Skip to main content

ဒေါက်တာ အေးမောင်နှင့် တွေ့ဆုံခြင်း

Image may contain: 1 person, sunglasses and text


‘‘အနောက်တံခါးနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပထမတစ်နှစ်အတွင်းမှာကို နယ်စပ်ကို ကျွန်တော်တို့ စွန့်ရမလိုဖြစ်သွားပြီ။ အဲဒါလုံးဝနိုင်ငံခြားရေးမူဝါဒအမှားပဲ’’
Byထက်အာကာကျော်On Tue, 2017-04-04 09:05Issue No.No.1413 Tuesday, April 4, 2017
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် (ဓာတ်ပုံ − စိုင်းဇော်)

ကြားဖြတ် ရွေးကောက်ပွဲ တွင် ရခိုင်ပြည်နယ်၏တစ်ခုတည်းသော ပြည်သူ့လွှတ်တော်နေရာ အတွက် ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေး မောင်က ၀င်ရောက်ယှဉ်ပြိုင်အ နိုင်ရရှိခဲ့သည်။ ဒေါက်တာအေးမောင်သည် ၂၀၁၀ မှ ၂၀၁၅ အထိကျင်းပခဲ့သော ပထမအကြိမ်လွှတ်တော်၊ အမျိုးသားလွှတ် တော်၌ ငါးနှစ်အတွင်း မေးခွန်း ၁၀ ခုနှင့် အဆိုငါးခုတင်သွင်းခဲ့ရာ ၎င်းတင်သွင်းသည့် အဆိုငါးခုတွင် လွှတ်တော်မှ လက်မခံသည့် အဆိုသုံးခုပါဝင်ပြီး အတည်မပြု သည့် အဆိုတစ်ခုနှင့် မှတ်တမ်းတင်သည့် အဆိုတစ်ခုရှိခဲ့ကြောင်း ပွင့်လင်းမြန်မာ့ရှေ့ဆောင် (Open Myanmar Initiative)၏ ဖော်ပြချက်အရ သိရသည်။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသော ဒေါက်တာအေးမောင်သည် နေပြည်တော်လွှတ်တော်သို့ တစ်ကျော့ပြန် တက်ရောက်ခွင့်ရချိန်တွင် လွှတ်တော်အတွင်း လုပ်ဆောင်မည့် အကြောင်းများနှင့် အမ်းမြို့နယ် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် အစီအစဉ်များကို 7Day Daily က တွေ့ဆုံမေးမြန်းခဲ့ရာ ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာပြီဆိုတော့ လွှတ် တော်ထဲမှာ အမ်းပြည်သူတွေ အ တွက် ဘာတွေအရင်ဆုံးတောင်း ဆိုပေးမလဲ။
ပထမဆုံးပြောချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်က ပွင့်ပွင့်လင်းလင်း ဖြစ်ဖို့ လိုတယ်။ မေးတာ၊ မြန်းတာ၊အဆိုပြုတာ တိုင်းရင်းသားတွေကအဆိုတစ်ခုပြုရင် ပိတ်ထားတဲ့ လွှတ်တော်မဖြစ်ဖို့ လိုတယ်။ အဲဒါကို ပထမစူးစမ်းရမှာပေါ့။ လွှတ် တော်ရဲ့ ပုံသဏ္ဌာန်ပြောင်းဖို့ ကျွန်တော်တို့ကြိုးစားမယ်။ လွှတ်တော်ရဲ့ ပုံသဏ္ဌာန်၊ အနှစ်သာရပြည့်ဝ တဲ့ လွှတ်တော်ဖြစ်အောင် နည်း မျိုးစုံနဲ့ ကျွန်တော်တို့ ဆောင်ရွက် မယ်။ ဒါတစ်ပိုင်းပေါ့။ ဝေဖန်ခံရဲ တဲ့ လွှတ်တော်၊ အစိုးရကိုလည်း ဝေဖန်တဲ့ လွှတ်တော်ဖြစ်ရမယ်။ လွှတ်တော်ကိုလည်း လွှတ်တော် က ပြန်ဝေဖန်ရမယ်။ အဲဒါကို လက်ခံဖို့ လိုတယ်။ အဲဒါပြီးမှာပဲ ကျွန် တော်တို့ဘက်က အရေးကြီးတဲ့ ကဏ္ဍသုံးချက်လောက်ရှိတယ်ဗျ။
အဲဒီသုံးချက်က ဘာတွေများဖြစ် မလဲ။ အမ်းမြို့နယ်အတွက်လား။
အမ်းမြို့နယ်အတွက်မဟုတ် ဘူး။ အမ်းမြို့အတွက် Specific (သတ်မှတ်)ပြောလို့မရဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ အမ်းတစ်ခုတည်းကို ကိုယ်စားပြု တယ်လို့ ဘယ်မှာမှ မပါဘူး။ စစ် တွေလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဟာ စစ်တွေကို ကိုယ်စား ပြုတယ်လို့ မပါဘူး ဖွဲ့စည်းပုံအရ။ ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ် ဖြစ်သွားတဲ့အခါမှာ ပြည်ထောင်စုတစ်ခုလုံးနဲ့ ပတ်သက်တယ်။ အမ်းအတွက် ဘာ လုပ်ပေးမလဲဆိုတာ အင်မတန် ဘောင်ကျဉ်းတယ်။ ကျွန်တော်တို့ ဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားရင် တစ်နိုင်ငံလုံးကို ခြုံ တဲ့လုပ်ငန်းကို ဘာလုပ်ရင်ကောင်း မလဲ။ တစ်ပြည်နယ်လုံးကို ခြုံတာ မျိုး ဘာလုပ်ရင်ကောင်းမလဲ။ ပြီး မှ ကိုယ့်ကိုရွေးချယ်တင်မြှောက် ပေးတဲ့ လူထုနဲ့ ပတ်သက်လို့ ဘာ လုပ်ရင်ကောင်းမလဲဆိုတဲ့ အမြင် သုံးခုရှိဖို့ လိုမှာပေါ့။ အဲဒီမှာ တစ် နိုင်ငံလုံးနဲ့ ပတ်သက်တာ လက်ရှိ ဘတ်ဂျက်ကို ကျွန်တော်တို့ မ ကြိုက်ဘူး။ ပြည်ထောင်စုမဆန် ဘူး။ တိုင်း ခုနစ်တိုင်းပဲ ပိုက်ဆံ အားလုံးကို သုံးနေတယ်လို့ ကျွန် တော်တို့ တိုင်းရင်းသားတွေက စွပ်စွဲတယ်ဗျာ။ ၆၉ နှစ်ရှိပြီ။ အဲဒါ ကြောင့် တိုင်းနှင့် ပြည်နယ်အား လုံးဟာ စုတ်ပြတ်သတ်သွားတယ်။ရှိသမျှသယံဇာတကိုလည်း ပြည်ထောင်စုအမည်ခံယူသွားတယ်။ အဲဒါလေးကို ကျွန်တော်တို့ ကြိုး စားပြီး ဆောင်ရွက်မယ်။ ပြည် ထောင်စုဘတ်ဂျက်ဟာ တကယ့် ပြည်ထောင်စုဘတ်ဂျက်ဖြစ်ဖို့ လို တယ်။ ၅၀-၅၀ ဖြစ်စေချင်တာပေါ့ဗျာ။ ပြည်ထောင်စုဝန်ကြီးဌာန တွေက ၅၀ ရာခိုင်နှုန်းကို စီမံကွပ်ကဲပြီး ကျန် ၅၀ ရာခိုင်နှုန်းကို တိုင်းနှင့် ပြည်နယ်အစိုးရကို လုပ်ပိုင် ခွင့်ပေးကိုပေးရမယ်။ သူ့ရဲ့ LocalInfrastructure (ဒေသတွင်း အခြေခံအဆောက်အအုံ) တည် ဆောက်ပေးရမယ်။ တိုင်းနဲ့ ပြည် နယ် ၁၄ ခုကို ပေးကိုပေးရမယ်။ အဲဒီလို မမျှတတာကို မျှတအောင်လုပ်ဖို့ လိုမယ်။
