Skip to main content

ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး ဧပြီ၁ရက် စပေးနေပြီ

NLD အစိုးရလက်ထက် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေး ယခုလမှစတင် ပေးအပ်မည် --- --- --- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေးအဖြစ် ၂၀၁၇၊
ဧပြီလမှစတင်ကာ ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ကိုယ်ဝန်ဆောင်များအတွက် တစ်လ ကျပ် ၁၅,၀၀၀ ကို ထောက်ပံ့ကြေးအဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ကိုယ်ဝန်ဆောင် မိခင်များအတွက် ထောက်ပံ့ကြေးပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်စဉ်မှ စတင်၍ မီးဖွားပြီးနောက် ကလေးအသက် ၂ နှစ်အရွယ်ထိ လစဉ်ထောက် ပံ့ကြေး ကျပ် ၁၅,၀၀၀ ကို ရရှိခံစားနိုင်မည် ဖြစ်သည်။ ကိုယ်ဝန်ဆောင် မိခင်များအတွက် ခံစားခွင့်များတစ်ရပ်အနေဖြင့် လုပ်ငန်း ခွင်မှ မီးဖွားခွင့် ခြောက်လ ခံစားခွင့်ရသည့်အပြင် ယခုအခါ ကိုယ်ဝန်ဆောင် စဉ်ကာလမှ ကလေးအသက် ၂ နှစ်ပြည့်သည်အထိ ထောက်ပံ့ကြေးများ ရရှိနိုင်တော့မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ထောက်ပံ့ငွေ များ ပေးအပ်မည့် အစီအစဉ်ကို ၂၀၁၇ အတွင်း စတင်ဆောင်ရွက်မည်ဟု ပြောကြားခဲ့ခြင်းများရှိခဲ့ပြီး ယခုလမှစတင်၍ ထောက်ပံ့ကြေး ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Comments