Skip to main content

Posts

Showing posts from August, 2015

"၂၀၁၅ ရွေးကောက်ပွဲ ပိုင်ဆိုင်မှုပြနိုင်တဲ့ ကိုယ်စားလှယ်လောင်း ကိုတွေပဲ မဲပေးကြပါစို့" ...

"၂၀၁၅ ရွေးကောက်ပွဲ ပိုင်ဆိုင်မှုပြနိုင်တဲ့ ကိုယ်စားလှယ်လောင်း ကိုတွေပဲ မဲပေးကြပါစို့" ... ဘဏ်အကောင့်တစ်ခုမှ လွဲ၍ ပိုင်ဆိုင်မှု မရှိကြောင်း ဒေါ်စု ပြောကြား ====== ==== ဘဏ်အကောင့်တစ်ခုမှ လွဲ၍ ပိုင်ဆိုင်မှု မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ “ကျမမှာ ပိုင်ဆိုင်မှု အင်မတန် နည်းပါတယ်၊ ဘဏ်အကောင့်တစ်ခုပဲ ပိုင်ပါတယ်” ဟု ယနေ့ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီ ကို ၁၀၀ ရာခိုင်နှုန်း မဲထည့်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၀၀ ရာခိုင်နှုန်းမဲထည့်ကြဖို့နဲ့ ခြိမ်းခြောက်ပြီးရတဲ့ ထောက်ခံမဲမျိုး မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ပညာပေးဟောပြောပွဲ ခရီးစဉ် ဒုတိယနေ့အဖြစ်  ဇူလိုင် ၂၆ ရက်နေ့က ဧရာတီတိုင်း မော်ကျွန်းမြို့ မော်ရွှေဝါအားကစားကွင်းမှာ ပြည်သူလူထုကို ဟောပြောခဲ့တာပါ။ “ကျမတို့က ခြိမ်းခြောက်ပြီးတော့လည်း ပြည်သူတွေရဲ့ ထောက်ခံမှုတွေကို မတောင်းခံခဲ့ဘူး၊ ခြိမ်းခြောက်ပြီးရတဲ့ ထောက်ခံမဲမျိုး လုံးဝမလိုချင်ဘူးလို့ ပြောပါရစေ။ ကြောက်လို့ ပေးတဲ့မဲဆိုရင် ကျမတို့တပြားမှမလိုချင်ပါဘူး၊ ခြိမ်းခြောက်ပြီးတော့ မဲထည့်ခိုင်းတဲ့ ပုဂ္ဂိုလ်တွေ

ဒေါ်အောင်ဆန်းစုကြည် စကား ။

ဒေါ်အောင်ဆန်းစုကြည် စကား ။ ကျမ အားလုံးကြိုက်အောင် မလုပ်နိင်ပါဘူး ။ အားလုံးကောင်းအောင် လုပ်နေတာပါ ။ အားလုံး ကြိုက်အောင် လုပ်ချင်ရင် နိင်ငံရေးမလုပ်ဘူး ဇာတ်ထောင်မှာပေါ့ ။ ကျမ သမ္မတ ဖြစ်ချင်သလားမေးရင် ။ ။ဖြစ်ချင်ပါတယ် ။ ကျမ သမ္မတ ဖြစ်ချင်တာက အားလုံးကောင်းအောင် လုပ်ပေးချင်လို့ပါ ။ အာဏာ မရှိဘဲနဲ့ ဘာလုပ်ပိုင်ခွင့်မှမရှိတော့ ဘာမှ လုပ်လို့မရပါဘူး ။

ဒေါ်စုကိုပဲ တစ်ဦးတည်းသောခေါင်းဆောင်အဖြစ် ရွေးချယ်တဲ့အကြောင်းပြချက်၁၀ခု

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာနဲ့တင် ကျနော် သူ့ကို ကြည်ညိုတာ မဟုတ်ပါ။ အမေကြီး ဘာကြီးလဲ မဖားတတ်ပါ။ ပြီးတော့ ကျနော့်ညာဉ်ကိုက Reality ကိုပဲ ဦးစားပေးကြည့်တတ်တယ်။ တိုင်းပြည်ကောင်းမယ်ဆို ဘယ်သူ တက်တက်ပါ။ အဘက်ဘက်က ခေါင်းအေးအေးထား စဉ်းစားကြည့်ပြီးမှ ဒေါ်စုသာလျှင် ကျနော်တို့ မြန်မာပြည်ရဲ့ အသင့်တော်ဆုံးသော တ စ်ဦးတည်းသောခေါင်းဆောင်အဖြ စ် ယူဆဆုံးဖြတ်ပါတယ်။ အဲဒီအတွက် အကြောင်းပြချက်က ၁၀ ခု ရှိပါတယ်။ ၁။ သြဇာတိက္ကမ ရှိသော ခေါင်းဆောင်။

ခြိမ်းခြောက် ဘာသာကူးပြောင်းခိုင်းလျှင် ထောင် ၂ နှစ် ချနိုင်ဟုဆို

ကိုးကွယ်ရာဘာသာ ကူးပြောင်းရန် ကြွေးမြီဖြင့် နှောင် ဖွဲ့ခိုင်းစေခြင်း၊ သွေးဆောင်ခြင်း၊  ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း (သို့မဟုတ်) အနိုင်အ ထက်ပြုခြင်းများလုပ်ဆောင်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ကျပ်သုံး သိန်းထက်မပိုသော ငွေဒဏ်ကိုပါ ချမှတ်နိုင်ကြောင်း ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြပါရှိသည်။ ‘‘ဘာသာတစ်ခုကို အတင်း အဓမ္မကူးပြောင်းခိုင်းတာ ဘယ် နိုင်ငံကမှ လက်မခံဘူး။ လူ့အခွင့် အရေးနဲ့ ကြည့်ကြည့်၊လူသားချင်း စာနာတာနဲ့ပဲကြည့်ကြည့် ဒါက မဖြစ်သင့်ဘူး။နိုင်ငံတကာဥပဒေ တွေမှာလည်း ဒါကိုလက်မခံထား ဘူး’’ဟု အလိုတော်ပြည့် ကျောင်း တိုက်နှင့် ရခိုင်အမျိုးသားလူမှုကယ် ဆယ်ရေးအဖွဲ့(ရန်ကုန်) ဦးဆောင် ဆရာတော် ဦးကုမာရက မိန့် ကြားသည်။ကိုးကွယ်ရာဘာသာ ကူး ပြောင်းခြင်းကို ဟန့်တားပိတ်ပင် နှောင့်ယှက်ပါကလည်း ခြောက်

