Skip to main content

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများကို အမှုများမှရုပ်သိမ်းပြီး ယနေ့လွှတ်ပေးလိုက်ပြီ

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသူများနှင့်စပ်လျဉ်းသည့် အမှုများမှရုပ်သိမ်း ပြီးသူ ၁၃၈ ဦးကို ယနေ့လွှတ်ပေးခဲ့သည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား ကျောင်းသူများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်တွင် ကြေညာချက်အမှတ် (၁/၂ဝ၁၆)ဖြင့် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ချက်ချင်းအရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွင်းရှိ တရားရုံးများမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ(၄၉၄)အရ ရုပ်သိမ်းသော အမှုမှ ယနေ့ည ၈ နာရီခွဲအထိ လွှတ်ပေးခဲ့သူများမှာ အမျိုးသား ၁၁၁ ဦး၊ အမျိုးသမီး ၂၅ ဦးနှင့် ကလေးနှစ်ဦး စုစုပေါင်း ၁၃၈ ဦးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ထို့အပြင် သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လွတ်ငြိမ်းသက်သာခွင့်ရရှိပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးအတွက်ကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်ဆောင်ရွက်လျက်ရှိရာ မကြာမီရောက်ရှိတော့မည့် နှစ်သစ်ကူး အခါသမယတွင် ပြစ်ဒဏ်မှလွတ်ငြိမ်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အမှုရင်ဆိုင်လျက်ရှိသော သူများနှင့် သက်ဆိုင်သည့်ပြစ်မှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄)နှင့်အညီ အမှုရုပ်သိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၈ ရက်အထိ အမှုစစ်ဆေးရန် တရားရုံးက ချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း ယင်းနေ့တွင် အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်း မရှိသူများအတွက် အချိန်မီဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် နှစ်သစ်ကူးရုံးပိတ်ရက် ကုန်ဆုံးပြီးနောက် တရားရုံးများဖွင့်လှစ်သည့်အချိန်တွင် အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ကြေညာချက်အမှတ်(၂/၂ဝ၁၆)ဖြင့် ယနေ့ ထုတ်ပြန်ထားရှိသည်။

ထို့အပြင် သင်္ကြန်နှစ်သစ်ကူးချိန်ရောက်ရှိတိုင်း ခံစားခွင့်ပြုနေကြဖြစ်သည့် အကျဉ်းဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်၏ နှစ်သစ်ကူးအထူးဆု မှတ်ရက် (ကြိုတင်လျှော့ရက်)များကို ခံစားရရှိကြသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၁၇၈ ဦးကိုလည်း ယနေ့တွင် အကျဉ်းထောင် အသီးသီးမှလွှတ်ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။

The Mirror Daily

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...