"မြန်မာ့သစ်လောကမှာ ပြောင်ရှင်းတို့ ၊ကိုင်းဖြားကိုင်းနားတို့ ၊ပင်ညှပ်တို့ဆိုပြီးပါမစ်တွေချပေးတယ်။ တကယ်ဆိုရင် ပြောင်ရှင်းလုပ်ကွက်မှာ ဘာသစ်ပင်မှမရှိတော့ဘူး။ရှိတဲ့နေရာမှာသွားခုတ်ပြီး ပြောင်ရှင်းပါမစ်ကပ်တယ်။ အလားတူ ပင်ညှပ်ဆိုတာက အဓိက ကျွန်းပင်ပေါ့။တပင်နှင့်တပင့် ညှပ်လို့အပင်ကြီးထွားတာအဟန့်အတားဖြစ်စေတဲ့ ကွေ့ကောက်နေတဲ့အပင်တွေ ဖြတ်တာတို့ ခုတ်တာတို့လုပ်ခိုင်းတဲ့ပါမစ်ပေါ့။ ဒါပေမဲ ပင်ညှပ် ပါမစ်နှင့်ရောင်းတဲ့ အပင်တွေဟာ ဖြောင့်တန်းနေပြီး
အပင်တွေက ၂-၃ ပေအလုံးပါတ်နှင့်အရှည် ၁၈-ပေ ၂-ပြန် -၃ ပြန်လောက်ရှိတော့အရမ်းနှမျောဖို့ ကောင်းတယ်။ ပင်ညှပ် အဖြစ် ခုတ်ရောင်းတဲ့အပ င်တွေဟာ နှစ် ၂၀-၂၅ လောက်ထပ်စောင့်နိုင်ရင် G-1, to G-7အဆင့်အနည်းဆုံးဖြစ်လာမည့် အပင်တွေဖြစ်တယ်။ G-1,2,3,4,5, တို့ဆိုတာ အပင်ရဲ့အရည့အသွေးသတ်မှတ်တာပေါ့ ။ ကိုင်းဖြားကိုင်းနားလည်းအလားတူပါဘဲ။ သစ်ခုတ်တဲ့ပါမစ်တွေ အနည်းဆုံး ၃-နှစ်လောက်ရပ်ခိုင်းပြီး တောမီး မရှို့ရင် မြန်မာပြည်ကြီး စီမ်းလန်းသွားမှာပါ။ ရေရှားပါးမှူ- ရာသီဥတုဖြောင်ပြန်မှူ-အလ်နီရောင်တွေ ပြောက်ကွယ်သွားစေချင်ရင် အစိုးရအပါ ပြည်သူများမှ တစိတ်တဝမ်းတည်း ရပ်တည်ကြဖို့လို အပ်ပါသည်"
( Ko Han Khai)
-----*-------*------
Sayar Gyi Jit ရေးသည်။
သစ်ထုတ်ရာသီအတွက် MTE မြန်မာ့သစ်လုပ်င န်းက ကျွန်းသစ်အပါအ၀င် စုစုပေါင်းသစ်လုံးတန် ၅သိန်း လျာထား တင်ပြရန်ရှိတယ်လို့ ကြားသိရတယ်.. ကျွန်းသစ်က တန် ၁၇၀၀၀ လို့ကြားတယ် ကျန်တာ သစ်မာ.. ဆိုတော့ သစ်လုံးတွေ export ပိတ်ထားတယ်လဲ ပြောတယ် သစ်တွေက ဘာ ဖြစ်လို့ တန်ချိန် သိန်းချီ ဆက်ထုတ်နေသေးတာလဲ ထုတ်ဖို့ လိုသေးလို့လား .. အမေးရှိခဲ့ရပြီပေါ့.. မြန်မာ့သစ်လုပ်ငန်းဟာ ၀န်ထမ်း ၃၀၀၀၀ ကျော် သစ်ဆွဲဆင် ၃၀၀၀ ကျော် နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဖြစ်တယ် ဒါပေမယ့် မိမိဟာမိမိ သစ်မထုတ်နိုင်တာ ကြာပြီ မိမိကိုယ်တိုင် ဈေးကွက်မရှာနိုင်တာကြာပြီ သစ်ထုတ်လုပ်ငန်းကို ပုဂ္ဂလိကအေဂျင်စီတွေ ပေးထားခဲ့တာနှစ်ဆယ်ချီ ကြာခဲ့ပြီ အားလုံးသိကြတဲ့ ထိပ်ဆုံးက ခရိုနီတွေပဲပေါ့.. သစ်ထုတ်တဲ့အတွက် ဒီ ပုဂ္ဂလိကအေဂျင်စီတွေ ကို ဘယ်လို ဘယ်ပုံ အစိုးရက ငွေချေသလဲ သိချင်ကြလိမ့်မယ် ၆၀- ၄၀ % အချိုးနဲ့ ငွေချေပါတယ် သစ်ထုတ်ပေးတဲ့ ပုဂ္ဂလိကအေဂျင်စီ က သစ်ထုတ်ခ ကို ထွက်လာတဲ့ သစ်ရဲ့ ၆၀% ကိုရတယ် ကျန် သစ် ၄၀% ကို နိုင်ငံတော်က ရတယ် ပုဂ္ဂလိကအေဂျင်စီ က သူ့ရပိုင်ခွင့် ၆၀% သစ်လုံးတွေကို နိုင်ငံခြားအ၀ယ်တော်ကို ကြိုရောင်းလိုက်တယ် ဆိုပါတော့ သစ်လုံး ၁တန် ဒေါ်လာ၆၀၀ တန်ကို ဒေါ်လာ၈၀၀ နဲ့ ရောင်းစားထားတယ်ဆိုပါစို့ သူ့ အမြတ် ၂၀၀ ကို အ၀ယ်တော်က ကြိုသွင်းပေးထားတယ် ကျန်ငွေ ၆၀၀ ကို သင်္ဘောတင်ပြီးမှ ချေတယ် ..ဆိုတော့ မေးချင်တာက ၈၀၀ ဈေးပေးမယ့် အ၀ယ်တော်ကို ဌာနက အနှစ် ၇၀ကျော် ဒီအလုပ်လုပ်လာတာ မ၇ှာနိုင်တော့ဘူးလား ဒါကတပိုင်း.. နိုင်ငံတော်ကရမယ့် ၄၀% သစ်လုံးကျတော့ေ၇ာ ဘာလုပ်မယ်ထင်သလဲ ခုနက ပုဂ္ဂလိကအေဂျင်စီတွေ ကပဲ ၀ယ်ချင်ပါတယ် ရောင်းပေးပါ လို့ ဆိုင်ရာပိုင်ရာကို အပူကပ်ကြပြန်တယ်.. ရောင်းပေးကြပြန်ရောဆိုပါတော့.. သစ်လုံး ၁တန် ၆၀၀ ဈေးပဲ.. ဒီသစ်တွေကျတော့ ရွေးကျန် တွေဖြစ်တော့ ကွာလတီက ညံ့တယ် ယူမဲ့သူမရှိတာများတယ် ၆လနေလဲ မယူ ၁နှစ်နေလဲ အချားနိမ်း ဖြစ်နေတယ် အစိုးရက နို့တစ်စာ အကြိမ်ကြိမ်ထုတ်တယ် လာငွေသွင်းဖို့ သစ်လုံးတွေယူဖို့ ဘယ်ကျေးဇူးရှင်မှ ပေါ်မလာဘူး နောက်ဆုံး အဲဒီယူမဲ့သူမရှိတဲ့ သစ်လုံးတွေ လေလံပစ်တဲ့ဆီရောက် ၁တန် ၂၀၀-၃၀၀ ဈေးနဲ့ လေလံပစ်တော့မှ ပဲ နိုင်ငံခြားသားကျေးဇူးရှင်တွေက ယူတော်မူတော့တယ် ဒီတော့ ပထမ ၆၀၀ ဈေးနဲ့ယူပါမယ် ဆိုတဲ့ ကုန်သည်တွေ အရေးမယူဘူးလားမေး ဘာတခုမှ အရေးမယူပါ ဌာနဘယ်လောက်နာနာ တိုင်းပြည် ဘယ်လောက်ရှုံးရှုံး ဘယ်သကောင့်သားမှ ဂရုမစိုက်ဘူး ဒါတင်ပဲလားဆိုတော့ မကသေးဘူး မနှစ်က သစ်လုံးတွေယူပါ့ မယ်ဆိုပြီး မယူပဲ ထွက်ပြေးသွားတဲ့ ကုန်သည်တွေက လာမယ့်နှစ် တော့ ယူပါ့မယ် ဆက်ပြီး သစ်ထုတ်ပါရစေ ဆိုတော့လဲ ဌာနက အိုကေ ပါပဲ သစ်တွေ ထုတ်မြဲ ထုတ်လျက်… နောက် ပြသနာတခုက ဘယ်လို အတန်းအစားကို ဘယ်လိုရောင်းမယ် ဆိုတဲ့မူ ကျွန်းမှာ နိုင်ငံတကာဈေးကွက် အတန်းအစား G1 ကနေ G7 အထိ အဆင့်ဆင့်ရှိတယ် ဈေးက မတူဘူး G7 က ဈေးအနိမ့်ဆုံး G1 က ဈေးအမြင့်ဆုံး ဆိုပါတော့ ရောင်းလိုက်သမျှ G7 သစ်တွေချည်းဖြစ်နေတာ တော်တော် ထူးဆန်းတာပေါ့နော်.. နောက် ပြသနာတခုက G7 သစ်လုံးသည် ညံ့တဲ့အတွက် ခွဲလိုက်ရင် ထွက်ရှိခွဲသား ရာနှုန်း ၃၅% လောက်ပဲ ရပါတယ် သစ်ညံ့တဲ့အတွက်ပါ ခုဖြစ်နေတာက လက်တွေ့မှာ G7 သစ်တွေ ခွဲလိုက်ရင် ၉၀% လောက် ခွဲသားထွက်နေတာပါ ခွဲတဲ့စက်တွေကော င်းလွန်းလို့လား သစ်လုံးတွေကပဲ G7 မဟုတ်လို့လား G 2 G3 အကောင်းစားတွေ မျက်လှည့်ပြလိုက်လို့လား ဒါမှမဟုတ် ရိုးမတောထဲက သစ်တွေ လေထဲက အတောင်ပံတွေပေါက်ပြီး သူ့အလိုလို သစ်ခွဲစက်ကို ရောက်လာ လို့လား မြတ်စွာဘုရားပဲသိတော်မူပါလိမ့်မယ်.. ဆိုတော့ကာ အစကဆိုထားတဲ့ ၂၀၁၆ အတွက် သစ်လုံး တန် ၅သိန်း ထုတ်ဖို့ လျာထားတယ် ဆိုတဲ့ ကိစ္စ ဟာ တကယ်မဟုတ်ပါစေနဲ့လို့ပဲ ရှင်တော်မြတ်ဘုရားဆီမှာ ဆုတောင်းရမလိုဖြစ်နေတာပါ.. တကယ့် လက်တွေ့မှာက MTE သစ်ဆိပ်တွေမှာ ၂၀၁၃ ၁၄ တုန်းက မရောင်းရသေးတဲ့ သစ်လုံးလက်ကျန် တန် ၈၀၀၀၀ မကရှိမေသေးတာတွေ သစ်ဆိပ်တွေမှာ စာရင်းထက်ပို ရောက်နေတဲ့ သစ်လုံးတွေ ကိစ္စ တွေ ဘယ်ကဘယ်လို ရောက်နေမှန်း မသိတဲ့ သစ်လုံးတွေ ပုဂ္ဂလိကသစ်ခွဲစက်တွေ မှာ သစ်လုံးလိုသ၍ ကြိုက်သလောက် သစ်ဆိပ်တွေကနေ ၀ယ်လို့ရနေတာတွေ.. ၂၀၁၆ နှစ်ကုန်ပိုင်း ဌာနလက်ကျန် သစ်တွေ ဘယ်ဈေးပေးချင်လဲ လိုက်ရောင်း လက်ကျန်ရှင်းပစ်နေတာတွေ …. ရေးရတာတောင် လက်ညောင်းပါတယ်….