Skip to main content

အရှိတရားကို လက်ခံကြ

'' အရှိတရားကို လက်ခံကြ - ၁ ''
***********************
2.4.2017 ည ၁၁ နာရီခန့်က မရင်းနှီးသော
ဖုန်းနံပါတ်တစ်ခုက ဖုန်းခေါ်လာ၏။ NLD ပါ
တီ၏ တိုင်းအဆင့်တာဝန်ရှိသူတစ်ဦးဖြစ်၏။
မိတ်ဆွေဟောင်းတစ်ဦးပါပဲ။ ရှစ်လေးလုံး
ကာလမှသည် စစ်အာဏာရှင် လူယုတ်မာ

များပေးသည့် အမျိုးမျိုးသောဒုက္ခများကို
ကြံ့ကြံ့ခံရပ်တည်ရင်း ယခုအခြေအနေအ
ထိ ရောက်ရှိလာသူဖြစ်၏။ နိုင်ငံရေးခံယူ
ချက်၊ ရိုးသားမှု၊ တိုင်းပြည်ချစ်စိတ်၊ ပြည်သူ
ကို တန်ဖိုးထားမှု စသည့်အပိုင်းများ၌ အပြစ်
ဆိုစရာမရှိအောင် ပြည့်ဝသူမို့ တစ်ချိန်ချိန်
ဝယ် CEC ဖြစ်လာနိုင်သူဖြစ်၏။ အားနည်း
ချက်ကတော့ ရိုးသားလွန်းသဖြင့် ပါတီတွင်း
မှအခွင့်အရေးသမားများနှင့် ပြိုင်ဘက်အုပ်စု
များ၏ ညစ်ကွက်များကို ကြိုမမြင်နိုင်၊ ကြို
တင်မတွေးတော မဆင်ခြင်နိုင်ခြင်းတည်း။
'' ချောင်းဆုံက လှုပ်နှိုးလိုက်ပြီလား ငါ့လူ
ရေ။''
မိမိ၏ အမေးစကားကြောင့် သူတုန်လှုပ်
သွားဟန်တူ၏။
'' ဟာ..... အရှင်ဘုရား ဘယ်လိုလုပ် သိ
သလဲဘုရား ''
'' မောင်ရင် ဒီအချိန်ကျမှ ငါ့ဆီဖုန်းဆက်တာ
ဟာ ချောင်းဆုံမှာ ကြံ့ဖွံ့ကို မဲရှုံးတဲ့ကိစ္စ
ကလွဲပြီး အခြားမရှိနိုင်ဘူးဆိုတာကို နိုင်ငံ
ရေးလောကထဲမှာပဲ ပိတ်မိနေပြီး ပတ်
သက်ဆက်ဆံရာ ပတ်ဝန်းကျင် ကျဉ်းသွား
တဲ့ မောင်ရင်တို့လို လူမျိုးတွေသာ မတွေး
မိတာလေကွာ။ ငါတို့လို ဘေးကနေ ထိုင်
ကြည့်နေတဲ့ ပရိသတ်ကတော့ ကောင်း
ကောင်း သိတာပေါ့။ ''
'' ဟုတ်ပါပြီ ဆရာသမားရယ်။ ကန်တော့၊
ကန်တော့ ဆရာတော်ဘုရားရယ်။ တ
ပည့်တော်တို့ပါတီရဲ့အားနည်းချက်တွေ၊
အမှားတွေကို အရှင်ဘုရား မြင်သရွေ့
ထောက်ပြပါဦး ဘုရား။ ''
'' ငါကထောက်ပြတော့ရော မောင်ရင်တို့
ပါတီရဲ့ အလယ်အလတ်နဲ့ ထိပ်ပိုင်းမှာ
ရှိတဲ့ ပုဂ္ဂိုလ်တွေက အရေးတယူပြုပြီး စဉ်း
စား ဝေဖန် သုံးသပ်မယ်လို့ မောင်ရင် ယုံ
ကြည်သလား။ သဘောကတော့ကွာ။
ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့၊
မြန်မာနိုင်ငံကို တိုးတက်စေချင်တဲ့၊ ဒေါ်
အောင်ဆန်းစုကြည်ရဲ့ ပညာဉာဏ်နဲ့ ခန္တီ
တရားကို အလွန်နှစ်သက်သဘောကျတဲ့
ထေရဝါဒရဟန်းတစ်ပါးရဲ့ ကြောက်ခမန်း
လိလိ ဘဝအတွေ့အကြုံတွေက ပေါက်
ဖွားလာတဲ့ အကြံပေးချက်တွေကို အာ
ဏာမာန်တက်စပြုလာတဲ့ လူပုဂ္ဂိုလ်အချို့
နေရာဝင်ယူစပြုတာကို ခံနေရတဲ့ မောင်
ရင်တို့ပါတီက ပုဂ္ဂိုလ်တွေက နှစ်သက်သ
ဘောကျ လက်ခံပါ့မလား။ ''
'' တပည့်တော်ကတော့ အရှင်ဘုရားရဲ့ ဘ
ဝအတွေ့အကြုံတွေကို ကောင်းကောင်း
သိထားတော့ လက်မခံစရာ အကြောင်း
မရှိပါဘူး ဘုရား။ ပြီးတော့ တပည့်တော်
တာဝန်ယူထားရတဲ့အပိုင်းက တာဝန်ရှိ
ပုဂ္ဂိုလ်တွေကို ရှင်းပြတာမျိုး၊ ဝိုင်းဝန်းဝေ
ဖန်တာမျိုး လုပ်ဖို့ အဆင်သင့်ပါပဲဘုရား။''
'' မောင်ရင့်ကို တစ်ခုတော့ ကြိုပြောမယ်။
ပြည်သူအများစုကြီးနဲ့ ပြည်တွင်း ပြည်ပ
မှာရှိတဲ့ မြန်မာနိုင်ငံသား ပညာတတ်
အားလုံးနီးပါးက မောင်ရင်တို့ပါတီကို အ
