Skip to main content

အင်အယ်ဒီကိုမဲပေးကြပါစို့ Si Thu Aung fb မှ

ကြံ့ဖွံ့က အာဏာရူးတွေကိုဖြုတ်ချခြင်ရင်
NLD ကို မဲပေးပါဆိုတော့ တခြားပါတီတွေမရှိတော့လို့လား...???
ဘာကြောင့် NLD ကိုပဲ မဲပေးခိုင်းနေရတာလဲ...???
မြန်မာပြည်မှာ ပါတီပေါင်း 80 ကျော်တောင်ရှိတာပဲနောက်ပြီး တစ်သီးပုဂ္ဂလပါတီ တွေလည်းရှိတယ်လေ... သူတို့ကိုပေးလို့လဲရတာပဲ မဟုတ်ဘူးလား....???
အဲလိုတွေ မေးလာတဲ့သူတွေရှိပါတယ်...
ဘာကြောင့် အာဏာရှင်ကောင်တွေကို ဖြုတ်ချဖို့အတွက် တသီးပုဂ္ဂလတွေ တခြားပါတီတွေကို မဲမပေးခိုင်းပဲ NLD ကိုပဲ မဲပေးပါလို့ ပြောရတာလဲဆိုရင်…
၁။ လွှတ်တော်အမတ်တစ်ယောက်ဟာ
ဥပဒေတွေ တင်သွင်းခွင့်နဲ့ ထိုဥပဒေအတွက် ဆန္ဒမဲ တစ်မဲ ပေးပိုင်ခွင့် ဆိုတာအပြင် တခြားဘာလုပ်ပိုင်ခွင့် အာဏာမှမရှိဘူး... သူ့မြို့နယ်အတွင်းက အုပ်ချုပ်ရေးတွေမှာ ၀င်ရောက် စွတ်ဖတ်ခွင့်မရှိဘူး...
((အခု ပြီးခဲ့တဲ့ 5 နှစ်ကြာလွှတ်တော်ကြီးကိုပဲ ကြည့်... ဘယ်လွှတ်တော်အမတ်တွေ ဘယ်လောက်အော်အော် အင်အားများတဲ့ လွှတ်တော်အမတ်အုပ်စုဘက်ကပဲ
ဥပဒေပြဌာန်းခွင့်တွေကို ခြယ်လှယ်သွားတာပဲ......))
ဒါကြောင့် လွှတ်တော်အမတ်တစ်ယောက် အားနဲ့ ယိုယွင်းနေတဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေ...
အကျင့်ပျက် ချစားနေကြတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ
ဝန်ကြီးဌာနတွေကို ပြင်ဆင်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...
တင်သွင်းတဲ့ ဥပဒေတွေကိုလည်း ညီညီညွတ်ညွတ်နဲ့ ထောက်ခံပေးမယ့် အင်းအားစုတစ်ရပ်ရှိမှ အဆင်ပြေနိုင်မယ်..
ပြီးရင် နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာနဲ့
စီမံခန့်ခွဲအုပ်ချုပ်ဖို့အတွက်အစိုးရအဖွဲ့တစ်ဖွဲ့
ဖွဲ့စည်းနိုင်တဲ့ အမတ်အင်အား ရှိမှသာဖြစ်နိုင်မယ်...
ဒါကြောင့် တသီးပုဂလတို့ တခြား အမတ်အင်အားနည်းတဲ့ ပါတီတို့ကို 

မဲပေးမယ်ဆိုရင် …
ခါချဉ်ကောင် မာန်ကြီး
တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်
ဆိုသလိုဖြစ်သွားမယ်....
၂ ။ NLDမှာ နိုင်ငံတကာက လေးလေးစားစား ဆက်ဆံရတဲ့ခေါင်းဆောင် ပါတယ်..
(( နိုင်ငံတကာက အကူအညီတွေ....
စစ်လက်နက်ပစ္စည်းတွေ ခေတ်မှီနည်းပညာတွေ
နိုင်ငံတကာအဆင့်မှီ ပညာရေး အခွင့်အလမ်းကောင်းတွေကိုကို တောင်းဆိုပေးနိုင်မယ့် ဖန်တီးပေးနိုင်မယ့် ခေါင်းဆောင်ပါတယ်...
ဒါ့အပြင် စင်္ကာပူသမ္မတနဲ့တွေ့ဖို့ တစ်နာရီကျော်လောက်
ထိုင်စောင့်ခဲ့ရတဲ့ဦးသိန်းစိန်လို အရှက်တကွဲအဖြစ်မျိုး ကြုံစရာအကြောင်း လုံးဝမရှိဘူး....))
၃။ သူမတူတဲ့ ရဲရဲတောက်အာမခံချက်အဖြစ် ပိုင်ဆိုင်မှုကို ကြေငြာရဲတယ်...
အချိန်မရွေးအစစ်ဆေးခံရဲတယ်...ဆိုတဲ့ အာမခံချက်ကို NLD ပါတီတစ်ခုတည်းကပဲ ပြည်သူတွေကို တရားဝင် ကတိပေး ပြောကြားထားတာ ဖြစ်ပါတယ်...
ပိုင်ဆိုင်မှု ကြေငြာရဲတယ်...
အချိန်မရွေး အစစ်ဆေးခံရဲတယ် ဆိုတဲ့သဘောက ပြည်သူ့ဘဏ္ဍကို မခိုးယူပါဘူး လို အာမခံတာပါ....
နောက်ပြီး လက်ရှိပိုင်ဆိုင်မှုတွေသည်လည်း မတရားနည်းလမ်းနဲ့ ရလာတာမျိုး မဟုတ်ပါဘူး ဆိုတဲ့ အာမခံချက်မျိုး ဖြစ်ပါတယ်...
((ပါတီပေါင်း 80 ကျော်မှာ NLD ပါတီတစ်ခုပဲ အဲဒီ့ကတိကို တရားဝင် အာမခံ ကြေငြာထားတာဖြစ်ပါတယ်...))
ဒါက ထင်သာမြင်သာရှိတဲ့ အချက်တွေလောက်ပဲ ပြောတာ...
အာဏာရှင်တွေကို ဖြုတ်ချနိုင်ဖို့ အတွက် ထွက်ပေါက်ဟာ NLD မှာပဲရှိတယ်ဆိုတာ
အသေအခြာပါပဲ...
အခြား တသီးပုဂ္ဂလတွေ ပါတီတွေ
အရည်အချင်းရှိတယ် မရှိဘူးဆိုတာထက်
NLD က စွမ်းဆောင်နိုင်စွမ်းပိုပြီး မြင့်မားတယ်...
အင်အားလည်း ပိုမိုတောင့်တင်းတယ်...
ယုံကြည်ချက်လည်း အပြည့်အ၀ထားလို့ရတယ်.....
ဒါကြောင့် NLD ကိုပဲ မဲပေးပါလို့ ပြောနေရတာပါ...
(လက်ရာသစ်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...