ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း လိုက်ပါတယ်။ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီကို အခုညီလာခံ တက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ကနေ ရွေးချယ်တင်မြှောက် ဖွဲ့စည်းခဲ့တာဖြစ်ပြီး နောက်နောင်မှာ အစိုးရနဲ့ကြား ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး အတွက် ဆွေးနွေးတဲ့အခါ အဲဒီကော်မတီကသာ ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင် အဖွဲ့ တဖွဲ့ချင်း အနေနဲ့ ဆွေးနွေးမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။ ပန်ခမ်းညီလာခံတက်ရောက်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ ရခိုင့်တပ်မတော် (AA) ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာ အမျိုးသား ဒီမိုကရေစိ မဟာမိတ် တပ်ဖွဲ့ (ကိုးကန့်) (MNDAA) ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ၊ ရှမ်းပြည် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (မိုင်းလား)(NDAA) တို့ ဖြစ်ကြပါတယ်။ ဒီအ

ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပုံချနေတာတွေကို ရပ်ပါ

ဒေါ်အောင်ဆန်းစုကြည် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နားလည်ပေးဖို့ အရေးကြီးပါတယ်။ ရန်ကုန်၊ ဧပြီ ၁၉ – ပြီးခဲ့တဲ့ သုံးလတာ ကာလဟာ မြန်မာနိုင်ငံ အတွက် တကယ်ကိုမလွယ်တဲ့ကာလတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်အတွက် ခက်ခဲတဲ့ကာလတစ်ခုဖြစ် ပါတယ်။ ရခိုင်ဒေသမှာ ဘင်္ဂါလီတွေကို စနစ်တကျလုပ်ကြံသတ်ဖြတ်တာ၊ မုဒိမ်းမှုတွေကျူးလွန်တာတွေကို တစ်ကမ္ဘာလုံးက ရှုတ်ချကြပါတယ်။ မြန်မာနိုင်ငံဟာစနစ်တကျအစီအစဉ်ရှိရှိ

နိုင်ငံသစ်ကို သွားရာလမ်း (သို့) NLD အစိုးရ သက်တမ်း တနှစ်ကို ဆန်းစစ်ခြင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလ ကယားပြည်နယ် ရှားတော်မြို့နယ် မဲဆွယ်ပွဲ တနေရာ / ကျော်ခ / ဧရာဝတီ သက်တမ်း တနှစ်ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ ရွေးချယ်တင်မြောက်ခံ အရပ်သားဦးဆောင်သော အစိုးရသည် ၎င်း၏ ရည်မှန်းချက်များကို အကောင်ထည်ဖော်နိုင်ခြင်း ရှိ-မရှိနှင့် ပတ်သက်ပြီး လူအများက မေးခွန်း ထုတ်နေကြပြီ ဖြစ်သည်။ သေချာသော အချက်တချက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် ငြိမ်းချမ်းရေးရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးတို့ အတွက် သာမက နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်စနစ် အလွန်တွင် ဖရိုဖရဲ ဖြစ်နေသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် ဖွံ့ဖြိုးရေးအတွက်ပါ ရုန်းကန်နေရဆဲဖြစ်သည် ဟူသော အချက်ဖြစ်သည်။

ငြိမ်းချမ်းရေး လိုလားကြောင်း ကျေးလက်နေ ပြည်သူများက အသံထွက်ပေးဖို့ လိုအပ်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နေပြည်တော်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားပါကြောင်း ကျေးလက်တော၇ွာနေ ပြည်သူများက အသံ ဖော်ထုတ်ပေးကြဖို့ လိုအပ်သည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ယနေ့ ကျေးလက်တောရွာနေ လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ပြောခဲ့သည်။“ကျေးလက်တောရွာနေ ပြည်သူတွေက ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုတာမျိုး အသံတွေ ထွက်ရမယ်၊ အခုက လက်နက်ကိုင်အဖွဲ့ တွေကပဲ သေနတ်သံတွေ လူသံတွေ ထွက်နေတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့  ညနေပိုင်း ပြုလုပ်သည့် တွေ့ ဆုံပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ခြင်း ဖြစ်သည်။ “ကျေးလက်နေပြည်သူတွေဟာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရှိတော့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးတွဲကြေညာချက် ထုတ်ပြန် ရန်ကုန်၊ဧပြီ၁၁ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တရုတ်နိုင်ငံ သို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရတို့သည် အချက် (၁၀) ချက်ပါဝင်သော ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံကို အောက်တွင် ဖော်ပြလိုက်ပါသည်။ ၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ၂ဝ၁၇ ခုနှစ် ဧပြီလ ၆ ရက်မှ ၁၁ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်

၂၀၂၀ အတွက် အချက်ပေး ခေါင်းလောင်းထိုးသံ

၂၀၁၇ ဧပြီ ၁ ရက်နေ့က ကျင်းပသော ၁၉ နေရာလစ်လပ်သည်ကို ယှဉ်ပြိုင်ရသည့် ကြားဖြတ် ရွေးကောက်ပွဲသည် NLD အတွက်ရော ဒီမိုကရေစီအတွက်ရော ကြီးစွာသော သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့သည်။ ထိုခေါင်းလောင်းသံကို နားမထောင်ပါက ၂၀၂၀ တွင် နစ်နာဆုံးရှုံးမှုများ ရှိလာကြဦးမည်ဖြစ်သည်။ ယခုကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် အားလုံးသိကြသည့်အတိုင်း မဲဆန္ဒနယ် ၁၉ နေရာအတွက် NLD သည် ၁၈ နေရာဝင်ပြိုင်ပြီး ၉ နေရာ အနိုင်ရခဲ့ပါသည်။ ဘဲဥမကွဲသော အချို့ပါတီများ၏ စံချိန်စံညွှန်းနှင့်ကြည့်လျှင် ၁၈ နေရာတွင် ၉ နေရာ အနိုင်ရခြင်းမှာ

မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများအကြောင်း

shared by MaMa on 09/02/17  -  https  -  Business မြန်မာနိုင်ငံ၏ အချမ်းသာဆုံး သူဌေးများ စာရင်းများအနက် Frontier Myanmar မှ ထုတ်ပြန်ချက်အရ ထိပ်တန်း (၆) ဦးမှာ (၁) ဦးဇော်ဇော် (Max Myanmar) (၂) ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လော (Asia World) (၃) ဦးတေဇ (Htoo)

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် အကောင်အထည် မပေါ်ခဲ့သော အတိုင်ပင်ခံ ကောင်စီ (သို့) ကြိုးလွတ်သွားသော ရုပ်သေးဆရာ - လက်စောင်းထက်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အခန်းကဏ္ဍ မပါတော့သလို ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အခန်းကဏ္ဍလည်း မပါတော့သဖြင့် ပြည်သူများရော ပြည်တွင်း ပြည်ပမှ နိုင်ငံရေး လေ့လာသူများကပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်ယောက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို အပါ ဆွဲခေါ်ပြီး နိုင်ငံရေးလောကထဲမှ ထွက်ခွာသွားပြီဟု ယုံကြည်ခဲ့ကြသည်။ သို့သော် အဖြစ်မှန်မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နောက်ကွယ်မှ အာဏာကို ဆက်လက်ချုပ်ကိုင်မည့် အစီအစဉ် ပျက်ပြားခဲ့ရသည်ကိုမူ သိရှိသူ နည်းပေလိမ့်မည်။

အစ္စလမ်ဘာသာကိုပြောင်းရင် အမှုက လွှတ်မည်

(ဗွီအိုအေ မြန်မာပိုင်း) သံသယရှိသူတွေအဖြစ် စွဲချက်အတင်ခံနေရတဲ့ ခရစ်ယာန်ဘာသာဝင် ၄၀ ကျော်ကို ပါကစ္စတန် အစိုးရရှေ့နေ Syed Anees Shah က သူ့တရားရုံးအပြင်မှာ စုခိုင်းပြီး တကယ်လို့ သူတို့အစ္စလမ်ဘာသာကို ပြောင်းပြီး ကိုးကွယ်မယ်ဆိုရင် တရားသေ လွှတ်ပေးမှာ ဖြစ်ကြောင်း မတ်လ နှောင်းပိုင်းမှာ ကမ်းလှမ်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက Lahore မြို့က ခရစ်ယာန် ဘုရားကျောင်း ၂ ခုမှာ လူသေဆုံးစေတဲ့ အသေခံ ဗုံးဖေါက်ခွဲမှုတွေ ဖြစ်ပွါးခဲ့အပြီးမှာ မူဆလင် အမျိုးသား ၂ ဦးကို လူအုပ်ကြီးက ဝိုင်းပြီး