ဒေါ်အောင်ဆန်းစုကြည်ကိုမဝေဖန်ဘူး

ဒေါ်အောင်ဆန်းစုကြည်ကိုမဝေဖန်ဘူး ဟုတ်စ အေး..မဝေဖန်ဘူးဘာဖြစ်လို့လဲသိလား တိုင်းပြည်ကိုချစ်လို့. လူထုကိုနစ်မွန်းမယ့်အရေး လူထုကိုနင်းပြားဘဝကလွတ်မြောက်အောင် မနည်းရုန်းကန်နေရတဲ့ ပွဲမှာ ကျုပ်စာတကြောင်းကြောင့်

အင်အယ်ဒီကိုမဲပေးကြပါစို့ Si Thu Aung fb မှ

ကြံ့ဖွံ့က အာဏာရူးတွေကိုဖြုတ်ချခြင်ရင် NLD ကို မဲပေးပါဆိုတော့ တခြားပါတီတွေမရှိတော့လို့လား...??? ဘာကြောင့် NLD ကိုပဲ မဲပေးခိုင်းနေရတာလဲ...??? မြန်မာပြည်မှာ ပါတီပေါင်း 80 ကျော်တောင်ရှိတာပဲနောက်ပြီး တစ်သီးပုဂ္ဂလပါတီ တွေလည်းရှိတယ်လေ... သူတို့ကိုပေးလို့လဲရတာပဲ မဟုတ်ဘူးလား....??? အဲလိုတွေ မေးလာတဲ့သူတွေရှိပါတယ်... ဘာကြောင့် အာဏာရှင်ကောင်တွေကို ဖြုတ်ချဖို့အတွက် တသီးပုဂ္ဂလတွေ တခြားပါတီတွေကို မဲမပေးခိုင်းပဲ NLD ကိုပဲ မဲပေးပါလို့ ပြောရတာလဲဆိုရင်… ၁။ လွှတ်တော်အမတ်တစ်ယောက်ဟာ ဥပဒေတွေ တင်သွင်းခွင့်နဲ့ ထိုဥပဒေအတွက် ဆန္ဒမဲ တစ်မဲ ပေးပိုင်ခွင့် ဆိုတာအပြင် တခြားဘာလုပ်ပိုင်ခွင့် အာဏာမှမရှိဘူး... သူ့မြို့နယ်အတွင်းက အုပ်ချုပ်ရေးတွေမှာ ၀င်ရောက် စွတ်ဖတ်ခွင့်မရှိဘူး... ((အခု ပြီးခဲ့တဲ့ 5 နှစ်ကြာလွှတ်တော်ကြီးကိုပဲ ကြည့်... ဘယ်လွှတ်တော်အမတ်တွေ ဘယ်လောက်အော်အော် အင်အားများတဲ့ လွှတ်တော်အမတ်အုပ်စုဘက်ကပဲ ဥပဒေပြဌာန်းခွင့်တွေကို ခြယ်လှယ်သွားတာပဲ......)) ဒါကြောင့် လွှတ်တော်အမတ်တစ်ယောက် အားနဲ့ ယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေ... အကျင့်ပျက် ချစားနေကြတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ၀န်ကြီးဌာနတွေကို ပြင်ဆင်နိုင်ဖို့ဆိုတာ လုံးဝ

တရားနည်းလမ်းမကျတဲ့ လုပ်ပိုင်ခွင့်ဥပဒေ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုတ်သိမ်းဖို့ ပြည်သူတွေဘက်က တင်ပြနိုင်တယ်ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာက ရွေးကောက်ပွဲကော်မရှင်မှာ ရှိနေတာ သဘာဝ မကျဘူးလို့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက ပြောလိုက်ပါတယ်။ NLD ပါတီရဲ့ ဥပဒေအကြံပေး တယောက်လည်းဖြစ်တဲ့ ဦးကိုနီက လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ရုတ်သိမ်းပေးဖို့ မဲဆန္ဒနယ်ထဲက ပြည်သူ တစ်ရာခိုင်နှုန်း ရဲ့ သဘောနဲ့ လျှောက်

နေ​ပြည်​တော်​မှာ NLD ​ရဲ့ ​လူ​ထု​ပွဲ​တွေ ​ပိတ်​ပင်​ခံ​ရ

 အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် NLD ​ပါ​တီ ​ရဲ့ ​ဥ​က္က​ဌ ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​ဟာ ​ဩ​ဂုတ်​လ ၃၀ ​ရက် ​နေ့ ​နေ​ပြည်​တော် ၃ ​မြို့​နယ် ​မှာ ​ဟော​ပြော​ပွဲ ​တွေ ​လုပ်​ဖို့ ​စီ​စဉ် ​ထား ​ပေ​မယ့် ​အာ​ဏာ​ပိုင် ​တွေ ​က ​ပိတ်​ပင် ​လိုက်​ပါ​တယ်။ ​ရွေး​ကောက်​ပွဲ ​မဲ ​ဆွယ်​ဖို့ ​သတ်​မှတ်​ကာ​လ ​မ​တိုင်​ခင် ​မဲ​ဆွယ် ​စည်း​ရုံး ​မှု ​တွေ ​မ​လုပ်​ရ ​ဘူး ​ဆို​တဲ ​စည်း​မျည်း ​ဥ​ပ​ဒေ ​တွေ ​နဲ့ ​ငြိ​စွန်း ​တဲ့ ​အ​တွက် ​ပိတ်​ပင် ​တာ ​ဖြစ်​တယ် ​လို့ ​ခ​ရိုင် ​အ​ဆင့် ​အာ​ဏာ​ပိုင် ​တွေ ​က ​အ​ကြောင်း​ပြ ​ချက် ​ပေး ​ကြောင်း NLD ​ရဲ့ ​နေ​ပြည်​တော် ​အ​မတ် ​တစ်​ဦး ​ဖြစ်​တဲ့ ​ဦး​မင်း​သူ ​က ​ဘီ​ဘီ​စီ ​ကို ​ပြော​ပါ​တယ်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​နေ​နဲ့ ​ရွေး​ကောက်​ပွဲ​ဆိုင်​ရာ ​အ​သိ​ပ​ညာ​ပေး​ပွဲ ​တွေ ​အ​ဖြစ် ​လူ​ထု ​ပ​ရိ​သတ် ​ကို ​ဟော​ပြော​ဖို့ ​စီ​စဉ် ​ထား​တာ ​ဖြစ်​တယ် ​လို့ ​ဦး​မင်း​သူ​က ​ဆို​ပါ​တယ်။

