Skip to main content

Posts

Showing posts from April, 2016

ပည်ထောင်စု အင်္ဂါစဉ်သစ်အပေါ် အမြင်တချို့

နိုင်ငံတော် အာဏာထိပ်ပိုင်းမှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအစဉ် အလိုက် ဖေါ်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်ကို မနေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သမ္မတ ဦးထင်ကျော်က နံပါတ် (၁) အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၂) ပြီးမှ ဒုသမ္မတ နှစ်ဦးက အစဉ်လိုက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပါတ်(၈)နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စု အင်္ဂါစဉ်ကြောင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်စေမလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြ

ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် အပစ်ရပ်ကြဖို့ လိုလား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ၂၁ ရာစု ပင်လုံညီလာခံ ကို တလ၊ နှစ်လအတွင်း ကျင်းပနိုင်ဖို့ ဧပြီလ(၂၇)ရက်နေ့ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ပင်လုံညီလာခံပြုလုပ်နိုင်ရေး ပြောဆိုချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက အမြင်သဘောထား ဘယ်လိုရှိနေပါသလဲဆိုတာ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို ဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။ ၂၁ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေ

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်ခြင်းကို တနှစ် လုံးဝ ရပ်ဆိုင်းသွားမည် ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ သစ်တောတွေကို ထိန်းဆိုရင်လည်း ထိန်းသွားမယ်ပေါ့။ ရပ်ဆိုင်းပြီး နောက်ပိုင်း ကိုတော့ မသိဘူးပေါ့”ဟု ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ ယခင် အစိုးရလက်ထက် နိုင်ငံတော်၏ လိုအပ်ချက် များခဲ့ခြင်းကြောင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ရန် သစ်ထုတ်လုပ် ခြင်းဖြင့် ၀င်ငွေရှာ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ  ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နေရင်းမြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ တာ့ခ်ခရိုင်မှ ဒုခရိုင်ဝန်ရဲ့အပြောကို ကိုးကားပြီး INN အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုန်ခန်းမမှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးအပြီး တာ့ခ် ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးသမားများကို ဖိနှိပ်တဲ့ ဥပဒေများ ဖျက်သိမ်းတော့မည်

၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ နဲ့ နိုင်ငံတော် အားနှောက်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွေကို ရုပ်သိမ်းဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်နေပါပြီ။ ဒီဥပဒေတွေဟာ လက်ရှိဒီမိုကရေစီစနစ်နဲ့လည်း ကိုက်ညီမှုမရှိပဲ ၊ ရုပ်သိမ်း ဖို့ ပြင်ဆင်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်အသီးသီးကလည်း ကြိုဆိုလိုက်ပါတယ်။

ကမ္ဘာ့သြဇာကြီးမားသူတွေထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ သန်း ၅၀ ကျော် မြန်မာလူထုအတွက်သာမက ကမ္ဘာတ၀န်းက သန်းပေါင်းများစွာသော လူတွေအတွက် တရားမျှတမှုရဲ့ မျှော်လင့်ချက်မီးရှူးတန်ဆောင် တခုအဖြစ် အခုဆိုရင် ဘယ်တုန်းကနဲ့မှမတူတဲ့ အနေအထားနဲ့ ဆက်ရှိနေဆဲပါ လို့ အမေရိကန်သမ္မတ အိုဘားမားက ချီးကျူး ရေးသားလိုက်ပါတယ်။

ရိုဟင်ဂျာလို့ သုံးနှုန်းသည့်အပေါ် အမေရိကန်သံရုံးကို ဆန္ဒပြ

အမေရိကန်သံရုံးက ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရှေ့မှာ ဒီနေ့ နေ့လယ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရအဖွဲ့က အမေရိကန်သံရုံးရှေ့အစား ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုခဲ့ပေမယ့် မျိုးချစ်အမျိုးသားကွန်ရက်အဖွဲ့က သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တာဟာ ငြိမ်းစုစီ ပုဒ်မနဲ့ ငြိစွန်းတာကြောင့် ဥပဒေအရ ဆက်လက်အရေးယူမယ့်လို့ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးက ပြောပါတယ်။ (ဓာတ်ပုံ – လေးလေးမွန်)

ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးရန် သမ္မတရုံးက ပြည်ထဲရေးကို အကြောင်းကြား.....

