Skip to main content

မဲကွဲပြီး ပြိုင်ဆိုင်မှုပါ ပြင်းထန်လာနိုင်တဲ့ ရွေးကောက်ပွဲ

စိုင်းထွန်းအောင်လွင်
အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နှစ်လခွဲလောက်သာလိုတော့တဲ့ အချိန်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့လည်း အပြိုင်အဆိုင် ပြင်ဆင်မှုတွေပြုလုပ် နေခဲ့ပါပြီ။ မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးပေမယ့် မဲဆန္ဒရှင် ပညာပေးအစီအစဉ်လို ကိစ္စတွေအပါအဝင် ခေါင်း စဉ်အမျိုးမျိုးနဲ့ကို စည်းရုံးရေးဆင်းနေကြတာပါ။ အဲဒီအထဲ မှာ အဓိက နိုင်ငံရေးပါတီနှစ်ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ ပါတီတွေလည်း ပါဝင် နေကြပါတယ်။ တစ်နိုင်ငံလုံးမှာ နေရာအများဆုံးယှဉ်ပြိုင် ကြမယ့် ပါတီတွေကလည်း
အဲဒီနှစ်ပါတီပဲဖြစ်ပြီး NLD အနေနဲ့ ပြည်ခိုင်ဖြိုးပါတီထက်တောင် နေရာ ၃ဝ လောက် ပိုများပြီး ပြိုင်မှာလည်းဖြစ်ပြီး မြန်မာစကားမပြောတဲ့နေရာ တွေကအစ ယှဉ်ပြိုင်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်သုံးရပ်နဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ၂၉နေရာအတွက် ၁၁၅၁ဦး ယှဉ်ပြိုင်မှာဖြစ် ပြီး ပြည်ခိုင်ဖြိုးက ၁၁၃၄ ဦး ၊ တစညပါတီက ၇၆၃ ဦး၊ ဒေါက်တာနေဇင်လတ်ဦးဆောင်တဲ့ အမျိုးသားတိုးတက်ရေး ပါတီက ၃၅၄ နေရာ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါ တီက ၂၇၄ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP က ၂၁၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီဖွဲ့ ချုပ်က ၁၅၆ နေရာ စသဖြင့် အစဉ်လိုက်နေရာအများဆုံး ယှဉ်ပြိုင်မယ့်ပါတီတွေအဖြစ် ရှိနေပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲတွေမှာ တောင်ပြိုကမ်းပြိုနိုင်ထားခဲ့ဖူးတဲ့ NLD အနေနဲ့ လည်း ၁ဝဝ ရာခိုင်နှုန်း အနိုင်ရဖို့ ရည်ရွယ်ထားတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၁၈ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြော ဆိုထားပါတယ်။ လေ့လာသူတွေကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းအရတော့ အတိုက်အခံပါတီအနေနဲ့ ယခင် ရွေးကောက်ပွဲတွေလို အပြတ်အသတ်နိုင်ဖို့ မလွယ်လှဘူး လို့ ဆိုကြသလို မဲကွဲနိုင်ခြေရှိနေတယ်လို့လည်း ခန့်မှန်းကြ ပါတယ်။ ဒါ့အပြင် နိုင်ခဲ့ရင်လည်း အခြေခံဥပဒေပါပြဋ္ဌာန်း ချက်တွေအရ ၇၅ရာခိုင်နှုန်းသာ ပြိုင်ရတာဖြစ်တာကြောင့် အစိုးရဖွဲ့နိုင်တဲ့ပမာဏ ရမရဆိုတာကလည်း မေးခွန်းထုတ် စရာဖြစ်နေတယ်လို့ ဆိုကြပါတယ်။
ပါတီကြီးနှစ်ခုကိုရိုက်ခတ်မှုရှိနိုင်တဲ့ လတ်တလောပြဿနာတွေ
-----------------------------------------------------------------------