ဒုတိယအချက်က ရခိုင်ပြည် နယ်နဲ့ ပတ်သက်လို့ လိုအပ်တာ နယ်စပ်လုံခြုံရေးဗျ။ အမျိုးသား အကျိုးစီးပွားကို ဘယ်လိုကာ ကွယ်ရမလဲဆိုတဲ့ National Security နဲ့ ပတ်သက်တဲ့ ကဏ္ဍ။ အနောက်တံခါးနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပထမတစ်နှစ်အတွင်းမှာကို နယ် စပ်ကို ကျွန်တော်တို့ စွန့်ရမလို ဖြစ်သွားပြီ။ အဲဒါလုံးဝနိုင်ငံခြားရေးမူ ၀ါဒအမှားပဲ။ ကိုယ့်ပြည်တွင်းအ ချုပ်အခြာအာဏာကို ဘယ်လို တည်ဆောက်မလဲ။ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းနဲ့ ကာကွယ်မယ်ဆိုတာ မစဉ်းစားဘဲနဲ့ လူ့အ ခွင့်အရေးလိုင်းကနေ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ဘယ်လိုမျက်နှာ ချိုသွေးပြီးမှ နိုင်ငံတကာအလှူကို လက်ခံယူရမလဲဆိုတဲ့ ဖွံ့ဖြိုးရေး လိုင်းကနေ သွားနေတယ်။ ဖွံ့ဖြိုး ရေးထက် ကျွန်တော်တို့က ဒေသ လုံခြုံရေးကို ပိုဦးစားပေးတယ်။
အဲဒါအတွက် ဒေသလုံခြုံရေး ၁၉၈၂ ဥပဒေနဲ့ နိုင်ငံသားတွေကို တံတိုင်းကာပေးတာဗျ။ လူသား တံတိုင်းကာပေးတာ။ ရုပ်ဝတ္ထု အားဖြင့် တံတိုင်းကာမယ်။ ခြံစည်းရိုးကာမယ်။ လုံအောင်ကာမယ်။ ပြီးရင် ဥပဒေတံတိုင်း ကျွန်တော်တို့ ကာမယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအတွင်းမှာ ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်နေ တယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဘယ်မြို့နယ်ဟာ အဆင်းရဲဆုံး ဖြစ်သလဲ။ အောက်က Least Develop ကို ကျွန်တော်တို့ စဉ်းစားရမယ်။ အမ်းဖြစ်သလား။ မာန်အောင်ဖြစ်သလား။ အဲဒီ ဖွံ့ဖြိုးမှုအနည်းဆုံးနေရာကို အများဆုံး အကြီးမားဆုံးစီမံကိန်းကို လုပ်ပေးရမယ်။ အဲဒီလိုမျိုးနဲ့ ဖွံ့ဖြိုးမှုကို တန်းတူဖြစ်အောင် ကျွန်တော်တို့ ကြိုးစားတည်ဆောက် မယ်။ တစ်နည်းအားဖြင့် ဖွံ့ဖြိုးမှုကို မျှခြေတစ်ခုဖြစ်အောင် အောက်ခြေကနေ စတည် ဆောက်ရမယ်။ အဲဒီမှာ အမ်းပါ နိုင်တယ်။ ခင်ဗျာမေးတဲ့ အမ်းအတွက်ဆိုတာမျိုးက ဖြေဖို့ခက် တယ်။
လွှတ်တော်ထဲမှာ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ဘာ တွေပူးပေါင်းဆောင်ရွက်ဖို့ ရည် ရွယ်ထားသလဲ။
