Skip to main content

" ရွာပြန်ပီး နွားကျောင်း နေလိုက်ပါ "

အောင်စိုး စံဝင်း's photo.








ဒီမိုတွေက လိုတမျိုး၊ မလိုတမျိုး...
ဦးသိန်းစိန်လက်ထက်မှာတုန်းက ကျောင်းသားတွေကို အားပေးကြပြီး ခုမှအပြစ်တွေထိုင်ပြောနေတယ်တဲ့....
ဒီကိစ္စကို လူလိုတွေးပြီး ရိုးရိုးလေးရှင်းပြပါ့မယ်

ကျနော်တို့လိုချင်တာ စစ်တပိုင်းအစိုးရရဲ့ ပညာရေးစနစ်ကို ဒီမိုကရေစီပညာအဖြစ် ပြောင်းလဲဖို့ပါ
ပါးစပ်က ဒီမိုကရေစီအစိုးရအော်ပြီး လက်တွေ့ဘာမှလုပ်ဆောင်မှုမရှိတဲ့ ပညာရေးမျိုးမဟုတ်ပါဘူး
အဲဒီအတွက် အဲဒီအချိန်မှာ ကျောင်းသားတွေက ဒီမိုကရေစီပညာရေး ဖော်ဆောင်ပေးဖို့ တောင်းဆိုတာကို ထောက်ခံအားပေးခဲ့ကြတာပါ
သူတို့တောင်းနေတဲ့ ဒီမိုကရေစီပညာရေးဟာ ဦးသိန်းစိန်အစိုးရရဲ့ ပညာရေးစနစ်ထက်တော့ ပြည့်စုံကောင်းမွန်တဲ့အတွက် ပြည်သူ့အတွက်ပိုကောင်းတဲ့အရာကို ရွေးချယ်အားပေးခြင်းဖြစ်ပါတယ်
ခုနေအခါမှတော့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ သမ္မတဦးထင်ကျော်အစိုးရဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ညီတဲ့ ပညာရေးကိုဖော်ဆောင်လိမ့်မယ်ဆိုတာ သံသယမရှိပါဘူး
NLD ဟာ ပညာရေးသာမက တနိုင်ငံလုံးရဲ့ အရေးမှန်သမျှကို တောင်းဆိုလာတာဟာ ဆယ်စုနှစ်နဲ့ချီနေပါပြီ
အဲဒီအတွက် ဒီအစိုးရဟာ ပညာရေးကို ပြုပြင်ပြောင်းလဲမှုတွေနဲ့ အဆင့်မြှင့်တင်သွားမယ်ဆိုတာ ယုံမှားသံသယရှိစရာမလိုပါဘူး
ဒီအခြေအနေမှာ မောင်ကျောင်းသားတွေက ဦသိန်းစိန်ဆီမှာ တောင်းဆိုခဲ့တဲ့ ပညာရေးမူ ၁၁ ချက်နဲ့ ပက်သက်ပြီး NLD ကို သံသယတွေနဲ့ ကန့်လန့်တိုက်လာမှာကို မလိုလားပါဘူး
ကျောင်းသားတွေမှ မဟုတ်ပါဘူး
NLD ပါတီဝင်ဖြစ်ဖြစ် ဘာကောင်ကြီးဖြစ်ဖြစ်ပါ
တိုင်းပြည်ရဲ့ ပညာရေး၊ ကျမ္မာရေး အစရှိတဲ့ လုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေမယ့် မည်သည့်လုပ်ရပ်မျိုးကို ပြုလုပ်တဲ့ မည်သူ့ကိုမျှ သဘောကြီးစွာနဲ့ ခွင့်မပြုနိုင်ပါ
ကိုယ့်ညီတယောက်က ပထွေးနဲ့ရန်ဖြစ်နေရင် မှားမှားမှန်မှန် ကိုယ့်ညီဘက်က ရပ်တည်ပြီး ပထွေးကို လက်သီးနဲ့ထိုးချင်ထိုးမယ်
သို့သော်....
ကိုယ့်ညီတယောက်က ကိုယ့်အမေကို ပြန်ပြီးရန်လိုရင်တော့ အမေ့ဘက်ကနေပြီး ညီကို လက်သီးနဲ့ထိုးသင့်ရင် ထိုးရပါလိမ့်မယ်
ဒါဟာ ဘက်လိုက်ခြင်း၊ ပြောင်းလဲခြင်း၊ အသုံးချခြင်းနဲ့မဆိုင်ပါဘူး
ပြုသင့်ခြင်း၊ မပြုသင့်ခြင်းဆိုတဲ့ အခြေအနေကိုတတ်သိနားလည်ခြင်း၊ ဆင်ခြင်တုံတရားနဲ့သာ ဆိုင်ပါတယ်
