Skip to main content

မောင်းတောတွင်လူမျိုးတုန်းသတ်ဖြတ်မှုမတွေ့ရဟုကော်မရှင်ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ရခိုင်ပြည်နယ် မောင်တောဒေသတွင် နိုင်ငံတကာမှ စွပ်စွဲသည့် လူမျိုးတုံး သတ်ဖြတ်မှုနှင့် ဘာသာရေး ဖိနှိပ်မှုများ မတွေ့ရကြောင်း မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ ပထမအကြိမ် ထုတ်ပြန်သည့် ကြားဖြတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ ကြားဖြတ် အစီရင်ခံစာကို ဇန်နဝါရီ ၃ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြင်ပ စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ကော်မရှင်က စုံစမ်းစစ်ဆေးရာ၌ လူမျိုးတုံးအောင် သတ်ဖြတ်မှုများ မတွေ့ရှိရသကဲ့သို့ ဘာသာရေးအရ ဖိနှိပ် ချုပ်ချယ်မှုများ မရှိသည်ကို မောင်တောဒေသရှိ ဘင်္ဂါလီ လူဦးရေ၊ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနှင့် မော်လဝီ ဦးရေ တိုးပွား များပြားနေခြင်းတို့က
သက်သေပြလျက် ရှိကြောင်း အစီရင်ခံစာ၏ ပြင်ပ စွပ်စွဲချက်များနှင့် ပတ်သက်သည့် တွေ့ရှိချက်များ အပိုင်းတွင် ဖော်ပြထားသည်။ ထို့ပြင် ဘင်္ဂါလီ ကျေးရွာများ၌ အဓမ္မ ပြုကျင့်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုနှင့် ညှဉ်းပန်း နှိပ်စက်မှုများ၊ မီးရှို့မှုများ ကျူးလွန်လျက် ရှိသည်ဆိုသည့် စွပ်စွဲချက်များကို ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့ပြီး ထိုကျေးရွာများ၌ တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့၏ တာဝန်ရှိသူများကလည်း ယင်းပြစ်မှု ကျူးလွန်မှုများနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေး ဖော်ထုတ်မှု၊ တရားဝင်တိုင်ကြားမှု၊ သက်သေခိုင်လုံမှုတို့အပေါ် မူတည်၍ ဥပဒေအရ ထိရောက်စွာ အရေးယူရန် အသင့်ရှိသည်ဟု တင်ပြခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ နိုင်ငံတကာမှ စွပ်စွဲချက်များသည် အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း လိမ်ညာမှုများသာ ဖြစ်ပြီး လူဦးရေ တိုးပွားနှုန်း ထိန်းချူပ်မှုကို မည်ကဲ့သို့ ထိန်းချုပ်မည်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က အဖြေ တစ်ခုပေးရန်လည်း လိုအပ်ကြောင်း ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်သည်။ အပြုသဘောအားဖြင့် လက်ရှိ ကြားဖြတ် အစီရင်ခံစာကို ကြိုဆိုပြီး အစီရင်ခံစာ၌ လူဦးရေ တိုးပွားနှုန်း မည်သည့် ပမာဏခန့် များပြားသည်ကို ကျေးရွာများအလိုက် အချက်အလက် ပြည့်ပြည့်စုံစုံ ရုပ်သံမှတ်တမ်းများဖြင့် ပြည်သူအားလုံး သိစေရန် ဖော်ပြရေးဆွဲပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။ “တကယ့်ကို ပြဖို့လိုတယ်။ ဘာမှ ထိမ်ချန်ထားစရာ မလိုဘူး။ အချုပ်အခြာ အာဏာ ဆုံးရှုံးနေတာ၊ နယ်စပ်ဒေသ မလုံခြုံတာတွေကို။ ဘယ်ဖိအားပဲလာလာ အစီရင်ခံစာကို ပြတ်ပြတ်သားသား တင်ဖို့ လိုတယ်”ဟု ၎င်းက ဆိုသည်။အဆိုပါ စုံစမ်းစစ်ဆေးရေး အစီရင် ခံစာထုတ်ပြန်ရာတွင် ပြည်ပ စွပ်စွဲချက်များနှင့် ယှဉ်ပါက အနည်းငယ် နောက်ကျနေသည့် အစီရင်ခံစာတစ်ခု