အိန္ဒိယတွင် ဘင်္ဂါလီလေးသောင်းခန့်အား အကြမ်းဖက်သင်တန်းပေးနေခြင်း စိုးရိမ်ဖွယ်ရာဟု အိန္ဒိယအမတ်တစ်ဦးပြောကြား

No.1417 Saturday, April 8, 2017 အိန္ဒိယနိုင်ငံ၌ မြန်မာ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာ သော ဘင်္ဂါလီ (မူရင်းအသုံးအနှုန်း ရိုဟင်ဂျာ) မွတ်စလင် လေး သောင်းခန့်အား အကြမ်းဖက် သမားများအဖြစ် လေ့ကျင့်သင် တန်းပေးနေခြင်းသည် စိုးရိမ်ဖွယ် ရာအခြေအနေဖြစ်ကြောင်း အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ဧပြီ  ၆ ရက်တွင် အိန္ဒိယ အောက်လွှတ်တော်သို့ တင်ပြ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယအခြေ စိုက်သတင်းဌာနများက ဖော်ပြ သည်။ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင်  လှုပ်ရှားမှုရှိသော Harakah al-Yaqin အမည်ရှိ လက်နက်ကိုင်အဖွဲ့သစ် တပ်ဖွဲ့ ပေါ်ပေါက်လာမှုကို ထောက်ပြ၍ အိန္ဒိယ BJD ပါတီမှ  လွှတ်တော် ကိုယ်စားလှယ် B Magtab က တင်ပြခဲ့သည်။

ပစ်မှတ်ထား လုပ်ကြံမှု စဉ်းစားမနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

By ဒီဗွီဘီ 6 April 2017 Print အခြေခံဥပဒေ မပြင်ခြင်သူတွေ စစ်တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်လိုသူတွေက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လာနိုင်တဲ့ ကိစ္စရပ်တွေကို နေ့တိုင်း စဉ်းစားလေ့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ BBC သတင်းဌာနက သတင်းထောက် ဖာကယ်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီ ၅ ရက် သီးသန့်မေးမြန်းခန်းမှာ သူက ပြောခဲ့တာပါ။

အရှိတရားကို လက်ခံကြ

'' အရှိတရားကို လက်ခံကြ - ၁ '' *********************** 2.4.2017 ည ၁၁ နာရီခန့်က မရင်းနှီးသော ဖုန်းနံပါတ်တစ်ခုက ဖုန်းခေါ်လာ၏။ NLD ပါ တီ၏ တိုင်းအဆင့်တာဝန်ရှိသူတစ်ဦးဖြစ်၏။ မိတ်ဆွေဟောင်းတစ်ဦးပါပဲ။ ရှစ်လေးလုံး ကာလမှသည် စစ်အာဏာရှင် လူယုတ်မာ

ရဲရဲ ပြောရဲ ကြဖို့ အချိန်တန်ပြီ

"ကျွန်​​တော်​တို့​ရှေ့က ​ပြေးချင်​​ပေမယ့်​ ​နောက်​က​နေ ​ဆောင့်​ဆွဲ​နေတဲ့ကိစ္စ​တွေရှိ​နေတယ်​"ဟု ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​မာင်​ ​ပြောကြား.... ----------------- ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ချိတ်​ဆက်​​ဆောင်​ရွက်​ရမည့်​ လုပ်​ထုံးလုပ်​နည်းများနှင့်​ ပတ်​သက်​၍ ပြည်​​ထောင်​စုအစိုးရအဖွဲ့က ​စေလွှတ်​​သည့်​ ကိုယ်​စားလှယ်​အဖွဲ့နှင့်​ မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့တို့ ​တွေ့ဆုံ​ဆွေး​နွေးပွဲကို ဧပြီ ၅ရက်​ မွန်းလွဲပိုင်းက