ထူး ယုံကြည်အားကိုးတယ်။ တိုင်းပြည်ကို
စစ်ဖိနပ်အောက်က ဆွဲထုတ်ပေးနိုင်တဲ့
တစ်ခုတည်းသော အဖွဲ့အစည်းကြီး လို့
နားလည် လက်ခံထားတယ်ဆိုတာကို
မောင်ရင်တို့ပါတီက အဆင့်ဆင့်သော
တာဝန်ရှိသူတွေ သိထားဖို့လိုတယ်။ တော်
လှန်ရေးကာလ တလျှောက်လုံးမှာ ရဟန်း
သံဃာတော်တွေအပါအဝင် ပြည်သူ ပြည်
သားတွေက အံ့သြစရာကောင်းလောက်
အောင် ဝန်းရံထောက်ခံခဲ့လို့ NLD ပါတီ
ဆိုတာ အစိုးရဖွဲ့နိုင်တဲ့အဆင့်အထိ မြင့်
မားခဲ့တယ်။ ခုလို တည်ဆောက်ရေးကာ
လမှာလည်း စိတ်တိုင်းမကျတာတွေ၊ အား
မလို အားမရဖြစ်တာတွေရှိနေပေမယ့် တ
ကယ့်ကို သည်းခံ ခွင့်လွှတ် နားလည်ပေး
ပြီး ဝန်းရံပေးနေဆဲပဲ။ အဲဒီကျေးဇူးတရား
ကို မောင်ရင်တို့ပါတီရဲ့ အဆင့်ဆင့်သော
ခေါင်းဆောင်တွေအားလုံး သိတတ်ကြဖို့
ပြည်သူကို စော်ကားတဲ့စကားမျိုး မပြော
မိစေဖို့ သိပ်အရေးကြီးတယ်။ ပြည်သူကို
စော်ကားမော်ကား ပြောဆိုခဲ့တဲ့ ဘယ်သူ့
ကိုမဆို၊ ပြည်သူ့ကိုစော်ကားရာရောက်တဲ့
အပြုအမူကို ပြုမူတဲ့ ဘယ်သူ့ကိုမဆို (ပါတီ
ခေါင်းဆောင်ပိုင်းကဖြစ်ဖြစ် လွှတ်တော်ကိုယ်
စားလှယ်ပဲဖြစ်ဖြစ်) ချက်ချင်း သတိပေးတာ
မျိုး၊ အရေးတာမျိုး လုပ်ကိုလုပ်ရမယ်။ ''
'' တင်ပါ့ ဘုရား။ အရေးယူသင့်တဲ့ လူပုဂ္ဂိုလ်
တွေကိုတော့ ချက်ချင်းအရေးယူတာမျိုး
တွေရှိပါတယ် ဘုရား။ ''
'' မြောင်းမြအမတ်ကိစ္စ၊ ရွှေပြည်သာအမတ်
ရဲ့ KTV မှာ မူးပြီးရမ်းတဲ့ကိစ္စ၊ တောင်ကြီး
က အုပ်စုဖွဲ့တဲ့ကိစ္စ တွေမှာတော့ အားရ
လောက်စရာ ရှိပါတယ်။ ဒါပေမယ့် ဒေါ်
သက်သက်ခိုင်ရဲ့ ကိုယ်ကျိုးစီးပွားနဲ့နွယ်တဲ့
ကိစ္စတွေမှာ စကားအပြောအဆို မှား
ယွင်းမှုအချို့နဲ့ ဆီစားနှုန်းမြင့်တဲ့ကားစီး
ပြီး လွှတ်တော်တက်နိုင်တဲ့ ကိုယ်စားလှယ်
တစ်ယောက်ရဲ့ ပြည်သူကို စော်ကားမော်
ကား ပြောဆိုခဲ့မှုလို့ ယူဆနိုင်တဲ့ကိစ္စမျိုး
တွေမှာ အရေးယူမှုတစ်စုံတစ်ရာ မရှိတာ
ကိုတော့ ငါကိုယ်တိုင်လည်း သဘောမ
တွေ့တာ အမှန်ပဲ။ မွန်ဝန်ကြီးချုပ် ကိုမင်း
မင်းဦးကိစ္စကိုတော့ အသံစထွက်လာက
တည်းက ထိထိရောက်ရောက် Action ယူ
တာမျိုးကို ပွင့်ပွင့်လင်းလင်းမလုပ်ခဲ့ဘဲ အ
တော်လေး လျှို့လျှို့ဝှက်ဝှက်နိုင်ခဲ့တာကို
သိပ်မကြိုက်ဘူး။ ''
'' အရှိတရားကို လက်ခံကြ - ၂ ''
***********************
'' မောင်ရင်တို့ပါတီ အလျင်ဆုံး ပြုပြင်ရမယ့်
အပိုင်းက ရပ်/ကျေးနဲ့ မြို့နယ်အဆင့်စည်း
ရုံးရေးမှူးတွေကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ
အထောက်အပံ့တွေပေးရမယ်။ သူတို့ရဲ့
စကားတွေကို ကျယ်ကျယ်ပြန့်ပြန့်နား
ထောင်ခွင့်ရအောင် စနစ်ကျတဲ့ ဆက်
သွယ်မှုလမ်းကြောင်းတွေ ထားပေးရမယ်။
အထူးသဖြင့် ရပ်/ကျေး စည်းရုံးရေးမှူးတွေ
ကို နှုန်းတစ်ခုသတ်မှတ်ပြီး လစဉ်ထောက်
ပံ့ရမယ်။ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေဆီက လစဉ်ကောက်
ခံနေတဲ့ ငွေကြေးထဲက တစ်စိတ်တစ်ပိုင်း
ကို ရပ်/ကျေးအဆင့် စည်းရုံးရေးမှူးတွေ
ကို လစဉ်ထောက်ပံ့ရမယ်။ အာဏာရှင်