ကမ္ဘာမကြေဘူးသီချင်း

ဆရာနိုင်မြန်မာရဲ့ ကမ္ဘာမကြေဘူးသီချင်းနဲ့ edit လုပ်ကြည့်ထားပါတယ်။ သမိုင်းဝင်သီချင်းနဲ့ ဆိုတော့ အရမ်းလိုက်ဖက်တယ်ဗျာ။ Save လုပ်ထားကြပါ။ ChitKo KoMaung  fbမှ

တလင် တမယား ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု

တလင်တမယား ဥပဒေကြမ်းအရ တရားဝင် အိမ်ထောင် ရှိရက်နဲ့ နောက်အိမ်ထောင် တရားဝင်ပြုပါက ဥပဒေအရ အရေးယူနိုင်သလို တရားဝင်လက်ထပ်ခြင်း မရှိဘဲ လင်မယား အဖြစ် နေထိုင်ပါကလည်း ဥပဒေကြောင်းအရ အရေးယူတော့ မှာဖြစ်ပါတယ်။ ဒီအချက်ကို နိုင်ငံတော်သမ္မတက ဥပဒေကြမ်းမှာ ထပ်ဖြည့်ဖို့ တင်ပြခဲ့တာပါ။ ဒီအချက် အတိုင်း လွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်တာပါ။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထား ပါတယ်။

ပါတီများ ရုပ်သံမှ ဟောပြောရာတွင် တပ်မတော် ဂုဏ်သိက္ခာ မထိခိုက်စေရဟု ကော်မရှင်တားမြစ်

 နိုင်ငံရေးပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြရာတွင် တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ် စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ဟော ပြောမှုပြုလုပ်ခြင်းကို တားမြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ သြဂုတ် ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အချက် (၉)ချက်ပါရှိသော တားမြစ်ချက်များတွင် အဆိုပါ အချက်ကို ကော်မရှင်က ထည့်သွင်းထားခြင်းဖြစ်သည်။

ရွေးကောက်ပွဲ မဲဆွယ်မှု နိုင်ငံပိုင် မီဒီယာတွေမှာ ခွင့်ပြုမည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး ပါတီများ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်များ ဟောပြောတင်ပြခွင့်နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်ဟာ အရင်ရွေးကောက်ပွဲတွေကအတိုင်း လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝေဖန်လိုက်ပါတယ်။ ဒီအခြေအနေတွေကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆို လွတ်လပ်တဲ့ ပုဂ္ဂလိက

မတရားအသင်း ဆက်သွယ်မှုဥပဒေ မပယ်ဖျက်နိုင်သေးဘူးလို့ ၀န်ကြီးဦးအောင်မင်း ပြော

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ယုံကြည်မှု နည်းနေသေးတဲ့အတွက် ပုဒ်မ ၁၇ မတရား အသင်း ဆက်သွယ်မှု ဥပဒေကို မပယ်ဖျက်နိုင်သေးဘူးလို့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြောလိုက်ပါတယ်။ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရရဲ့ ကြိုးပမ်းနေမှုတွေကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပါတယ်။ သူကိုယ်တိုင် နိုင်ငံတော်သမ္မတရဲ့ အမိန့်အရ လုပ်ဆောင်တာဖြစ်တဲ့အတွက် ပုဒ်မ ၁၇ နဲ့ မညိစွန်းတာဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းက အခုလို တင်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ လွတ်လပ်မျှတ တည်ငြိမ်ရေး သူရဦးရွှေမန်း တိုက်တွန်း

လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တည်ငြိမ်အေးချမ်းမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ရပ်နားလိုက်ပြီဖြစ်ကြောင်း ဒီနေ့ကြေညာပြီးနောက် မိန့်ခွန်းပြောကြားရာမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထည့်သွင်းပြောသွားတာဖြစ်ပါတယ်။

အကျိုးစီးပွားချင်း ကွဲပြားခြားနားမှု

 စစ်အစိုးရတဖြစ်လဲ အရပ်သားတပိုင်းအစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီ ပြုပြင်ရေး လုပ်ဖို့ ကြိုးပမ်းနေတုန်း အာဏာရပါတီဥက္ကဋ္ဌ ဦးရွှေမန်းကို ဖယ်ရှားလိုက်တာဟာ အသွင်ကူးပြောင်းရေးအတွက် အလားအလာနည်းသွားတယ်လို့ ယူဆကြပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာနိုင်အောင် လမ်းခင်းပေးတဲ့ ဦးသိန်းစိန် ကိုလည်း ပြုပြင်ရေးသမားအဖြစ် သတ်မှတ်ခဲ့ကြပေမယ့် ဦးသိန်းစိန်ရဲ့  ပြုပြင်ရေးဟာ အကန့်အသတ် ရှိလာတဲ့အတွက် စနစ်ဟောင်းရဲ့  လောင်းရိပ်က မထွက်နိုင် သလို ဖြစ်နေပါတယ်။ အခြေခံ