ဖြစ်နေပြီး နိုင်ငံတကာမှ အယုံအကြည် ရှိလာနိုင်မည့် မှန်ကန်တိကျသော အစီရင်ခံစာ တစ်စောင် ဖြစ်လာရန် လိုအပ်မည်ဖြစ်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။ ထို့ပြင် အစီရင်ခံစာပါ အချက်အလက်များအပေါ် နိုင်ငံတော် အစိုးရအနေနှင့် အမြန်ဆုံး တုံ့ပြန်သွားရန် လိုလားပြီး နိုင်ငံတကာနှင့် ပြည်တွင်း သတင်း မီဒီယာများကိုလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်များ ခွင့်ပြုသွား၍ စွပ်စွဲချက်များကို ခုခံသွားသင့်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကို မေးမြန်းရာ ၎င်းအနေနှင့် မှတ်ချက်ပြု ပြောကြားလိုခြင်း မရှိကြောင်း၊ ၎င်းတို့၏ ကော်မရှင်အနေနှင့်လည်း ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို လာမည့်လပိုင်းအတွင်း တင်ရမည်ဖြစ်၍ လက်ရှိ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကိုလည်း လေ့လာသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ “ကျွန်တော်တို့ ကော်မရှင်က အကြံပေး ကော်မရှင်ဖြစ်တော့ ကျွန်တော်တို့ကတော့ မှတ်ချက်တွေဘာတွေ ပေးလို့ မရသေးဘူး။ ကျွန်တော်တို့လည်း နောက် တစ်လလောက်နေရင် ကြားဖြတ် အစီရင်ခံ စာ ထုတ်မှာပဲလေ။ အဲဒီလောက်ပဲ ပြောလို့ ရမယ်။ ဒီအစီရင်ခံစာကိုလည်း ကျွန်တော် တို့ လေ့လာမယ်ပေါ့။ ဒီအစီရင်ခံစာထဲမှာ ဘာတွေ လေ့လာစရာတွေ ပါမလဲဆိုတာ ကျွန်တော်တို့ လေ့လာသွားမှာပါ”ဟု ဦးအေးလွင်က ပြောဆိုသည်။ ထို့ပြင် ယင်းကြားဖြတ် အစီရင်ခံစာ၌ ယခင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည့်အတိုင်း မောင်တောဒေသတွင် ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကို ပြည်ပမှ အကြမ်းဖက် အဖွဲ့အစည်းများက ကြိုးကိုင် လုပ်ဆောင်ခဲ့ကြောင်း ထပ်မံ ဖော်ပြထားသည်ကို တွေ့ရှိရသည်။ အကြမ်းဖက်ဖြစ်စဉ်နှင့် ပတ်သက်သော ပြစ်မှုများတွင် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်ခြင်း မရှိသည့် ဖမ်းဆီး ထိန်းသိမ်းထားသူ ၁၀ ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ အရ ပြန်လွှတ်ခဲ့ကြောင်း၊ တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုဖြင့် အရေးယူထားသည့်အနက် အမှုပေါင်း ၂၈ မှုကို တရားစွဲဆို တင်ပို့နိုင်ခဲ့ကြောင်း၊ တရားစွဲဆိုခဲ့သော အမှုများအနက် သုံးမှုပြီးပြတ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်များ၌ မောင်တောဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှုများ၏ နောက်ခံ အခြေအနေနှင့် ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေး သုံးသပ် အကြံပြုရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်၍ အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးဖြင့် နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အဆုံးသတ် အစီရင်ခံစာကို ယခုလ ၃၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတထံ တိုက်ရိုက် တင်ပြရမည်ဖြစ်ကြောင်း ကော်မရှင် စတင် ဖွဲ့စည်းခဲ့သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...