ခေတ်အဆက်ဆက် သူတို့တွေခံခဲ့ရတဲ့
နစ်နာမှုတွေဟာ မင်းတို့ ငါတို့ထက်အများ
ကြီး ပိုပြီးဆိုးရွားတယ်ဆိုတာကို မောင်
ရင်တို့ နားလည်ထားဖို့လိုတယ်။ ''
'' တပည့်တော်တို့လည်း သင့်တော်သလို ပံ့
ပိုးမှုတွေ ပြုလုပ်နေပါတယ် ဘုရား။ ''
'' သင့်တော်သလိုဆိုတဲ့စကားဟာ လေးနက်
ခိုင်မာမှုမရှိသလို စနစ်ကျနတဲ့ အစီအမံမ
ပါတာကို ဖော်ပြနေတယ်။ ငါကတော့ အဲ
ဒီစကားကို မနှစ်သက်ဘူး။ မောင်ရင်တို့
ပါတီအတွက် ဘာမှလုပ်မပေးခဲ့ဖူးတဲ့ ငါ
တောင်မနှစ်သက်တဲ့စကားကို မိသားစု
လိုက် ဘဝအပျက်ခံပြီး မောင်ရင်တို့ပါတီ
ကို ပခုံးနဲ့ထမ်းတင်ပေးခဲ့တဲ့ အောက်ခြေ
ပါတီဝင်တွေဆိုရင်တော့ နှစ်သက်စရာ
အကြောင်း လုံးဝမရှိဘူး။ ငါဆိုလိုတာက
တိကျတဲ့မူချပြီး တိတိကျကျ ထောက်ပံ့
ပေးစေချင်တာ။ ''
'' တင်ပါ..... ရှေ့လာမယ့်အစည်းအဝေးမှာ
တပည့်တော် တင်ပြပါ့မယ် ဘုရား။ ''
'' နောက်တစ်ပိုင်းက 2020 Election မှာ အ
နည်းဆုံး ၆၀% အနိုင်သေချာအောင် ဝင်
ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကို ခုချိန်က
တည်းက စနစ်တကျပြင်ဆင် စည်းရုံးထား
သင့်တယ်။ ပြည်မမှာ အသေချာဆုံးဖြစ်
တဲ့ မကွေး၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာ
ဝတီ၊ တနင်္သာရီနဲ့ မန္တလေးတိုင်းတွေမှာ ခု
ချိန်ကတည်းက စနစ်တကျစည်းရုံးထား
ဖို့ လိုအပ်သလို၊ ဘာသာရေး၊ လူမျိုးရေး
မှိုင်းအတိုက်ခံထားရလို့ ရှုံးခဲ့ရတဲ့ သာစည်၊
ရမည်းသင်း၊ ပျော်ဘွယ်နဲ့ မိတ္ထီလာနယ်
တွေမှာ ဘာသာရေးမှိုင်းရဲ့ဆိုးကျိုးတွေ၊
နိုင်ငံရေးအလို့ငှာ ဘာသာရေးကို ခုတုန်း
ခံ အသုံးချခဲ့တဲ့ အသင်းအဖွဲ့တွေ၊ ပါတီ
တွေရဲ့လုပ်ရပ်အမှားအကြောင်းတွေကို
ဥပဒေပိုင်းတွေနဲ့ ကိုးကားပြီးထောက်ပြ
ဆွေးနွေးမှုတွေ လုပ်ပေးရမယ်။ ''
'' ပြီးတော့ လုံးဝမျက်ခြည်ပြတ်လို့မရတဲ့ အ
ပိုင်းတစ်ခုရှိတယ်။ အဲဒါကတော့ ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်
ခုကို ဇောင်းပေးစည်းရုံးရင်းနဲ့ တိုင်းဒေသ
ကြီးနဲ့ ပြည်နယ်လွှတ်တော်တွေကိုပါ တွဲ
ဖက်စည်းရုံးရမယ်။ ''
''အဲဒါကို သိပ်သဘောမပေါက်ဘူး ဘုရား။''
'' ပြည်ထောင်စုအစိုးရအဖွဲ့ဆိုတာ ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ခု
ရဲ့အင်အားကိုပဲ ယူတာလေကွာ။ ပြည်
နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်
စားလှယ်တွေက ပြည်ထောင်စုအစိုးရနဲ့
ပြည်ထောင်စုလွှတ်တော်ထဲကို ဝင်ပြီးနေ
ရာယူခွင့်မရှိဘူး။ နာဂစ်ခြေဥအရကို တိုင်း
နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အာဏာ
များများစားစား မရှိဘူးလေ။ ''
'' အဲဒါတော့ မှန်ပါတယ်ဘုရား။ တပည့်
တော်တို့ တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်
က ဖွံ့ဖြိုးရေးအပိုင်းကိုပဲ အဓိကတာဝန်ယူ
ဆောင်ရွက်နေရတာပါ ဘုရား။ ''
'' အေး..... အဲဒါကြောင့် 2020 Election မှာ
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်
