ဘင်္ဂလီ ၃၄၀ အား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရာ မြန်မာနိုင်ငံအစိုးရဘက်မှ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ အသာတကြည် လက်ခံထားသည်ဟု ရေဒီယိုသတင်းဌာန တစ်ုတွင် ဖော်ပြပါရှိကြောင်း သိရှိရပါသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုက်လံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ အစိုးရ နိုင်ငံတော်သမ္မတရုံးအနေဖြင့် ယင်းကိစ္စကို သိရှိထားခြင်း မရှိပါ။ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခြင်း မရှိပါ။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အသေးစိတ် မေးမြန်းခဲ့ရာတွင် ယင်းသတင်းဖော်ပြချက်ပါ ဖြစ်စဉ်မျိုး မရှိကြောင်းပြန်လည် တင်ပြလာခဲ့ပါသည်။
ဘင်္ဂလီ ၃၀၀ ကျော်အား အတားအဆီး အစစ်အဆေး မရှိ လက်ခံရေးမှာလည်း လဝက ဥပဒေအရ နိုင်ငံတော်သမ္မတရုံးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်း မပြုနိုင်ပါ။
သို့ဖြစ်၍ လက်ရှိ ဖြစ်ပေါ်နေသော ဘင်္ဂလီ ၃၀၀ ကျော်အား စစ်ဆေးခြင်း၊ စိစစ်ခြင်း တစ်စုံတစ်ရာ မပြုဘဲ လက်ခံသည် ဟူသည်မှာ မှန်ကန်ခြင်း မရှိပါကြောင်း အသိပေးအပ်ကြောင်းဖော်ပြထားသည်။
PN-051
Popular News
Photo - Zaw Htay's Facebook
Popular News
Photo - Zaw Htay's Facebook
Comments
Post a Comment