ဘယ်လိုဇာတ်သိမ်းကြမလဲ …ဆရာတို့ တကယ်တော့ MTE ဟာ နှစ် ရ၀ ကျော်သက်တမ်း ရှိတဲ့ ဌာနကြီး ၀န်ထမ်း ၃၀၀၀၀ ကျော် အငြိမ်းစား ၂၀၀၀၀ ကျော် မိမိဖာသာ သစ်မထုတ်နိုင်ဘူး သူများကို ကိုယ်စားလှယ်ပေးထုတ်ခိုင်းရတယ် မိမိဖာသာ မရောင်းတတ်ဘူး သို့မဟုတ် မရောင်းနိုင်ဘူး သူများကပဲ ရောင်းပေးရတယ် စက်ရုံတွေ ဂိုဒေါင်တွေ သစ်ကွင်းတွေ ယန္တယားတွေ အများကြီးရှိတယ် ပုဂ္ဂလိကကို ငှားစားထားတယ် အင်္ဂလန်လုပ် ဂျာမဏီလုပ် ဂျပန်လုပ် သစ်ခွဲစက်တွေ ပတ်လွှတွေ အကောင်းစားသစ်စက်တွေ ရှိတယ် အကုန် Idle ဖြစ်နေတယ် အသုံးမချဘူး နိုင်ငံခြား သားပိုင် သစ်ကုမ္ပဏီ တချို့ပဲ အဘတွေနဲ့ပေါင်းပြီး လုပ်စားနေတယ် သစ်တောတွေ ပြောင်သလင်းခါသွားတယ် တိုင်းပြည်ပိုက်ဆံ မရဘူး ရာသီဥတုတွေဖောက်ပြန်ကုန်တယ် ပြည်သူတွေ ခါးစည်းခံကြ ရေတွေကြီးတယ် ရေတွေ ခမ်းခြောက်တယ် ရာသီဥတုတွေပူပြင်းလာတယ် ပြည်သူတွေ ပဲ လှိမ့်ခံကြ… တကယ်တော့ သေချာတွက်ကြည့်ရင် ဒီနှစ်သူတို့တင်ပြထားတဲ့ သစ်လုံး တန် ၅သိန်း သည် ဌာနက ၀န်ထမ်း လက်ရှိရော အငြိမ်းစားရောပေါင်း ၅ သောင်း အတွက် ဝေမျှပေးလိုက်ရင် ၀န်ထမ်း၁ယောက် သစ်လုံး ၁၀တန် ရပါမယ် ဆိုတော့ ခွဲသားဆိုရင် တယောက် ၅တန်ပေါ့ တလကို တယောက် သစ်ခွဲသား ၀.၄ တန် ရပါမယ် ဆရာတို့ အလုပ်မဆင်းကြပါနဲ့တော့ အိမ်မှာပဲ အေးရာအေးကြောင်း ထမင်းကြမ်း ယတ်ခတ်စားနေကြပါ ဆိုရင် အားလုံး သာဓုပဲခေါ်ကြမလား တွေးမိပါတယ် လို့...ဒါတောင် ဆင်တွေ မပါသေးဘူး ဆင်တွေဘယ်လိုကျွေးရပါ့... ဒီကောင်တွေတောထဲ ပြန်လွှတ်ရအောင်ကလဲ တောတွေ က ပြောင်သလင်းခါနေပြီ ဆိုတော့....အင်း .. အသစ်စက်စက် ခန့်လိုက်တဲ့ ၆ရက်သား သယံဇာတ နှင့်သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး နဲ့ ဒီချုပ်အစိုးရသစ်အတွက် အမယ်ဘုတ်ရဲ့သူ့ချည်မျှင် မဟာအရှုပ်တော်ပုံ တွေ တထွေးကြီးထဲက အစကလေးတစ ဆွဲလိုက်မိတာပါ စိတ်မရှိကြပါနဲ့ ဆရာတို့ရယ် ဆက်ဆွဲရင် ထပ်ထွက်လာမစိုးလို့ ဒီလောက်နဲ့ ခဏတော့ နိဌိတံ ထားလိုက်ပါဦးမယ်… နိဝါတဖြင့် ။ ။

Comments
Post a Comment