တော်နှစ်ရပ်စလုံးမှာ ၆၀% အထက် အနိုင်
ရဖို့ စနစ်ကျတဲ့ Plan ချထားဖို့လိုတယ်။ ''
'' တင်ပါ့..... လူကြီးတွေ စီစဉ်ထားတာရှိပါ
လိမ့်မယ် ဘုရား။ ''
'' အဲဒါဟာ မောင်ရင်တို့ပါတီရဲ့ မဟာအမှား
ပဲကွ။ နေရာတကာ ဒေါ်စုနဲ့ CEC ကို အား
ကိုးလွန်းတာဟာ ပါတီဝင်တွေရဲ့ အရည်
အချင်းနဲ့ ပြည်သူအပေါ်အာရုံစူးစိုက်မှုကို
ကျဆင်း နိမ့်ပါးစေတဲ့ အခြေခံအကျဆုံး
အကြောင်းရင်းပဲ။ ၂၀၀၄ ဗိုလ်ခင်ညွန့်ကို
ဖြုတ်ထုတ်ရှင်းလုပ်ပြီးစအချိန်မှာ ဝါရင့်
နိုင်ငံရေးသမားကြီးတစ်ယောက်နဲ့ စကား
ပြောရင်း ဒေါ်စုအပေါ်ကို နအဖကျင့်သုံး
နေတဲ့ Technic ကို ငါက 'ရိုက်သတ်မနေ
ဘူး၊ အိုသေသွားစေမယ့်နည်းဗျူဟာ' သုံး
နေတာဖြစ်ကြောင်း ငါ့အမြင်ကို ရှင်းရှင်း
ပြောပြလိုက်တော့ အဖိုးကြီး အတော်
လေး သဘောကျသွားတယ်။ 'အဲဒီစနစ်က
ပဲ ဒေါ်စုကို အထွဋ်အထိပ်ရောက်အောင်
ထိုးတင်ပေးလိုက်လိမ့်မယ်' လို့တောင်
ပြောလိုက်သေးတယ်။''
''အဲဒီစကားက ဘာကိုဆိုလိုတာလဲ ဘုရား''
'' အဲဒီအချိန်မှာ ဒေါ်စုဟာ ရွှေတောင်ကုန်း
ဆရာတော်ဘုရားကြီးအပြင် ရှစ်မိုင်နား
က ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ သဒ္ဓမ္မ
ရံသီ ဝိပဿနာရိပ်သာဆရာတော်ကြီး
ဆီကပါ အင်မတန်ပြည့်စုံထိရောက်တဲ့ ဝိ
ပဿနာအားထုတ်ပုံ အားထုတ်နည်းတွေ
ကို လက်တွေ့ကျင့်ကြံ အားထုတ်ဖို့ အချိန်
ရသွားတာကို ငါကအတိအကျသိထားလို့
ပြောလိုက်တာ။ ''
'' သြော် သဘောပေါက်ပြီ ဘုရား။ ''
'' အရှိတရားကို လက်ခံကြ - ၃ ''
***********************
'' ဝိပဿနာတရားကို ဆရာကောင်းတွေနဲ့
ကြုံရပြီး နည်းမှန် လမ်းမှန် အားထုတ်ခွင့်ရ
ခဲ့တဲ့အတွက် ဒေါ်စုရဲ့စိတ်ဓာတ်ဟာ.......
မေတ္တာတရားဘက်ကို သိသိသာသာ ကူး
ပြောင်းသွားခဲ့တာကို ၉၀ ပြည့်လွန်နှစ်တွေ
က ပြောခဲ့တဲ့စကားတွေနဲ့ ၂၀၁၀ နောက်
ပိုင်းပြောခဲ့တဲ့စကားတွေကို နှိုင်းယှဉ်ကြည့်
ရင် ထင်ထင်ရှားရှားတွေ့နိုင်တယ်လို့ ငါအ
သေအချာ ပြောနိုင်တယ်။ ''
'' တင်ပါ ဘုရား။ ဒါပေမယ့် အရှင်ဘုရား စ
ကားတွေ လမ်းကြောင်းနည်းနည်းလွဲသွား
သလိုပဲ ဘုရား။ ''
'' မလွဲဘူး။ ဒေါ်စုရဲ့ စိတ်ဓာတ်အပြောင်းအ
လဲဟာ မြန်မာပြည်ရဲ့ကံကြမ္မာရော NLD
ရဲ့ကံကြမ္မာကိုပါ အကြီးအကျယ်ပြောင်း
လဲသွားစေတာကို သတိထားမိလို့ ဒီခေါင်း
စဉ်ကို တမင်ထည့်ပြောလိုက်တာ။ ''
'' သဘောပေါက်ပါပြီ ဘုရား။ ''
'' ခုနက ပြောခဲ့တဲ့ 2020 Election မှာ ပြည်
သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်၊
အဲဒီ လွှတ်တော်နှစ်ရပ်စလုံးမှာ NLD အ
နေနဲ့ အနည်းဆုံး ၆၀% အနိုင်ရဖို့ ဘယ်
လိုပြင်ဆင်ထားသင့်သလဲဆိုတဲ့အပိုင်းကို
သွားကြည့်ရအောင်။ ''
'' တင်ပါ ဘုရား။ ''
'' 2015 Election အရဆိုရင် တစ်တိုင်းပြည်
လုံးအတိုင်းအတာနဲ့ ပြည်သူ့လွှတ်တော်
အမတ်နေရာ ၄၄၀ ရှိတယ်။ စစ်တပ်က အ
ချောင်ဝင်ထိုင်နေတဲ့ ၂၅% ဖြစ်တဲ့ အမတ်
၁၁၀ ကို နုတ်လိုက်ရင် ၃၃၀ ကျန်တယ်။
အဲဒီ ၃၃၀ ထဲက အနည်းဆုံး ၂၂၁ နေရာ
နိုင်မှသာ ၅၀% ကျော်ပဲ လွှတ်တော်ထဲ အ
