Skip to main content

တောင်ပြိုကမ်းပြို အစိုးရဖွဲ့နိုင်ရေးနှင့် နိုင်ငံရေးရှေ့ခရီး


၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အလွန်နိုင်ငံရေးအ  ခင်း အကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီများ အနေဖြင့် တောင်ပြိုကမ်းပြို အနိုင်ရရှိမှသာ အစိုးရဖွဲ့စည်းနိုင်ပြီး အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ ငြိမ်းချမ်းရေး၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးတို့ကို  အားပြုဦးဆောင် နိုင်မည်ဖြစ်သည်။ တောင်ကမ်းမ ပြိုလျှင် နိုင်ငံရေးတွင် အလွမ်းပိုရ မည်သာဖြစ်သည်။ သို့ဖြစ်၍ ဒီ ချုပ်သည် မိတ်ဆွေတိုင်းရင်းသား ပါတီများ၊ ဒီမိုကရက်တစ်ပါတီ များနှင့် ကျောချင်းကပ်လျက် တောင်ကမ်းပြိုရေး လမ်းဖောက်ရ မည်ဖြစ်သည်။
ရှုပ်ရှုပ်ထွေးထွေးနိုင်ငံရေး အခြေအနေ၊ နိုင်ငံရေးပါတီများ၏ ညီအစ်ကို မသိတသိအခြေအနေ နှင့် ထိလွယ်ရှလွယ် မဲဆွယ်စည်း ရုံးရေးကာလတို့ ၀န်းရံထားသည့် ၂၀၁၅ ခုနှစ်
အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေဖြင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ နှင့်မတူ တစ်မူထူးခြားသည့် စိန် ခေါ်မှုများ၊ အကျပ်အတည်းများ ကို မလွဲမသွေရင်ဆိုင်ရနိုင်ဖွယ်ရှိ သည်။ သို့ဖြစ်၍ ဒီချုပ်သည် ပါတီ တွင်း နိုင်ငံရေး ကိုယ်ခံအား ကောင်းရေးနှင့် ပါတီပြင်ပစည်း ရုံးရေးမြှင့်တင်ရေးတို့ကို စနစ်တ ကျဖော်ဆောင်နိုင်မှသာ တော်ရုံ ကျမည်ဖြစ်သည်။
ဒီချုပ်ဗဟိုခေါင်းဆောင်များ အနေဖြင့် ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်ကြောင့် တောင်ပြို ကမ်းပြို အနိုင်ရရှိလိမ့်မည်ဟူ သော လှေနံဓားထစ်အမြင်ကို ဖောက်ထွက်စဉ်းစား၊ စီမံချက်ချ၊ ပြင်ဆင်သင့်သည်။ ပကတိအ ခြေအနေကို အဂတိကင်းကင်း၊ ဆန်းစစ်သုံးသပ်နိုင်မှသာ ရွေး ကောက်ပွဲအောင်နိုင်ရေးစီမံချက် နှင့်ဗျူဟာများသည်အလုပ်ဖြစ်နိုင် ခြေရှိသည်။ မဲဆန္ဒရှင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု၊ ယုံကြည်မှု အား ကောင်းလင့်ကစား ၁၉၉၀ ပြည့် နှစ်နှင့် ၂၀၁၂ ခုနှစ် အခင်းအကျင်း တို့နှင့်နှိုင်းယှဉ်လျှင် ဒီချုပ်အပေါ် ထောက်ခံမှုနှင့် စိတ်ဝင်စားမှု အ တန်အသင့် လျော့ပါးနေသည့် အ ရှိတရားကို လက်ခံရမည် ဖြစ် သည်။ ဒီချုပ်အနေဖြင့် ရွေး ကောက်ပွဲ တောင်ပြိုကမ်းပြိုအနိုင် ရရန် ဒေါ်အောင်ဆန်းစုကြည်အ ပေါ် လုံးလုံးအမှီသဟဲပြုရေးဖြစ် နိုင်ခြေနည်းပါးလာနေသည့် အ ခင်းအကျင်းသည် နိုင်ငံရေးဆေး ခါးကြီးဖြစ်လင့်ကစား မျက်ကွယ် ပြုမထားသင့်ပေ။
ဒီချုပ်နှင့် ဒေါ်အောင်ဆန်းစု ကြည်အပေါ် တောင်ပြိုကမ်းပြို လူထုထောက်ခံမှု လျော့ပါးလာ နေသည်ကို ကနဦးလက်ခံပြီး အ ကြောင်းရင်းများကို ဆန်းစစ်သုံး သပ်ရမည်ဖြစ်သည်။ ထို့နောက် စိန်ခေါ်မှုသစ်များနှင့် ဆက်စပ် သော ဗျူဟာသစ်များကို ရေးဆွဲ ပြင်ဆင်ရမည်ဖြစ်သည်။ သို့မ ဟုတ်လျှင်အနာတခြား၊ ဆေးတ ခြားဖြစ်နိုင်ဖွယ်ရှိသည်။ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း  လူ့အဖွဲ့အစည်း၏ ကိုယ်စားလှယ် လောင်း အားလုံးနီးပါးကို ဘေး ဖယ်ထားခဲ့မှုအပါအ၀င် လတ်တ လောလွှတ်တော်ကိုယ်စားလှယ် လောင်းများ ရွေးချယ်မှု အရှုပ်အ ထွေးနှင့် အမျိုးသားပညာရေး ဥပ ဒေကို ဆန့်ကျင်သည့်ကျောင်း သားလှုပ်ရှားမှုများအပေါ် နိုင်ငံ ရေးအရ အေးစက်စက် တုံ့ပြန်မှု တို့သည် ဒေါ်အောင်ဆန်းစုကြည် နှင့်ဒီချုပ်ပါတီကို နိုင်ငံရေးအရ ထိခိုက်ပွန်းပဲ့စေခဲ့သည်။ လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ် ရေးအရ လေးစားတန်ဖိုးထားသူ အချို့သည်ပင် ဆန္ဒမဲပေးရန် တွန့် ဆုတ်လျက်ရှိနေသည်။ ၂၀၁၅ ခု နှစ်ရွေးကောက်ပွဲအလွန် အစိုးရ အပြောင်းအလဲအတွက် ဒေါ် အောင်ဆန်းစုကြည်နှင့်ဒီချုပ်ကို မဲပေးရန်မှတစ်ပါး အခြားနည်း လမ်းမရှိဟု အပြည့်အ၀ယုံကြည် ခဲ့သူအချို့သည် မဲရုံများကို ကျော ခိုင်းဖို့အထိ စဉ်းစားလာနေကြ သည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ အကြိုကာလတွင် ဒေါ်အောင် ဆန်းစုကြည်၊ ဒီချုပ်ပါတီတို့သည် တိုင်းရင်းသားပါတီများ၊ ဒီမိုက ရက်တစ်ပါတီများနှင့် ဆက်ဆံ ရေးလျော့ရဲလာပြီး နိုင်ငံရေးမဟာ မိတ်မူဝါဒများ၊ေ၀၀ါးထွေပြား လာသည့်အလျောက် အားမလို အားမရဖြစ်မှုများ မြင့်မားလျက် ရှိသည်။ နိုင်ငံရေးအကျဉ်းအကျပ် ကာလတွင် ကျောချင်းကပ်ရပ် တည်ခဲ့ပြီး  လက်ချင်းချိတ် တိုက် ပွဲဝင်ခဲ့သည့် ညီညွတ်သောတိုင်း ရင်းသားများ မဟာမိတ်အဖွဲ့ဝင် (ယူအင်န်အေ)ကဲ့သို့ တိုင်းရင်း သားရဲဘော်ဘက်များနှင့်ဆက်ဆံ ရေးအေးစက်လာမှုသည်လည်း စိတ် ပျက်ဖွယ်ဖြစ်နေသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒသ ဘောထားကောက်ယူမှုတွင်ကျော ချင်းကပ် လက်ချင်းချိတ်ရပ်တည် ခဲ့သော ၈၈ ငြိမ်းပွင့်များကို သစ် ခုတ်သမားများအဖြစ် ရည်ညွှန်း သတ်မှတ်ခဲ့သည်မှာလည်း နိုင်ငံ ရေးအရ ဆို့နင့်ဖွယ်ပင်ဖြစ်သည်။
ဒီချုပ်နှင့်ဒေါ်အောင်ဆန်းစု ကြည်တို့သည် ကိုယ့်တပ်ကိုယ် ပြန်နင်းနေပြီလားဟု မေးခွန်း ထုတ်ရမည်ဖြစ်သည်။ ဒီချုပ်ပါတီ ၏ အောက်ခြေပါတီခေါင်းဆောင် များနှင့် ပါတီကော်မတီများ၏ အ ဆုံးအဖြတ်များ၊ အသံများ၊ ဆန္ဒ များကို လုံးလုံးမျက်ကွယ်ပြုခဲ့ခြင်း သည် အဆိုးရွားဆုံး အခင်းအ ကျင်းပင်ဖြစ်သည်။ ဒေါ်အောင် ဆန်းစုကြည်အပါအ၀င် ဒီချုပ်ဗ ဟိုခေါင်းဆောင်များသည် နိုင်ငံ ရေးအမှားကို မမြင်နိုင်သည့်အ ပြင် အမှားကိုဖာထေးရင်း အမှား အပေါ် အမှားဆင့်ကာ မှားသ ထက်မှားလာနေသည်မှာ နိုင်ငံ ရေးအဆိုးသံသရာထဲ တ၀ဲလည် လည် ဖြစ်ခြင်းဟုပင်ဆိုနိုင်သည်။
ရွေးချယ်စရာလုံးလုံးမရှိ သည့် မျက်မှောက်နိုင်ငံရေးအခင်း အကျင်းသည် မဲဆန္ဒရှင်ပြည်သူ လူထုကိုကျဉ်းထဲကျပ်ထဲကျရောက် စေခဲ့သည်။ လာမည့်ရွေးကောက် ပွဲတွင် သမ္မတရွေးကောက်နိုင် သည်အထိ နိုင်ငံရေးပခုံးချင်းယှဉ် နိုင်မည့်ပါတီကြီးနှစ်ခုမှာ အာဏာ ရပြည်ခိုင်ဖြိုးပါတီနှင့် ဒီချုပ်ပါတီ ရှိသည့်အလျောက် မြန်မာ့နိုင်ငံ ရေး၏ ရွေးချယ်နိုင်မှုသည် သုံးခု တစ်ခုရွေး၊ လေးခုတစ်ခုရွေးမ ဟုတ်သည့် နှစ်ခုတစ်ခုရွေး အ ခင်းအကျင်း ဖြစ်နေသည်။ ရွေး ကောက်ပွဲအလွန် အစိုးရဖွဲ့စည်း ရေးတွင် ပြည်ခိုင်ဖြိုးဘက်ရပ်မ လား၊ ဒီချုပ်ဘက်ရပ်မလားပြတ် ပြတ်သားသား မေးခွန်းထုတ်ရမည့် ကာလဟုဆိုသော်လည်း ပြည်ခိုင် ဖြိုးနှင့် ဒီချုပ်ပေါင်းအစိုးရဖွဲ့နိုင် ခြေ၊ ပြည်ခိုင်ဖြိုးသင်းကွဲနှင့် ဒီချုပ် ပေါင်းအစိုးရဖွဲ့နိုင်ခြေတို့ကိုမဖြစ် မနေထည့်တွက်ရမည်ဖြစ်သည်။ နိုင်ငံရေးက ကြက်ဥအယောင် တိမ်တောင်သဖွယ် မင်းရေးကြွယ် သည်ဟုပင် အနုလုံပဋိလုံ ဆင် ခြင်မိသည်။
