Skip to main content

်ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ဝန်ကြီးများ



ဒီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းသတင်းစာမှ အာဆီယံနှင့် ပါတ်သက်၍ အချက် (၁၀) ချက် သတိထားရမည်ဟု ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အခုလာမယ့် ဇွန်လိုင်လမှာ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ ပြုလုပ်ရန်ရှိတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေး တက်ရန်ရှိတဲ့ အရေးကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ကျောင်းအုပ်ဆရာအသစ် ပြောင်းလာမှာကို မိမိတို့နဲ့ အဆင်ပြေပါ့၊ ပြေပါ့မလား စိုးရွံ့နေကြတဲ့ ကျောင်းဆရာ၊ ဆရာမ တွေလို ဖြစ်နေပါတယ်။
ဒီအတွက် ထိုင်းသတင်းစာ The Nation မှ ထိပ်တန်း ဆောင်းပါးရှင် Kavi Chongkittavon က အခုလို သတိပေး ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါဟာ ပြည်ပမှာ နည်းနည်းနောနော မဟုတ်ဘူးဆိုတာ ဖတ်ကြည့်ရင်
သိနိုင်ပါတယ်။
(၁) ဒေါ်အောင်ဆန်းစုကြည်သည် နိုဘဲငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်ပြီး ကမ္ဘာနှင့်တဝှမ်း ထင်ရှား ကျော်စောလှသဖြင့် အခြားသော အာဆီယံ ဝန်ကြီးများမှာ ထင်ရှားမှုတွင် မည်သို့မျှ ယှဉ်၍ မရနိုင်သဖြင့် နှိမ်ချတတ်ဖို့ လိုသည်။
(၂) အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ တရားဝင် အစည်းအဝေး မတိုင်မီ ညတွင် အိမ်ရှင်နိုင်ငံ၏ အပန်းဖြေ စခန်းတစ်ခုမှာ တရားဝင် အစီအစဉ်တွင် မပါသည့် ကိစ္စများကို ဆွေးနွေးလေ့ရှိပြီး အားလုံး သဘောတူညီချက် ရပါက နောက်နေ့ အစီအစဉ်တွင် တရားဝင် ပြောဆိုကြလေ့ရှိသည်။
(၃) အာဆီယံသည် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အားလုံး သဘောတူညီလာသည့်အထိ ဆွေးနွေးလေ့ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အမှီအခို ကင်းစွာ လုပ်တတ်ကိုင်တတ်သူအဖို့ စိတ်အနှောက်အယှက် ဖြစ်လာတတ်သည်ကို သည်းညည်း ခံရပေမည်။
(၄) ယခုနှစ်သည် လာအိုမှ ဥက္ကဋ္ဌနေရာ တာဝန်ယူထားချိန်ပြီး တပြိုင်နက်လိုလို အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှား၊ တရုတ်တို့နှင့် ထိပ်သီး အဆင့် တွေ့ဆုံဖို့ ရှိလာသောကြောင့် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ပြီးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှ အာဆီယံကိုယ်စား သူမရဲ့အမြင်များကို ဦးဆောင် ဆွေးနွေးနိုင်ရန် အရေးတကြီး လိုအပ်နေပေသည်။
(၅) ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ပေါင်း ၂၀ ကျော် ထင်ရှားလာခဲ့သော ဘုန်းသမ္ဘာ အရှိန်ကြောင့် အာဆီယံ လုပ်ဖေါ်ကိုင်ဘက်များက သူမနှင့် ဆက်ဆံရမည်ကို မဝံ့မရဲ ဖြစ်နေကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ လိုက်လိုက်လျောလျော ဆက်ဆံပေးသင့်ပြီး ၎င်းတို့ရဲ့ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော မိန့်ခွန်းများကို ဂရုတစိုက် နားထောင်ပေးကာ မိမိလို အခြားနိုင်ငံခြားရေးဝန်ကြီး အသစ်များဖြစ်သော လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားတို့နှင့် စကားစမြည် ပြောဆို ဆွေးနွေးခြင်းဖြင့် ထိတ်လန့်မှုများ ပြေပျောက်အောင် ပြုလုပ်သင့်ပေသည်။ သူမရဲ့ နိုင်ငံရေးနဲ့ လစ်ဘရယ်ဝါဒကြောင့် ထင်ရှားကျော်ကြားပြီး ဖြစ်သဖြင့် မည်သူကိုမျှ အထင်တကြီး ရှိလာအောင် လုပ်နေရန် မလိုပေ။