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ နိုင်ငံတော်သမ္မတရုံးက ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။

်ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ဝန်ကြီးများ

ဒီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းသတင်းစာမှ အာဆီယံနှင့် ပါတ်သက်၍ အချက် (၁၀) ချက် သတိထားရမည်ဟု ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလာမယ့် ဇွန်လိုင်လမှာ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ ပြုလုပ်ရန်ရှိတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေး တက်ရန်ရှိတဲ့ အရေးကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ကျောင်းအုပ်ဆရာအသစ် ပြောင်းလာမှာကို မိမိတို့နဲ့ အဆင်ပြေပါ့၊ ပြေပါ့မလား စိုးရွံ့နေကြတဲ့ ကျောင်းဆရာ၊ ဆရာမ တွေလို ဖြစ်နေပါတယ်။ ဒီအတွက် ထိုင်းသတင်းစာ The Nation မှ ထိပ်တန်း ဆောင်းပါးရှင် Kavi Chongkittavon က အခုလို သတိပေး ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါဟာ ပြည်ပမှာ နည်းနည်းနောနော မဟုတ်ဘူးဆိုတာ ဖတ်ကြည့်ရင်

ဦးရွှေမန်း ဗိုလ်သင်တန်းဆင်းပွဲ သို့ ရည်ရွယ်ရေးသားတဲ့ မေတ္တာမွန်စာလွှာ

ဦးရွှေမန်း ဗိုလ်သင်တန်းဆင်းပွဲ သို့ ရည်ရွယ်ရေးသားတဲ့ မေတ္တာမွန်စာလွှာနဲ့ ပတ်သက်ပြီး အဲဒီ စာပါ စာသားတွေ ဟာ တပ်မတော်ပြိုကွဲရေး ကို ဦးတည် တဲ့သဘောရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ကြေညာထားပါတယ်။ ဦးရွှေမန်းရဲ့ စာထဲမှာ ညီနောင်များ ကွင်းစကွင်းပိတ်နဲ့အမေ့သား ဆိုတာ ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းတွေ ကို ရည်ရွယ်ထားပြီး ဒါဟာ လက်ရှိ တပ်မတော်အရာရှိ အတွင်းမှာ ကော အငြိမ်းစား တပ်မတော်အရာရှိ တွေ ကို ကော တပ်မတော်သား အားလုံးအတွက်သွေးကွဲစရာ ဖြစ်တယ်လို့ စစ်တပ်ရဲ့တုံ့ပြန်ချက်မှာ ရေး သားထားပါတယ်။ ဦးရွှေမန်းရဲ့ အဲဒီစာထဲမှာ ငါ့တို့သည်နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဟု သစ္စာပြုထား သူများဖြစ်သည် လို့ ရေးထားတဲ့ စာသားတွေ လည်း ပါဝင်ပါတယ်။ ဓာတ်ပုံ - Reuters

ဒီမိုကရေစီ မကြံ့ခိုင်တဲ့ ကြံ့ခိုင်ရေးပါတီ

ကြံ့ခိုင်ရေးပါတီက သူရဦးရွှေမန်း အပါအ၀င် ၁၇ ဦးကို ဘယ်လိုနည်းနဲ့ ထုတ်ပစ်လိုက်သလဲဆိုတာ မသိရသေးပါဘူး။ အထုတ်ခံရတဲ့ လူတွေထဲက အတော်များများဟာ ဗဟိုကော်မတီမှာ ပါတယ်လို့ သိရပါတယ်။ အစည်းအဝေးမခေါ်ဘဲ၊ မဲမခွဲဘဲ ထုတ်တာဆိုရင် ကြံ့ခိုင်ရေးပါတီဟာ ဘယ်လိုဒီမိုကရေစီကို ကျင့်သုံးသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါလိမ့်မယ်။ နမူနာတခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ဦးအောင်ကြီးက စွပ်စွဲတဲ့ ကွန်မြူနစ်ကိစ္စ ပေါ်ခဲ့ဖူးတယ်။ အဲဒီတုန်းက ကွန်မြူနစ် အိုဂျီဆိုပြီး စွပ်စွဲခံရသူတွေထဲမှာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်လည်း ပါတယ်။ နောက်ဆုံး မဲခွဲကြတဲ့အခါ ဦးေ

မြစ်ဆုံကိစ္စ စာချုပ်နှင့် ကိုင်ပြသော်

" စာချုပ်ဝင်တစ်ဖက်ဖက်သည် မိမိ၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင် မလွန်ဆန်နိုင်သောဖြစ်ရပ် များကြောင့် ပျက်ကွက်ခြင်း၊ နှောင့်နှေးခြင်းများရှိသဖြင့် အခြားစာချုပ်ဝင်တစ်ဖက်ဖက်တွင် နစ်နာမှုများပေါ်ပေါက် လျှင် ထိုသူသည် ထိုနစ်နာမှုများအတွက်တာဝန်မရှိစေရ" (အောင်ချိန်ဘွား) ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းသည် ခွဲစိတ်ကုသခြင်း မပြုဘဲ ချန်ထားခဲ့သော ကင်ဆာရောဂါကဲ့သို့မြုံနေသည့် အဖုအကျိတ်ကြီးတစ်ခုဖြစ်သည်။ ဤပြဿနာကြီးကို ဆိုးမွေအဖြစ်ထားရစ်ခဲ့သောကြောင့် အစိုးရဘက်က ဗြဟ္မာ့ ဦးခေါင်းကြီးကဲ့သို့ လက်ဆင့်ကမ်းရယူခဲ့ခြင်းဖြစ်ရာ ပြုတ်ကျပါက မီးဟုန်းဟုန်းတောက်လောင်ပေမည်။ ဖြစ်စဉ်ကိုပြန်တွေးကြ