လွှတ်တော်မှာ ရခိုင်လွှတ် တော် ကိုယ်စားလှယ်တင်မက ဘူး။ တိုင်းရင်းသားအားလုံးနဲ့ ချိတ် ဆက်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကတက်တဲ့ တိုင်း ရင်းသားလွှတ်တော်အမတ်တွေရှိ တယ်။ တိုင်းရင်းသားဖြစ်လို့ တိုင်းရင်းသားစိတ်နဲ့ တိုင်းရင်းသား သွေးတော့ရှိမှာပဲ။ အဲဒီတော့ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှာရှိတဲ့ တိုင်းရင်းသားအမတ်တွေ ကိုလည်း စည်းရုံးမယ်ဗျာ။ တိုင်း ရင်းသားအမြင်နဲ့ စည်းရုံးမှာ။ အဲဒီလို တိုင်းရင်းသားဘက်က အမြင် နဲ့ လွှတ်တော်အတွင်းမှာ တည် ဆောက်ဖို့ ကြိုးစားမယ်။ အဲဒီအခါမှာ ကျွန်တော်တို့က လူထုကို နှစ် မျိုးဖော်ပြမယ်။ သီးသန့်ကိုယ်ပိုင် ပါတီမှာရှိတဲ့ တိုင်းရင်းသားတစ်ဦးရဲ့ အမြင်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးပါတီအ တွင်းမှာရှိတဲ့ တိုင်းရင်းသားတစ်ဦးရဲ့ လွှတ်တော်အတွင်း လွတ်လပ် မှု၊ မလွတ်လပ်မှုကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သုံးသပ်နိုင် အောင် ကျွန်တော်တို့က လာမယ့် လွှတ်တော်မှာ တင်ပြမယ်။ ညှိနှိုင်းမယ်။ ကျွန်တော်တို့နဲ့အတူ လက် တွဲ ဆောင်ရွက်နိုင်မယ်ဆိုရင် ဘယ်ပါတီကြီးရဲ့ ပါတီဝင်ဖြစ်ဖြစ် တိုင်းရင်းသားများရဲ့ အမြင်ဟာ ၉၀ ရာခိုင်နှုန်းရှိမယ်လို့ သုံးသပ်တယ်။ သို့သော် တိုင်းရင်းသားအမြင် ၁၀ ရာခိုင်နှုန်းပဲရှိပြီးတော့ ပြည်မပါတီကြီးအပေါ် အမှီအခိုခံတာ ၉၀ ရာခိုင်နှုန်းရှိတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်တွေပေါ့ဗျာ။ ပြည်မပါတီ ကြီးဝင် လွှတ်တော်ကိုယ်စားလှယ်ဆိုလည်း လူထုက ကွက်ကွက်ကွင်းကွင်းမြင်အောင် ကျွန်တော်တို့က တင်ပြဆွေးနွေးမယ်။ အဲဒီသဘောတော့ ရှိနိုင်တယ်။
ပြည်ခိုင်ဖြိုး (၂) ကြိမ်ဆက် အနိုင် ရထားတဲ့ မဲဆန္ဒနယ်မှာ ဆရာက နိုင်လိုက်တယ်။ ဒီကြားဖြတ်မတိုင်ခင် ဆရာပြောထားတာတစ်ခုရှိ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က ၂၀၂၀ အတွက် အရေးပါတယ်ဆိုတာ။ အဲဒီတော့ ရခိုင်အမျိုးသားပါတီရဲ့ ၂၀၂၀ အလားအလာကို ဘယ်လိုခန့်မှန်းပါသလဲ။