နိုင်ငံရေးရုပ်သေးပွဲ မိုးလင်းခါနီးပြီးလား

ရွေးကောက်ပွဲကျင်းပဖို့ ၂လကျော်လောက်သာ လိုတော့တဲ့ အချိန်မှာ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌသူရဦးရွှေမန်းကို ဥက်္ကဋ္ဌ နေရာက ဖယ်ရှားလိုက်တယ်ဆိုတာ ၁၃-၈-၁၅ နေ့မှာ တရားဝင်သတင်း တွေ ဖတ်ရတယ်။ သူရဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် အဲဒီရက်မတိုင်ခင်က တပ်မတော်နဲ့ တပ်မတော် မိသားစုတွေက လက်မှတ်ထိုးပြီး သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စား လှယ်အဖြစ်က ဖယ်ရှားပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို စာတင်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ကိုယ်စားလှယ်တစ် ယောက်ကို ပြန်ခေါ်နိုင်ကြောင်း အခြေခံဥပဒေပုဒ်မ ၃၉၆

သမ္မတဦးသိန်းစိန်က သူရဦးရွှေမန်းအား ပါတီဥက္ကဌနေရာက ဖယ်ရှားရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း ရိုက်တာသတင်းမှ ထုတ်ဖော်ရေးသား

 မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ပြိုင်ဘက်ဖြစ်သူ ဦးရွှေမန်းကို USDP ပါတီ ဥက္ကဌနေရာမှ ဖယ်ရှားရန် အနည်းဆုံး ၂ ကြိမ်ခန့် ကြိုးစားခဲ့ပြီး သုံးကြိမ်မြောက်ဖြစ်သည့် သြဂုတ်လ ၁၂ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က အာဏာရ ပါတီ၏ ဌာနချုပ်အတွင်း လက်နက်အင်အား လူအင်အား သုံးပြီး ၀င်ရောက် စီးနှင်းသည့်အခါမှ နောက်ဆုံး အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားလိုက်သည်။ အဆိုပါ ညက ပါတီဌာနချုပ်အတွင်း ရှိနေသူများအားလုံး၏ မိုဘိုင်းဖုန်းများနှင့် ကွန်ပြူတာများကို ရဲတပ်ဖွဲ့က စားပွဲပေါ် ပုံတင်ထားခိုင်းခဲ့ပြီး စောင့်ကြည့်နေ စဉ်

မဲတပြားစီ မဲတပြားစီနဲ့ ဘုရားတည်ပါ

လာမယ့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲကြီးဟာ ဖိနှိပ်သူ စစ်အာဏာရှင်တွေနဲ့ အဖိနှိပ်ခံ ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ရှင်သန်ရေးဆိုင်ရာ ယှဉ်ပြိုင်ပွဲကြီးပါ။ တနည်းအားဖြင့် ပြောရရင် အသားစားခြင်္သေ့တွေနဲ့ အစားမခံလိုတဲ့ ဧရာမမြင်းကျားအုပ်ကြီးရဲ့ ရှင်သန်ရေး တိုက်ပွဲလို့ တင်စားရင်လည်း ရပါတယ်။ စစ်အာဏာရှင်တွေဟာ အရေအတွက်အားဖြင့် နည်းပါးပေမယ့် လက်သည်းခြေသည်းတွေ၊ အစွယ်တွေနဲ့တူတဲ့ လူသတ်လက်နက်တွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ၊ နိုင်လိုမင်းထက် ပြုလိုစိတ်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုင်ဆိုင်ပါတယ်။ အဖိနှိပ်ခံပြည်သူတွေမှာတော့ များပြားတဲ့ အရေအတွက်ရယ်၊ မူလပိုင်ရှင်အမှန်ဖြစ်တာရယ်၊ အဖိနှိပ်မခံလိုတဲ့စိတ်၊ ရှင်သန်လိုစိတ်နဲ့ စည်းလုံးညီညွတ်မှုအားတွေ ရှိပါတယ်။

မဲကွဲပြီး ပြိုင်ဆိုင်မှုပါ ပြင်းထန်လာနိုင်တဲ့ ရွေးကောက်ပွဲ

လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို၊ ဘယ်ပါတီကို မဲပေးမလဲ။ ဆက်ဖတ်ဖို့ မလိုတဲ့သူက များမှာပါ။ ကျနော်က ဘယ်ပါတီအတွက် မဲဆွယ်မလဲကို သိကြပြီး ဖြစ်လို့ပါ။ ဒါပေမယ့် ကျနော် သည်လိုစာရေးတာ အချိန်အတော် နောက်ကျတာကို သတိထားမိမှာပါ။ “ဦးဘယ်သူ၊ ဒေါ်ဘယ်သူ ကိုယ်စားလှယ်ဖြစ်ဖြစ် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ အနိုင်ရရှိရေးကို တတ်စွမ်းသရွေ့ လုပ်ပါမယ်” လို့ ဆိုရှယ်မီဒီယာကနေရော ပါတီကို တရားဝင်စာနဲ့ပါ ရေးခဲ့တာ ၆ လ မကတော့ပါ။

မဲကွဲပြီး ပြိုင်ဆိုင်မှုပါ ပြင်းထန်လာနိုင်တဲ့ ရွေးကောက်ပွဲ

စိုင်းထွန်းအောင်လွင် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နှစ်လခွဲလောက်သာလိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့လည်း အပြိုင်အဆိုင် ပြင်ဆင်မှုတွေပြုလုပ် နေခဲ့ပါပြီ။ မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးပေမယ့် မဲဆန္ဒရှင် ပညာပေးအစီအစဉ်လို ကိစ္စတွေအပါအဝင် ခေါင်း စဉ်အမျိုးမျိုးနဲ့ကို စည်းရုံးရေးဆင်းနေကြတာပါ။ အဲဒီအထဲ မှာ အဓိက နိုင်ငံရေးပါတီနှစ်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီတွေလည်း ပါဝင် နေကြပါတယ်။ တစ်နိုင်ငံလုံးမှာ နေရာအများဆုံးယှဉ်ပြိုင် ကြမယ့် ပါတီတွေကလည်း

အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူများစာရင်း ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ အောင်နိုင်ရေးကာလအတွင်း ပြောရေးဆိုခွင့် ရှိသူများစာရင်းကို အဖွဲ့ချုပ်က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ အဖွဲ့ချုပ်ရဲ့ သြဂုတ် ၂၈ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားတို့နဲ့ ပတ်သက်ပြီး နာယက ဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ပဲ ပြောရေးဆိုခွင့် ရှိတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မရွေးချယ်ရန် လက်ကမ်းစာစောင်များ မြောင်းမြတွင် လိုက်ဝေ

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (အန်အယ်လ်ဒီ)ပါတီကို မရွေးချယ်ဖို့ ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို နတ်စင်တစ်ရာဆရာတော် နဲ့ ပြည်ခိုင်ဖြိုးပါတီဝင်ဝန်ကြီးတွေရဲ့စတုဒီသာအလှူမှာ အမည်မသိလူတစုက ဖြန့်ဝေခဲ့ပါတယ်။ လက်ကမ်းစာစောင်တွေကို ဇူလိုင်လ ၁၈ ရက်နေ့က မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်း နတ်စင်တစ်ရာဆရာတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးတွေရဲ့ စတုဒီသာအလှူမှာ အမည်အမသိလူတစ်စုက ဖြန့်ဝေခဲ့တာပါ။ လက်ကမ်းစာစောင်ဝေနေတာကို တွေ့ရှိတဲ့ မြောာင်းမြမြို့ အမှတ် ၁၀ ရပ်ကွက်နေ ဦးကျော်ဆန်းက “ရွှေသာလျောင်းအလယ်ပေါက်မှာ လူငယ် ၂ ယောက် စာရွက်တွေကိုင်ပြီး ဝေနေတာ တွေ့တယ်” လို့ ပြောပါတယ်။

မဲပေး လမ်းညွန်လေးပါ

တပ်မတော်သည် မည်သည့် နိုင်ငံရေး ပါတီကိုမျှ ဘက်လိုက်မည် မဟုတ်ဘဲ

ရန်ကုန် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တပ်မတော်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လိုလားပြီး ရွေးကောက်ပွဲ ရလဒ်ကို လက်ခံသွားမည် ဖြစ်ကြောင်း ၊ သူ့ တာဝန် ၊ ကိုယ့်တာဝန် နားလည်ကြစေ လိုကြောင်း ၊ နိုင်ငံရေး ပါတီတိုင်း စည်းလုံး ညီညွှတ်မှု ရှိကြစေလိုပြီး မည်သည့် ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ကြောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီတွင်း ကိစ္စများမှာ တပ်မတော်နှင့်

“ဦးရွှေမန်းမှာ ရန်သူတွေ များနေတယ်”

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အင်အား ပြိုင်ဆိုင်မှုသည် သြဂုတ်လ ၁၂ ရက်နေ့တွင် အထွတ် အထိပ်သို့ ရောက်ရှိခဲ့ပြီး သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အင်အားစုများက သူရ ဦးရွှေမန်း ကို ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ ဖြုတ်ချလိုက်သည်။ ကြံ့ခိုင်ရေး ပါတီတွင်းအာဏာသိမ်း မှုသည် နိုင်ငံရေး၊ စီးပွားရေး များအပေါ် ရိုက်ခတ်မှုများစွာရှိနေရာ ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး အကျပ်အတည်း အခြေအနေများနှင့် ပတ်သက်၍ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကို ဧရာဝတီ အကြီးတန်း သတင်းထောက် ဇူးဇူးက ဆက်သွယ် မေးမြန်း ထားပါသည်။

အပစ်ရပ်စာချုပ် အမြန်ဆုံး ဖြစ်စေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အမြန်ဆုံး ဖြစ်စေချင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ(RFA) အသံလွှင့်ဌာန နှင့် တွေ့ဆုံမေးမြန်းထားသည့် “ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်” တွင် ပြောကြားလိုက်သည်။ RFA အသံလွှင့်ဌာန နှင့်ဒေါ်အောင်ဆန်းစုကြည် ၏ မေးမြန်းခန်းတွင် “အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဖြစ်စေချင်တာပေါ့။ တကယ် တနိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံးကနေ ကတိတည်မယ့် စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့။ ဒါမှပဲ ဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာ”

တပ်မတော်ကြီးကို စစ်စွမ်းအားရှိဖို့ ဘယ်လိုကူညီနိုင်မလဲ

တပ်မတော်သား ၀န်ထမ်းတွေ အနေနဲ့ အရပ်ဘက်တာဝန် တွေကို ပြောင်းပြီးထမ်းဆောင် တယ်ဆိုတာ မြန်မာ့လူ့အဖွဲ့အ စည်းမှာ ရိုးဟိုးဟိုးနေတာကြာပါ ပြီ။ ဒါပေမဲ့ အခု ကျန်းမာရေးဝန် ကြီးဌာနထဲကို ဘောင်းဘီတောင် မချွတ်တော့ဘဲ တပ်ဘက်က ၀င် လာတဲ့အခါ အသံတွေ မြည်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ် ဘက်က အတွေးမျိုး ကြိုးစားတွေး ကြည့်လိုက်ပါတယ်။ အဖွဲ့အစည်းတွေမှာ အဖွဲ့ ၀င်အင်အားတောင့်တင်းအောင် ကြိုးပမ်းရရိုးထုံးစံရှိပေမယ့် နိုင်ငံ တော်အဆင့် တာဝန်တွေကို ထမ်း ဆောင်နိုင်လောက်တဲ့ အဖွဲ့အ စည်းတွေမှာတော့ တွေးရမှာတွေ က