ဖိလစ်ပိုင်လိုမလုပ်နိုင်ဘူးလား

''ဗမာပြည် ဒီမိုကရေစီရဖို့ဆိုတာ ဘာမှမခက်ပါဘူး။ လွယ်လွယ် ကလေးပါ။ စစ်အာဏာရှင်လက်အောက်က ဗိုလ်ချုပ်ကြီး အမြင်မှန်ရပြီး ဒီမိုကရေစီဘက် ပြောင်းလိုက်ရုံပေါ့။ ဖိလစ်ပိုင်နမူနာရှိတာပဲ'' ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း မစ္စက်အကွီနို၏ ပြောစကားများဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း တချိန်က အာဏာရှင်လက်အောက်ရောက်ခဲ့သည်။ ဖိလစ်ပိုင်အာဏာရှင်မှာ မား ကို့စ် (Marcos) ဖြစ်သည်။ ဖိလစ်ပိုင်ပြည် သူတို့သည် အခက်အခဲ ရုန်းကန်ခဲ့ကြရသည်။ အတိုက်အခံခေါင်းဆောင် အကွီနိုမှာနိုင်ငံခြားမှအပြန် လေယာဉ်ပေါ်မှအဆင်းတွင် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။ ဒီမိုကရေစီလှုပ်ရှားမှုဒီရေကို တောင့်မခံနိုင်ေ

မိမိသူရဦးရွှေမန်းအား အနားပေးထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ တင်ပြချက်

❖ ကျွန်တော့်အား ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဧပြီလ(၂၂) ရက်နေ့တွင် အနားပေးခဲ့ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့ပါသည်။ သတင်းများအရ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်အများစု အပါအ၀င် ပါတီဝင်(၁၇)ဦး ပါဝင်ကြောင်း သိရပါသည်။ ❖ ဤကိစ္စအတွက် အများပြည်သူ၏ ထင်မြင်ယူဆချက် သဘောထားအမြင် နှင့် မိမိခံစားမှုနီးစပ်မှုရှိပါသည်။ ❖ မိမိသည် ပါတီဝင်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြည်သူ့အကျိုးအတွက် မိမိ၏ နိုင်ငံရေး ခံယူချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားပါမည်။ မိမိ၏ နိုင်ငံရေးခံယူချက်မှာ ပြည်သူ့ဘ၀လုံခြုံရေး၊ ပြည်သူကောင်းစားရေးနှင့် နိုင်ငံတိုးတက်ရေးဖြစ်ပါသည်။ ❖ ယခုအခါ ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရ၍ မိမိ၏ နိုင်ငံရေးခံယူချက်ကို လွှတ်တော်၊ အစိုးရ၊ ပြည်သူများနှင့်အတူ နိုင်ငံနှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ထိထိရောက်ရောက် မှန်မှန်ကန်ကန် ဆောင်ရွက် နိုင်မည်ဟု ယုံကြည်ထားပါသည်။ ❖ သို့ရာတွင် မိမိနှင့်ကော်မရှင်အဖွဲ့ဝင်များ၊ အခြားပါတီဝင်များအပေါ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ထိပ်ပို

ပြည်ခိုင်ဖြိုး ခေါင်းဆောင်ဟောင်းတချို့ ထုတ်ပယ်မှု ပါတီစည်းလုံးရေး ထိခိုက်စေ

သူရဦးရွှေမန်းအပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဟောင်းတချို့ကို ပါတီဝင်အဖြစ်က ထုတ်ပစ်တာမျိုးဟာ ပါတီတွင်း စည်းလုံးညီညွတ်ရေးကို ထိခိုက်စေသလို၊ အဲဒီလုပ်ရပ်ကြောင့် ရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ပါတီခေါင်းဆောင်တချို့ကသုံးသပ် ပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ ပါတီအမည်ခံထားတယ်ဆိုပေမယ့် နိုင်ငံရေးပါတီအသွင်ဆောင်တဲ့ ပါတီတခု မဟုတ်ဘူးလို့ သုံးသပ်သူတွေလဲ ရှိနေပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။ သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချလိုက်ပြီးနောက်ပိုင်း သူရဦးရွှေမန်းအပါအဝင် သူနဲ့နီးစပ်သူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပါတီကနေထုတ်ပစ်တဲ့ကိစ္စမှာ သူတို့ပါတီ ဗဟိုကော်မတီဝ