ရိုဟင်ဂျာတွေကို အကာအကွယ်မပေးရင် ARS ဆက်တိုက်မည်

ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။( ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇)၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်မောင်တောခရိုင်က နယ်ခြားစောင့်စခန်းတွေအပေါ် တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရိုဟင်ဂျာတွေအရေးကို ဒေါ်အောင်ဆန်းစုကြည်က အကာအကွယ်မပေးရင် ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေရဲ့

လူမျိုးသုဉ်း သတ်ဖြတ်မှုမရှိ ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

မြန်မာနိုင်ငံမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ မရှိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ဖော်ပြနေတာတွေကို ရှင်းပြဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အခြေစိုက် BBC သတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက် တာပါ။

ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင်

ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင် ~~~~~~~~~~ ကမ္ဘာတလွှားက နိုင်ငံရေးခေါင်းဆောင်တွေ၊ မိသားစုဝင်တွေနဲ့ ထင်ရှားသူတွေရဲ့ အမည်တွေနဲ့၊ ဘဏ် ငွေစာရင်းတွေကို ဖွင့်ချထားတဲ့ Panama Papers လို့ အမည်ပေးထားတဲ့ လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ကုမ္ပဏီ ၁ ခု ပါဝင်နေပါတယ်။ အဲဒီအထဲမှာ အရင် မဆလ တပါတီ အာဏာရှင်- ဗိုလ်ချုပ်ြကီးဟောင်း ဦးနေဝင်းရဲ့ သားမက်ဖြစ်သူ ဦးအေးဇော်ဝင်း၊ စစ်အစိုးရခေတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ယုဇနဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း၊ ဦးမိုက်ကယ်မိုးမြင့် ... စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းတွေ ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ ICIJ က ရေးသားထားပါတယ်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် ၁၄ဝ ကျော်ရဲ့ အခွန်ရှောင် လျှို့ဝှက်ဘဏ်စာရင်းတွေကို ပနားမားနိုင်ငံက Mossack Fonseca ရှေ့နေအဖွဲ့က ကူညီလုပ်ဆောင်ပေးထားတာ ဖြစ်တဲ့အတွက် Panama Papers လို့ အမည်တွင်လာတာ ဖြစ်ပါတယ်။ ဒီစာရင်းတွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မိသားစုပိုင် လျှို့ဝှက်ငွေစာရင်းတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

နိုင်ငံ့ဘဏ္ဍာ ကျပ် ငါးဘီလျံ ပျောက်သွားတဲ့ တင်ဒါ၊ တာဝန်ယူရမှာက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ၊ စိစစ်ပေးရမှာက ပြည်သူ့အစိုးရ

ချိပ်ပိတ်တင်ဒါ စဖွင့်သည့်အစည်းအဝေးမှ ထုတ်ပေးသည့် ဇယား နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ပြည်သူတွေ တင်မြှောက်တဲ့ ပြည်သူ့အစိုးရသစ် ပေါ်ထွက်လာပြီးတဲ့နောက် သမိုင်းတွင်တဲ့နေ့သစ် တစ်နေ့အဖြစ် ဟစ်ကြွေးသံတွေ ညံခဲ့တာ မတ် ၃၀ ရက်ပါ။ သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးနဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုခဲ့ပြီးတဲ့နောက်မှာ သမိုင်းတွင်တဲ့ အချိန်ကာလ စခဲ့ပါပြီ။

ဒေါ်စု နေရာဖယ်ပေးလို့ရမလား တပ်မတော်သာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်သလား

နိုင်ငံတော်အတိုင်ပင်ခံပု၈္ဂိုလ်က တိုင်းပြည်ကောင်းအောင် သူတို့ထက်ပိုလုပ်နိုင်မဲ့သူရှိရင် နေရာဖယ်ပေးမယ်လို့ "နိုင်ငံတော်အခြေပြမိန့်ခွန်း" ထဲမှာ ပြောကြားသွားတာကို နိုင်ငံတကာမီဒီယာတွေက အလေးအနက်ထား ဖော်ပြကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော့ ပါတီနိုင်ငံရေးထက် တပ်မတော်သည်သာလျင် တိုင်းပြည်အတွက် တကယ်အကျိုးရှိအောင်ဆောင်ရွက်တဲ့ အင်အားစုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီပြောကြားချက်တွေရဲ့အတိမ်အနက် ဘယ်လောက်ရှိသလဲ၊