ရာထူးမှနုတ်ထွက်၍ မဲဆွယ်ဝင်ပြိုင်ပါ

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နီးကပ်လာခြင်းနှင့်အတူ မကြာမီရက်ပိုင်းများအတွင်း ရွေးကောက် ပွဲမဲဆွယ်စည်းရုံးရေးစတင်တော့ မည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင် များ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် ရွေး ကောက်ပွဲဆိုင်ရာ ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့် နယ်မြေစည်း ရုံးရေးလုပ်ငန်းများကို ရာထူး သက်တမ်းအတွင်း ဆောင်ရွက်ခွင့်ရရှိပြီး ရွေးကောက်ပွဲဝင်ပြိုင် မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးဆန်း စစ်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲရံပုံငွေလှုဒါန်းနိုင်ပြီ

နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ်

နမ့်စန်ရှိ ဒီချုပ်ဆိုင်းဘုတ် ဖျက်ဆီးသူငါးဦး တရားရုံးမလာ၍ ဖမ်းဝရမ်းထုတ် ---------------------------------------------------------------------------------- Thu, 2015-08-27 ဖျက်ဆီးခံရသည့် ရပ်ကျေးဆိုင်းဘုတ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ် ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ရပ် ကျေးဆိုင်းဘုတ်ဖျက်ဆီးခဲ့သူ လေး ဦးနှင့် ခိုင်းစေညွှန်ကြားသူ မတ် ကျန်းဌာနေ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦး၊ စုစုပေါင်းငါးဦးကို နမ့်စန် မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သတင်းရရှိ သည်။ ၎င်းတို့ငါးဦးကို နမ့်စန်မြို့ နယ်တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကတရား လိုပြုလုပ်၍ ပုဒ်မ ၄၂၇ အကျိုး ဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့ ငါးဦးမှာ တရားရင်ဆိုင်ရန် မလာရောက် သဖြင့် သြဂုတ် ၂၁ ရက်စွဲဖြင့် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက် ကြောင်း သတင်းရရှိသည်။

NLD ကိုယ်စားလှယ်လောင်းတချို့ ပယ်ချခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ကိုယ်စားလှယ်လောင်းအချို့ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရမှုတွေ ရှိနေပါတယ်။ ဒီကနေ့အထိ ကိုယ်စားလှယ် ၄ ဦး ပယ်ခံရကြောင်း ဗဟိုကော်မတီဝင်တွေကပြောပေမယ့် လက်ရှိအချိန်ထိ ၃ ဦးနာမည်စာရင်းသာ ရပါသေးတယ်။ အခု ဆက်လက်ပယ်ခံရသူတွေအတွက် ဗဟိုက အယူခံဝင်ဖို့လည်း လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေက မေခက ပေးပို့ ထားပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုရှိမှာ ဒေါ်စုစိုးရိမ်

၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ ရရှိတဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

အငြိမ်းစား စစ်အရာရှိတွေ ရွေးကောက်ပွဲဝင်ခြင်းအပေါ် စိုးရိမ်မှုတိုး

ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တွေကို တပ်မတော်က အငြိမ်းစားပေးခဲ့ပြီးနောက် ဝန်ကြီးချုပ်တာဝန်ကပါ အငြိမ်းစားယူခွင့် ပြုကြောင်း ကြေညာချက်ကို မနေ့ထုတ်သတင်းစာတွေဖော်ပြပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလို တပ်မတော်အရာရှိကြီးတွေကို အငြိမ်းစားပေးပြီး ပြည်ခိုင်ဖြိုးပါတီမှာ ရွေးကောက်ပွဲဝင်နေတဲ့အခြေအနေကြောင့် ၂၀၁၅ ရွေးကောက်ပွဲမှာ တပ်မတော်က ကြားနေပါမလားဆိုပြီး မေးခွန်းထုတ်တာတွေရှိနေပါတယ်။ ဒီအပေါ်

ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း

၁ ။ ၁၉၄၅ ခု ၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည် ။ ၂ ။ ၁၉၄၉ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ ၊ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည် ။ ၃ ။ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။

ဦးရွှေမောင်ပယ်ချခံရမှု ပြည်ပရိုဟင်ဂျာအဖွဲ့တွေ ရှုတ်ချ

မကြာခင်ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့လျှောက်လွှာ ပယ်ချခံရတဲ့အပေါ် လူမျိုးရေးခွဲခြားမှုအဖြစ် ပြည်ပရောက် ရိုဟင်ဂျာအဖွဲ့အစည်းတွေက ရှုတ်ချလိုက်ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရ ရခိုင်ပြည်နယ် တွင်းက White Card လို့ခေါ်တဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် မရှိတာကြောင့် နိုင်ငံတကာက မျှော်လင့်ထားသလို လွတ်လပ်ပြီး

အမေ့စကား

အခုလိုချိန်မှာ လျှောက်ရမယ့်လမ်း တစ်လမ်းတည်းဘဲရှိတယ်။ အခုလိုချိန်မှာ လုပ်ရမယ့်နည်းလမ်း တစ်လမ်းတည်းဘဲရှိတယ်။ အခုလိုချိန်မှာ စဉ်းစားရမယ့် အတွေး တစ်လမ်းတည်းဘဲရှိတယ် ။့ ရက်ပေါင်း၈၀ကျော် ဘဲကျန်တော့တဲ့ အချိန်မှာ တစ်နေရာတည်း ကို တူညီစွာရောက်ကြဖို့ မတူတာတွေကိုဘေးချလို့ တူတာတွေနဲ့ လက်တွဲလျှောက်ကြဖို့ တိုက်တွန်းပါရစေ။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် နှိုင်းယှဉ်ချက် နှင့် ရွေးကောက်ပွဲအကြိုစစ်တမ်း

ထိုင်ဝမ်အခြေစိုက် Asian Barometer Survey မှ သုတေသီများက မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ လူ ၁၆၂၀ ကို တွေ့ဆုံ၍ နိုင်ငံရေး၊ စီးပွားရေး နှင့် လူမှုရေး ဆိုင်ရာ မေးခွန်းပေါင်း ၂၀၀ ကျော်ကို မေးမြန်း စစ်တမ်း ကောက်ယူခဲ့ပါပြီး ရွေးကောက် ပွဲနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည်ထားကြသည့် မြန်မာနိုင်ငံ မှ မဲဆန္ဒရှင်များ၏ သဘောထားကို မြင်တွေ့ခွင့်ရ ခဲ့သည်။ မဲဆွယ်လှုပ်ရှားမှုများ စတင်မည့် စက်တင်ဘာလ ၈ ရက်နေ့ မတိုင်မီ ၂ပတ် အလိုတွင် ယခုကဲ့သို့ ထုတ်ပြန် ပေးခဲ့ ခြင်းဖြစ် သည်။