■ ကိုယ်ရေးအရာရှိများ ခန့်အပ်ခြင်းဆိုင်ရာ ညွှန်ကြားချက် ■

နေပြည်တော် ဧပြီ ၂၅ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ကိုယ်ရေးအရာရှိခန့်အပ်ခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၁၆)ကို သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေးထိုး၍ ဧပြီလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားပြီး ဖြစ်သည်။ ထိုညွှန်ကြားချက်ကို ပြည်ထောင်စုဝန်ကြီးဌာနများသာမက ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးများ သို့ပါ ဖြန့်ဝေခဲ့သည်။ ကိုယ်ရေးအရာရှိများ ခန့်အပ် တာဝန်ပေးရာတွင် ယင်းညွှန်ကြားချက်အား လိုက်နာ ဆောင်ရွက်ကြစေရန် ဖြန့်ဝေခြင်းလည်း ဖြစ်သည်။ ညွှန်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

မြန်မာ့ဒီမိုကရေစီအစိုးရသစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပပြီးစီး

သြစတြေးလျနိုင်ငံမဲ့ဘုန်းမြို့တွင် မြန်မာ့ဒီမိုကရေစီအစိုးရသစ်ကြိုဆိုပွဲတရပ်ကို ၂၃ ရက်နေ့ က Nobel Park Community Centre တွင် ကျင်းပခဲ့ရာ အခန်းအနားသို့ တက်ရောက်သူ ၁၅၀ ခန့်ရှိခဲ့ပြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခံပါတယ်၊ အခန်းအနားတွင် ကိုကျော်စိုးမိုးက အခန်းအနားမှုးအဖြစ်ဆောင်ရွက်ခဲပြီး အင်အယ်ဒီသြစတြေးလျ ဒုဥက္ကဌ ဦးလှဦးမှ အမှာစကားပြောကြားခဲ့ပါသည်၊ ထို့နောက်  အင်အယ်ဒီသြစတြေးလျ အမျိုးသမီးအဖွဲဝင် ဒေါ်နီလာမှ အဘဦးတင်ဦးပေးပို့ခဲသော သ၀န်လွှာကိုဖတ်ကြားခဲ့ပါသည် ထို့နောက်ကိုကြည်လွင်မှ အခန်းအနားကျင်းပရခြင်း အဓိကအကြောင်းအရာများကိုတင်ပြခဲ့ပြီး အခန်းအနာတက်ရောက်သူများမှ အစိုးရသစ်ကိုကြိုဆိုကြောင်းနှင့် ရှေဆက်ရင်ဆိုင်ဖြတ်သန်းရမည့်အခက်အခဲများကို အစိုရသစ်နှင့် ပူးပေါင်းပြီး အနာဂါတ်မြန်မာနိုင်တောသစ်အတွက်ခြေလှမ်းသစ်များဖြင့် လျှောက်လှမ်းနိုင်ရန်အတွက် ဟောပြောဆွေနွေးခဲ့ကြပါသည်၊ အခန်းအနားကို ည ၁၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

ဘင်္ဂလီ၃၀၀ကျော်ကိစ္စသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေး ရှင်းပြီ

ဘင်္ဂလီ ၃၄၀ အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံအစိုးရဘက်မှ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ အသာတကြည် လက်ခံထားသည်ဟု ရေဒီယိုသတင်းဌာန တစ်ုတွင် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုက်လံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အစိုးရ နိုင်ငံတော်သမ္မတရုံးအနေဖြင့် ယင်းကိစ္စကို သိရှိထားခြင်း မရှိပါ။ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခြင်း မရှိပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု ချီးမွမ်းလိုက်တဲ့ သူရဦးရွှေမန်း

ဧရာဝတီ၊ ဧပြီ ၁၉ ၊ ၂၀၁၆ သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားတဲ့ စကားတွေကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားလိုက်ပြီး သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ တ၀ိုင်းတည်း ထမင်းသုံး ဆောင်နေတဲ့ပုံကို တင်ထားပါတယ်။ သူရဦးရွှေမန်းရဲ့ ဂုဏ်ပြုစာက အောက်ပါ အတိုင်းဖြစ်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မေတ္တာ၊ သစ္စာကို ကြိုဆိုဂုဏ်ပြုလျှက် --------------------------------------------------------------- မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ တရားများဖြင့် -------------------------------------------------------- မြန်မာပြည်ငြိမ်းချမ်းပါစေ၊ အေးချမ်းပါစေ၊ တိုးတက်ပါစေ ---------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်သစ်ကူး မိန့်ခွန်းအပေါ် တိုင်းရင်းသားတို့၏ အမြင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောဆိုထားပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး စတင်လုပ်ဆောင်ခဲ့တဲ့ အရင်အစိုးရရဲ့ လုပ်ဆောင်မှုမှာ ကောင်းတာတွေကို တန်ဖိုးထားပြီး လက်နက်ကိုင်အားလုံး ပါဝင်လာတဲ့အထိ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးညီလာခံတွေကနေတဆင့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့လည်း လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါက်ဖွားလာဖို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာလည်း ပြည်သူလူထုကို မထိခိုက်တဲ့ နည်းတွေကို အသုံးပြု သွားမှာ ဖြစ်ပြီး ဒါဟာ NLD ရဲ့ အမြဲကိုင်စွဲခဲ့တဲ့ မူဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ တက်သည့် အစိုးရအရာရှိများကို သိန်း ၅၀ လက်ဆောင်ပေးသည့် မီဒီယာကုမ္ပဏီကို ပညာပေး အသိပေး

