၂၀၁၆ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် အများပြည်သူအကြား
သိသာထင်ရှားသော လုပ်ရပ်များကြောင့် ထင်ရှားခဲ့သောပုဂ္ဂိုလ်များ၊
ဖြစ်စဉ်ဖြစ်ရပ်များ၊ အဖွဲ့အစည်းများအား ယခုနှစ်၏ ထင်ရှားကျော်ကြားကဏ္ဍတွင်
Weekly Eleven News ဂျာနယ်မှ အောက်ပါအတိုင်း ရွေးချယ်ဖော်ပြအပ်ပါသည်။
ရွေးချယ်ဖော်ပြမှုများအတွက် မူဝါဒနှင့် သဘောထားမှာ Weekly Eleven News
ဂျာနယ်အယ်ဒီတာ အဖွဲ့၏ အာဘော်နှင့် သဘောထားသာလျှင် ဖြစ်ပါသည်။ ထို့ပြင်
ယခုရွေးချယ်မှုတွင် ကောင်းသတင်းများဖြင့် ထင်ရှားကျော်ကြားမှုများ ပါဝင်သလို
သတင်းဆိုးဖြင့် ထင်ရှားကျော်ကြားမှုများလည်း ပါဝင်ပါသည်။ အကယ်၍
ယခုရွေးချယ်မှုတွင် ၂၀၁၆ ခုနှစ်အတွင်း ထင်ရှားသော အဖြစ်အပျက်များ၊
ထင်ရှားကျော်ကြားသူများ ကျန်ရစ်မှုအချို့ ရှိနိုင်ပါသည်။ ယင်းကဲ့သို့ ကျန်ရစ်မှုများ ရှိခဲ့ပါက ရွေးချယ်ဖော်ပြသော အယ်ဒီတာအဖွဲ့၏ တာဝန်သာဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
■ Focus of the Year
NLD အာဏာလွှဲပြောင်းရယူမှုနှင့် အရပ်သားအစိုးရ ထွက်ပေါ်ခြင်း
■ နိုင်ငံရေးနယ်ပယ်မှ ထင်ရှားမှုအချို့
(၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေါ်ထွက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
(၂) ၂၁ ရာစုပင်လုံနှင့် NLD အစိုးရလျှောက်မည့် ငြိမ်းချမ်းရေးခရီး
(၃) NLD အစိုးရကို အပြန်အလှန် ထိန်းကျောင်းရမည့် NLD ပါတီဝင်များကြီးစိုးသည့် လွှတ်တော်
(၄) နိုင်ငံရေးသမားများအား နှိပ်ကွပ်ခဲ့သည့် ဥပဒေအဖြစ် နာမည်ကြီးခဲ့သည့် ပုဒ်မ ၅ (ည) ကို NLD အစိုးရလက်ထက်တွင် အမြန်ဆုံး ရုပ်သိမ်းခြင်း
(၅) အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဆောင်ပစ္စည်းလက်ခံခြင်း လမ်းညွှန်ချက်
(၆) အစိုးရတာဝန်များဖြင့် သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များ
(၇) အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်နေသည့် ကာလအတွင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသသို့ ထိုးစစ်ဆင်မှုများ
(၈) ဝေဖန်သံများ ထွက်ပေါ်စေခဲ့သည့် ဒုတိယ၀န်ကြီးအား တာဝန်မှ ရပ်စဲခြင်း
■ စီးပွားရေးနယ်ပယ်မှ ထင်ရှားမှုနှင့် ထူးခြားမှုများ
(၁) စံချိန်တင် ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ အားလုံးကို ကိုင်လှုပ်သွားသည့် ၂၀၁၆ ဒေါ်လာငွေလဲနှုန်း
(၂) ၂၀၁၆ ခုနှစ်အတွင်း ကျဆင်းခဲ့သော မြန်မာ့စီးပွားရေး ၂၀၁၇ ခုနှစ်မှာ နာလန်ထူနိုင်ပါ့မလား
(၃) အထပ်မြင့် အဆောက်အအုံများ ရပ်ဆိုင်းမှုနှင့် နစ်နာမှုဂယက်
(၄) ခြောက်နှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းနှင့် ၂၀၁၆
(၅) ဆန်ရှင်လွတ်မြောက်မှု၊ ဖွံ့ဖြိုးမှု မိတ်ဖက်ဖြစ်လာသူ လုပ်ငန်းရှင်များ နောက်ကြောင်းအေးခဲ့ရခြင်းနှင့် အမေရိကန် GPS အခွင့်အရေး