အဓိကပါတီကြီးနှစ်ပါတီအနေနဲ့ လတ်တလောကာလ အတွင်းမှာကိုပဲ ထင်သာမြင်သာတဲ့ပြဿနာတွေ ဖြစ်ခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ် ရာမှာ ပြည်သူတွေလိုလားတဲ့ ၈၈ မျိုးဆက်တွေကို ချန်လှပ် ထားခဲ့တာ၊ မြို့နယ်အများစုမှာ မြို့နယ်က တင်မြှောက်လို သူတွေပါမလာတာကြောင့် ကန့်ကွက်ဆန္ဒပြပွဲတွေဖြစ်ပေါ် ခဲ့တာတွေက ထင်သာမြင်သာတဲ့ပြဿနာတွေပါ။ ဒါ့အပြင် ဆန္ဒပြတဲ့ပါတီဝင်တွေကိုထုတ်ပယ်ပစ်ခဲ့တာ၊ ပြည်သူတွေဆီ ကမဲရဖို့ အဓိကတာဝန်ရှိတဲ့ အောက်ခြေတာဝန်ရှိသူတွေအ ကြားမှာလည်း နုတ်ထွက်သူတွေထုတ်ပယ်ခံရတာတွေလည်း ဆက်တိုက် ဆိုသလို ဖြစ်လာနေတာပါ။ တစ်ဖက်မှာလည်း NLD ပါတီအနေနဲ့ ရွေးကောက်ပွဲနီးလာလေလေ အမှားတွေ ကို ဆက်တိုက်ကျူးလွန်လေဆိုတဲ့ကိစ္စရပ်တွေလည်း ဖြစ်လာ ခဲ့ပါတယ်။ မဟာမိတ်တိုင်းရင်းသားနယ်မြေတွေပါမကျန် မရှောင်ဘဲနဲ့ အကုန်လိုက်ပြိုင်နေတာ နောက်ပြိုင်ဘက်ပါတီ ဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ မဟာ မိတ်စစ်တွေဖြစ်တယ်ဆိုပြီး ထုတ်ဖော်ပြောဆိုမှုတွေကြောင့် လည်း နိုင်ငံရေးအသိုင်းအဝိုင်းနဲ့စောင့်ကြည့်နေတဲ့ ပြည်သူ အချို့ကို စိတ်ပျက်ဖွယ်ဖြစ်စေတယ်လို့ဆိုကြပါတယ်။
''အနေအထားအရ NLD က အစိုးရဖွဲ့ဖို့ဆိုရင် ပြည် သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းမှာ ၃၃၃ နေရာနဲ့အထက် အနိုင်ရဖို့လိုနေတယ်။ အရပ်သားတွေအ တွက် ၄၉၈ နေရာရှိတဲ့အထဲမှာ ၃၃၃ ဆိုတာက ၆၇ရာခိုင် နှုန်းအထက်ရမှဖြစ်ပါတယ်။ အဲဒီအနေအထားကို ရနိုင်ပါ့ မလား။ အခုဆိုရင် ကျွန်တော်ခန့်မှန်းမိသလောက် ဥပမာဆို ပါစို့ အရင် ၂ဝဝ လောက်ရနိုင်တဲ့အနေအထားကနေ ၁၆ဝ လောက်ပဲရနိုင်တဲ့အခြေအနေအထိ မဲဆန္ဒနယ်နေရာရရှိ နိုင်မှုတွေမှာ ထိခိုက်လာနိုင်တယ်''လို့ မြန်မာ့နိုင်ငံရေးလေ့ လာသူ ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုပြောဆိုပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တွက်ရင် ၈၂ ရာခိုင်နှုန်းလောက်ကို အနိုင်ရခဲ့တာပါ။ လွှတ်တော်တစ်ရပ် တည်းသာ ပြိုင်ခဲ့ရတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက် မဲဆန္ဒနယ် တနယ်ကို (၁) (၂) ဆိုပြီးသတ်မှတ်ခဲ့ပြီး ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲက ၁၉၈၈၊ ရှစ်လေးလုံးအ ရေးတော်ပုံကာလရဲ့အရှိန်တွေက ပါနေခဲ့တာကြောင့်လည်း အဲဒီလောက်ကို အပြတ်အသတ်နဲ့ အနိုင်ရခဲ့တာလည်းဖြစ် တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ လတ်တလောပါတီ အတွင်းဖြစ်ပွားခဲ့တဲ့ ခေါင်းဆောင်အပြောင်းအလဲကြောင့် အနည်းနဲ့အများဆိုသလို ပုံရိပ်ထိခိုက်စေခဲ့တာ ငြင်းမရနိုင် တဲ့ကိစ္စရပ်ပါပဲ။ ဒါပေမဲ့လည်း ဦးရွှေမန်းကိုဖြုတ်ချရတဲ့အ ကြောင်းအရင်းထဲမှာ ပြိုင်ဘက်ပါတီနဲ့ မဟာမိတ်ဖွဲ့တာဆို တဲ့ အကြောင်းပြချက်ပါဝင်ပါတယ်။ နိုင်ငံရေးအရ လက်ဦးမှု ရယူတယ်ဆိုပြီး မြင်နေကြတာပါ။ တချို့ကလည်း ဒုသမ္မတ တင်စရာ ထင်ပေါ်တဲ့လူသိပ်မရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၈၈ မျိုးဆက်တွေကို ဖယ်ထုတ်မှုကနေ အစပြုလို့ သမ္မတဖြစ်ရေးရည်မှန်းချက်ကြီးလွန်းတဲ့ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးအထိ ဆက်စပ်နေ တယ်ဆိုပြီး ခန့်မှန်းပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
