အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်ခြင်းကို တနှစ် လုံးဝ ရပ်ဆိုင်းသွားမည် ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။
“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ သစ်တောတွေကို ထိန်းဆိုရင်လည်း ထိန်းသွားမယ်ပေါ့။ ရပ်ဆိုင်းပြီး နောက်ပိုင်း ကိုတော့ မသိဘူးပေါ့”ဟု ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။
ယခင် အစိုးရလက်ထက် နိုင်ငံတော်၏ လိုအပ်ချက် များခဲ့ခြင်းကြောင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ရန် သစ်ထုတ်လုပ် ခြင်းဖြင့် ၀င်ငွေရှာ
လုပ်ကိုင်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းအရာရှိက ဆိုသည်။ “အရင်တည်းကလည်း သစ်ကို အများကြီးထုတ်ရမှာထက် အများကြီးလျှော့ထုတ်လိုက်ပြီ။ လာမယ့် ၂၀၁၆-၂၀၀၁၇ ဘဏ္ဍာရေးနှစ် ဆိုရင် အရင်လျှော့လိုက်တာထက် ခေါက်ချိုးလောက် ထပ်လျှော့ဖို့ပေါ့။ ကျွန်းဆိုရင် အရင်ကထက် ၁၀ ဆလောက် လျှော့ထုတ်ဖို့ကို လုပ်ထားပြီးသား အစီအစဉ်ပါ”ဟု ၎င်းက ဆက်ပြောသည်။ သစ်ထုတ်လုပ်ခြင်းကြောင့် သစ်တောများပြုန်းတီခြင်း မဟုတ်ဘဲ သစ်တောအဓိက ပြုန်းတီးရခြင်းမှာ ထင်းမီးသွေး ထုတ်လုပ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “သစ်ထုတ်ရင် သစ်တောပြုန်းတယ်ပေါ့။ တကယ်တမ်းပြုန်းတီးတာက တောင်ယာခုတ်တာ၊ ထင်းမီးသွေးက အဓိကပါ။ သို့သော်လည်း လူတွေက သစ်ထုတ်တာပဲမြင်တော့ သစ်ထုတ်တာ လျှော့မယ်ပေါ့”ဟု ဦးစောဂျွန်ရွှေဘက ပြောသည်။ ယခင် ဘဏ္ဍာရေးနှစ်များက ကျွန်းသစ်တန်ချိန် ၆၀,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့သော်လည်း ၅၀,၀၀၀ကျော်သာ ထုတ်လုပ်ခဲ့ပြီး၊ သစ်မာအမျိုးအစားလျှင် ၆၇၀,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့သော်လည်း ၅၀၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ကြောင်း၊ အဓိကအားဖြင့် ကျွန်းသစ်ကို လျှော့ချ ထုတ်လုပ်ကြောင်း အစိုးရက ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရှိရသည်။ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးများနှင့်ရင်းနှီးရယူ၍ သစ်ထုတ်လုပ်ခွင့် ပါမစ်များဖြင့် သစ်တောမြောက်မြားစွာကို ရှင်းလင်းခုတ်ထွင်ပြီး နိုင်ငံခြားတင်ပို့ရောင်းချခြင်းဖြင့် ကြီးပွားချမ်းသာလာသော ကုမ္ဗဏီများစွာရှိခဲ့ပြီး အဆိုပါ ကုမ္ဗဏီကြီးများသည် ယနေ့ထက်တိုင် မြန်မာ့စီးပွားရေးလောကတွင် အင်အားကြီး ထိပ်တန်းကုမ္ဗဏီများအဖြစ် ရပ်တည်၍ လုပ်ငန်းများ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း သိရှိရသည်။ ဆက်စပ်သတင်းများ

Comments
Post a Comment