ဒီချုပ်ပါတီသည် တိုင်းရင်း သားပါတီများနှင့်ပတ်သက်သော မူဝါဒအပိုင်းတွင် အားနည်းချည်နဲ့ နေဆဲဖြစ်သည်။ ရွေးကောက်ပွဲအ ကြိုကာလတွင် တိုင်းရင်းသား ပါ တီများနှင့် မဟာဗျူဟာမိတ်ဖွဲ့ စည်းလျက် ပြည်နယ်မဲဆန္ဒနယ် များတွင် သူနိုင်ကိုယ်နိုင်မူချမှတ် ယှဉ်ပြိုင်နိုင်ခြင်းမရှိသည်ကို သ တိပြုမိသည်။ ပါတီကြီးများ၏ တိုင်းရင်းသား ကိုယ်စားလှယ် ထက် တိုင်းရင်းသားပါတီကိုယ် စားလှယ်များ အနိုင်ရရှိရေးကို မြေတောင်မြှောက်ပေးနိုင်သည့် နိုင်ငံရေးအရ အမြင်ကျယ်မှုနှင့် သဘောထားကြီးမှုတို့သည် လစ် ဟာနေဆဲဖြစ်သည်။ မိတ်ဆွေ တိုင်းရင်းသားပါတီများနှင့် နိုင်ငံ ရေးအရ မဟာမိတ်ပြုလျက် လွှတ်တော်တွင်း နိုင်ငံရေးကိုဟန် ချက်ညီညီ စည်းဝါးကိုက် ဖော် ဆောင်နိုင်းခြင်းမရှိသရွေ့ ပြည် သူကို မျက်နှာမူသော နိုင်ငံရေး သည် ဝေးသည်ထက်ဝေးနေဦး မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၃၃၃ ဦး အနိုင်ရရှိမှသာ သမ္မတရွေးချယ် ရန်နှင့် အစိုးရဖွဲ့စည်းနိုင်ရန် ရေ ရာသေချာမည်ဖြစ်သည်။ ၃၃၃ ဦး မပြည့်မီလျှင် ဒီချုပ်အနေဖြင့် တိုင်းရင်းသားမိတ်ဆွေပါတီများ (သို့မဟုတ်) တပ်မတော် (သို့မ ဟုတ်) ပြည်ခိုင်ဖြိုးပါတီနှင့်ပူး ပေါင်း၍ အစိုးရဖွဲ့နိုင်ရေးပြင်ဆင် ရမည်ဖြစ်သည်။ ရွေးကောက်ပွဲ အလွန်ကျဉ်းထဲကျပ်ထဲ ကာလ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့် တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များနှင့် မ ဟာမိတ်ပြုရပ်တည်လျက် အား လုံးပါဝင်သည့် အမျိုးသားအစိုးရ ပုံစံ ဖွဲ့စည်းနိုင်ရေးကိုမျက်မှောက် ပြုသင့်သည်။
အကယ်စင်စစ် ဒီချုပ်အနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်ဦး ရေ ၃၃၃ ဦးပြည့်မီရန် ပြိုင်ဘက် ပါတီများထက် လေးငါးဆယ် လှမ်း ပိုလှမ်းရဖွယ်ရှိသည်။ ကိုယ် စားလှယ်လောင်းရွေးချယ်မှုကို အကြောင်းပြုလျက် ပါတီတွင်း အမြင်သဘောထားကွာဟမှုများ၊ နိုင်ငံရေးဘ၀င်မကျဖြစ်မှုများ၊ မ ကျေလည်မှုများကို အချိန်မီကုစား နိုင်ခြင်းမရှိလျှင် ဒီချုပ်ပါတီ၏ အ နိုင်ရရှိနိုင်ခြေသည် ကျွမ်းထိုး မှောက်ခုံဖြစ်နိုင်ဖွယ်ရှိနေသည်။ လက်ငင်း နိုင်ငံရေးအလွဲများကို မှန်မှန်ကန်ကန်ပြန်လည်သုံးသပ်၊ ပြုပြင်နိုင်ခြင်းမရှိလျှင် ဒီချုပ်သည် လာမည့်ရွေးကောက်ပွဲတွင် ကိုယ် စားလှယ်နှစ်ရာဝန်းကျင်သာ အ များဆုံး အနိုင်ရရှိနိုင်ခြေရှိပြီး၊တောင်ပြိုကမ်းပြို