ရောက်ပို့နိုင်မယ်။ ဒီနေရာမှာ ကြံ့ဖွံ့ကို
ကိုယ်က အမတ်နေရာ ၁၁၀ အကျောပေး
ထားရသလိုဖြစ်နေတဲ့ အခြေအနေမှန်ကို
မြင်အောင်ကြည့်ပြီး ကြံ့ဖွံ့ရဲ့ အဓိကလက်
နက် ဘာသာရေးမှိုင်းမိနေတဲ့ ပြည်သူတွေ
ကို အမြင်မှန်လာစေဖို့ အားထုတ်ရမယ်။ ''
'' တင်ပါ့ အမျိုးသားလွှတ်တော်ဘက်ကရော
ဘုရား။ ''
'' 2015 Election စာရင်းအရဆိုရင် အမျိုး
သားလွှတ်တော်အမတ် စုစုပေါင်း ၂၂၅
နေရာရှိတယ်။ စစ်တပ်ခွဲတမ်း ၂၅% က
၅၆ ယောက် ပဲ့ထွက်သွားမယ်။ အားလုံး
၁၆၈ နေရာ (သို့) ၁၆၉ နေရာအတွက်
ပြိုင်ရမယ်။ ၅၁% နိုင်ဖို့ဆိုရင် အနည်းဆုံး
၈၅ ယောက်အနိုင်ရထားဖို့ လိုအပ်တယ်။
ခုတွက်ထားတဲ့ လွှတ်တော်နှစ်ရပ်ပေါင်း
အမတ်အရေအတွက်က ပြည်ထောင်စု
လွှတ်တော်ကို လွှမ်းမိုးနိုင်ရုံ၊ အစိုးရဖွဲ့နိုင်
ရုံ အဆင့်ပဲရှိတယ်။ ခြေဥကို ပြင်နိုင်ဖို့ အ
ရေအတွက်နားကို မကပ်နိုင်ဘူး။ ဒါပေ
မယ့် စစ်ခေါင်းဆောင်တွေကို ချောင်မပိတ်
နိုင်သေးသရွေ့တော့ ခြေဥရဲ့ အရေးကြီး
တဲ့အပိုင်းတွေကို ပြင်နိုင်မှာ မဟုတ်ဘူး။ ''
'' စစ်ခေါင်းဆောင်တွေကို ချောင်ပိတ်မယ်
ဆိုတဲ့စကားကို သဘောမပေါက်ဘူး ဘု
ရား။ ရှင်းပြပါဦး ဘုရား။ ''
'' ဒေါ်စုသွားနေတဲ့လမ်းကြောင်းက ပြည်သူ
မနာစေတဲ့နည်း။ တိုင်းရင်းသားလက်နက်
ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရရအောင်
တည်ဆောက်ပြီးမှ ၂၀၀၈ ခြေဥကို ပြင်ဖို့
တပ်ဖက်က လှုပ်လာလိမ့်မယ်။ NLD မှာ
အထူးသဖြင့် လွှတ်တော်လမ်းကြောင်းက
လူတွေမှာ တပ်ကိုယ်စားလှယ်တွေနဲ့ ရင်း
နှီးမှုရယူပြီး အဲဒီပုဂ္ဂိုလ်တွေရဲ့ Mindset ကို
ပြုပြင် ဆွဲခေါ်သွားမယ်ဆိုတဲ့ ရည်ရွယ်
ချက်ရှိနေတာကို သတိထားမိတယ်။ တ
ကယ်လည်း ပြည်သူဘက်ကို စိတ်လည်
လာတဲ့ တပ်မတော်သားကိုယ်စားလှယ်
အချို့ရှိလာခဲ့တာကို သတိထားမိတယ်။
အဲဒီအကွက်ကိုသိနေတဲ့ ဗိုလ်သန်းရွှေက
(ဗိုလ်သန်းရွှေလို့ ဘာဖြစ်လို့ထည့်ပြောသ
လဲဆိုတာတော့ ကိုယ့်ဖာသာပဲစဉ်စား
ဖို့ ပြောချင်တယ်။) တပ်မတော်သားကိုယ်
စားလှယ်တွေကို လွှတ်တော်ထဲမှာ အ
ကြာကြီးမထားဘဲ မကြာခဏလူလဲဖို့
အမိန့်ပေးထားခဲ့ပုံရတယ်။ ဒါကြောင့်
ဘယ်တစ်မတ်သားမှ လွှတ်တော်ထဲမှာ
ဖင်ပူအောင် ထိုင်ခွင့်မရတာပေါ့။ ''
'' အင်း.... ဒါလည်း ဟုတ်တာပါပဲ ဘုရား။ ''
'' ဟုတ်တယ်ဆိုတာထက် တကယ့်ပကတိ
အမှန်တရား ငါ့ကောင်ရဲ့။ မြန်မာစစ်တပ်
ဟာ နှစ်မျိုးထဲနဲ့ Run နေတာ ရာစုနှစ်ဝက်
မကတော့ဘူး။ တစ်က ကိုယ့်ထက်ရာထူး
ကြီးတဲ့လူ ခိုင်းတာမှန်သမျှ ဘာခိုင်းခိုင်း မ
ဖြစ်ဖြစ်အောင် လုပ်ပေးမယ်။ နှစ်က ကိုယ့်
ထက်ရာထူးငယ်တဲ့လူမှန်သမျှကို စိတ်ထဲ
တွေ့တာခိုင်းမယ် ဆိုတဲ့ နှစ်မျိုးတစ်လမ်း
သွား အဖွဲ့အစည်းဖြစ်နေတာ ကြာပါပြီ။
*အာဏာဒေါင်လိုက်ဆင်းတဲ့ပြဿနာ*
လို့ ဆိုရမလားပဲ။ အဲဒီလို ဦးနှောက်အ
ဆေးခံထားရတဲ့ လူတွေချည်းစုထားတဲ့
အဖွဲ့အစည်းတစ်ခုရဲ့ Mindset ကို ပြုပြင်
ပြောင်းလဲပေးဖို့ ဆိုတာ အင်မတန်ခက်
ခဲပါတယ်။ ဒါပေမယ့် တပ်မတော်ချည်း
