" နိုင်ငံရေးအကဲခတ်တွေ ခန့်မှန်းနိုင်သည်ထက် သာလွန်လာနိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်းများ "
သုံးသပ်ကြည်မယ်....
လူထုခေါင်းဆောင်က NLD ဦးဆောင်တဲ့အစိုးရသစ်တက်ပြီးချိန်မှာ
ရက် ၁၀၀ စီမံချက်ကို သူ့အစိုးရအဖွဲ့ကို ဆွဲခိုင်းတယ်...
အခု အစိုးရသစ်တက်ပြီး ရက်၂၀ လောက်ရှိချိန်အထိပေါ့..ရက်ကဘာမှမရှိသေးပေမယ့်
ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးခြားတဲ့အရွေ့တွေကို ရွှေ့နိုင်ခဲ့တယ်...
အဓိကကြတဲ့ခြေလှမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေပဲ..ဒါကို
စစ်တပ်က ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်..အများကပြောခဲ့ကြတယ်..၂၀၀၈ဖွဲ့စည်းပုံကိုမပြင် နိုင်ပဲနဲ့ဘာမှလုပ်မရဘူးဆိုပြီး...ဒါဟာ ပုံမှန်တော့မှန်ပါတယ်..သို့သော် ၂၀၀၈ကို တိုက် ရိုက်ပြင်ဆင်ဖို့ဆိုတာ စစ်တပ်မပါပဲနဲ့တော့ ခက်ခဲမယ်..တိုင်းပြည်နိုင်ငံရေးမှာ အတော် မငြိမ်မသက်ဖြစ်လာနိုင်တယ်...အချိန်လည်းအတော်ယူရလိမ်မယ်.... . ဒါကို လူထုခေါင်းဆောင်က နိုင်ငံတော်အတိုင်ပင်ခံဥပဒေနဲ့ ၅၉ စ ကိုကျော်ဖြတ်ပြခဲ့တယ် ..စစ်တပ်ဟာ ဘာမှမလုပ်နိုင်ပဲ လက်လျော့ပေးခဲ့ရတယ်..ဒီနိုင်ငံမှာ စစ်တပ်မပါပဲလုပ်မရ ဘူးဆိုတဲ့အချက်ဟာ ယိမ်းယိုင်သွားခဲ့တယ်.. ဒီနောက်မှာ နိုင်ငံရေးအကျဉ်းသားတွေ..ကျောင်းသားတွေ..မီဒီယာသမားတွေနဲ့ လွတ် မြောက်ထိုက်သူတွေကို ကာလုံရဲ့သဘောတူညီမှုမပါပဲ လွတ်မြောက်ဖို့ကို အောင်မြင်စွာ လုပ်ပြခဲ့တယ်..ကာချုပ်ကချုပ်ကိုင်ထားတယ်ဆိုတဲ့ ပြည်ထဲရေးဌာနဟာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အမိန့်ကို လိုက်နာခဲ့ရတယ်..ဒါဟာ နိုင်ငံအုပ်ချုပ်ရေးမှာ စစ်တပ်ရဲ့အဏာကိုဒုတိယအကြိမ်ယိမ်းယိုင်သွားစေခဲ့ပြန်တယ်...ဒီအချက်နှစ်ချက်ဟာ အတော်ကိုအရေးပါတဲ့ လူထုခေါင်းဆောင်ရဲ့နိုင်ငံရေးခြေလှမ်းပါပဲ.. . " #နိုင်ငံရေးမှာဒေါ်အောင်ဆန်းစုကြည်ကိုသွားမခန့်မှန်းနဲ့... #ရူးသွားလိမ့်မယ် " ဆိုတဲ့စကား အတော်မှန်တယ်... နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့အသိဥာဏ်ကြီးမားမှု.. နိုင်ငံရေးကျွမ်းကျင်မှုနဲ့ သတ္တိကိုပါ ပြသနိုင်ခဲ့တယ်...စစ်တပ်ကိုဆန့်ကျင်ပြီး ဘာမှလုပ်မရ ဘူးဆိုတဲ့ အမြင်တွေကို ဝေဝါးသွားစေခဲ့တယ်.... . ဒါဟာ သတ္တိသက်သက်..လုပ်ရဲတာသက်သက်မဟုတ်ဘူး..နိုင်ငံရေးချိန်သားကိုက်မှု ကိုပါနားလည်နေလို့ပဲ... ဒီနေရာမှာ နိုင်ငံရေးချိန်သားကိုက်မှုဆိုတာက.. စစ်တပ်ရဲ့အာဏာကို ကျော်လွန်ဖို့ဆိုတာ တော်ရုံအသိဥာဏ် သတ္တိနဲ့တော့မလွယ်ပါဘူး.. ဒီအချိန်မှာ သူမဟာ ၂၀၁၅ NLD ရဲ့တခဲနက်ပြည်သူထောက်ခံမှု..