အမ်းဟာ ၂၀၂၀ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်အတွက် လှေ ကားတစ်ထစ်ပဲ။ အဲဒီတော့ အမ်း ရဲ့ အောင်မြင်မှုသည် ၂၀၂၀ အ တွက် အစိတ်အပိုင်းတစ်ခုဖြစ် တယ်ဆိုတာမျိုးကို ပါတီဘက်က လည်း မူချထားတယ်။ ကျွန်တော်တို့ လူထုကလည်း အဲဒီလိုမျိုးသုံး သပ်တယ်။ အဲဒီအတွက် ၂၀၂၀ အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေကို မေးကြည့်တဲ့အခါ ဆရာက အမ်းဒေသခံ မဟုတ်တော့ အမ်းပြည်သူတချို့က နည်းနည်းစိတ်ပူတာရှိတယ်။ အမ်းကို ခဏခဏလာပြီး ဒေသရဲ့ လိုအပ်ချက်ကို သိဖို့နဲ့ ဖြည့်ဆည်းပေးဖို့ပေါ့။ အဲဒီစိတ်ပူနေတဲ့ ပြည်သူတွေကို ဘာပြောချင်ပါသလဲ။
ဘယ်သူက စိတ်ပူတယ်ပြောတယ်။ ဂျာနယ်သမားတွေက ဘယ်လောက်အထိ အမ်းလူထုနဲ့ တွေ့ပြီးပြီလဲ။ ခင်ဗျားမေးခွန်းက အမ်းပြည်သူလူထုက ဒေသခံမဟုတ်တဲ့ ကျွန်တော့်ကို ကိုယ်စားပြုမှု ပေးလိုက်တာကိုက စိုးရိမ်နေတယ်ဆိုတာ မေးခွန်းမေးရလောက်အောင် ဘယ်နှယောက်လောက် လူထုနဲ့ တွေ့ပြီးပြီလဲ။ အမ်းဒေသက ကျယ်ပြန့်တယ်ဗျ။ မြို့ပေါ်မှာ ခင်ဗျားထိတွေ့တာရှိချင်ရှိမယ်။ အမ်း ဒေသခံမဟုတ်လို့ စိုးရိမ်နေတာမျိုးဆိုရင် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဦးသိန်းဆွေတို့က အမ်းဒေသခံမှမဟုတ်ဘဲ။ အဲဒီလို အစွဲအလမ်းတွေ အမ်းလူထုမှာ မရှိတော့ဘူးဗျ။ ပုဂ္ဂိုလ်တချို့တစ် ၀က်လောက်ကပဲ ဒီကိစ္စကို High-light (အလေးပေး) လုပ်ပြောနေ တာ။ အဲဒီလို စိတ်ပူတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ကို မဲပေး တာပဲလေ။ အမ်းသားကိုမှ ပေး မယ်ဆိုရင် ကျွန်တော် ရှုံးမှာပေါ့။ အဲဒီမေးခွန်းဟာ မှားတယ်။ အမ်း သားတွေဟာ နိုင်ငံရေးရေချိန်မြင့် သွားပြီ။
ဟုတ်ပါပြီ။ ဒါဆိုရင် အမ်းဒေသ အကျိုးအတွက် အပြည့်အ၀ထမ်း ဆောင်နိုင်မယ်လို့ ဘယ်လောက် ယုံကြည်ပါသလဲ။
ယုံကြည်လို့လာတာပဲ။ ကျွန် တော် ခင်ဗျားကို စောစောက အ ဖြေသုံးချက်ပေးခဲ့တယ်။ ပြည် ထောင်စုတစ်ခုလုံးအတွက် လုပ် တာလည်း အမ်းအတွက်လုပ်တာ ပဲ။ အနောက်တံခါးလုံခြုံမှုလုပ် တာသည်လည်း အမ်းအတွက် လုပ်တာပဲ။ အမ်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆောင်ရွက်စရာ အများကြီးရှိတယ်။ အမ်းကဲ့သို့ ရခိုင်ပြည်နယ်မှာ အများကြီးရှိ တယ်။ တိုင်းနဲ့ ပြည်နယ်အားလုံး မှာရှိတယ်။
နောက်ဆုံးအနေနဲ့ မေးချင်တာက ဆရာက ၂၀၁၀ တုန်းက အနိုင်ရခဲ့တယ်။ ၂၀၁၅ မှာ ရှုံးခဲ့တယ်။ ၂၀၁၇ ကြားဖြတ်မှာ ထပ်အနိုင်ရ တယ်ဆိုတော့ ၂၀၁၀ ကထက် ဘာတွေထပ်စွမ်းဆောင်နိုင်မလဲ။