ပါတီခေါင်းဆောင်အပြောင်းအလဲကြောင့် သူရဦးရွှေ မန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ မဟာဗျူဟာရည်ရွယ် ချက်တွေ အနည်းနဲ့အများဆိုသလို ထိခိုက်မှုရှိလာနိုင်တယ် လို့ လေ့လာသူတွေက ဆိုကြပါတယ်။
တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းနိုင်မှု မဟာမိတ်ဖွဲ့နိုင်မှု အခြေအနေ
---------------------------------------------------------------------------------
တိုင်းရင်းသားနယ်မြေတွေကိုကြည့်ရင်လည်း တိုင်းရင်း သားမျိုးနွယ်စုကို တစ်ခုကို နှစ်ပါတီလောက်ကိုဖြစ်နေတာ ပါ။ ယေဘုယျခွဲကြည့်မယ်ဆိုရင် ၉ဝ ရွေးကောက်ပွဲကာလ ကထူထောင်ခဲ့တဲ့တိုင်းရင်းသားပါတီတွေနဲ့ ၂ဝ၁ဝ ရွေးကောက် ပွဲကာလနဲ့ အဲဒီနောက်ပိုင်းကာလတွေမှာထူထောင်ခဲ့တဲ့ ပါတီ တွေဆိုပြီးခွဲခြားနိုင်ပါတယ်။ ၉ဝ ရွေးကောက်ပွဲမှာအနိုင်ရ ခဲ့တဲ့ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် SNLD လိုပါတီအများစုကတော့ အစဉ်အလာအရ ဆိုရင်တော့ြီူ ရဲ့မဟာမိတ်တွေပါပဲ။ ဒါပေမဲ့ အခုအနေ ထားအရတော့ မသေချာတော့ပါဘူး။ ဒါကလည်း NLD ရဲ့တိုင်းရင်းသားရေးရာမူဝါဒကြောင့် ဖြစ်တယ်ဆိုပြီးဆိုကြ ပါတယ်။ တိုင်းရင်းသားပါတီတွေများနေတဲ့အချိန်မှာ NLD အနေနဲ့ မဟာမိတ်ဟောင်းတွေနဲ့ ရှောင်ရှားပေးခြင်းမရှိဘဲ ထိပ်တိုက်ပြိုင်တဲ့သဘောမျိုး ဖြစ်နေတဲ့အတွက်ပါ။
၂ဝ၁ဝ မှာနိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ်လို တိုင်းရင်းသားပါတီတွေကတော့ အစိုးရပြည် ခိုင်ဖြိုးတို့ရဲ့ မဟာမိတ်တွေဖြစ်တယ်လို့ နီးစပ်သူတွေကပြော ကြပါတယ်။ တချို့နေရာတွေမှာ ထိပ်တိုက်ပြိုင်နေသလိုထင် ရပေမယ့် အရေးကြီးတဲ့နေရာတော်တော်များများကို ညှိနှိုင်း ကာ ရှောင်ရှားမှုတွေပြုလုပ်ပြီး ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တစ် ဦးရဲ့ အောင်နိုင်ရေးမန်နေဂျာအဖြစ် ဆောင်ရွက်နေသူတစ်ဦး က ပြောပါတယ်။
လတ်တလောအနေအထားအရဆိုရင် NLD ထက် ပြည်ခိုင်ဖြိုးက တိုင်းရင်းသားမဟာမိတ်ပိုများနေပြီး နဂို NLD ရဲ့ မဟာမိတ်ဟောင်းတိုင်းရင်းသားပါတီတွေကပါ NLD အပေါ် ဝေဖန်မှုတွေရှိနေတာ့ NLD ဆီကမဲတွေကို ထိပ် တိုက်ပြိုင်ပြီး မဲတွေရယူကြမယ့်အနေအထားတွေပါ တွေ့မြင် နေရတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး က ပြောပါတယ်။
၁၉၅၈-၆ဝ ကာလတွေကို သတိရစေ
---------------------------------------------
ပါတီပေါင်း ၉ဝကျော်လောက် ဝင်ပြိုင်ဖွယ်ရှိနေတဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၆ဝဝဝကျော်က ဝင် ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ တိုင်းရင်းသားမဲဆန္ဒနယ် ကလည်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ် ရပ်ပေါင်းမှာ စုစုပေါင်း ၂ဝ၈ နေရာရှိတာကြောင့် တိုင်းရင်း သားမဲဆန္ဒနယ်အရေအတွက်က တော်တော်များတဲ့ပမာဏ လို့ ဆိုရမှာပါ။