သက်သက်ဆိုရင် ဘာပြဿနာမှ မရှိဘဲ
ရင်ကြားစေ့ရေးလမ်းကြောင်းကို လျှောက်
ဖို့မခက်ပါဘူး။ ခက်တာက ကြံ့ဖွံ့နဲ့ တပ်မ
တော်ရဲ့ Conbination က တပ်မတော်ကို
ရှေ့တိုးရခက်စေတာပါ။ တပ်မတော်ထဲ
မှာ ကြံ့ဖွံ့ကို မကြိုက်တဲ့ အရာရှိစစ်သည်
တွေ အများကြီးရှိနေတာကို သတိထားမိ
တယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ရိုက်
သွင်းခံထားရတဲ့ အသိလွဲ၊ အမြင်လွဲတွေ
ကို ဘယ်စစ်ခေါင်းဆောင်ကမှ ထုတ်ဖော်
ဝန်မခံရဲသေးဘူး။ ဒီအချက်ဟာ တပ်မ
တော်နဲ့ ပြည်သူကို ပိုဝေးကွာစေတဲ့ အဓိ
က အချက်ပါပဲ။ ''
'' အရှိတရားကို လက်ခံကြ - နိဂုံး ''
*************************
'' တပ်မတော်နဲ့ ပတ်သက်တာတွေကိုတော့
သိပ်မပြောချင်ဘူး။ ဒါပေမယ့် ဗိုလ်သန်း
ရွှေဟာ သူနဲ့သူ့မိသားစုဘဝ ထာဝရလုံခြုံ
စေရေးအတွက် တပ်မတော်ကို ခုတုံးလုပ်
ထားတဲ့ လုပ်ရပ်တွေကြောင့် တပ်ရဲ့မျိုး
ဆက်သစ်ခေါင်းဆောင်တွေ အကျဉ်းအ
ကြပ်ကြားထဲရောက်နေတာတွေ တွေ့ရ
တယ်။ ပထမအချက်ကတော့ ပြည်သူကို
ကန့်လန့်မတိုက်ချင်ဘဲ တိုက်ရတာမျိုးတွေ
ရှိလာတယ်။ ပြီးတော့ စစ်သားရင့်မာကြီး
တွေဖြစ်ပါလျက်နဲ့ ကမ္ဘာသိမျက်နှာပြောင်
တိုက် လိမ်ရ၊ ညာရတာတွေရှိလာတယ်။
အနီးစပ်ဆုံး ဥပမာကတော့ ဦးကိုနီလုပ်
ကြံခံရတဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲမှာ
ပြောသွားခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ
ဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့ စကားတွေက
သက်သေပဲ။ ''
'' အဲဒါတော့ ဟုတ်တယ်ဘုရား။ ဒီလူ ဒီရာ
ထူးအဆင့်အတန်းနဲ့ ဒီစကားမျိုးတွေ ပြော
ရဲတာ အရမ်းအံ့သြတယ် ဘုရား။ ''
'' မအံ့သြနဲ့လေကွာ။ ဗိုလ်နေဝင်းရိုက်သွင်း
ခဲ့တဲ့ ညီလေးအစ်ကိုကြီး ဆက်ဆံရေးစနစ်၊
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဆိုတဲ့ တာ
ဝန်မယူမှု၊ တာဝန်ခံမှုကင်းမဲ့တဲ့ Mindset
က မြန်မာ့တပ်မတော်မှာ အရိုးစွဲနေတဲ့
အဆင့်ရောက်နေပြီ။ ဒီမိုကရေစီရဲ့ ဆန့်
ကျင်ဘက် စိတ်ဓာတ်ပေါ့ကွာ။ ''
'' တပ်မတော်ဘက်ကို ခဏထားပြီးတော့
တပည့်တော်တို့ပါတီဘက်က ပြုပြင်သင့်
တဲ့အပိုင်းတွေကို အရှင်ဘုရား မြင်သ
လောက် အကြံပေးပါဦးဘုရား။ ''
'' ဒါက နှစ်ပိုင်းရှိမယ်။ တစ်က ၂၀၂၀ မှာ ပါ
တီအောင်နိုင်ရေးအပိုင်း။ ဒီအပိုင်းက သိပ်
အရေးကြီးတယ်။ ခုနကပြောခဲ့တဲ့ ပြည်သူ့
လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်
ရပ်စလုံးမှာ လိုအပ်တဲ့အမတ်ဦးရေရဖို့က
ပြည်မကို အခြေခံရုံနဲ့ရနိုင်ပါတယ်။ NLD
အားသာတဲ့ တိုင်းဒေသကြီး ခုနစ်ခုမှာ မြို့
နယ်ပေါင်း ဘယ်နှမြို့နယ်ရှိသလဲ၊ အဲဒီရှိ
တဲ့မြို့နယ်တွေထဲကမှ သေချာပေါက်နိုင်
မယ့်မြို့နယ်တွေကို စာရင်းလုပ်။ နိုင်ဖို့
သိပ်မသေချာတဲ့ မြို့နယ်တွေမှာ စည်းရုံး
ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်။ အဲဒီမြို့
နယ်တွေရဲ့ ဖွံ့ဖြိုးရေးကို ဖိဖိစီးစီးလုပ်ပေး
ရင်းနဲ့ စည်းရုံးရေးလုပ်။ ''
'' အားနည်းတဲ့ ပြည်နယ်တွေဘက်ကိုရော