(၆) စပါးဈေး စံချိန်တင် ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည့် ၂၀၁၆
(၇) ပြည်သူ့ ယုံကြည်မှုအတွက် မေးခွန်းထုတ်ရမည့် စတော့အိတ်ချိန်း
(၈) ထင်သလောက် မ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု
(၉) အခေါက်ရွှေတစ်ကျပ်သား ကျပ် ၉၀၀၂၀၀ အထိ စံချိန်ချိုးခဲ့သည့် ရွှေဈေးနှုန်း
■ လူမှုရေးနယ်ပယ်မှ ထင်ရှားမှုအချို့
(၁) ၂၀၀၈ ငါးလောင်းပြိုင် လူသတ်မှုကို ပြန်လည်အမှတ်ရစေခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် တရားဥပဒေ စိုးမိုးရေး စိန်ခေါ်နေသည့် လူသတ်မှုများ
(၂) ၂၀၁၆ မှာ လူပြောအများဆုံးနှင့် ဝေဖန်စရာ ဖြစ်ခဲ့ရသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)
(၃) နှစ်ပေါင်း ၄၀ ကျော်အကြာမှာ ပြန်လည် လှုပ်ခတ်ခဲ့သည့် ပုဂံငလျင်နှင့် ပျက်စီးဆုံးရှုံးမှုများ
(၄) ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှ နယ်ခြားစောင့် ရဲစခန်းသုံးခု အကြမ်းဖက် တိုက်ခိုက်ခံရမှုများ
(၅) လူပေါင်းများစွာ သေဆုံးခဲ့ရသော အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှု
(၆) ရန်ကုန်မြို့လယ် နေ့ခင်းကြောင်တောင် သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှု အပါအ၀င် အများပြည်သူအပေါ် ခြိမ်းခြောက်နေသည့် လုယက်မှုဖြစ်စဉ်များ
(၇) ပြည်သူများကို အထိတ်တလန့် ဖြစ်စေခဲ့သည့် M 150
(၈) အိမ်အကူ မိန်းကလေးငယ်နှစ်ဦး နှိပ်စက်ညှဉ်းပန်းခံရမှုနှင့်အတူ ဟိုးလေးတကျော်ဖြစ်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင်အမှု
(၉) အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိသေးသည့် စိန်ခေါ်မှုများစွာဖြင့် မူးယစ်ဆေးဝါးပြဿနာ
(၁၀) အစိုးရသစ် လက်ထက်တွင် ပထမဆုံး ဖြိုခွင်းဖမ်းဆီးခဲ့ရသော စစ်ကိုင်းအလုပ်သမားသပိတ်
(၁၁) ဖားကန့်ဒေသမှ အရည်အသွေးမြင့်မားသည့် တန်ချိန်၂၁၀ ခန့်ရှိ ကျောက်စိမ်းအရိုင်းတုံးကြီး တူးဖော်တွေ့ရှိမှု
(၁၂) ဦးပိန်တံတားကြမ်းခင်းအထက် တစ်ပေခန့်မြုပ်သည်အထိ ရေ၀င်ရောက်မှု
(၁၃) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မီးလောင်ကျွမ်းမှု
(၁၄) ပတ်ဂျာဆန်အဖွဲ့နှင့် ကချင်ပြည်နယ်မှ မူးယစ်ဆေးပြဿနာ
(၁၅) ပြည်နယ်နှင့် တိုင်းဒေသကြီးရှစ်ခုကို ရိုက်ခတ်သွားခဲ့သည့် ၂၀၁၆ ရေဘေး
(၁၆) ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲများနှင့် အိမ်မပြန်နိုင်ကြသည့် စစ်ဘေးဒုက္ခသည်များ
(၁၇) သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် မြန်မာနိုင်ငံအနှံ့မှ ရေရှားပါးမှုပြဿနာ
(၁၈) လိုအပ်မှုများစွာကြားက ကူညီသူ တောင့်တခဲ့ရသည့် နာဂဒေသ
(၁၉) တပ်မတော် (လေ) ဗိုလ်မှူးတစ်ဦး အပါအ၀င် ငါးဦးသေဆုံးခဲ့သည့် တပ်မတော် လေယာဉ်ပျက်ကျမှုဖြစ်စဉ် အပါအ၀င် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လေယာဉ် မတော်တဆမှုများ