ပြည်ထောင်စုလွှတ်တော်မှာ (အမျိုးသားနဲ့ပြည်သူ့ကိုယ် စားလှယ်) အရပ်သားတွေအတွက် ၄၉၈ ရှိပြီး တပ်မတော် သားကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်ရင် ၆၆၄ ဦးရှိပါတယ်။
တိုင်းရင်းသားတွေက ၉ဝ တုန်းက တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ၁၃ ရာခိုင်နှုန်းလောက် နိုင်တယ်။ ၂ဝ၁ဝ တုန်းက လွတ်လပ်တရားမျှတမှုမရှိတာတောင် ၁၃ ရာခိုင်နှုန်းလောက် ရတယ်။ အခုက နိုင်ငံရေးသြဇာရှိတဲ့ ၉ဝ တုန်းက နိုင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေလည်း အားကောင်းကောင်းနဲ့ ပြန် ပါလာတာကြောင့် အနည်းဆုံး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ အနိုင်ရခြေက ၂ဝ ရာခိုင်နှုန်းအထက် ဖြစ်လာဖို့ရှိနေတယ်။ အခန့်မသင့်ရင် ၂၅နဲ့ ၃ဝ ရာခိုင်နှုန်းလောက်တောင် နိုင် သွားနိုင်တယ်။ ပြည်မက နိုင်ငံရေးပါတီတွေကို စိတ်ပျက် လာနိုင်တာကြောင့် ပိုလျော့သွားဖို့မရှိဘဲ ပိုပြီးတိုးလာနိုင် တာတောင် တွေ့ရတယ်လို့ ဒေါက်တာရန်မျိုးသိမ်းက ခန့် မှန်းပြောဆိုပါတယ်။
တိုင်းရင်းသားဒေသတွေက မဲဆန္ဒနယ်တွေကို ကြည့် မယ်ဆိုရင် ရှမ်းပြည်နယ်က အဓိကကျပါတယ်။ မြို့နယ် ပေါင်း ၅၄မြို့နယ်ရှိပြီး လွှတ်တော်သုံးရပ်စလုံးပေါင်းလိုက် ရင် မဲဆန္ဒနယ်စုစုပေါင်း ၁၆၆ နေရာရှိတာကြောင့် ဖြစ်ပါ တယ်။ အစိုးရဖွဲ့ဖို့ အရေးပါတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည် သူ့လွှတ်တော် နှစ်ရပ်ပေါင်းမှာတင် ၆၆နေရာလောက် ရှိ နေတာပါ။ ရှမ်းတိုင်းရင်းသားပါတီတွေအနေနဲ့ တခြားမဲရ နိုင်တဲ့ ဒေသတွေအဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအ ထက်ပိုင်း၊ မန္တလေးတိုင်းထဲက မြို့နယ်အချို့ စသဖြင့် ရှမ်း တိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့နယ်တွေရှိနေတာလည်း တွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအေးမောင်ကျော်က တော့ တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကြောင့် ဦးနုဦးဆောင် တဲ့ သန့်ရှင်းဖဆပလ အနိုင်ခဲ့ရတာမျိုး အခုလာမယ့်ရွေး ကောက်ပွဲမှာ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
ရှမ်းအမတ်တွေ တိုင်းရင်းသားအမတ်တွေရဲ့မဲနဲ့ ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလကပြန်နိုင်သွားတာမျိုး မဖြစ် နိုင်ဘူးလို့လည်း မပြောနိုင်ဘူး။ အခုအချိန်မှာ အဲလိုဖြစ်လာ ဖို့ အလားအလာတွေလည်း တွေ့နေရပါတယ်လို့ ဦးအေး မောင်ကျော်က သုံးသပ်ပါတယ်။