ဘယ်လို ဆက်လှုပ်ရှားရင် ကောင်းမလဲ
ဘုရား။ ''
'' ပြည်နယ်အလိုက် ထောက်ခံမှုအများဆုံး
ရထားတဲ့ တိုင်းရင်းသားပါတီတွေကို မဟာ
မိတ်ဖွဲ့ထားရမယ်။ ဒါပေမယ့် အဲဒီပါတီတွေ
ဟာ ကြံ့ဖွံ့လက်ဝေခံပါတီတွေမဖြစ်ဖို့ လို
တယ်။ ဒါလည်း သိပ်တော့ စိုးရိမ်စရာမရှိ
ပါဘူး။ ကြံ့ဖွံ့ကမွေးထားတဲ့ပါတီတွေကို
တိုင်းရင်းသားဒေသအတော်များများက
မထောက်ခံကြဘူး။ ဥပမာ ရှမ်းပြည်နယ်
က ကျားဖြူပါတီ၊ ကရင်ပြည်နယ်က ဖလုံ
ဆဝေါ်ပါတီတွေရဲ့ ဖြစ်အင်ကိုကြည့်။ ၂၀၁၀
တုန်းက ဆရာကြီးတွေဖြစ်ခဲ့တဲ့ အဲဒီပါတီ
တွေဟာ ၂၀၁၂ ကြားဖြတ်နဲ့၊ ၂၀၁၅ ရွေး
ကောက်ပွဲမှာ မျိုးကန်းသွားတာကို ကြည့်
ရင် သိသာပါတယ်။ ''
'' တပည့်တော်တို့စိုးရိမ်တာက ရှမ်းပြည်နယ်
နဲ့ ရခိုင်ပြည်နယ် ဘုရား။ ''
'' ရှမ်းပြည်နယ်မှာတော့ နှစ်ခြမ်းခွဲပြီး စဉ်း
စားသင့်တယ်။ ဦးခွန်ထွန်းဦးတို့ရဲ့ ကျား
ခေါင်းပါတီ SNLD အားကောင်းတဲ့နေရာ
တွေကို NLD က လက်ရှောင်ပေးဖို့ လိုအပ်
တယ်။ USDP နဲ့ SNLD ထိပ်တိုက်တွေ့
မယ့် ဘယ်မဲဆန္ဒနယ်မှာမဆို NLD က ဝင်
မပြိုင်ဖို့ လိုတယ်။ ဒါမှ မဲမကွဲဘဲ SNLD အ
နိုင်ရ မဲဆန္ဒနယ်တွေများမှာ။ SNLD ဟာ
NLD အတွက် အကောင်းဆုံးတိုင်းရင်း
သားမဟာမိတ်ပါတီဖြစ်ဖို့ မခက်ဘူး။ ဒါ
ပေမယ့် စစ်တပ်က ဖွဲ့ပေးထားတဲ့ ပြည်သူ့
စစ်အဖွဲ့တွေ ကြီးစိုးရာနယ်မြေတွေမှာ
တော့ SNLD ကို ဝင်မပြိုင်ခိုင်းဘဲ NLD က
ပဲ USDP နဲ့ ထိပ်တိုက်ပြိုင်တာ ပိုအဆင်
ပြေလိမ့်မယ်။ သဘောကတော့ NLD လို
အာဏာရပါတီ မဟုတ်တဲ့အတွက် SNLD
မှာ ပါတီဝင်အင်အား၊ ငွေရေးကြေးရေး
စတဲ့အပိုင်းတွေမှာ မပြည့်စုံမှုတွေရှိမှာ
သေချာလို့ SNLD ရဲ့အင်အားကို မလို
အပ်ဘဲ မဖြုန်းတီးတဲ့သဘောပေါ့။ ''
'' ရခိုင်ပြည်နယ်ကရော ဘုရား။ ''
'' ရခိုင်ပြည်နယ်မှာလည်း NLD အားသာ
တဲ့ နယ်မြေတွေမှာပဲ ဝင်ပြိုင်ပြီး အားနည်း
တဲ့နယ်မြေတွေ (အထူးသဖြင့် ဘာသာ
ရေးမှိုင်းမိထားတဲ့ နယ်မြေတွေ) မှာ ဝင်မ
ပြိုင်ဘဲ ရခိုင်ပါတီတွေနဲ့ ဒေါက်တာအေး
မောင်ရဲ့ ANP ပါတီကိုသာ USDP နဲ့ ထိပ်
တိုက် ပေးတွေ့ထားလိုက်။ USDP က သူ့
ထုံးစံအတိုင်း ညစ်လို့ရသလောက် ညစ်
မှာပဲ။ ရခိုင်ပါတီတွေကလည်း သူတို့ကို
ထောက်ခံတဲ့ ရခိုင်လူထုအားနဲ့ တုံ့ပြန်မှာ
ပဲ။ အဲဒီတော့မှ အမျိုးသားရေး အရေခြုံ
ထားတဲ့ ကိုယ်ကျိုးရှာသမားအချင်းချင်း
ခတ်တာကို ထိုင်ကြည့်ရင်း NLD က လက်
ရှိအစိုးရ ချထားတဲ့မူတွေအတိုင်း ရခိုင်
ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်
ရေးကို အားစိုက်လုပ်ပေးပြီး ရခိုင်ပြည်သူ
တွေရဲ့ ထောက်ခံမှုကို နည်းမှန် လမ်းမှန်
နဲ့ အရပြန်ယူဖို့ ကြိုးစားသင့်တယ်။ ''
'' အတော်လေး ပြည့်စုံပါတယ် ဘုရား။ ကျေး
ဇူးတင်ပါတယ် ဘုရား။ အရှင်ဘုရားရဲ့ ပ
ရဟိတကျောင်းလေးကိုလည်း တတ်နိုင်သ
မျှ ဝိုင်းလှူကြဖို့ စည်းရုံးပေးပါမယ်ဘုရား''
'' ငါ့အတွက်မစဉ်းစားနဲ့မောင်ရင်။ ငါ့ပရဟိ
တအလုပ်ကို ဘာအရောင်မှ အဆိုးမခံ