တနည်းအားဖြင့် လက် သန်းလေးတွေရဲ့အားကို နိုင်ငံရေးချိန်ခွင်လျှာယူခဲ့တယ်..နောက် အများကလက်ခံနေပြီ ဖြစ်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အသိ..နောက်တစ်ခါ သူရဦးရွှေမန်း..သူရဦးအောင် ကိုအပါအဝင် စစ်တပ်အပေါ်သြဇာရှိတဲ့ ပုဂ္ဂိုလ်တချို့ကို လက်ခံလာအောင်စည်းရုံးနိုင်ခဲ့ ခြင်းတို့နဲ့ နိုင်ငံရေးချိန်ခွင်ညာကိုပြောင်းစေခဲ့တယ်...ဦးသန်းရွှေနဲ့နားလည်မှုယူနိုင်ခဲ့ခြင်း ဟာလည်း သူမရဲ့အမျှော်မြင်ကြီးတဲ့လုပ်ရပ်ပဲ.. . နောက် ဝန်ကြီးဌာနတွေကို ၃၆ခုကနေ ၂၁ခုကိုလျော့ချခဲ့ခြင်း..ဒုဝန်ကြီးနေရာတွေကို မထားတော့ခြင်း..ဝန်းကြီး ဒုဝန်ကြီးအရေအတွက်ကို ၉၀ကျော်ကနေ ၂၀အထိလျော့ခြခဲ့ ခြင်းဟာလည်း အကဲခတ်တချို့ကို အံ့အားသင့်စေတာအမှန်ပဲ..နောက် ရခိုင်နဲ့ရှမ်းမှာ ဝန်ကြီးချုပ်နေရာကိစ္စကို ပြတ်သားစွာဆောက်ရွက်ခဲ့တာကိုကြည့်ရင် သူမရဲ့ယုံကြည် ချက်အပေါ်မှာ ရဲရဲရပ်တည်တတ်တာကိုတွေရတယ်..ဒါ ခေါင်းဆောင်မှုအတွက်အရေး ကြီးတဲ့အရည်ချင်းပဲ.. . နောက် လွှတ်တော်ခေါင်းဆောင်ပိုင်းတွေမှာ ကြံ့ခိုင်ရေးအပါဝင်အခြားပါတီဝင် တိုင်းရင်းသားတွေကိုခန့်အပ်ခြင်းနဲ့ အရင်အစိုးရလက်ထက်က ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး (ဗိုလ်ချုပ်ဟောင်း) ကို ရှေ့နေချုပ်ခန့်ခြင်းအပြင် အများအံ့အားသင့် စေတဲ့အချက်က မှုးဇော် ခေါ် ဦးဇော်ဌေးကို သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူခန့်ထား ခြင်းပဲ..ဒါဟာ သူမရဲ့ သဘောထားကြီးမှုနဲ့အလွန်လှတဲ့ နိုင်ငံရေးကျားကွက်တစ်ကွက် ပေါ့.. . ရခိုင်နဲ့ရှမ်းဝန်ကြီးချုပ်ခန့်ထားတဲ့ကိစ္စ..ကျောင်းသားတွေမလွတ်မြောက်သေးတဲ့ကိစ္စ.. အတိုင်ပင်ခံဥပဒေပြဌာန်းခြင်းကို နိုင်ငံရေးအကဲခတ်တစ်ဦးလည်းဖြစ်..အင်အားကြီး မီဒီယာ Eleven CEO ကြီးရဲ့ အချိန်စောဝေဖန်ချက်တွေဟာလည်း ဦးတည်ချက်ပျောက် တစစီလွင့်စဉ်သွားခဲ့ရတယ်..CEOကြီးလည်း ငေးငိုင်သွားပါလိမ့်မယ်.. . အရေးကြီးတာလေးနဲ့နိဂုံးသတ်ပါမယ်..၂၀၀၈ကိုပြင်ဆင်ခြင်းကိစ္စပါ.. ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအာဏာမယူခင်ကတည်းက သူမရဲ့လွှတ်အမတ်တွေ ကို #၂၀၀၈ဥပဒေကိုကြေညက်အောင်လေ့လားထားကြ ဆိုတဲ့ မိန့််မှာချက်ပဲ.. ဘယ်လောက်ကောင်းတဲ့ဥပဒေဖြစ်စေ ကိုင်တွယ်သူ ခေါင်းဆောင်ဆိုးတွေရဲ့လက်ထဲမှာ အချည်းနှီးဖြစ်တတ်သလို..နိုင်ငံရေးလိုဘ..အဂတိတရားမစင်ကြယ်တဲ့ဥပဒေတစ်ရပ်ဟာ ခေါင်းဆောင်ကောင်းရဲ့လက်ထဲမှာတော့ အဆိုးတွေငုတ်လျှိုး အကောင်းဘက်ရောက် အောင်သုံးနိုင်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကပြသလိုက်တာပါ... . တချို့တွေဝေဖန်နေကြသလို..