၁၉၅၈မှာ ဦးနုဦးဆောင်တဲ့ ဖဆပလကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ဦးဆောင်တဲ့ ဆွေ-ငြိမ်းအဖွဲ့က လွှတ်တော် မှာ အယုံအကြည်မရှိအဆို တင်သွင်းခဲ့ပါတယ်။ မဲခွဲဆုံးဖြတ် ခဲ့ရာမှာ ဦးနုဦးဆောင်တဲ့ နု-တင်အုပ်စုဘက်က ၁၂၇ မဲ ဆွေ-ငြိမ်း အုပ်စုဘက်က ၁၁၉မဲနဲ့ ၈မဲအသာနဲ့ အနိုင်ရခဲ့ တာပါ။ ဦးနုဟာ ဖဆပလအတွင်း ထောက်ခံမှုကျဆင်းလာ တာကြောင့် အာဏာဆက်လက်တည်မြဲရေးအတွက် ပမညတ နဲ့ တိုင်းရင်းသာတွေကို အပေးအယူလုပ် မဟာမိတ်ဖွဲ့တာ တွေ လုပ်ခဲ့ရပါတယ်။ ဥပမာအားဖြင့် ပမညတအမတ်တွေ ကို ဝန်ကြီးနေရာတွေပေးခဲ့ရပြီး မွန်နဲ့ရခိုင်အမတ်တွေကို လည်း ပြည်နယ်ပေးပါမယ်ဆိုတဲ့ ကတိတွေပါ။ ဒါ့အပြင် ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲပေးမယ်ဆိုတဲ့ ကတိတွေလည်း ပေးခဲ့ရပါတယ်။ အဲဒါကြောင့် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးဆိုင်ရာ ညီလာခံတွေကို အဲဒီနောက်ပိုင်း မှာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလိုထောက် ခံမှုတွေက တစ်ဆင့်ပဲ ၁၉၆ဝ ရွေးကောက်ပွဲမှာ ဦးနုဦးဆောင် တဲ့ သန့်ရှင်းဖဆပလပါတီက ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ ဦး ဆောင်တဲ့ တည်မြဲဖဆပလအဖွဲ့ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဦးနေဝင်း အာဏာသိမ်းလိုက်တဲ့အတွက် အကောင်အထည် ဖော်မှုမှာ ဆက်ဖြစ်လာတာ မဖြစ်လာတာက တစ်ပိုင်းပါ။
အခုလည်း တိုင်းရင်းသား မဲဆန္ဒနယ်တွေက အနိုင် ရလာတဲ့ တိုင်းရင်းသားပါတီတွေ အနေနဲ့လည်း ငြိမ်းချမ်း ရေး၊ တိုင်းရင်းသားအခွင့်အရေးတွေအတွက် အစိုးရဖွဲ့မယ့် သူတွေနဲ့ ခိုင်ခိုင်မာမာ အပေးအယူလုပ်လာမှာဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည်မကပါတီတွေကို အကြိတ် အနယ် ရင်ဆိုင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ ဦးအေးမောင် ကျော်က သုံးသပ်ပါတယ်။
လက်ရှိအနေအထားအရတော့ လွှတ်တော်အတွင်း သမ္မတလောင်းရွေးချယ်မှုနဲ့ အစိုးရဖွဲ့မှုတွေမှာ တပ်မတော် သား ၂၅ရာခိုင်နှုန်းကလည်း ပါဝင်ဆုံးဖြတ်ပေးရမှာဖြစ်တဲ့ အတွက် တပ်မတော် ၂၅ရာခိုင်နှုန်းနဲ့ အပေးအယူလုပ်လာ နိုင်မှုအပေါ်လည်း ထည့်စဉ်းစားရမှာဖြစ်ပါတယ်။
ပြည်မမှာလည်း မဲကွဲ မဲပြန့်လာနိုင်တဲ့အခြေအနေအချို့ရှိနေ
----------------------------------------------------------------------
တိုင်းဒေသကြီးခုနစ်ခုနဲ့ နေပြည်တော်ကို အခြေခံတဲ့ ပြည်မဒေသတွေမှာလည်း မဲကွဲမဲပြန့်လာနိုင်တဲ့အခြေအနေ တွေ မြင်တွေ့နေရတယ်လို့ ဆိုကြပါတယ်။ အကြောင်းအ ရင်းတွေကတော့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ များပြားလွန်းတာ၊ နောက်တစ်ချက်ကတော့ NLD ရဲ့ကိုယ် စားလှယ်လောင်း ရွေးချယ်မှုအချို့က သက်ဆိုင်ရာမြို့ခံတွေ ရဲ့ သဘောဆန္ဒတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ဒေသခံလူ ထုထောက်ခံသူတချို့က တစ်သီးပုဂ္ဂလအနေနဲ့ ပြန်ပြိုင်ဖို့ လုပ်လာကြတာ အပါအဝင် မဲကွဲမဲပြန့်နိုင်တဲ့အလားအလာ အချက်တွေလည်း ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။ တချို့နေရာတွေမှာလည်း အကြိတ်အနယ် ရှိလာနိုင်တာ လည်း တွေ့ရပါတယ်။ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စား လှယ်အများဆုံးပြိုင်မယ့် မြို့ကတော့ လှိုင်သာယာမြို့နယ် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁၃ဦးက ယှဉ်ပြိုင်ကြမှာဖြစ် ပါတယ်။ အမျိုးသားလွှတ်တော်အတွက်ကတော့ ရန်ကုန် တိုင်း အမှတ်(၃) အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် သြဇာတိက္ကမကြီးမားတဲ့ပုဂ္ဂိုလ်တွေ၊ မြို့ခံ တွေနဲ့ ရင်းနှီးပြီး ထောက်ခံမှုရထားတဲ့သူတွေကလည်းြီူ မဟုတ်တဲ့ တခြားပါတီတွေကနေဖြစ်ဖြစ် တစ်သီးပုဂ္ဂလပဲ ဖြစ်ဖြစ် ပြိုင်ဆိုင်မှုတွေ ရှိလာဦးမှာဖြစ်ပါတယ်။
ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်ပြီး မဲကွဲနိုင်တယ်
------------------------------------------------------
လွတ်လပ်ပြီး တရားမျှတမှုတော့ ၂ဝ၁ဝထက်ပိုပြီး ရှိ လာနိုင်ပေမယ့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသတွေ ရှိနေဆဲဖြစ်တာ။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးတာ၊ အဲဒီကနေ တစ်ဆင့် လုပ်တတ်ကိုင်တတ်သူတွေ မဲရလာနိုင်တာ၊ မဲစာ ရင်းပြဿနာကြောင့် အားလုံးမဲပေးခွင့်ရပါ့မလား စတဲ့ကိစ္စ တွေကလည်း အဓိက အတိုက်အခံပါတီအတွက် မဲလျော့ကျ နိုင်ခြေရှိနေတဲ့ ကိစ္စတွေလို့ ဆိုကြပါတယ်။ ဒါ့အပြင် ပြည် ခိုင်ဖြိုးပါတီအတွင်း ခေါင်းဆောင်အပြောင်းအလဲကိစ္စက ပဋိညာဉ်မရှိ သဘောတူညီချက်မရသေးဘဲသွားနေတဲ့ မြန် မာ့နိုင်ငံရေးအတွက် အချက်ပြခေါင်းလောင်းသံ ဖြစ်တယ် လို့ ဦးအေးမောင်ကျော်က ပြောပါတယ်။
ရွေးကောက်ပွဲက ၂ဝ၁ဝ ထက်စာရင်တော့ အများကြီး လွတ်လပ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်လွတ်လပ် မလဲ တရားမျှတမလဲဆိုတာကလည်း တချို့နေရာတွေမှာ မေးခွန်းထုတ်စရာဖြစ်နေဆဲပဲ။ အားလုံး ပါးပါးနပ်နပ်ရှိဖို့ လည်းလိုတယ်လို့ ဦးအေးမောင်ကကျော်က ပြောပါတယ်။ လေ့လာသူအချို့ကတော့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အကူးအပြောင်းကာလတစ်ရပ်အတွက် အရေးပါတဲ့ ရွေး ကောက်ပွဲဖြစ်တဲ့အတွက် အနိုင်ရရှိပြီး တစ်ဖက်နဲ့တစ်ဖက် ဖြတ်နိုင်ရေးထက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦး တည်သင့်တယ်လို့ ဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲမှာ ၁ဝဝ ရာခိုင်နှုန်း အနိုင်ရရေးက အရေးကြီးတယ်လို့ နေပြည် တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထား ပါတယ်။
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးကတော့ ''ကျွန်တော့်အမြင်အရဆိုရင် ရွေးကောက်ပွဲမှာ မဲကတော့ ကွဲနိုင်တယ်၊ ပြိုင်ဆိုင်မှု ပြင်းထန်မလားဆိုတာကတော့ ပြည် နယ်တွေမှာက သေချာပေါက်ပြင်းထန်ပါလိမ့်မယ်''လို့ သုံး သပ်ပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video