" နိုင်ငံရေးအကဲခတ်တွေ ခန့်မှန်းနိုင်သည်ထက် သာလွန်လာနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်းများ "

သုံးသပ်ကြည်မယ်.... လူထုခေါင်းဆောင်က NLD ဦးဆောင်တဲ့အစိုးရသစ်တက်ပြီးချိန်မှာ ရက် ၁၀၀ စီမံချက်ကို သူ့အစိုးရအဖွဲ့ကို ဆွဲခိုင်းတယ်... အခု အစိုးရသစ်တက်ပြီး ရက်၂၀ လောက်ရှိချိန်အထိပေါ့..ရက်ကဘာမှမရှိသေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးခြားတဲ့အရွေ့တွေကို ရွှေ့နိုင်ခဲ့တယ်... အဓိကကြတဲ့ခြေလှမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပဲ..ဒါကို

မြန်မာဒီမိုကရေစီ လူထုအစိုးရသစ် ကြိုဆိုပွဲဖိတ်ကြားလွှာ

"မြေလှန်ပစ်ရမည့် လက်ရှိသစ်ထုတ်လုပ်ရေးစနစ်"

"မြန်မာ့သစ်လောကမှာ ပြောင်ရှင်းတို့ ၊ကိုင်းဖြားကိုင်းနားတို့ ၊ပင်ညှပ်တို့ဆိုပြီးပါမစ်တွေချပေးတယ်။ တကယ်ဆိုရင် ပြောင်ရှင်းလုပ်ကွက်မှာ ဘာသစ်ပင်မှမရှိတော့ဘူး။ရှိတဲ့နေရာမှာသွားခုတ်ပြီး ပြောင်ရှင်းပါမစ်ကပ်တယ်။ အလားတူ ပင်ညှပ်ဆိုတာက အဓိက ကျွန်းပင်ပေါ့။တပင်နှင့်တပင့် ညှပ်လို့အပင်ကြီးထွားတာအဟန့်အတားဖြစ်စေတဲ့ ကွေ့ကောက်နေတဲ့အပင်တွေ ဖြတ်တာတို့ ခုတ်တာတို့လုပ်ခိုင်းတဲ့ပါမစ်ပေါ့။ ဒါပေမဲ ပင်ညှပ် ပါမစ်နှင့်ရောင်းတဲ့ အပင်တွေဟာ ဖြောင့်တန်းနေပြီး

ဦးနေမျိုးဇင်ရဲ့ နှုတ်ဆက်စကား

အစိုးရကောင်းရပြီဖြစ်တာကြော င့် နိုင်ငံသားကောင်းတွေဖြစ်ဖို့  လိုအပ်ကြောင်းနဲ့ သူ့အနေနဲ့လည်း ပိုကောင်းတဲ့နိုင်ငံသားကောင်းဖြစ်အောင် ကြိုးစားသွားမယ်လို့ ဒီကနေ့ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ပြောပါတယ်။ ရိုက်ကူး - ကျော်ဇောဝင်း၊ ကျော်လွင်ဦး/RFA

ခရိုနီထက်ဆိုးသောအရာ

  ယခုတလော စာချုပ်တခုခေတ်စားနေသည်။ မေတ္တာဖြင့်ပေးကမ်းခြင်းစာချုပ်တဲ့။ အမေက သားကိုပေးသည်။ အစ်ကိုက ညီကိုပေးသည်။ ဦးလေးက တူကိုပေးသည်။ ခယ်မက ခဲအိုကိုပေးသည်။ မြန်မာသည် မေတ္တာဖြင့် ပေးကမ်းရာတွင် နံပါတ်(၁) စွဲတော့မည်။ ကမ္ဘာပေါ်တွင် လှူဒါန်းပေးကမ်းမှု အရက်ရောဆုံးနိုင်ငံတွင် မြန်မာ သည် နံပါတ်(၁)ချိတ်ခဲ့ဖူးသည်ဆိုသကိုး။ ယခုဟာက ထိုသို့ဟုတ်မည်မထင်။ ကျွန်တော့်အသိ အခွန်ဦးစီး တယောက်ရှိသည်။ သူသည် နိုင်ငံ့ဝန်ထမ်းအဖြစ် အခွန်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း အလွန် ကြွယ်ဝချမ်းသာလာသည်။ သူသည် တပ်မတော်မှ ဗိုလ်ကြီးရာထူးဖြင့် အနားယူခဲ့ပြီး ဤရာထူးသို့ ကူးပြောင်း ရောက်ရှိလာသူ ဖြစ်သည်။