(၆) ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ လက်ထောက်များ အနေဖြင့် အာဆီယံ၏ ယခင် ကြေငြာချက်များ၊ ထုတ်ပြန်ခဲ့သော စာရွက်စာတမ်းများကို စေ့စေ့စပ်စပ် ဖတ်ထားသင့်ပေသည်။ သို့မှသာ အာဆီယံ အသင်းအဖွဲ့အဖြစ် တည်ရှိနေခြင်း သဘောသဘာဝ အနှစ်သာရများကို ပိုမိုနားလည်နိုင်မည် ဖြစ်သည်။ ထို့အပြင် အရေးအသားနှင့် အပြောအဆိုများသည် အာဆီယံ သံတမန် ယဉ်ကျေးမှု၏ အရေးအပါဆုံး ဝိသေသများ ဖြစ်သည်ကိုလည်း သတိချပ်သင့်သည်။
(၇) ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းတွင် သမ္မတအထက်တွင် ရှိနေသော်လည်း အာဆီယံ ဝန်ကြီးများ အားလုံး၏ အထက်တွင် ရှိနေသည်ဟု မမှတ်ယူ သင့်ပေ။ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရရှိလာမည့် သံတမန် အခွင့်အရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး နိုင်ငံတော် အကြံပေး ပုဂ္ဂို လ်အဖြစ် ဆွေးနွေးပွဲများ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်နိုင်သည်။
(၈) တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာမှုများ ပြသနာကို သူမ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ဆွေးနွေးကြမှာ ဖြစ်သဖြင့် မဆွေးနွေးလိုက အချိန်ယူပြီး ကြိုတင် အကြောင်းကြားထားသင့်သည်။ ဦးသိန်စိန်ကမူ ထိုပြသနာအတွက် နိုင်ငံတကာ ကွန်ဖရင့် ခေါ်ရန် မီးစိမ်း ပြထားခဲ့ပြီး ဖြစ်သည်။
(၉) အတိုက်အခံ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ထင်ရှား ကျော်ကြကားသူအဖြစ်လည်းကောင်း၊ အခြားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များနှင့်ဓါတ်ပုံတွဲ ရိုက်သည့် အခါတိုင်း ဒေါ်အောင်ဆန်းစုကြည်မှာ အမြဲလို အလယ်နား လောက်တွင် ရှိနေရမည် ဖြစ်သော်လည်း အာဆီယံအဖွဲ့၏ ဓါတ်ပုံရိုက် အခမ်းအနားတွင်မူ ဥက္ကဋ္ဌ ဖြစ်သူက အလယ်တွင် အမြဲလို ရှိနေရမည်ဖြစ်ပြီး ဥက္ကဋ္ဌနှင့် အခြားသော ဝန်ကြီးများ၏ အရိပ်အခြေ အချက်ပြသည်ကို လိုက်လုပ်မှသာ မလိုလားအပ်သော အခြေအနေများမှ ရှောင်ရှားနိုင်မည် ဖြစ်သည်။
(၁၀) အာဆီယံ ခေါင်းဆောင်များသည် အမြဲလို လက်ချင်း တွဲယှက်၍ (hand check) ဓါတ်ပုံ အရိုက်ခံလေ့ရှိသည်ကို အားလုံး သိကြသော်လည်း တကယ်တမ်း လုပ်သညိ့အခါ ကမ္ဘာ့ တီဗွီသတင်းဌာနများနှင့် ဆိုရှယ်မီဒီယာများ ရှေ့မှောက်တွင် အလွဲလွဲ၊ အချော်ချော် ဖြစ်တတ်၍ ကြိုတင် လေ့ကျင့်ထားသင့်သည်။ အင်ဒိုနီးရှား သမ္မတသစ် ဂျိုကိုဝီ ဖြစ်ခဲ့ဘူးသည်။
HSW

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...