အောင်ပွဲ၊ အစိုး ရဖွဲ့နိုင်ရေးတို့နှင့် လမ်းလွဲနိုင်ခြေ ရှိသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်နယ်မဲဆန္ဒနယ် များတွင် တိုင်းရင်းသားပါတီများ နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင်ယှဉ်ပြိုင်မှု အ ပြင်းထန်ဆုံးဖြစ်နိုင်သည်။မကွေး၊ စစ်ကိုင်း၊ ဧရာဝတီနှင့် တနင်္သာ ရီတိုင်းဒေသကြီးများတွင် ဒီချုပ် ပါတီအနေဖြင့် မမျှော်လင့်သော စိန်ခေါ်မှုကြီးများနှင့်ရင်ဆိုင်ရဖွယ်ရှိနေသည်။ မဲပေးပိုင်ခွင့်ရှိသူ အချိုးအစားအနေဖြင့် ကျေးလက်ဒေသ တွင် ၇၀ ရာခိုင်နှုန်းရှိပြီး မြို့ပြ ဒေသတွင် ၃၀ ရာခိုင်နှုန်းဖြစ်သ ဖြင့် လာမည့်ရွေးကောက်ပွဲအနိုင် အရှုံးသည် ကျေးလက်ဆန္ဒမဲအ ပေါ်တွင် တည်မှီမည်ဖြစ်သည်။ မြို့ကြီးများမှလွဲ၍ အခြားမြို့များ နှင့် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်များ အနိုင်အရှုံးသည် ကျေးရွာမဲဆန္ဒရှင်များ၏ ဆန္ဒမဲ အပေါ်တွင် တည်မှီမည်ဖြစ်သည်။ စားဝတ်နေရေးဝန်ထုပ်ဝန်ပိုး ကြီး မားပြီး အကြောက်တရားမြင့်မား နေဆဲဖြစ်သော ကျေးလက်ပြည် သူလူထု၏ အသည်းကြားက မဲ များများရရှိသောပါတီသည်ကိုယ် စားလှယ်နေရာအများစု အနိုင်ရရှိ ဖွယ်ရှိသည်။
အနှစ်ချုပ်ဆိုရသော် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီတွင်းအနေအထားများကို အရှိအတိုင်း သုံးသပ်ဆန်းစစ်ရန် တွန့်ဆုတ်နေမည်ဆိုလျှင် ရွေး ကောက်ပွဲမတိုင်မီ ပြင်နိုင်သရွေ့ ပြင်ဆင်ပြီး ပါတီတွင်းစည်းလုံး ညီညွတ်မှုကို တတ်နိုင်သရွေ့ တည်ဆောက်နိုင်ရန် လေးလံ ထိုင်းမှိုင်းနေမည်ဆိုလျှင်၊ ရွေး ကောက်ပွဲအလွန်နိုင်ငံရေးတွင် နိုင်ငံရေး မိတ်ဆွေစစ်စစ်များနှင့် ကျောချင်းကပ်နိုင်ရေးအလှမ်း ဝေးနေမည်ဆိုလျှင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် သမ္မတရွေး ချယ်ရေး၊ အစိုးရဖွဲ့စည်းရေးတို့ နှင့် လွဲချော်နိုင်ခြေရှိသည့်အပြင် လွှတ်တော်တွင်းနိုင်ငံရေးအခင်း အကျင်း၌ အားကောင်းမောင်း သန် ပြည်သူကို မျက်နှာမူလျက် ရပ်တည်နိုင်ရေးမှာလည်း လျော့ ရဲပျော့ပြဲနိုင်ခြေရှိနေပါကြောင်း မီးမောင်းထိုး သုံးသပ်တင်ပြလိုက် ရပါသည်။။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video