နိုင်ဘူး။ အနာဂတ်မျိုးဆက်လေးတွေ ငါ
တို့ကြုံခဲ့ရတဲ့ စစ်အာဏာရှင်စနစ်ဆိုးနဲ့
မကြုံစေချင်လို့ နိုင်တဲ့နေရာက တိုင်းပြည်
တာဝန်ကို နိုင်သလောက်အားနဲ့ ဝင်ထမ်း
နေတာ။ အာဏာရပါတီကို ဖားလျားပြီး
ရွှေရောင်တောက်နေတဲ့ ဘုန်းကြီးခရိုနီ
အဖြစ် ထင်ယောင်ထင်မှား အဖြစ်မခံနိုင်
လို့ ခုကာလမှာ ထိပ်ရောက်နေတဲ့ မိတ်
ဆွေရင်းတွေကိုတောင် အဆက်အသွယ်
မလုပ်ခဲ့ဘူး။ အဲလောက်ဆိုရင်တော့ မောင်
ရင် သဘောပေါက်ကောင်းပါရဲ့။ ''
'' တင်ပါ့ သဘောပေါက်တယ်ဘုရား။ ''
'' အေး ဟုတ်ပြီ။ Online က Run နေတဲ့ လူ
မှုကွန်ရက် အားကောင်းနေတဲ့ ကာလမှာ
NLD လွှတ်တော်ကိုယ်စားလှယ်တွေ အား
လုံးနီးပါး Facebook သုံးတာကို တွေ့ရ
တယ်။ ငါ တစ်ခုတော့ အကြံပေးချင်တယ်။
ကိုယ်စားလှယ်တစ်ယောက်ချင်းစီက သူ
ဘာလုပ်သလဲဆိုတာကို သူ့ Wall မှာ တင်
တာထက် စာရေးနည်းကို အသင့်အတင့်
နားလည်တဲ့၊ စာရေးဝါသနာပါတဲ့ လူတစ်
ယောက်ယောက်ကို အဲဒီလွှတ်တော်ကိုယ်
စားလှယ်ရဲ့ ရပ်ရွာအကျိုးပြုလုပ်ရပ်တွေ
ကို အချိန်နဲ့ တစ်ပြေးညီ ရေးတင်ခိုင်းတာ
က ပိုထိရောက်လိမ့်မယ်။ ကျောက်ကြီး
က တိုင်းဒေသကြီး ကိုယ်စားလှယ် တင်
ဆန်းဦးကို အဲဒီလို လော်ပေးနေတဲ့ က
လေးတစ်ယောက်ရဲ့ Status တွေကို မ
ကြာခဏ ဖတ်ရတယ်။ စာရေးပုံ ရေးနည်း
နဲ့ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းတွေ
ရှိတာကလွဲပြီး အတိုင်းအတာတစ်ခုအထိ
တာသွားတာကို တွေ့ရတယ်။ လွှတ်တော်
ကိုယ်စားလှယ်ဆိုတာက အင်မတန်အ
လုပ်များတော့ ကိုယ်တိုင်ရေးဖို့ အချိန်မ
ပေးနိုင်လောက်ဘူး။ ပြီးတော့ အရေးမ
တတ်ရင် ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်
ဖြစ်သွားတတ်တယ်။ ဟိုတလောလေးကပဲ
သီရိရတနာဆိုတဲ့ အမတ်မလေး ကုမ္ပဏီ
တစ်ခုကန်ထရိုက်ရထားတဲ့ ကျောင်းတစ်
ဆောင်ရဲ့ Side ထဲ သွားစစ်ပြီး လိုအပ်
ချက်တွေ၊ ပြဿနာတွေကို သူ့ Wall မှာ
သူကိုယ်တိုင်ရေးလိုက်တာ စကားလုံးအ
သုံးအနှုန်းအချို့က ကာယကံရှင်တွေကို
အကြီးအကျယ် စိတ်ဒုက္ခရောက်သွားစေ
နိုင်တဲ့အထိ လွဲချော်သွားတာကို သတိ
ထားမိလိုက်တယ်။ အဲဒီကုမ္ပဏီဟာ NLD
ကို ထောက်ခံခဲ့တဲ့ လူတွေနဲ့ ဖွဲ့စည်းထား
တဲ့အဖွဲ့အစည်းဆိုရင် ပါတီအတွက် အ
များကြီး နစ်နာတယ်။ ''
'' တင်ပါ့။ အဲဒီအကြံကို သဘောကျတယ်
ဘုရား။ လွှတ်တော်ကိုယ်စားလှယ်တွေ
အတွက်လည်း အတော်လေးအကျိုးရှိနိုင်
တယ် ဘုရား။ အရှင်ဘုရားလည်း တ
ကယ့် စာပေပညာရှင်တစ်ယောက်နီးပါး
စာရေးနိုင်တာပဲဘုရား။ ပြီးတော့ အရှင်
ဘုရားရဲ့ မိတ်ဆွေတွေလည်း လွှတ်တော်
ကိုယ်စားလှယ်ဖြစ်နေတာတွေ ရှိတာပဲ။
တစ်ယောက်ယောက်ကို လော်ဘီလုပ်
ရေးပေးပါလား ဘုရား။ ''
'' အင်း..... ငါက သစ်တစ်ပင်ချင်း စိုက်ရတာ
ထက် သစ်တောတစ်အုပ်ကို ဘယ်လိုစနစ်
တကျ ပျိုးထောင်ရမလဲ ဆိုတဲ့ အပိုင်းကို
ပို အားသန်တယ်။ ပျိုးနိုင်လောက်အောင်
လည်း ဝမ်းစာဖြည့်ထားတယ်။ ''
* အပ္ပမာဒေန သမ္ပာဒေထ *
အရှင်ဆန္ဒာဒိက

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video