" ရွာပြန်ပီး နွားကျောင်း နေလိုက်ပါ "

ဒီမိုတွေက လိုတမျိုး၊ မလိုတမျိုး... ဦးသိန်းစိန်လက်ထက်မှာတုန်းက ကျောင်းသားတွေကို အားပေးကြပြီး ခုမှအပြစ်တွေထိုင်ပြောနေတယ်တဲ့.... ဒီကိစ္စကို လူလိုတွေးပြီး ရိုးရိုးလေးရှင်းပြပါ့မယ်

မုဒိန်းကျင့်ခံရသော ရာဇ၀င်ထဲက သတို့သမီး

ကျနော်တို့ချစ်သော မြတ်နိုးသော တန်ဘိုးဃနထားသော အားကိုးရသော မှီခိုရသော သာယာသော ဖြူစင်ဖြောင့်မတ်သော မြင့်မြတ်သော သတို့သမီးအား လူးဆိုးတသိုက် လူမိုက်တအုပ်မှ မုဒိန်းကျင့်လိုက်ကြ၏။ ၄င်းတို့၏ လုပ်ရပ်များအား ကျနော်တို့က လက်မခံနိုင်သော သီးမခံနိုင်သော မမျှတသော အကြောင်းရာများအား တိကျစွာ ထောက်ပြရပေတော့မည်။ ကျနော်တို့ ပြောပြချက်အား လုပ်ဆောင်ချက်အား ကန့်ကွက်ချက်အား လစ်လျှူရှု့ကာ ဒယောသောပါ ဆက်သွားနေပါလျှင် ပြည်လုံးကြွတ်ချစ်မြတ်နိုးသော သတို့သမီးအား ပြန်လည်ရရှိရေးအတွက် ကြီးမားခိုင်မာသော တော်လှန်ရေးကြီး ဖြစ်ပေါ်လာမည်ကို ကျနော် တင်ပြပါအံ့….

အင်အယ်ဒီ သြစတြေးလျ ထုတ်ပြန်ကြေညာချက် ၁/2016

ကျောင်းသား ၆၉ ဦးလွတ်မြောက်

ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်နဲ့ မဖြိုးဖြိုးအောင် တို့ကို ဧပြီလ ၈ ရက်နေ့က သာယာဝတီတရားရုံးမှာတွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာရှိနေတဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုသူ ကျောင်းသူ ကျောင်းသား ၆၉ ဦးကို အစိုးရက စွဲချက်တင်ထားတဲ့ အမှုတွေ ပယ်ဖျက်ပေးလိုက်တာကြောင့် ဒီကနေ့ လွတ်မြောက်လာပါတယ်။ တခြားအကျဉ်းထောင်တွေမှာ ကျောင်းသားတွေ ကျန်နေသေးတဲ့အတွက် အားလုံး လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ ကိုမင်းသွေးသစ်က သာယာဝတီတရားရုံးမှာ ပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်လောက်ရှိ

(လွတ်မြောက်လာတဲ့ ကျောင်းသူ ကျောင်းသားများကို သာယာဝတီတရားရုံးမှာ တွေ့ရစဉ်) မနေ့ညက သာယာဝတီအကျဉ်းထောင်ကနေ နောက်ထပ် ဗကသ အဖွဲ့ဝင် ကျောင်းသား ကျောင်းသူတွေ ဖြစ်တဲ့ ကိုနန္ဒစစ်အောင် ၊ မဖြိုးဖြိုးအောင် နဲ့ ကိုမင်းသွေးသစ်တို့ ၃ ဦးဟာ ည ၁၀ နာရီကျော်မှာ လွတ်မြောက်ခဲ့ပါတယ်။ အလားတူ ရန်ကုန် အင်းစိန်ထောင်ကနေ ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အမျိုးသမီး ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ မနီလာသိန်း နဲ့မမီးမီး နဲ့ အလုပ်သမား လယ်သမားအရေးလှုပ်ရှားသူ မစုစုနွေး တို့လည်း လွတ်မြောက်ခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများကို အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးလိုက်ပြီ

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများနှင့်စပ်လျဉ်းသည့် အမှုများမှရုပ်သိမ်း ပြီးသူ ၁၃၈ ဦးကို ယနေ့လွှတ်ပေးခဲ့သည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်တွင် ကြေညာချက်အမှတ် (၁/၂ဝ၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် နိုင်ငံရေး အကျဉ်းသားများစွာ လွှတ်ပြီ

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ လွတ်ရက်စေ့အကျဉ်သား ၄၄၂ ဦး ဧပြီ ၈ ရက်တွင် လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ယခုလွှတ်ပေးလိုက်သည့် အကျဉ်းသားများသည် လွတ်ရက်စေ့သူများ၊ သင်္ကြန်ပိတ်ရက်တွင် လွတ်မြောက်မည့်သူများကို လွှတ်ပေးခြင်းဖြစ်ကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ကြောင်း အင်းစိန်အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။  ထို့ပြင် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် လွတ်ရက်စေ့ အကျဉ်းသား ၂၁၁ ဦးလွတ်မြောက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်းမရှိသကဲ့သို့ တောင်ငူထောင်တွင်လည်း အကျဉ်းသား ၃ဝ၊ စစ်တွေအကျဉ်းထောင်တွင် ၂၃ ဦးလွှတ်ပေးခဲ့သည်။

နိုင်ကျဉ်းသား လွတ်မယ် ဆိုတဲ့ သတင်းကြောင့် စောင့်ဆိုင်းနေကြ

နှစ်သစ်ကူး အခါသမယမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးမယ်လို့ဆို (Credit: AFP)   နှစ်သစ်ကူး ​အခါသမယမှာ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​လွတ်ပေးနိုင်အောင် ​ဆောင်ရွက်မယ်လို့ ​ဒေါ်အောင်ဆန်းစုကြည်က ​ကြေညာချက် ​ထုတ်ပြန်ပြီးနောက် ​ဒီမနက်မှာတော့ ​နိုင်ငံရေး ​အကျဉ်းသား ​မိသားစုတွေ ​ထောင်ပြင်ပမှာ ​စောင့်ဆိုင်းခဲ့ကြပါတယ်။ ဒီမနက်ပိုင်းမှာ ​တွေ့ရတဲ့ ​သတင်းတွေမှာတော့ ​အကျဉ်းသား ​တချို့ ​စတင်လွတ်လာနေပြီလို့ ​ဆိုပေမယ့် ​နိုင်ငံရေး ​အကျဉ်းသားတွေ ​ပါမပါ ​မသိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြေညာချက် ထပ်မံထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး  (ကြေညာချက်အမှတ် ၂/၂၀၁၆)  ၂၀၁၆ ခုနှစ် ဧပြီလ ၈ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီလ ၈ ရက် ရက်စွဲဖြင့် ကြေညာချက်အမှတ် ၂/၂၀၁၆ ကို ထုတ်ပြန်ခဲ့သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

နိုင်ငံတော်သမ္မတရုံးက လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့်ပတ်သက်သည့် လမ်းညွန်ချက် ထုတ်ပြန်

နေပြည်တော်၊ ဧပြီ ၄ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများကြောင့် အကျင့်စာရိတ္တပျက်ပြားမှု (corruption) များစွာဖြစ်ပေါ်နေပြီး နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်နေသဖြင့် အဂတိလိုက်စားမှုအလေ့အထကို အချိန်တိုကာလအတွင်း

သင်္ကြန်မဏ္ဍပ်များ ကန့်သတ်မှု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဧပြီလ ၄ ရက်နေ့က သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာရှင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သင်္ကြန်ကျင်းပမယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့စဉ်။ Photo: Thiha Tun/RFA ရန်ကုန်မြို့မှာ ဒီနှစ်မဏ္ဍပ်အရေအတွက် ကန့်သတ်ခွင့်ပြုထားတာကို အနုပညာရှင်တွေအနေနဲ့  နားလည်မူရှိရှိ ပူးပေါင်းပါဝင်ပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တိုက်တွန်းပြောကြားပါတယ်။

အစိုးရနဲ့ ဝန်ထမ်းတွေ တံစိုးလက်ဆောင် လက်မခံဖို့ တားမြစ်

ခွင့်ပြု လက်ဆောင်တွေကို အကြိမ်ကြိမ် လက်မခံရ လို့လည်း ဒေါ်စု ညွှန်ကြား အဂတိလိုက်စားမှုကို အချိန်တို အတွင်းပပျောက်စေဖို့ ရည်ရွယ်ချက်နဲ့ လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ဆိုင်တဲ့ လမ်းညွှန်ချက်ကို ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက် ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် သာသနာ့ဘောင်သို့ ဝင်ရောက်

နိုင်ငံတော်သမ္မတအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ မတ် ၃၁ ရက်အထိ တာဝန် ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန် သည် ယနေ့ နံနက် ၈ နာရီက ပြင်ဦးလွင်မြို့ အနီးစခန်း လေဆိပ် အနီးရှိ ပါမောက္ခချုပ်ဆရာတော်၏ ဓမ္မာဓိပတိစံကျောင်း၌ သာသနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ သမ္မတကြီးကို စစ်ကိုင်းသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ ကျင်းပစဉ်က သီတဂူဆရာတော်က သင်္ကန်းဝတ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်တွေ မအားလပ်တာကြောင့် သမ္မတ တာဝန်ကနေ ပြီးဆုံးသွားတဲ့အခါမှာ တော့