ဒီနေရာမှာ ကျောင်းသားတွေရဲ့ သံသယကို ပြည်သူတယောက်အနေနဲ့ ကြည့်ရင်ကို ဆဲချင်စရာကောင်းနေပါပြီ
ဆယ်စုနှစ်နဲ့ချီပြီး တိုင်းပြည်အကျိုးစီးပွားအတွက် ဘဝတွေ၊ အသက်တွေ၊ အချိန်တွေပေးပြီး ပြည်သူနဲ့တသားတည်း ရုန်းကန်ခဲ့ကြတဲ့ NLD ပါတီကို မနေ့တနေ့ကမှ ဖြစ်လာတဲ့ ကျောင်းသားလေးတွေရဲ့ လှုပ်ရှားမှုက လွှမ်းမိုးစရာအကြောင်း တစက်မှမရှိပါဘူး
ပြစ်ဒဏ်တောင် မချရသေးတဲ့ ကျောင်းသားလေးတွေရဲ့ စကားနဲ့ အစိုးရတောင်ဖြစ်နေတဲ့ ပြစ်ဒဏ်တွေကြားက ပြည်သူ့အကျိုးအတွက် ဘဝပေးခဲ့ဖူးတဲ့သူတွေရဲ့စကား ဘယ်သူ့စကားက ပိုပြီးယုံကြည်အပ်တယ်ဆိုတာ မေးနေစရာတောင်မလိုပါဘူး
ဒါကို ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မယုံသလိုလို၊ တိုင်းပြည်ရဲ့ ပညာရေးအပေါ် ထားတဲ့ စေတနာမှာ သူတို့ကပဲ ပိုပြီးသာနေသလို ပြောလာတာကတော့ လုံးဝကို လက်မခံနိုင်စရာပါပဲ
အဲဒီအတွက် ပြည်သူလူထုထဲက ဒီမိုတွေက အပြောင်းအလဲမမြန်ပါဘူး၊ အသုံးလည်း မချပါဘူး
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD အနေနဲ့ ကဏ္ဍပေါင်းစုံအတွက် စစ်တပိုင်းအစိုးရကို တောင်းဆိုနေရတဲ့အချိန်မှာ ကျောင်းသားတွေကလည်း ပညာရေးအတွက်တောင်းဆိုကြတာဟာ လက်မခံနိုင်စရာအကြောင်းမရှိပါဘူး
ပြောမှသိမယ့်လူတွေကို ပြောရမှာပါပဲ
အဲသလောက်တောင်းတာတောင် လုပ်မှမပေးတာပဲ
အဲဒါကြောင့် ကျောင်းသားတွေကို ဝန်းရံတယ်၊ အားပေးတယ်
တောင်းဖို့ လိုအပ်တယ်လို့ ယုံကြည်တယ်လေ
သို့သော်
အခုအစိုးရက တောင်းစရာမလိုပဲ ဖြည့်ဆည်းလုပ်ဆောင်မယ့်အစိုးရဆိုတာ ပြည်သူတွေက ယုံကြည်နေတယ်
ကုန်ကုန်ပြောရရင် အဲဒီကျောင်းသားတွေထက် ယုံတယ်
အဲသလို ပြည်သူက လုပ်ပေးမယ်လို့ ယုံကြည်နေတာကို ဒီကျောင်းသားတွေက မယုံသလိုနဲ့ ဆက်ပြီးတောင်းဆိုသွားမယ်၊ တိုက်ပွဲဝင်သွားမယ် ဘာညာနဲ့ ပြောလာတော့ ဘယ်သူကအားပေးချင်အုံးမှာလဲ
အခြေအနေနဲ့ အချိန်အခါကို သိကြဖို့ကောင်းပါတယ်
ပြည်သူတွေရော ဒီမိုတွေရော မပြောင်းလဲပါဘူး
တဘက်ထဲပဲနေပါတယ်
အဲဒီတဘက်ကတော့ ဒီမိုကရေစီပညာရေးကိုဖော်ဆောင်မယ့်အဖွဲ့အစည်းသာလျင် ဖြစ်ပါတယ်
ယခု အဲဒီအဖွဲ့အစည်းဟာ NLD အစိုးရပါပဲ
ဒီ့အတွက် ဘာမှအထွန့်တက်စရာမရှိပါဘူး
အချိန်ကျလို့ သူတို့မလုပ်ဆောင်ပေးရင်တော့ ဘယ်ပြည်သူမှလက်ပိုက်ကြည့်မနေပါဘူး
ဒီလောက်လေးကတော့ တွေးတတ်သင့်ပါတယ်
နောက်တခုက ကျေးဇူးတင်ခြင်း၊ မတင်ခြင်း ကိစ္စပါ
ကျေးဇူးတင်တာနဲ့ ကိုးကွယ်တာကို ရောသုတ်နေတဲ့ သကောင့်သားသမီးတွေလည်း ရှိပါတယ်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တင်မြောက်တဲ့နေ့မှာပဲ ကျောင်းသားတွေနဲ့ နိုင်ကျဉ်းတွေကို လွှတ်ပေးဖို့ စပြီးအလုပ်လုပ်ပါတယ်
(ည ၉ နာရီ ခွဲထိ ရုံးတက်တယ်လို့ ဆိုပါတယ်)
နောက်တရက်မနက် ၁၀ နာရီမှာ စတင်ပြီး လွှတ်ပေးဖို့ စာရွက်စာတမ်းတွေနဲ့ သက်ဆိုင်ရာ ရုံးတွေကနေ တရစပ်လုပ်ဆောင်ကြပါတယ်
ဒါဟာ သူမ တာဝန်ထမ်းဆောင်တာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်ပါပဲ
ဒီလိုလုပ်ပေးတာဟာ ကျေးဇူးတင်ခံချင်လို့မဟုတ်ပါဘူး
သူမအနေနဲ့ သူလုပ်နိုင်တာကို လုပ်ဆောင်သွားခြင်းသာဖြစ်ပါတယ်
အဲဒါဆို ဘာလို့ကျေးဇူးမတင်တာနဲ့ပက်သက်ပြီး ဒီမိုတွေအဖြစ်သည်းနေသလဲဆိုတာ မေးစရာရှိပါတယ်
ကျောင်းသားဆိုတာ ပြည်သူထဲက ပြည်သူ့ရင်သွေးတွေပါ
ကိုယ့်သားသမီးရဲ့ လွတ်မြောက်မှုကို ဘယ်မိဘမှဝမ်းမသာပဲမနေပါဘူး
အဲဒီအတွက် လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့ကြသူတွေကို ကျေးဇူးတင်တတ်ကြပါတယ်
နောက်ဆုံး ထောင်ပိုင်ကိုတောင် ကျေးဇူးတင်တတ်ကြတဲ့ လူစားမျိုးတွေပါ
ဒီလိုလူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးကို ကျေးဇူးတင်ရကောင်းမှန်းသိပါတယ်
မသိတာက ကျောင်းသားတွေပါပဲ
ကျေးဇူးတင်စကားမပြောတာအထိ လက်ခံပါသေးတယ်
သို့သော် ....
ကျေးဇူးတင်စရာ မလိုဘူးလို့ပြောတာကတော့ အတော်ကိုရင့်သီးသွားပါပြီ
နောက်ထပ်အမှားတွေကတော့ သိတော်မူကြတဲ့အတိုင်း သပိတ်မလှန်ဘူး၊ ဆက်လက်တိုက်ပွဲဝင်မယ်၊ သိပ်မယုံဘူး စသဖြင့် စကားကျွံမှုတွေပါပဲ
ဦးသိန်းစိန်အစိုးရရဲ့ ရပ်တည်စွမ်းဆောင်မှုနဲ့ NLD အစိုးရရဲ့ ရပ်တည်စွမ်းဆောင်မှုတို့ဟာ လုံးဝကိုမတူပါဘူး
ဦးသိန်းစိန်အစိုးရဟာ သူတို့လုပ်ခဲ့တာကို သူတို့ရှင်းနေရတာပါ
NLD အစိုးရဟာ သူများလုပ်ခဲ့တာတွေ လိုက်ရှင်းနေရတာပါ
အဲသလောက်ကွာခြားနေမှုတွေကို စုံလုံကန်းပြီး ထပ်ပြီးကျေးဇူးကန်းစကားဆိုနေကြတဲ့ ကျောင်းသားစုံးပြူးတွေရော၊ ဒီမိုတွေပြောင်းလဲသွားပြီလို့ ပြောနေကြတဲ့ သကောင့်သားသမီးတွေကိုရော အတော်ကို ဉာဏ်နည်းလွန်းတယ်လို့ ပြောရပါလိမ့်မယ်
ဒီလောက်မှ အခြေအနေကိုမသုံးသပ်တတ်ရင်တော့ ရွာပြန်ပြီးနွားကျောင်းနေတာပဲ ကောင်းပါတယ်....
YaeTayZa@တောကဘကြီး

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video