Skip to main content

ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင်

ကမ္ဘာ့လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနဲ့ပတ်သက်တဲ့ ၁၆ ဦးပါဝင်
~~~~~~~~~~
ကမ္ဘာတလွှားက နိုင်ငံရေးခေါင်းဆောင်တွေ၊ မိသားစုဝင်တွေနဲ့ ထင်ရှားသူတွေရဲ့ အမည်တွေနဲ့၊ ဘဏ်ငွေစာရင်းတွေကို ဖွင့်ချထားတဲ့ Panama Papers လို့ အမည်ပေးထားတဲ့ လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ကုမ္ပဏီ ၁ ခု ပါဝင်နေပါတယ်။ အဲဒီအထဲမှာ အရင် မဆလ တပါတီ အာဏာရှင်- ဗိုလ်ချုပ်ြကီးဟောင်း ဦးနေဝင်းရဲ့ သားမက်ဖြစ်သူ ဦးအေးဇော်ဝင်း၊ စစ်အစိုးရခေတ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့ ယုဇနဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း၊ ဦးမိုက်ကယ်မိုးမြင့် ... စတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စာရင်းတွေ ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ ICIJ က ရေးသားထားပါတယ်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင် ၁၄ဝ ကျော်ရဲ့ အခွန်ရှောင် လျှို့ဝှက်ဘဏ်စာရင်းတွေကို ပနားမားနိုင်ငံက Mossack Fonseca ရှေ့နေအဖွဲ့က ကူညီလုပ်ဆောင်ပေးထားတာ ဖြစ်တဲ့အတွက် Panama Papers လို့ အမည်တွင်လာတာ ဖြစ်ပါတယ်။ ဒီစာရင်းတွေထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ မိသားစုပိုင် လျှို့ဝှက်ငွေစာရင်းတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

......
(ပြင်ဆင်ဖြည့်စွက်ချက်)
https://offshoreleaks.icij.org စာမျက်နှာမှာ ဖော်ပြထားချက်အရ... အဲဒီ လျှို့ဝှက်ဘဏ်စာရင်းတွေထဲမှာ မြန်မာနိုင်ငံကဆိုပြီး ဖော်ပြထားတဲ့ ပုဂ္ဂိုလ် ၁၅ ယောက် ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့...
၁။ ဒေါက်တာအောင်ကျော်မြင့် - Director of Chief Target Overseas Ltd
၂။ အေးဇော်ဝင်း - Shareholder of Compass Point Finance Limited and Sky-link Communications Ltd.
၃။ ဒေါက်တာ ဥမ္မာမိုးမြင့် - Shareholder of MPRL E&P Pte Ltd
၎။ Ernest Howard Bolton II - Shareholder of Compass Point Finance Limited and Sky-link Communications Ltd.
၅။ Jonathan W. Smith - Shareholder of Siam Canadian (China) Limited
၆။ ကျော်ဝင်း - Director/Shareholder of Chance Best Development Limited
၇။ မောင်မောင်ဆွေတင် - Shareholder/ Director of Master Timber Corporation
၈။ မြမြစိုး - Director of Myint & Associates Company Limited
Authorised Person & Signatory of MPRL E&P Pte Ltd
Director of ASIA Drilling Pte Ltd
၉။ မြသီတာဆွေတင် - Shareholder/ Director of Master Timber Corporation
၁ဝ။ Quamruddin Ahmed
၁၁။ သုတ - Shareholder/ Director of Compass Point Finance Limited and Sky-link Communications Ltd.
၁၂။ ဦးဌေးမြင့် - Shareholder/ Director of High Returens Trading Ltd
၁၃။ ဦးမိုးမြင့် (ခ) မိုက်ကယ်မိုးမြင့်- Shareholder/ Director/ Beneficial Owner of ASIA Drilling Pte Ltd
Shareholder/ Beneficial Owner of Auto Transportation Ltd
Shareholder of Cairnhill Management Limited
Director/ Shareholder of Myint & Associates Company Limited
Nominee Shareholder Financecorp Limited
Director/ Bank Signatory of MPRL E&P Pte Ltd
၁၄။ ဦးမြင့်ဆွေ - Director/ Shareholder of Myint & Associates Company Limited
၁၅။ ဦးမျိုးတင် - Director/ Bank Signatory of MPRL E&P Pte Ltd
Director of Myint & Associates Company Limited
Director of ASIA Drilling Pte Ltd
၁၆။ William Mark Hilsman - Shareholder of Sky-link Communications Ltd.
Shareholder of Compass Point Finance Limited
Shareholder/ Director of Global Business Development Limited

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video