ဒေါ်စုဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ရောက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi မြန်မာအစိုးရရဲ့ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi ဟာ မြန်မာနိုင်ငံကို ဧပြီလ ၅ ရက်ကနေ ၆ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ NLD အစိုးရတက်လာအပြီး ၄ ရက်အကြာမှာ ပထမဆုံး လာရောက်လည်ပတ်တဲ့ ထိပ်တန်း သံတမန် တဦးဖြစ်တာကြောင့် နှစ်နိုင် ငံ ဆက်ဆံရေးကို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဆို ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်မည်

ဒေါ်အောင်ဆန်းစုကြည်မှ အရင်သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့အား လွှတ်တော်မှာ နှုတ်ဆက်နေစဉ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် (State Counsellor) ရာထူးပေးအပ်မယ့် ဥပဒေကြမ်း မှာ နိုင်ငံတော် အစား နိုင်ငံတော်သမ္မတ အဖြစ်ပြောင်းလဲပေးဖို့ တပ်မတော်သား အစုအဖွဲ့ကပြည်သူ့ လွှတ်တော်မှာ မနေ့ကအဆိုပြုခဲ့ပါတယ်။ ဒါအပြင် ဒီဥပဒေ ကြမ်းဆွေးနွေးမှု အတွက် အချိန်အလုံ အလောက် ပေးဖို့တောင်းဆိုခဲ့တာပါ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ်၊ ၂/ ၂၀၁၆ ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် (၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်) ■ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း ■

ဦးသိန်းစိန် ဘာတွေလုပ်ခဲ့သလဲ

ဦးသိန်းစိန်အစိုးရသက်တမ်း (၅) နှစ် ကုန်ဆုံးတာမှာမို့ ဘာတွေ လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို ပြည်တွင်းပြည်ပမှာ သုံးသပ်နေကြပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ စတင်တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့တာတွေကို ဇန်နဝါရီလ (၂၈) ရက်နေ့မှာ ဦးသိန်းစိန်က မိန့်ခွန်းအရှည်ကြီး ခြွေသွားခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ လက်ရှိ အခြေခံဥပဒေပြုစုတဲ့ အမျိုးသားညီလာခံမှာ

ဥပဒေ ၁၄၂ ခု ပြုပြင်ဖို့ ကော်မရှင် အကြံပြု

လက်ရှိ တည်ဆဲဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို  ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌတွေထံ ပေးပို့ထားပါတယ်။ ဒီအကြံပြူချက်တွေကို ပေးပို့ရတာဟာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူတွေ သိရှိနိုင်ရေး နဲ့ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို

တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ ကတိသစ္စာပြု

ယနေ့ကျင်းပသော တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် အစည်းအဝေးများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အဖြစ် ခန့်အပ်ခံရသူများ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် မြစ်ကြီးနား မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါက်တာခက်အောင်၊ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် မယ်စဲ့ မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဖားအံ မဲဆန္ဒနယ်အမှတ် (၁) မှ ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဖလမ်း မဲဆန္ဒနယ်အမှတ် (၂) မှ

ဒီမိုကရေစီ အသီးအပွင့်ကို အားလုံး ခံစားခွင့်ရှိရမည်

Dividend ဆိုတဲ့ စကားလုံးက ကုမ္ပဏီတခုမှာ အစုရှယ်ယာဝင်ထားကြသူတွေက အမြတ်ပေါ်လာတဲ့အခါ ခံစားခွင့်ရှိတဲ့ မျှဝေခံစားမှု အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ ဒီစကားလုံးကို နိုင်ငံရေးနယ်ပယ်မှာ ယူဆောင်လာပြီး ပြောဆိုသုံးစွဲကြပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာ စတင်ပြောဆိုသုံးစွဲလာကြတာက Peace dividend ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးစီးပွား၊ အသီးအပွင့်တွေကို ဘယ်လိုခွဲဝေ၊ မျှဝေခံစားကြမလဲ ဆိုတာပါပဲ။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ အများပိုင်ကုမ္ဗဏီအဖြစ် အသွင်ပြောင်းမည်ဟုဆို

တပ်မတော်က အထူးကုမ္ပဏီ အက်ဥပဒေဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီသည် အထူးကုမ္ပဏီအဖြစ်မှ အများပိုင်ကုမ္ပဏီလီမိတက်အဖြစ် ပြောင်းလဲ လုပ်ကိုင်သွားမည်ဟု မြန်မာ့ စီးပွား ရေး ဦးပိုင်ကုမ္ဗဏီက တရားဝင် ကြေညာလိုက်သည်။ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီကို ၁၉၉၀ ခုနှစ်အတွင်းက စတင်တည်ထောင်ခဲ့ပြီး ၁၉၅၀ အထူး ကုမ္ပဏီအက်ဥပဒေဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ ယခု