ထို့ကြောင့် NLD ကိုမဲပေးမည် အပိုင်း ၁ ko ko Gyi fb မှ

၁ ရခိုင်ပြည်နယ်နယ်စပ်နှင့်ပတ်သက်သော ဘင်္ဂလီ လူမျိုးရေးကိစ္စနှင့်ပတ်သတ်သော အရေးကြီးအဆိုကို NLD ပါတီမှ ဒေါက်တာ မြတ်ဥာဏစိုး တင်သွင်းခဲ့စဉ်က... ကြံ့ခိုင်ရေးပါတီကြီးကပဲအင်အားသုံးပယ်ချ ခဲ့ပါသည်။ များမကြာမှီမှာပဲ လူမျိုးရေပဋိပက္ခကိုကြီး ထွားစေခဲ့သည့် ဘင်္ဂလီကို ရိုအင်ဂျာအဖြစ် တောင်းဆိုသည့်အဖြစ်အပျက်ဖြစ်ပွားခဲ့သည် အဓိက တရားခံမှာ ပြည်ခိုင်ဖြိုးပါတီမှ တောင်းဆိုတင်သွင်းခဲ့ခြင်းပဲဖြစ်ပါသည်။ ထို့ကြောင့် အမှန်တကယ် လူမျိုးရေးအပေါ် သစ္စာဖောက်သောပါတီစစ်စစ်မှာ ပြည်ခိုင်ဖြိုး

သူရဲကောင်းဝေဠုကျော်

ကျွန်တော့်ရဲ့ ပရဟိတလုပ်ငန်းတွေကို သန္ဓေတည်ပေးခဲ့တဲ့ ကြက်ခြေနီ ဒုတိယ ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးတဲ့ အစ်ကို ဆရာ ကိုကျော်သူတို့ကိုလည်း

နစ်မြုပ်လုဆဲဆဲ သင်္ဘောကြီးပေါ်က အာဏာကစားကွက်များ

တိုက်တန်းနစ်သင်္ဘောကြီးနစ်မြုပ်သော နောက်ဆုံးအချိန်တွင် သင်္ဘောပေါ်တွင် ၀ရုန်းသုန်းကားဖြစ်နေသည့် ကြားမှ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများကိုကယ်တင်ရန် သင်္ဘောကပ္ပတိန်သည် စနစ် တကျကြိုးပမ်းသွားတာကို Titanic ရုပ်ရှင်ထဲမှာ ကြည့်ရဖူးသည်။ အချို့ကလည်း ကိုယ့်အသက်ရှင်ရင်ပြီးစတမ်း စိတ်ဓာတ်ဖြင့် ကလေးများ၊ အမျိုးသမီးများကို ကျော်ဖြတ်တက်ကာ

လွှတ်တော်ကိုယ်စားလှယ် ပိုင်ဆိုင်မှု စာရင်းထုတ်ပြန်ချက်အပေါ် အမြင်

ရွေးကောက်ပွဲတွေ ကျင်းပဖို့ လပိုင်းလောက်သာ လိုတော့တဲ့ အချိန်မှာပဲ နိုင်ငံရေး ပါတီတွင်းက ဘဏ္ဍာရေး သုံးစွဲမှုတွေ၊ ပါတီဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူ သိရှိနိုင်အောင် ထုတ်ပြန်ဖို့ တိုက်တွန်းမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစုနဲ့ ဖွဲ့စည်းထားတဲ့ အာဏာရပါတီကတော့ ဒီလိုထုတ်ပြန်ကြေညာဖို့ မလိုဘူးလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲဆိုရာဝယ်

ရွေးကောက်ပွဲနဲ့ မဲပေးခြင်းဆိုတာ ကိုယ်စားပြုဒီမိုကရေစီ (Representative Democrac) နဲ့ အများဆုံး ဆက်နွယ်နေပါတယ်။ ကိုယ်စားပြုခြင်း (representation) ဆိုတာကို နိုင်ငံရေးရှုထောင့်ကနေ အနက်အဓိပ္ပာယ်ပြန်ဆိုတဲ့အခါ လူအများကို ကိုယ်စားပြုပြီး၊ လူတဦးတယောက်ကနေ (သို့မဟုတ်) လူတစုကနေ ရပ်တည်တာ၊ လုပ်ငန်းဆောင်တာတွေ ပြုလုပ်တာလို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ်စားပြု ဒီမိုကရေစီဆိုတာကတော့ အစိုးရနဲ့ ပြည်သူတွေအကြားမှာ

ဒေါ်စုဟာ တိုင်းပြည်အတွက် အကျိုးရှိသူဟု ဗိုလ်ချုပ်မှူးကြီး ပြော

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်အတွက် အကျိုးရှိသူတယောက်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ သြဂုတ် ၂၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ကျိုဒိုသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်အတွင်း သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သူ့မှာလည်း အတွေ့အကြုံတွေ ရှိပါတယ်။ သူ့ရဲ့ အတွေ့အကြုံဟာ နိုင်ငံအတွက်လည်း တနေရာရာမှာတော့ အထောက်အကူရမယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီတော့ ဘာပဲပြောပြောပေါ့လေ အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မယ် ဆိုလို့ရှိရင် တိုင်းပြည်အတွက် အကျိုးရှိမယ့်သူတယောက် ဖြစ်ပါတယ်။”