ပထမတစ်ချက်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ့်ပါတီနဲ့ ကိုယ်ဝေဖန်ရမယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Lead-ing Role (ခေါင်းဆောင်ပိုင်း) က ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိပုံမပေါက်ဘူး။ အုပ်ချုပ်ရေးယန္တရားကိုကိုင်တာ ဒေါ်အောင်ဆန်းစုကြည်အမည်ခံပဲ ဖြစ်နိုင်တယ်။ ဦးထင်ကျော်က ပိုပြီးအမည်ခံပေါ့ဗျာ။ ဦးထင်ကျော်က အမည်ခံအစစ်၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအမည်ခံ။ တကယ်ဦး ဆောင်နေတာ ဦးဝင်းထိန်လို့ ထင်တယ်။ ဦးဝင်းထိန်တို့၊ ဗိုလ် ချုပ်ကြီးတင်ဦးတို့ဆိုတာ အားလုံးလေ့ကျင့်မှုတစ်ခုက လာတာလေ ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ထိန်းချုပ်ထားတဲ့ ပုဂ္ဂိုလ်က ကျွန်တော်တို့မြင်တာ ဦးဝင်းထိန်ပဲလို့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နွားရှေ့ထွန်ကျူးဖြစ်နေပြီလား။ အထူးသဖြင့် အစိုးရအဖွဲ့ရဲ့ ယန္တရားကို ပါတီတစ်ခုက ထိန်းချုပ်သလိုမျိုးဖြစ်နေသလား။ လွှတ်တော်သည် အစိုးရကို လုံးဝထောက်ပြဝေဖန်မှု မပြုဘဲ အစိုးရကို လွှတ်ပေးတဲ့၊ အစိုးရကို လက်ခုပ်တီးပြီးမှ ဘာလုပ်လုပ်ထောက်ခံပေးတဲ့ လွှတ်တော်များဖြစ်နေသလား။ လွှတ်တော်ရဲ့ မူလဆောင်ရွက်ရမယ့် တာဝန်များ ပျက်ကွက်နေပြီလား။ အဲဒါဆိုရင် ပြန်ပြင်ဖို့လိုတယ်။ ကိုယ့်အစိုးရကို ကောင်းတယ်ကောင်း တယ်လို့ ဝေဖန်မယ့်အစား ကိုယ့်အစိုးရရဲ့ အားနည်းချက်ကို ကိုယ်ပြန်သုံးသပ်ဖို့လိုမယ်။ တစ်ခုလုံးပြန်သုံးသပ်ရမယ်။ ၀န်ကြီးတွေဖြုတ်ဖို့လိုရင်ဖြုတ်ပါ။ ပွင့်ပွင့်လင်းလင်းပြောရင် ၀န်ကြီးတွေလည်း ၀န်ခံပါ။ ဥပမာဆိုပါစို့။ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လို့ ဘာများမှားနေသလဲ။ အဲဒီလိုဆိုရင် အမျိုးဘာသာသာသနာနဲ့ ပတ်သက်တဲ့ ၀န်ကြီးဌာနဟာ ကိုယ့်ဘာသာကိုယ် နောက်ဆုတ်ပေါ့။ အပြုသဘော ထောက်ပြဝေဖန်တာပဲဖြစ်ဖြစ်၊ ပွင့်ပွင့်လင်းလင်းထောက်ပြဝေဖန်တာကို အလေးအနက်ထားတဲ့ အစိုးရဖြစ်ဖို့လိုတယ်၊ အလေးအနက်ထားတဲ့ လွှတ်တော်ဖြစ်ဖို့လိုတယ်။
အခုလိုဖြေပေးတာ ကျေးဇူးတင် ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video