Skip to main content

အိန္ဒိယတွင် ဘင်္ဂါလီလေးသောင်းခန့်အား အကြမ်းဖက်သင်တန်းပေးနေခြင်း စိုးရိမ်ဖွယ်ရာဟု အိန္ဒိယအမတ်တစ်ဦးပြောကြား


အိန္ဒိယနိုင်ငံ၌ မြန်မာ နိုင်ငံမှ တရားမဝင် ဝင်ရောက်လာ သော ဘင်္ဂါလီ (မူရင်းအသုံးအနှုန်း ရိုဟင်ဂျာ) မွတ်စလင် လေး သောင်းခန့်အား အကြမ်းဖက် သမားများအဖြစ် လေ့ကျင့်သင် တန်းပေးနေခြင်းသည် စိုးရိမ်ဖွယ် ရာအခြေအနေဖြစ်ကြောင်း အိန္ဒိယ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ဧပြီ  ၆ ရက်တွင် အိန္ဒိယ အောက်လွှတ်တော်သို့ တင်ပြ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယအခြေ စိုက်သတင်းဌာနများက ဖော်ပြ သည်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင်  လှုပ်ရှားမှုရှိသော Harakah al-Yaqin အမည်ရှိ လက်နက်ကိုင်အဖွဲ့သစ် တပ်ဖွဲ့ ပေါ်ပေါက်လာမှုကို ထောက်ပြ၍ အိန္ဒိယ BJD ပါတီမှ  လွှတ်တော် ကိုယ်စားလှယ် B Magtab က တင်ပြခဲ့သည်။

‘‘မြန်မာနိုင်ငံက သူတို့တွေ ကို နိုင်ငံသားတွေအဖြစ် အသိအ မှတ်မပြုတဲ့နောက် အိန္ဒိယအပါ အဝင် တခြားနိုင်ငံတွေကို တွန်း ထုတ်ခံရတာပဲ’’ ဟု အိန္ဒိယ အောက်လွှတ်တော်ကိုယ်စား လှယ် B Magtab ကပြောကြောင်း အိန္ဒိယသတင်းဌာနများက အစီ ရင်ခံခဲ့သည်။ ၎င်းတို့ကို မည်သူ မည်ဝါဖြစ်ကြောင်း ဖော်ထုတ်၍ အရေးယူရန် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနကို တိုက်တွန်းခဲ့သလို အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန ၏ဆောင်ရွက်မှုကို မေးခွန်းထုတ် ခဲ့သည်။
ဒီဇင်ဘာက ထုတ်ပြန်ခဲ့ သောနိုင်ငံတကာ ပဋိပက္ခလေ့ လာစောင့်ကြည့်ရေး အဖွဲ့ (ICG) အစီရင်ခံစာအရ ရခိုင်ပြည်နယ်၌ ၂၀၁၂ အကြမ်းဖက်မှုများ ဖြစ် ပေါ်ပြီးနောက်၌ ဆော်ဒီအာရေး ဗီးယားတွင် နေထိုင်နေသော ဘင်္ဂါလီ (ရိုဟင်ဂျာ) များက Harakah al-Yaqin အမည်ရှိ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအ ချိန်ကစ၍ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်စလင် လေးသောင်းခန့်သည် ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားပင်လယ် အော်နှင့် မြန်မာ သုံးပွင့်ဆိုင်နယ် စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံတွင်း သို့ တရားမဝင် ဝင်ရောက်ခဲ့ကြ သည်ဟု အိန္ဒိယလွှတ်တော်အ မတ်က ဆိုသည်။ ၂၀၁၃ တွင် IS စစ်သွေးကြွများနှင့် ဆက်နွှယ်မှုရှိ သော အိန္ဒိယမူဂျာဟစ်များက ဗုဒ္ဓဂယာ၌ ပြင်းထန်သော ဗုံးခွဲ တိုက်ခိုက်ခဲ့မှုရှိခဲ့ပြီး ပစ်မှတ်ထား ခံနေရကြောင်း ၎င်းကဆိုသည်။
အိန္ဒိယသည် တရားဝင်အား ဖြင့်မူ ရိုဟင်ဂျာမွတ်စလင်များကို ဒုက္ခသည်များအဖြစ် အသိအမှတ် မပြုသော်လည်း အိန္ဒိယပြည်ထဲ ရေး ဝန်ကြီးဌာန ခန့်မှန်းမှု အရ အိန္ဒိယနိုင်ငံ နေရာအနှံ့အပြား တွင် စာရွက်စာတမ်း အထောက် အထားမရှိသော ဒုက္ခသည်များအ ဖြစ် နေထိုင်နေသော ရိုဟင်ဂျာ မွတ်စလင် လေးသောင်းခန့်ရှိ သည်။ အိန္ဒိယနိုင်ငံ ဂျမ်းမူဒေသ၌ လတ်တလော ရောက်ရှိနေသော ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်စလင် တစ်သောင်းကျော် အနက်အများ အပြားသည် အိန္ဒိယအစိုးရ အသိ အမှတ်ပြု Aadhaar card ခေါ် ပုဂ္ဂိုလ်ရေး အချက်အလက် ကတ် ပြားများ ရရှိကိုင်ဆောင်ထားကြ ခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအ နေဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် မဆိုင်းမတွ အရေးယူ ကိုင်တွယ် သင့်ကြောင်း အိန္ဒိယ အမတ်က တိုက်တွန်းခဲ့သည်။
ဧပြီ ၃ ရက်က အိန္ဒိယ ပြည် ထဲရေး ဝန်ကြီးဌာနအရာရှိများ သည် တရားမဝင် အခြေချနေသူ များကို နိုင်ငံခြားသားများဆိုင်ရာ အက်ဥပဒေအရ အရေးယူရန်အစီ အစဉ်နှင့် ပတ်သက်၍ အစည်း အဝေး ပြုလုပ်ခဲ့သည်ဟု အိန္ဒိယ သတင်းဌာနများက အစီရင်ခံခဲ့ သည်။ အိန္ဒိယ သိမ်းပိုက်ထား သော ကက်ရှ်မီးယားနယ်မြေသို့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ -မြန်မာ နယ်စပ်များမှ တစ်ဆင့် ဝင်ရောက်ခဲ့သော ဘင်္ဂါလီ ရိုဟင် ဂျာ ငါးထောင်မှ တစ်သောင်းကြားကို ပြည်နှင်ဒဏ်ပေးရန် အိန္ဒိယ အစိုးရက ပြီးခဲ့သည့်ရက်က ဆုံး ဖြတ်ခဲ့သည်။ အိန္ဒိယရောက် ဘင်္ဂါလီ (ရိုဟင်ဂျာ) များကို မည် သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ် ခြင်း၊ ဖမ်းဆီးခြင်း၊ ပြည်နှင်ဒဏ် ပေးခြင်းတို့လုပ်ဆောင်မည့် အိန္ဒိယအစီအစဉ်သည် နိုင်ငံတကာ ဥပ ဒေကို ချိုးဖောက်မှုဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ရှုတ် ချထားသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video