၂၀၀၈မပြင်နိုင်ပဲ ဘာမှလုပ်မရပါဘူး..စစ်တပ်ကသာ လွမ်း မိုးထားမယ်..သမ္မတဟာ အလကားပါပဲဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချနိုင်ခဲ့တာတော့ အ မှန်ပါ..ဒီတော့ အများနားလည်နေတဲ့ ၂၀၀၈ကို တိုက်ရိုက်ပြင်ဆင်တဲ့နည်းလမ်းထဲမှာပဲ အချိန်ကုန်မခံပဲ ၂၀၀၈ ကိုပဲ ပြင်ဆင်တဲံ့သဘောမျိုးသက်ရောက်စေအောင်လုပ်ရင်း ကနဦးခြေလှမ်းတွေကို လှမ်းခဲ့တယ်.. . အခုလိုအစပိုင်းမှာပဲ သူမရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတဲ့ အမေရိကန်နဲ့တရုတ်အပါ ဝင် ကမ္ဘာ့ခေါင်းဆောင်တွေ..ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တွေကို သူမရဲ့ သူမတူ တဲ့အရ်ည်ချင်းကို ပြနေခဲ့ပြီ..နောက်ပြီးပြောင်းလဲစပြုလာတဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်အတွင်း မှာလည်း ထောက်ခံသူတွေတိုးလာနေမှာ အမှန်ပါပဲ.. . နောက်ပိုင်း စောင့်ကြည့်ရမှာက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အကျင့်ပျက်ခြစားမှုကို ကိုင် တွယ်မယ့် ပုံစံတွေပဲ..ဒီမှာလည်း သူမတူတဲ့အရည်ချင်းတွေကို တွေ့လာရပါလိမ့်မယ်.. ဒီလိုနဲ့ ဆန့်ကျင်ဘက်တွေရဲ့ထောက်ခံမှုပါရရှိလာမယ့်အပြင် စစ်တပ်အတွင်းမှာ ကို သူမအပေါ်ထောက်ခံမှုမြင့်တက်လာကာ နောက်ပိုင်းအရေးကြီးတဲ့ ၂၀၀၈ပြင်ဆင်ရေး မှာ ကာချုပ်အနေနဲ့ဆန့်ကျင်မယ်ဆိုရင်တောင် အတော်ခက်ခဲသွားမယ့်အနေအထားပါ.. . ဒီလို ဒေါ်အောင်ဆန်းစုကြည်ဘာလို့စွမ်းဆောင်နိုင်သလဲဆိုတော့ သူမရဲ့ အသိဥာဏ် ကြီးမားမှု..သတ္တိရဲရင့်မှုတို့အပြင် တိုင်းပြည်အပေါ် စေတနာမှန်တဲ့စိတ်ဓာတ်..ကိုယ်ကျိုး အတ္တအပေါ်အခြေမခံတဲ့စိတ်ထားတွေက သူမရဲ့စွမ်းအင်ကို မြှင်တင်ပေးခဲ့တာပဲ..နောက် သူမလက်ကိုင်ထားတဲ့ မေတ္တာနိုင်ငံရေးရဲ့သက်ရောက်မှုတွေပဲပေါ့...ိ . ဒီတော့ နိဂုံးချုပ်ရရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့တွေ ညီညီညွတ်ညွတ် အင် အားအပြည့်နဲ့ဝန်းရံပါ...စစ်အာဏာရှင်စနစ် စိတ်ဓာတ်တွေဟာ တဖြည်းဖြည်းနဲ့မှေးမှိန် ငုတ်လျှိုးသွားပြီး နောက်ဆုံး အာဏာရှင်စနစ်နေဝင်သွားပါလိမ်မည်ဖြစ်ကြောင်း တင်ပြပါရစေ... . စာကြွင်းအနေနဲ့ လူတွေသို့လောသို့လောဖြစ်စေခဲ့တဲ့ ဒီနှစ်သင်္ကြန်မဏ္ဌပ်ကိစ္စမှာ ဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ သင်္ကြန်အပြီးစစ်တမ်းမှာ လူအများသဘောကျနှစ်ခြိုက်စေခဲ့ တာဟာဖြင့် အတွေ့ကြုံမရှိဘူးဆိုတဲ့ဝေဖန်နေသူတွေကို အံ့အားသင့်စေခဲ့တဲ့ ဦးဖြိုးမင်းသိန်းရဲ့ အရည်ချင်းပါပဲဆိုတာ ဖြည့်စွက်လိုက်ပါရစေ.... Thetdwe Aung

Comments
Post a Comment