(၂၀) ကျပ် ၃၆ ဘီလျံကျော် ဆုံးရှုံးခဲ့သော ရန်ကုန်မြို့ မင်္ဂလာဈေးမီးလောင်မှုနှင့် ကျပ်သန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့သည့် မန္တလေးမြို့ မင်္ဂလာဈေး အပါအ၀င် ဈေးများ မီးလောင်ဆုံးရှုံးမှုများ
■ ကျန်းမာရေးနယ်ပယ်မှ ထင်ရှားမှု
(၁) အများပြည်သူ အထိတ်တလန့် ဖြစ်ခဲ့ရသည့် ဇီကာဗိုင်းရပ်စ်ဂယက်
■ အားကစားနယ်ပယ်မှ ထင်ရှားမှုအချို့
(၁) အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ပထမဆုံး အိမ်ရှင်ကျင်းပခွင့်နှင့် ၁၂ နှစ်အကြာတွင် ဆီမီးဖိုင်နယ်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း
(၂) အသင်းဖျက်သိမ်းမှုများနှင့် MNL ပြိုင်ပွဲ အနာဂတ်
(၃) ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ မြန်မာနိုင်ငံတွင် လူကြိုက်များလာသည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ
(၄) ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံး ကိုင်တွယ်ခွင့်ရခဲ့သည့် မြန်မာဒိုင်လူကြီး ဒေါ်သိန်းသိန်းအေး
(၅) မြန်မာ့ဘောလုံးလောကတွင် ပထမဆုံး ကျင်းပသည့် အမျိုးသမီးလိဂ်ပြိုင်ပွဲ
■ စာပေအနုပညာနယ်ပယ်မှ ကျော်ကြားသူများနှင့် ထင်ရှားမှုများ
(၁) အငြင်းပွားမှုများရှိခဲ့သည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ
(၂) အွန်လိုင်းအသုံးပြုသူများကြားတွင် ပျံ့နှံ့ခဲ့သည့် မြန်မာပေါကားများရပ် လှုပ်ရှားမှု
(၃) ၂၀၁၆ ခုနှစ်အတွင်း စိတ်ဝင်စား လှုပ်ရှားမှု များပြားခဲ့ပြီး အာရုံစိုက်လာကြသည့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍ
(၄) ၂၀၁၆ ခုနှစ်အတွင်း ပေါ်ပေါက်လာသည့် စာအုပ်တိုက်များ၏ အိမ်တိုင်ရာရောက် စာအုပ်ပို့ ၀န်ဆောင်မှု
(၅) သဘင်လောကသားများအတွက် အားတက်ဖွယ် ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)
(၆) နှစ် ၂၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာပြီး ပရိသတ် အားပေးချစ်ခင်မှုကို တစ်ကျော့ပြန် ရယူနိုင်ခဲ့သည့် တေးသံရှင် အေးချမ်းမေ
(၇) အဓိပတိဖွား တေးစီးရီးသစ်ဖြင့် အောင်မြင်မှု မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့် တေးသံရှင် ဝေလ
(၈) နိုင်ငံအနှံ့ အောင်မြင်မှု ရရှိခဲ့သည့် တေးသံရှင်မနောနှင့် ဗိုလ်အောင်ဒင်
(၉) ကချင်မော်ဒယ်လုလုအောင်နှင့် ပုရိသပရိသတ်များအကြား ရေပန်းစားမှု
(၁၀) အနုပညာရှင်တို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် လုပ်ငန်းများ
(၁၁) နီနီခင်ဇော်၊ စိုးသူနှင့် ၀ိုင်းစုခိုင်သိန်း အပါအ၀င် အနုပညာရှင်အချို့၏ လူမှုရေး ပြဿနာဂယက်များ
(၁၂) ၂၀၁၆ ခုနှစ်အတွင်း ကြွေလွင့်ခဲ့သော အနုပညာရှင်များ

Comments
Post a Comment