Skip to main content

ပါတီများ ရုပ်သံမှ ဟောပြောရာတွင် တပ်မတော် ဂုဏ်သိက္ခာ မထိခိုက်စေရဟု ကော်မရှင်တားမြစ်

 နိုင်ငံရေးပါတီများ ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြရာတွင် တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ် စေရန် (သို့မဟုတ်) တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ဟော ပြောမှုပြုလုပ်ခြင်းကို တားမြစ် ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ သြဂုတ် ၂၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အချက် (၉)ချက်ပါရှိသော တားမြစ်ချက်များတွင် အဆိုပါ အချက်ကို ကော်မရှင်က ထည့်သွင်းထားခြင်းဖြစ်သည်။


‘‘တပ်မတော်က အာဏာရှင် ပုံစံနဲ့အုပ်ချုပ်ခဲ့ကြတော့ သူတို့ကို ပြီးခဲ့တဲ့ကာလက အပြစ်ဖို့နေခဲ့ကြ တာကိုးဗျ။ ဒါတွေကို နောက် ကြောင်းပြန်ပြောမှာ စိုးရိမ်လို့ နေမှာပါ။ မဖြစ်သင့်တာမဖြစ်ရ အောင် တားတာလည်းနေမှာပေါ့။ ကျွန်တော်တို့ဆိုလိုတာက ပြီးခဲ့ တာပြီးပြီ။ ကျွန်တော်တို့ကတပ်မ တော်ကို ပြိုကွဲအောင်မလုပ်ပါ ဘူ။ တပ်မတော်သည် လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ ကြား နေတတ်တဲ့၊ သမာသမတ်ကျတဲ့ အဖွဲ့အစည်းဖြစ်စေချင်ပါတယ်။ ၂၀၁၀ တုန်းကလိုမဖြစ်ဖို့ ကော်မ ရှင်ကလည်းညွှန်ကြားပေးပါ။ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကလည်း ညွှန်ကြားပေးပါလို့ ကျွန်တော်တို့ ပြန်တောင်းဆိုချင် ပါတယ်’’ဟု ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေး မောင်ကပြောသည်။
နိုင်ငံရေးပါတီများ ရေဒီယို နှင့် ရုပ်မြင်သံကြားမှ ဟောပြော ရန် ခုနစ်ရက် ကြိုတင်၍ ရွေး ကောက်ပွဲကော်မရှင်သို့ ဟော ပြောတင်ပြလိုသည့်စာမူနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမည်ဖြစ် ကြောင်း၊ ယင်းစာမူကို လိုအပ်သ လိုစိစစ်၍ ပြန်ကြားရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်းကာကော်မရှင်က ခွင့်ပြုမိန့်ထုတ်ပေးခြင်း (သို့မ ဟုတ်) ငြင်းပယ်ခြင်းပြုလုပ်နိုင် ကြောင်း ကော်မရှင်ထုတ်ပြန်ချက် တွင် ပါရှိသည်။
‘‘ဒီတားမြစ်ချက်တွေကိုသိပ် ထူးဆန်းတယ်လို့မထင်ဘူး။ အ ရင်ရွေးကောက်ပွဲတုန်းကလည်း ဒီလိုစည်းကမ်းတွေနဲ့ပဲ လုပ်ခဲ့ရ တာပဲ။ စည်းကမ်းတွေကတော့ တင်းကျပ်တာပေါ့ဗျာ။ ဒါပေမဲ့ ကြိုက်ကြိုက်၊မကြိုက်ကြိုက် လုပ် ရတာပဲ’’ဟုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။
ထို့အပြင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြု လုပ်ခြင်း၊ ငြိမ်းချမ်းစွာ ပညာသင် ကြားရေးကို ထိခိုက်ပျက်ပြားစေ ရန် သွေးထိုးလှုံ့ဆော်ဟောပြော ခြင်း၊ နိုင်ငံ့ဝန်ထမ်းများကို ၎င်းတို့ ၏တာဝန်ကိုကျေပွန်စွာ မထမ်း ဆောင်နိုင်စေရန် (သို့မဟုတ်) အစိုး ရအားဆန့်ကျင်ဆန္ဒပြစေရန်သွေး ထိုးလှုံ့ဆော်ဟောပြောခြင်းများ မပြုလုပ်ရန် တားမြစ်ချက်တွင်ပါ ၀င်သည်။
ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး သည် စစ်အစိုးရလက်ထက်က ဒု တိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ဒေါ် အောင်ဆန်းစုကြည်၏ ဟော ပြောမှုအချို့သည် တပ်မတော်ကို ထိခိုက်သည်ဟုဆိုကာ ကော်မရှင် က သတိပေးစာ ပေးပို့ခဲ့ဖူးသည်။ ယင်း အပြင်ကော်မရှင်ဥက္ကဋ္ဌသည် ယခုနှစ်နေပြည်တော်၌ ကျင်းပ သည့် တပ်မတော်နေ့အခမ်းအ နားတွင် စစ်ယူနီဖောင်းအပြည့်အ စုံဖြင့် အခမ်းအနားတက်ရောက် ခဲ့သဖြင့် ဝေဖန်မှုများကြုံတွေ့ခဲ့ရ သည်။ နိုင်ငံရေးပါတီများ၏ မူဝါ ဒသဘောထားလုပ်ငန်းစဉ်များကို ရုပ် သံလိုင်းမှတစ်ဆင့် စည်းရုံးမဲ ဆွယ်ဟောပြောခွင့်ကို စက်တင် ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက် အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည်ဖြစ်သည်။ 7day

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...