Skip to main content

Posts

Showing posts from January, 2017

ရဲတပ်ဖွဲ့ကို ပြန်ပေးပါ 30 January 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျား။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုသို့ ပြန်လည်ပေးအပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့ဆိုသဖြင့် ရဲတပ်ဖွဲ့အား ဗိုလ်ချုပ်မှူးကြီးမှ သိမ်းပိုက်ထားသည်ဟု မဆိုလိုပါ။ သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပါသည်။ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)တို့သည် ပြည်ထဲရေးဝန်ကြီး၏ လက်အောက်ခံ ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးကို ရွေးကောက်ခံ အစိုးရမှ ခန့်ထားခွင့် ရှိသည်မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်ထားသည့် တပ်မတော်အရာရှိပဲ ၀န်ကြီးဖြစ်ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ စသုံးလုံး၊ အထွေထွေအုပ်ချုပ်ရေး စသော ဌာနများသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၏ ထိန်းချုပ်မှုမှ သီးခြားကင်းလွတ်သလို ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ အရေးပါအရာရောက်သော ဌာနများမှာ ပြည်ထဲရေးဝန်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိပါသည်။ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပါသ

သူရဲခေါင်း ဦးကိုနီ

ငြိမ်းချမ်းရေး ရန်ပုံငွေဘီလျံနဲ့ချီ ရှိနေ

 ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အလှူခံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ခဲ့အပြီး သီတင်း နှစ်ပတ်အကြာမှာ လက်ခံရရှိတဲ့ အလှူငွေ ကျပ်ပေါင်း ဘီလျံနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စား လှယ်တွေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော် က NRPC ရုံးမှာ တွေ့ဆုံနေစဉ်။ Photo: Myanmar State Counsellor Office/ Facebook မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေအကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ အကြောင်းနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တချို့ရဲ့ အမှု ကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က

ရခိုင်အရေးဖြေရှင်းရေး အချိန်ကာလတခုပေးဖို့ ဒု ကာကွယ်ရေးဝန်ကြီး ပန်ကြား

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ အတွက် မြန်မာ အစိုးရသစ်ကို အချိန်ကာလ တခုနဲ့ လုပ်သာကိုင်သာ အခြေအနေမျိုး ပေးပြီး ပံ့ပိုးထောက်ခံပေးဖို့ ဒုတိယ ကာကွယ်ရေး ၀န်ကြီးက တိုက်တွန်းပါတယ်။ အာရှ ပစိဖိတ် ဒေသတွင်းက ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ အတွင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနရဲ့ ဆွေးနွေးပွဲမှာ

ဒုတိယအကျော့ ငြိမ်းညီလာခံအတွက် ပြင်ဆင်ဆွေးနွေး

၂၀၁၆ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ တွေ့ဆုံဆွေးနွေး (Myanmar State Counsellor Office) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ တနိုင်ငံလုံးငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေးနဲ့ လက်ရှိ ဖြစ်ပွားခဲ့တဲ့

၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့မိုင်းလား NCA လက်မှတ်ထိုးဖွယ်ရှိ

 ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ ဖေဖော်ဝါရီလကုန် မတိုင်ခင် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့ မိုင်းလား အဖွဲ့တို့ NCA စာချုပ် မှာ လက်မှတ် ရေးထိုး လာနိုင်ခြေ ရှိတယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ PNO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အောင်မြင်ရန် တပ်မတော်အနေဖြင့် ၀ိုင်းဝန်းလုပ်ဆောင်နေဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆို

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များ အားတွေ့ဆုံစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ရန်ကုန်၊ ဇန်န၀ါရီ ၂၄ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို အောင်မြင်စေရန် တပ်မတော်အနေဖြင့် ၀ိုင်းဝန်းလုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST ) မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