ဗုဒ္ဓချစ်သ မီးတော် fb မှ post လေးကြိုက်လို့ပြန်တင်လိုက်တယ်

မြေပြင်ပေါ်မှာနင်တို့လက်နဲ့သေခဲ့တဲ့ ကျောင်းသား

ဒါဟာခွေးစိတ်ပေါက်နေတာဘဲ

လှေစီးပြေး ၁၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ထံ လွှဲပြောင်း

ပီးခဲ့တဲ့ မေလက မြန်မာ့ရေပိုင်နက်တွင်းမှာ ရှာဖွေ တွေ့ရှိ ကယ်တင်ထားခဲ့တဲ့ တရားမ၀င် လှေစီးပြေး ၀င်ရောက်သူတွေထဲက အယောက် ၁၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ ဟုတ် မဟုတ်ဆိုတာ စိစစ်ပြီး ဒီကနေ့ပဲ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လွှဲပြောင်းပေး လိုက်ပါတယ်။ နောက်ထပ် ကျန်နေတဲ့လူ ၁၀၀ ကျော်ကိုလည်း စိစစ်နေပြီး ထပ်မံ လွှဲပြောင်းပေးသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားစောင့်အဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်ရှင်။

ရွေးကောက်ပွဲတရားမျှတဖို့ စစ်တပ်လိုလားဟု ကာချုပ်ပြောဆို

တပ်မတော်အနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုလားပြီး ရွေးကောက်ပွဲရဲ့ ရလဒ်အဖြေကို လက်ခံသွားမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာနယ်ဇင်းကောင်စီနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုလိုက်တဲ့အပေါ် တပ်မတော်ရဲ့သမိုင်း အစဉ်အလာကောင်းစေဖို့ ကိုယ်ပြောတဲ့ စကား ကိုယ် ကတိတည်ဖို့ လိုပါတယ်လို့ သတင်းသမားတွေက ထောက်ပြကြပါတယ်။ အရင်ခေတ်နဲ့မတူဘဲ

fb commet တခုပါ

မြေပြင်ပေါ်မှာနင်တို့လက်နဲ့သေခဲ့တဲ့ ကျောင်းသား တွေရဲ့သွေးတွေမခြောက်ခမ်းသေးပါဘူးးး မြေပြင်ပေါ်မှာနင်တို့သတ်ပစ်ခဲ့တဲ့သံဃာတော်တွေ

ဒီလို တံဆိပ်ရိုက်ပြီးဆန္ဒပြုပါ

ဘင်္ဂလီများကိုတပ်မတော်ယာဉ်ဖြင့်ခိုးထုတ်

တောင်ပြိုကမ်းပြို အစိုးရဖွဲ့နိုင်ရေးနှင့် နိုင်ငံရေးရှေ့ခရီး

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အလွန်နိုင်ငံရေးအ  ခင်း အကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီများ အနေဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိမှသာ အစိုးရဖွဲ့စည်းနိုင်ပြီး အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ ငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို  အားပြုဦးဆောင် နိုင်မည်ဖြစ်သည်။ တောင်ကမ်းမ ပြိုလျှင် နိုင်ငံရေးတွင် အလွမ်းပိုရ မည်သာဖြစ်သည်။ သို့ဖြစ်၍ ဒီ ချုပ်သည် မိတ်ဆွေတိုင်းရင်းသား ပါတီများ၊ ဒီမိုကရက်တစ်ပါတီ များနှင့် ကျောချင်းကပ်လျက် တောင်ကမ်းပြိုရေး လမ်းဖောက်ရ မည်ဖြစ်သည်။ ရှုပ်ရှုပ်ထွေးထွေးနိုင်ငံရေး အခြေအနေ၊ နိုင်ငံရေးပါတီများ၏ ညီအစ်ကို မသိတသိအခြေအနေ နှင့် ထိလွယ်ရှလွယ် မဲဆွယ်စည်း ရုံးရေးကာလတို့ ၀န်းရံထားသည့် ၂၀၁၅ ခုနှစ်

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ

ကဲအောင်သောင်း တို့ အောင်မင်းတို့ A ငြင်းနိုင်ရင် ငြင်းစမ်း အမှန်တွေ ဖေါ်လိုက်ပြီ အပိုင်း(၁) ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။ ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင်လုပ်ပေးတော့မည်။ ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။

၂၀၁၅ အလွန်မှာ သဲသဲကွဲကွဲ ဖြစ်ဖို့လိုလိမ့်မယ်

ဒီတစ်ပတ်မှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ၊ အံ့သြစရာဖြစ်စေတဲ့ သတင်းတွေ ထွက်ပေါ်မှုရဲ့ အခြားတစ်ဖက်မှာ လူထုကြား ထိတ်ထိတ်ပြာပြာ ဖြစ်မှုတွေ စီးပွားရေးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်မှုတွေကြောင့် ရင်တမမ ဖြစ်ရတယ်ဆိုတဲ့ အသံတွေ ကြားရပါတယ်။ လူထုကြားထဲမှာ အသံတွေမျိုးစုံ ထွက်ခဲ့တယ် ကောလာဟလ ဖြန့်သူတွေရဲ့ ကြားထဲမှာ ပြည်သူအချို့ကလည်း ကျီးလန့်စာ စားသလို ကြောက်ရွံ့နေခဲ့ကြပါတယ်။ တစ်ခုခု အပြောင်းအလဲဖြစ်ပြီး မတည်မငြိမ်ဖြစ်ပြီဆိုရင် လူထုအနေနဲ့ ယောက်ယက်ခတ်ကြတာ သဘာဝပါပဲ။ နိုင်ငံအခြေအနေကိုက

လှဆွေ ဘာပြော

ဆဲဘူး ====

မြန်မာပြည် ၏ ထိပ်သီးခရိုနီ ဦးတေဇ အကြောင်း တစေ့တစောင်း (အပိုင်း-၁၊၂၊၃)

မြန်မာပြည် ၏ ထိပ်သီးခရိုနီ ဦးတေဇ အကြောင်း တစေ့တစောင်း (အပိုင်း-၁) DK၊    ၊ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပ ဆက်ဆံရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော်သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက် ဖြစ်ပါသလဲ ။ မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ် ပိုင်ရဟတ်ယာဉ်ပေါ်သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင်ရှိနေ၏။ ထိုအရပ်တွင် တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။ သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီး