Skip to main content

ငြိမ်းချမ်းရေး လိုချင်သည့် အသံများကို များများဖော်ထုတ်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဇန်န၀ါရီလ(၁)ရက်နေ့
ပြည်သူများအနေနှင့် ငြိမ်းချမ်းရေး လိုချင်သည့် အသံများကို များများဖော်ထုတ်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ဇန်နဝါရီ ၁ ရက်က ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ တွေ့ဆုံသော ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲ (Peace Talk) တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးတွင် ပတ်သက်နေသည့် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး လိုချင်သည့်
စိတ်ဓာတ်များ ဖြစ်ပေါ်ရှင်သန်လာရန် ပြည်သူများက များများဖော်ထုတ်သင့်ကြောင်း ၎င်းက ဆိုသည်။ အသံတွေက ထွက်လာရမယ်၊ ငြိမ်းချမ်းရေး လိုချင်တယ် ညီညွတ်ရေး လိုချင်တယ်၊ ပြည်သူလူထုဟာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ လုပ်ပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့နည်းနဲ့ အပြောင်း အလဲတွေ လိုချင်တယ်ဆိုတာ အများသိအောင် ပြည်သူတွေရဲ့ အသံတွေက ပေါ်လာဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် လက်နက်ကိုင်ခြင်းဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်ဘဲ စစ်ပွဲများသည် ဆွေးနွေးခြင်းဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားပြည်သူ အားလုံးတွင် ဘုံသဘောတူညီချက် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်များ ရှိမှသာ အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်နက်ကိုင် တိုက်ပွဲဝင်မည့်အစား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ပြီး ယင်းသို့ ဖြေရှင်းရန် ပြည်သူများကို စည်းရုံးပြီး ရွေးကောက်ပွဲဝင်ခြင်းသည် သိမ်မွေ့သော နိုင်ငံရေးနည်းပင် ဖြစ်ကြောင်း  ၎င်းက အကြံပြု ပြောဆိုသည်။ အစိုးရသစ်သည် ၂၀၁၇ ခုနှစ် အစပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများ ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး စကားဝိုင်းများကို ထပ်မံပြုလုပ်သွားရန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ “ငြိမ်းချမ်းရေး စကားဝိုင်းဆိုတာ ငြိမ်းချမ်းရေးအတွက် တွန်းလှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရအဖွဲ့တွေ ဆွေးနွေးတာ မဟုတ်ဘဲ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်း ဖြစ်ပြီးတော့ နိုင်ငံသူနိုင်ငံသားများ အားလုံးပါဝင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အမြင်များ၊ ပြဿနာတွေ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်မှုများကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်” ဟု ၎င်းက ဆိုသည်။ နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် လူငယ်များနှင့်  ငြိမ်းချမ်းရေး စကားဝိုင်းတွင် လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးတွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု လူငယ် ၁၈ ဦး တက်ရောက်ခဲ့ပြီး အမျိုးသမီး ကိုယ်စားပြုလူငယ်များ၊ မသန်စွမ်း လူငယ်များနှင့် လိင်စိတ်မတူကွဲပြားသော လူငယ်များ ပါဝင်သည်။ အဆိုပါ စကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လူငယ်များကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်အမြင်များ၊ ဒေသအလိုက် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်ကူညီနေမှုများ၊ အခက်အခဲများကို အပြန်အလှန် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...