UWSA“ဝ”အဖွဲ့၏ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်

နေပြည်တော်၊ ဇန်န၀ါရီ - ၂၄ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပေါက်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ UWSA “ဝ” အဖွဲ့က အတင်း အဓမ္မလူသစ်စုဆောင်းမှုများကြောင့် နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်လာခဲ့သော နမ့်တောင်းကျေးရွာ အုပ်စု၊ ရှုခါကျေးရွာနှင့် ဘူခေါကျေးရွာတို့မှ ဒေသခံပြည်သူ မိသားစုဝင် ၁၀ ဦးတို့သည် ဇန်န၀ါရီ ၂၃ ရက် နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့သို့ ရောက်ရှိခဲ့သည်။

ငြိမ်းချမ်းရေး ရန်ပုံငွေဘီလျံနဲ့ချီ ရှိနေ

25 January 2017  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အလှူခံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ခဲ့အပြီး သီတင်း နှစ်ပတ်အကြာမှာ လက်ခံရရှိတဲ့ အလှူငွေ ကျပ်ပေါင်း ဘီလျံနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။ အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက အများစု ထည့်ဝင်ခဲ့ကြတာပါ။ ငြိမ်းချမ်းရေး ရန်ပုံငွေမှာ မြန်မာနိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါဝင်လှူဒါန်းဖို့အတွက် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ စီစဉ်ဆောင်ရွက်ပေးပါလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကူအညီ တောင်းခဲ့တယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။ ရွှေသံလွင်၊ ကမ္ဘောဇဘဏ် အပါအဝင် စီးပွားရေး လုပ်ငန်းတွေက လုပ်ငန်းရှင်ကြီးတွေ က ကျပ် ဘီလျံနဲ့ ချီ ထည့်ဝင် လှူဒါန်းခဲ့ကြပြီး အခုအခါ လှူဒါန်းငွေ ကျပ် ၁၁ဘီလျံ အထိ ရထားပြီးပြီလို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အခုလို ငွေလှူဒါန်း ထည့်ဝင်တာဟာ ဘယ်လို အကျိုးအမြတ်ကိုမှ မျှော်ကို

မြန်မာ့ငြိမ်းချမ်းရေးအပေါ် ဦးစိုင်းကျော်ညွန့်၏ သုံးသပ်ချက်

၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုနောက်ဆုံးအဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် သုံးသပ်ချက်ကို ဖော်ပြအပ်ပါသည်။

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန် ၁၊ ၂၊ ၃

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၁) ၂၀၁၅ ရွေးကောက်ပွဲမှ အရပ်သားအစိုးရသစ်သို့ အားလုံးသိကြသည့်အတိုင်း ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲတွင် ‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’ (NLD) ပါတီ သောင်ပြိုကမ်းပြို အနိုင်ရလိုက်သည်။ ဤတွင် ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာသူများက ‘အေးအေးညောင်းညောင်း အာဏာလွှဲပြောင်းမှု ဖြစ်မှဖြစ်ပါ့မလား’ ဆိုသော စိုးရိမ်သောကဖြင့် ရင်တမမ စောင့်ကြည့်နေကြရသည်။ သို့နှင့်တိုင် သူတို့စိုးရိမ်သလို မဖြစ်ခဲ့ပါ။ နှစ်ဖက်အမြော်အမြင်ကြီးမှု (အထူးသဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ယခင်အစိုးရ၏ အမြော်အမြင်) ကြောင့်

၂၀၁၆ အလွန်မြန်မာ့နိုင်ငံရေး ၁၊ ၂

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇ ၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင်

ကျောင်းသားအင်အားစုများထူထောင်မည့်နိုင်ငံရေးပါတီ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့ ပါဝင်မည့် ကျောင်းသားနိုင်ငံရေး အင်အားစုများက နိုင်ငံရေးပါတီ တည်ထောင်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ ပါတီ၏ ခေါင်းဆောင်ကို ပြည်သူကသာ ရွေးချယ်သွားစေမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးမင်းဇေယျက ပြောကြားသည်။ ကျွန်တော်တို့ အနေနဲ့ ပါတီ ထူထောင်မယ်ဆိုရင် ခေါင်းဆောင်ကို ကျွန်တော်လည်း ရွေးလို့မရဘူး။ ခင်ဗျားတို့လည်း ရွေးလို့မရဘူး။ ပြည်သူက ရွေးချယ်လိမ့်မယ်။ အလုပ်က ရွေးချယ်လိမ့်မယ်။ ပြည်သူကို ချပြမှာပါ” ဟု ၎င်းက ထပ်မံပြောဆိုသည်။ လတ်တလောတွင်