ဦးမျိုးရန်နောင်သိမ်း ကို ထောင် ၆ လ ချမှတ်

7 April 2017 16:16(+0630) (2 နှစ် ခန့်က) ဦးမျိုးရန်နောင်သိမ်း ကို ရန်ကုန်မြို့ ကမာရွတ်နယ် တရားရုံမှာ ဧပြီလ ၇ ရက်နေ့က ရုံးထုတ်ခဲ့စဉ်။ photo: Thiha Tun/RFA ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ဦးမျိုးရန်နောင်သိမ်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ရဲစခန်းမှာ ချုပ်နှောင်ခဲ့တာဖြစ်တဲ့အတွက် လာမယ့် မေလ ၃ ရက်နေ့မှာ ၆ လပြည့်မှာဖြစ်တယ်လို့ သူရဲ့အမျိုးသမီးဖြစ်သူ မချို ချို ကပြောပါတယ်။ ဒီကနေ့ တရားရုံးက အမိန့်ချအပြီးမှာ ကိုမျိုးရန်နောင်သိန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဟာ လက်ရှိ အချိန်မှာ ရှိဖို့လိုအပ်ပေမယ့် တရားမျှတမှုမရှိတဲ့အတွက် ပြင်ဆင်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လာရင် မထိနဲ့ ဆိုတဲ့ သဘောမျိုးဖြစ်နေပြီး မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရနှစ်ရပ်ရှိတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ပြောပါတယ်။ ဒီအမှုကို အယူခံဝင်ဖို့ ရှိ မရှိကိုတော့ ကိုမျိုးရန်နောင်သိမ်း က ပြောမသွားခဲ့ပါဘူး။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ရခိုင်ပြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘီဘီစီရဲ့ သီးသန့်မေးမြန်းခန်း ၀၆၊ ၀၄၊ ၂၀၁၇

ဒေါ်အောင်ဆန်းစြု ကည်နဲ့ ဘီဘီစီရဲ့ သီးသန့်မေးမြန်း ခန်း ဒီဗွီဒီယိုဖိုင် လေးအား မြင်တဲ့အတိုင်းေ ရးပါရစေ မေးတဲ့သူကမေးတယ် ဖြေတဲ့သူကလဲပါးရ ည်နပ်ရည်ရှိတယ် ဒိုးဒိုးဒေါက်ဒေါက်တွေဝေနေခြင်း မရှိဘဲ

မန္တလေးတိုင်းတွင် ဦးပိုင်မြေဧက ၁၀ သိန်းနီးပါးကိုမူလပိုင်ရှင်လက်ပြန်အပ်နိုင်ခဲ့

" ရခိုင်သွေးချင်းတို့  နိုးထပါ လော့ "

Zarni Tike added 2 new photos — with Tike ZN . 9 hrs · " ရခိုင်သွေးချင်းတို့  နိုးထပါ လော့ " ====================== ( 1 ) အာ ဏာ ရှင် လက် ထက် ရ ခိုင် ကမ်း ရိုး တန်း က နေ ဓာတ် ငွေ့ တွေ ထုတ် ယူ ပြီး ပြည် ပ ကို စိတ် ကြိုက် ရောင်း စား ခဲ့ တယ် ။ လုပ် ငန်း Project တွေ ကို တ ရုတ် တွေ နဲ့ ပေါင်း ပြီး စိတ် ကြိုက် ရေး ဆွဲ ခဲ့ တယ် ။ အေး မောင် မ ကန့် ကွက် ခဲ့ ဘူး ။ ( 2 )

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရဆုံးဖြတ်

နယ်စပ် ဒုက္ခသည်စခန်းက ဒေသခံမွတ်ဆလင်များ အိန္ဒိယ နိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေပါတယ်။

ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး ဧပြီ၁ရက် စပေးနေပြီ

NLD အစိုးရလက်ထက် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး ယခုလမှစတင် ပေးအပ်မည် --- --- --- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးအဖြစ် ၂၀၁၇၊

ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံခြင်း

‘‘အနောက်တံခါးနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပထမတစ်နှစ်အတွင်းမှာကို နယ်စပ်ကို ကျွန်တော်တို့ စွန့်ရမလိုဖြစ်သွားပြီ။ အဲဒါလုံးဝနိုင်ငံခြားရေးမူဝါဒအမှားပဲ’’ Byထက်အာကာကျော်On Tue, 2017-04-04 09:05Issue No.No.1413 Tuesday, April 4, 2017 ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် (ဓာတ်ပုံ − စိုင်းဇော်)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ နေဖြင့် တပ်ပေါင်းစု မှ ခွဲထွက် ကြမည် မဟုတ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ နေဖြင့် တပ်ပေါင်းစု မှ ခွဲထွက် ကြမည် မဟုတ်ဘဲ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရရှိရေး ဆွေးနွေးညှိနှိုင်းခြင်း လမ်းကြောင်း အတိုင်း ဆက်လက် ဆောင်ရွက်မည်ဟု ဆိုသည်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဧပြီ ၃ ရက်နေ့က စတင်ပြုလုပ်ခဲ့သော UNFC အရေးပေါ် အစည်းအဝေး၏ ဒုတိယ မြောက်နေ့ အတွင် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက သတင်းထောက်များကို ပြောဆိုခြင်းဖြစ်သည်။</p> <p>UNFC တပ်ပေါင်းစုမှ ခွဲထွက်ပြီး “ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ၏ ငြိမ်းချမ်းရေး လမ်းစဉ်သစ် အတိုင်း လိုက်မည်ဟု သတင်းထွက်ပေါ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ အနေ ဖြင့်လည်း NCA လမ်းကြောင်း အတိုင်း ဆက်ဆွေးနွေးရန် အရေးပေါ်အစည်းအဝေးတွင် သဘော တူညီမှု ရခဲ့သည်ဟု ဆိုသည်။</p> <p>နိုင်ဟံသာ က “ရှမ်း (SSPP) တို့ ကချင် (KIO) တို့ ကလည်း ဒီ (NCA) လမ်းကြောင်း ကနေ ဆက်ဆွေးနွေး သွားဖို့ ဆိုတာ ကိုလည်း သူတို့က လက်ခံတယ်။ အဓိက ၉ ချက်ပေါ်မှာ ပိုပြီးတော့ ခိုင်မာအောင်ပေါ့။ အဲဒီ ၉ ချက်ကို အ

ကျွန်တော်နဲ့ NLD

ကျွန်တော်နဲ့ NLD (ကျွန်တော်ကြိုပြောချင်တာက ကျွန်တော်ဟာ ပါတီဝင်မဟုတ်ပါ ခေတ်တခုကို ဖြတ်သန်းရင်း မှတ်သားမိသမျှ ချရေးခြင်းပါ။) ကျွန်တော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် သာမန်မဲဆန္ဒရှင်တယောက်အနေနဲ့ စိတ်ဝင်စားခဲ့တာ၊ ၁၉၈၈ လူထုအရေးတော်ပုံကြီးကို စစ်တပ်ကဖြိုခွဲ အာဏာသိမ်းပြီး ပါတီတွေစဖွဲ့တော့လို့ ပြောရမယ်။ အဲဒီတုန်းက ကျွန်တော်သိပ်မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်သမီးဆိုတာထက် မပိုခဲ့ပါဘူး။ ကျွန်တော်စိတ်ဝင်စားတာက ဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်သော်က၊ ဆရာဦးဝင်းခက်(စာမော်ကွန်း)တို့ကိုပါပဲ။ နောက်တော့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာမုံရွာတင်ရွှေ၊ ဆရာတင်မိုးတို့ ဝိုင်းဝန်းကြမှန်းသိလာတယ်။ ကျွန်တော်လေးစားကြည်ညိုရင်းစွဲရှိတဲ့ဆရာတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့တခုအဖြစ် ကျွန်တော်က အားကိုးအားထားပြုခဲ့တာပဲ။