Skip to main content

ဖိလစ်ပိုင်လိုမလုပ်နိုင်ဘူးလား

''ဗမာပြည် ဒီမိုကရေစီရဖို့ဆိုတာ ဘာမှမခက်ပါဘူး။ လွယ်လွယ် ကလေးပါ။ စစ်အာဏာရှင်လက်အောက်က ဗိုလ်ချုပ်ကြီး အမြင်မှန်ရပြီး ဒီမိုကရေစီဘက် ပြောင်းလိုက်ရုံပေါ့။ ဖိလစ်ပိုင်နမူနာရှိတာပဲ'' ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတဟောင်း မစ္စက်အကွီနို၏ ပြောစကားများဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း တချိန်က အာဏာရှင်လက်အောက်ရောက်ခဲ့သည်။ ဖိလစ်ပိုင်အာဏာရှင်မှာ မား ကို့စ် (Marcos) ဖြစ်သည်။ ဖိလစ်ပိုင်ပြည် သူတို့သည် အခက်အခဲ ရုန်းကန်ခဲ့ကြရသည်။ အတိုက်အခံခေါင်းဆောင် အကွီနိုမှာနိုင်ငံခြားမှအပြန် လေယာဉ်ပေါ်မှအဆင်းတွင် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။ ဒီမိုကရေစီလှုပ်ရှားမှုဒီရေကို တောင့်မခံနိုင်ေ
တာ့သော မားကို့စ်သည် ရွေး ကောက်ပွဲလုပ်ပေးခဲ့ရလေသည်။ ရွေးကောက်ပွဲတွင် သမ္မတမားကို့စ်ကို ယှဉ်ပြိုင်သူမှာလုပ်ကြံခံရသူ အကွီနို၏ ဇနီး မစ္စက်အကွီနိုပင်ဖြစ်ပါသည်။ အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော ဖိလစ်ပိုင်ပြည်သူလူ ထုသည် အတိုက်အခံခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသောအခါ အနာပေါ်တုတ်ကျခံစားရသည်။ ဖိလစ်ပိုင် ပြည်သူလူထုသည် မစ္စက်အကွီနိုကို အနိုင်မဲပေးခဲ့ကြသည်။ မားကို့စ်သည် သူသာ မဲအနိုင်ရသူဖြစ်ကြောင်း လိမ်၍ ကြေညာသည်။ ဒေါသအိုးပေါက်ကွဲနေသော ပြည်သူလူထုသည် မားကို့စ်၏ သမ္မတ နန်းတော်ရှေ့မှပိတ်၍ ဆန္ဒပြပါတော့သည်။ ဤတွင် မားကို့စ် လက်အောက်ရှိ စစ်တပ်အကြီးအကဲရာမို့စ် (Ramos)က မိမိသည် အနိုင်ရရှိသည့် မစ္စက်အကွီနိုကိုထောက်ခံကြောင်း သမ္မတမားကို့စ်ကို အကာအကွယ်မပေးနိုင်တော့ကြောင်း ကြေညာခဲ့သည်။ ပိတ်မိနေ သော မားကို့စ်သည် ညနေစာကိုပင် ပြီးအောင်မစားနိုင်ဘဲ တပိုင်းတ ပျက်ဖြင့်ထားခဲ့ကာ နောက်ပေါက်မှထွက်ပြေးခဲ့ရသည်။ မားကို့စ်ပြေးသော် မစ္စက်အကွီနိုက သမ္မတအဖြစ်ဆက်ခံအုပ်ချုပ်သည်။ ရာမို့စ်ကလည်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးရာထူး၌ပင် ဆက်လက်တာဝန်ယူသည်။ ဖိလစ်ပိုင်သမ္မတ၏ သက်တမ်းသည် ခုနစ်နှစ်ဖြစ်သည်။ သက်တမ်းတခုကုန်သော် မစ္စက်အကွီနိုက ဆက်အရွေး မခံတော့။ ဗိုလ်ချုပ်ကြီးရာမို့စ်က စစ်တပ်မှထွက်ပြီး အရပ်သားအဖြစ် အရွေးခံသည်။ ဖိလစ်ပိုင်ပြည်သူတို့က ရာမို့စ်အား ရွေးချယ်လိုက်ကြပါသည်။ ''မင်းတို့ဟာက စစ်တပ်အကြီးအကဲဟာ ကိုယ့်နေရာအမှန် ဘာလဲဆိုတာသိရမယ်။ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်က ထွက်ပြီး သူများနည်းတူ ပြည်သူ့ဆန္ဒခံယူ၊ ပြည်သူကရွေးချယ်တော့ ဗိုလ်ချုပ်ကြီးရာမို့စ်က ပြည်သူရွေးချယ်တဲ့သမ္မတကြီး ရာမို့စ်ဖြစ်တာပေါ့'' မစ္စက်အကွီနိုပြောဆိုသော စကားများကို အနှစ်သာရထုတ်ပြီး ဘာသာပြန်ဆိုရလျှင် အထက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုရမည် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပစစ်မျက်နှာပြင်၏ မဟာမိတ် တပ်များ၏ ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်းဝါးသည် စစ်ကြီးပြီးသည့်အခါ စစ်တပ်မှ အနားယူပြီး အမေရိကန်တွင် ရွေးကောက်ပွဲဝင်ခဲ့သောအခါ အမေရိကန်နိုင်ငံ၏ သမ္မတမစ္စတာအိုက်ဆင်ဟောင်းဝါး ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့၏နိုင်ငံတွင် အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် အမြင့်ဆုံးဖြစ်သည်ဟုဆိုသည်။ အခြေခံဥပဒေအရပင် နိုင်ငံတွင် အရေး ပေါ်အခြေအနေဖြစ်လာပါက အာဏာကို ဗိုလ်ချုပ်မှူးကြီးက သိမ်းယူ ရန်မလိုဘဲ သမ္မတက အလိုလိုအာဏာအပ်ရမည်ဟု ဆိုပြန်သည်။ နောက်တခါ အစိုးရအဖွဲ့ထဲတွင် သမ္မတ၏အောက်တွင် တာဝန်ထမ်းဆောင်ရမည့် ကာကွယ်ရေးဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးက ရွေးချယ်ခန့်ထားသော ဗိုလ်ချုပ်ကြီးတဦး ဖြစ်နေပြန်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် ကာကွယ်ရေးဦးစီးချုပ်ရယ်၊ ကာကွယ်ရေးဝန်ကြီးရယ်၊ နိုင်ငံတော်သမ္မတရယ် ရာထူးကြီးသုံးခုသည် ပတ်လည်ရိုက်နေသော ရာထူးကြီးများ ဖြစ်နေပါသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးနှင့် နိုင်ငံတော်သမ္မတတို့သည် သူကကိုယ့်အောက် ရောက်လိုက်၊ ကိုယ်က သူ့အောက် ရောက်လိုက်နှင့် မည်သို့မျှ အောင်မြင်သော အုပ်ချုပ်ရေးတခုကို ဖော်ဆောင်နိုင်ခြင်း မရှိခဲ့ပါချေ။ ကမ္ဘာပေါ်တွင် အရင်းရှင်စနစ်ကျင့်သုံးသော နိုင်ငံပဲဖြစ်ဖြစ်၊ ကွန်မြူနစ်အုပ်ချုပ်သောနိုင်ငံပဲဖြစ်ဖြစ်၊ ဘက်မလိုက်ကြားနေနိုင်ငံပဲဖြစ် ဖြစ်၊ မည်သည့်နိုင်ငံမဆို အစိုးရဖွဲ့စည်းပုံတွင် သမ္မတ၊ ၀န်ကြီးချုပ်ကဲ့သို့ အကြီးဆုံးရာထူးများလက်အောက်တွင် ကာကွယ်ရေးဝန်ကြီးရာထူး ရှိပါသည်။ ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် စစ်တပ်အကြီးအကဲရှိပါသည်။ ယင်းတို့အနက် မြန်မာနိုင်ငံတခုတည်းတွင်သာ ထူးခြားသော ဖွဲ့စည်းပုံရှိပါသည်။ ထူးခြားစွာဖွဲ့စည်းထားသည့်အတွက် ဘာ ထူးခြားသလဲမေးလျှင် ဘာမျှထူးခြားမှုမရှိဟု ဖြေကြားရပေမည်။ နှောင်းခေတ်များတွင် ဇာတ်ကလျှင် အလွန်ရယ်မောရသော ဇာတ်ထုပ်များ ဖြစ်ပေလိမ့်မည်။ နောင်လာနောက်သားတို့ ရှုတ်ချ၍ မဆုံးနိုင်သော ကကွက်များအဖြစ် ကျန်ရှိပါလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲကြီးပြီး၍ ခြောက်လနီးပါးအကြာ ဦးသိန်းစိန် အစိုးရအဖွဲ့ဟောင်းမှ ဦးထင်ကျော်အစိုးရသစ်သို့ အာဏာလွှဲ ပြောင်းပေးသည့်အခမ်းအနားကို ၂၀၁၆ ခု မတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပါပြီ။ ဖောင်းပွဝန်ကြီးဌာနများကို ၀န်ကြီးဌာန ၂၁ ခုသို့ လျှော့ချခဲ့ပါသည်။ သမ္မတဦးထင်ကျော် တင်ပြသည့် ၀န်ကြီး ၁၈-ဦးကိုလည်း လွှတ်တော်တွင် အတည်ပြုပြီး ဖြစ်ပါသည်။ ၎င်းတို့တွင် ကာကွယ်ရေးဦးစီးချုပ်မှ အမည်တင်သွင်းသည့် ၀န်ကြီးဌာနက သုံးခု ဖြစ်ပါသည်။ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနှင့် နယ်စပ်ဝန်ကြီးဌာနများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းခန့် အပ်ပါသည်။ ၀န်ကြီးဌာနများကို တပ်ချုပ်ကြီးနှင့် သမ္မတတို့ ခွဲဝေအုပ်ချုပ်နေပုံကို ကြည့်လျှင် တပ်ချုပ်ကြီးက သမ္မတတခြမ်းဖဲ့ယူ အုပ်ချုပ်နေသကဲ့သို့ ဖြစ်ပါသည်။ လွှတ်တော်တွင်လည်း ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်က ခုနစ်ဆယ့်ငါးရာခိုင်နှုန်း၊ တပ်ချုပ်ကြီးက တာဝန်ပေးသည့် တပ်မတော်သားကိုယ်စားလှယ်က နှစ်ဆယ့်ငါးရာခိုင် နှုန်းနေရာယူထားပြန်ပါသည်။ ပြည်သူ့ကိုယ်စားလှယ် ခုနစ်ဆယ့်ငါးရာခိုင်နှုန်းမှာ အမှန်စင်စစ် ပြည်သူတို့ရွေးချယ်သည့် ကိုယ်စားလှယ်တရာ ရာခိုင်နှုန်းဖြစ်ပါသည်။ ယင်းကိုယ်စားလှယ် တရာ ရာခိုင်နှုန်းသည်အရေးကြီးသည့် အခြေခံ ဥပဒေပြင်ဆင်ရေးလို ကိစ္စမျိုးတွင် တရာ ရာခိုင် နှုန်းထောက်ခံသည့်တိုင် စစ်သားတယောက် မထောက်ခံလျှင် မပြီးပါ။ ထိုကြောင့် စစ်တပ်သည် ဗီတိုအာဏာကိုယူထားသည်ဟု အများစုသော ပြည်သူလူထုကြီးက နားလည်ပါသည်။ ပြည်သူကိုယ်စားလှယ် တရာရာခိုင်နှုန်း၏ ထောက်ခံချက်ရရန်သည် အလွန်မလွယ်ကူသောကိစ္စ ဖြစ်ပါသည်။ ထို့ထက်ပို၍ ခက်သည်ကား တပ်မတော်သား ကိုယ်စားလှယ်တဦး၏ ထောက်ခံချက်ရရေးပင် ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်အားလုံးက ထောက်ခံသဘောတူသည်ကို တပ်မတော်သား ကိုယ်စားလှယ်တဦး သဘောမတူသည်နှင့် ပျက်ပြယ်ရမည့် အခြေခံဥပဒေကြီးမှာ ဂင်းနစ် စာအုပ်ကြီးတွင် ဖော်ပြခံရမည့် ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိ အထူးခြားဆုံး အခြေခံဥပဒေကြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အင်္ဂလိပ်ကိုလိုနီဘ၀က ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ခပ်ဆင်ဆင်တူသည်။ အင်္ဂလိပ်တို့သည် လွတ်လပ်ရေးကြိုးပမ်းမှု နိုင်ငံရေးအရှိန်ပြင်းလာသဖြင့် ဟုမ္မရူးပေးသည် ဆိုကာ ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ဒိုင်အာခီရွေးကောက်ပွဲများ ကျင်းပ၍ ဒိုင်အာခီအုပ်ချုပ်ရေးကို ပေးခဲ့သည်။ ဒိုင်အာခီအစိုးရဖွဲ့ခွင့်ရသော်လည်း ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနှင့် ဘဏ္ဍာရေးဌာနတို့ကို ဘုရင်ခံက ချုပ်ကိုင်ထားသည်။ ထိုကြောင့် ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနတို့ကို တပ်ချုပ်ကြီးက ချုပ်ကိုင်ထားသော လက်ရှိစည်းကမ်းပြည့်ဝသော ဒီမိုကရေစီသည် တချိန်က ဒိုင်အာခီအုပ်ချုပ်ရေးစနစ်နှင့် ဆင်တူသည်ဟုဆိုခြင်း ဖြစ် သည်။ ထိုခေတ်က ဒိုင်အာခီအုပ်ချုပ်ရေးနစ်ကို သမိုင်းဆရာတို့က 'ပေးကားပေး၏ မရ' အုပ်ချုပ်ရေးစနစ်အဖြစ် ဝေဖန်သုံးသပ်ခဲ့ကြသည်။ စနစ်တခု၏ ရှေ့မှ နာမ၀ိသေသန ထည့်ခြင်းသည် အဓိပ္ပာယ်ပြောင်းသွားစေပါသည်။ ဆိုရှယ်လစ်ရှေ့မှ မြန်မာ့ဟူသော နာမ၀ိသေသနထည့်လိုက်ခြင်းကြောင့် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်သည် ဆိုရှယ်လစ်လမ်းစဉ်မဟုတ်တော့ပါ။ ထို့အတူ ဒီမိုကရေစီ၏ ရှေ့မှ စည်းကမ်းပြည့်ဝသောဆိုသည့် နာမ၀ိသေသနထည့်ထားသည့် ဦးသန်းရွှေ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသည်လည်း ဒီမိုကရေစီ မဟုတ်တော့ပါ။ ဗုဒ္ဓ၀င်ဝေဿန္တရာဇာတ်တော်ကြီးတွင် အလှူခံပုဏ္ဏားများအား ဝေဿန္တရာမင်းကြီးက ဆင်ဖြူတော်ကို လှူမိခြင်းကြောင့် ပြည်သူတို့က အမျက်ထွက်ကာ အော်ဟစ်ဆန္ဒပြတောင်းဆိုသဖြင့် မင်းကြီးသည် ပြည်သူတို့၏ဆန္ဒကို မဆန့်ကျင်ဘဲ တောထွက်သွားခဲ့လေသည်။ ဒီဇာတ်လမ်းကို ဗုဒ္ဓဘာသာဝင် မြန်မာမှန်သမျှ နားလည်သဘောပေါက်ကြသည်။ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးကား ပြည်သူတို့၏ဆန္ဒကို လိုက်လျောသော ဒီမိုကရေစီမင်းတရားကြီး ဖြစ်ပေသည်တကား။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ၀န်ကြီးဌာနသုံးခုကို လက်ဝါးကြီးအုပ်ထားခြင်းမှ နောက်ဆုတ်ပေးခြင်း၊ လွှတ်တော်အသီးသီးတွင် နှစ်ဆယ့်ငါးရာခိုင်နှုန်း နေရာယူထားခြင်းမှ နောက်ဆုတ်ပေး ခြင်းတို့ကို လုပ်ဆောင်ရန်လိုပါသည်။ အချိန်မည်မျှ ယူရမလဲဟု မေးလာလျှင် 'မြန်နိုင်သမျှ မြန်မြန်'ဟု အချိန်ကန့်သတ်ပေးရပေတော့မည်။ နောက်ဆုံးတွင် တပ်မတော်အကြီးအကဲက ပြည်သူတွေခန့်သော ကာကွယ်ရေးဝန်ကြီး၏လက်အောက်တွင် နေရာမှန်ပြန်ယူရန်သာဖြစ်ပါသည်။ မြန်နိုင်သမျှ မြန်မြန်မြန်ဟု အချိန်ကန့်သတ်ခြင်းမှာ ခေတ်နောက်ကျကျန်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံအား ဆင်းရဲတွင်းမှကယ်ထုတ်၍ ခေတ်မီတိုးတက်သော နိုင်ငံတည်ဆောက်လိုခြင်းသာ ဖြစ်ပါကြောင်း။ ဖိလစ်ပိုင်က ရာမို့စ်လို မလုပ်နိုင်ဘူးလား။ ကေမောင်မြင့် (စောင့်ကြည့် သတင်းဂျာနယ်မှ)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video