မောင်းတောတွင်လူမျိုးတုန်းသတ်ဖြတ်မှုမတွေ့ရဟုကော်မရှင်ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ရခိုင်ပြည်နယ် မောင်တောဒေသတွင် နိုင်ငံတကာမှ စွပ်စွဲသည့် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဘာသာရေး ဖိနှိပ်မှုများ မတွေ့ရကြောင်း မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမအကြိမ် ထုတ်ပြန်သည့် ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကြားဖြတ် အစီရင်ခံစာကို ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြင်ပ စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ကော်မရှင်က စုံစမ်းစစ်ဆေးရာ၌ လူမျိုးတုံးအောင် သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ် ချုပ်ချယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီ လူဦးရေ၊ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွား များပြားနေခြင်းတို့က

၂၀၁၇ နှစ်ဆန်းအတွက်စိန်ခေါ်ချက်များ

၂၀၁၆ မှာ ပြီးခဲ့သည့် ရက်ပိုင်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ထိုနှစ်ကိုတော့ဖြင့်မူ နိုင်ငံသား အားလုံးက လွမ်းတသသ ဖြစ်နေကြသည်။ အကြောင်းမှာ ၂၀၁၆ တွင် လွမ်းလောက်စရာ အဖြစ်များက ရောပြွမ်းနေခဲ့သည်။ ကမ္ဘာ့တစ်ဝန်း ပြောင်းလဲမှုနှင့်အညီ နိုင်ငံအတွင်း၌လည်း အပြောင်းအလဲ များစွာ ရှိခဲ့သည်။ အဖြစ်သနစ်ပေါင်း များစွာ ကြုံခဲ့ရသည်။ သည့်အတွက် လူအများက ထို ၂၀၁၆ ကို

၂၀၁၆ စီးပွားရေး အနှစ်ချုပ်

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ကျားကုတ်ကျားခဲ့ ကြိုးပမ်းနေချိန် နိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ရုတ်သိမ်းပေးလိုက်သည့် အမေရိကန်တို့၏ ဆုံးဖြတ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းပွင့်သွားစေနိုင်ကြောင်းနှင့် ယခုအရွေ့ကို

အကောင်းအဆိုး၊ အကျိုးအကြောင်းတွေနဲ့ ၂၀၁၆ ကို ပြန်လည်သုံးသပ်ခြင်း

 ၂၀၁၆ ခုနှစ်ဟာ အချိုးအကွေ့ပေါင်း များစွာနဲ့ ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်သူတွေ မျှော်လင့်ချက်တွေကို ယူဆောင်လာပေးနိုင်သည့် ကောင်းကွက်တစ်ချို့ ရှိနေခဲ့သလို ဆိုးကွက်တွေလည်း ရှိနေခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ခဲ့သလို တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားလာနေခဲ့တာတွေလည်း ရှိနေခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၆ ခုနှစ်ဟာ မြန်မာပြည်သူတွေရဲ့ အချိုးအကွေ့တစ်ခုအဖြစ် ကြီးကြီးမားမား ရိုက်ခတ်နိုင်စွမ်းရှိတာကိုတော့   ငြင်းချက် ထုတ်စရာမလိုအောင် ဖြစ်နေစေခဲ့ပါတယ်။

ဒီမိုကရေစီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကိစ္စ ဆောင်ရွက်ရာမှာ အဆင့်တွေ သိပ်များနေဟု ဗိုလ်ချုပ်ဂွမ်မော်ပြော

ချင်းမိုင်၊ ဇန်နဝါရီ ၁၄ ။                     ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ကေအိုင်အိုအပါအဝင် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပစ်ရပ်လက်မှတ်ထိုးနိုင်ရေး၊ ၂၁ရာစုပင်လုံညီလာခံတွင် ပါဝင်နိုင်ရေးအတွက်

၂၀၁၆ မြန်မာနှစ်ချုပ် သုံးသပ်ချက်

ဒီတပတ် မြန်မာ့အရေးသုံးသပ်ချက်အစီအစဉ်မှာ ကုန်ဆုံးတော့မယ့်၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အောင်မြင်မှု၊ စိမ်ခေါ်မှု၊ ရပ်ဆိုင်းနေတဲ့ မျှော်လင့်မှုတွေနဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေကို ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။ ကုန်ဆုံးတော့မယ့် ၂၀၁၆ ဟာ မြန်မာနိုင်ငံ သမိုင်းလမ်းကြောင်းမှာ အဆစ်အချိုးတကွေ့ ဖြစ်တယ်လို့ ယတိပြတ် ပြောနိုင်ပြီလားဆိုတဲ့ မေးခွန်းနဲ့ ဒီနှစ်ချုပ်သုံးသပ်ချက်ကို စတင်လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု

မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ဟာ နိုင်ငံရဲ့စီးပွားရေးကို စိတ်ချလောက်တဲ့ အခြေအနေရောက်အောင် သက်သေမပြနိုင်သေးပါဘူး။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်နိုင်ငံ သမ္မတဘားရက်အိုးဘားမား လက်မှတ်ထိုးပြီး ရုတ်သိမ်းလိုက်ချိန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချိန်ကာလ အဆုံးသတ်သွားခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၇ ခုနှစ်အတွင်း အလားအလာ – အယ်ဒီတာစကားဝိုင်း

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့ အန်အယ်လ်ဒီအစိုးရဟာ ၂၀၁၆ ခုနှစ်ကို စိန်ခေါ်မှုများစွာ၊ ဖိအားပေါင်းစုံနဲ့ ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ တချို့ကိစ္စတွေမှာ အောင်မြင်တာရှိသလို ၂၀၁၇ အထိ ဆက်လက်သယ်ဆောင်ပြီး အကောင်အထည်ဖော်ရမယ့် လုပ်ငန်းအများအပြားလည်း ရှိနေပါသေးတယ်။ ဒီနေ့ အယ်ဒီတာစကားဝိုင်း အစီအစဉ်မှာ ၂၀၁၇ အလားအလာနဲ့ ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးထဲက ကောင်းနိုးရာရာလေးတွေ ကောက်နုတ်ပြီး

ငြိမ်းချမ်းရေး လိုချင်သည့် အသံများကို များများဖော်ထုတ်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဇန်န၀ါရီလ(၁)ရက်နေ့ ပြည်သူများအနေနှင့် ငြိမ်းချမ်းရေး လိုချင်သည့် အသံများကို များများဖော်ထုတ်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ဇန်နဝါရီ ၁ ရက်က ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ တွေ့ဆုံသော ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲ (Peace Talk) တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးတွင် ပတ်သက်နေသည့် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး လိုချင်သည့်

ထင်ရှားကျော်ကြား ၂၀၁၆

၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် အများပြည်သူအကြား သိသာထင်ရှားသော လုပ်ရပ်များကြောင့် ထင်ရှားခဲ့သောပုဂ္ဂိုလ်များ၊ ဖြစ်စဉ်ဖြစ်ရပ်များ၊ အဖွဲ့အစည်းများအား ယခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင် Weekly Eleven News ဂျာနယ်မှ အောက်ပါအတိုင်း ရွေးချယ်ဖော်ပြအပ်ပါသည်။ ရွေးချယ်ဖော်ပြမှုများအတွက် မူဝါဒနှင့် သဘောထားမှာ Weekly Eleven News ဂျာနယ်အယ်ဒီတာ အဖွဲ့၏ အာဘော်နှင့် သဘောထားသာလျှင် ဖြစ်ပါသည်။ ထို့ပြင် ယခုရွေးချယ်မှုတွင် ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားမှုများ ပါဝင်သလို သတင်းဆိုးဖြင့် ထင်ရှားကျော်ကြားမှုများလည်း ပါဝင်ပါသည်။ အကယ်၍ ယခုရွေးချယ်မှုတွင် ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသော အဖြစ်အပျက်များ၊