Skip to main content

ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်ရေးအကျဉ်း

၁ ။ ၁၉၄၅ ခု ၊ ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည် ။ ဗိုလ်ချုပ် အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ သမီးဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦး ဖြစ်သည် ။
၂ ။ ၁၉၄၉ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ ရန်ကုန်မြို့ ၊ စိန့်ဖရန်စစ်ကွန်ဗင့်ကျောင်းတွင် ပညာသင်ကြားခဲ့သည် ။
၃ ။ ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ ရန်ကုန်မြို့ အင်္ဂလိပ်မက်သဒစ် အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည် ။

၎ ။ ၁၉၆၀ ခုနှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်း ခံရသဖြင့် မိခင်နှင့်အတူ အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ လိုက်ပါခဲ့သည် ။
၅ ။ ၁၉၆၀-၆၁ ခုနှစ်များတွင် ဒေလီမြို့ ၊ ဂျီးဇက် နှင့် မေရီကွန်ဗင့်ကျောင်းတွင် ဆက်လက်၍ ပညာသင်ကြားခဲ့သည် ။
၆ ။ ၁၉၆၂-၆၃ ခုနှစ်များတွင် ဒေလီတက္ကသိုလ် လေဒီရှရီရမ် ကောလိပ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ် ကို လေ့လာဆည်းပူးခဲ့သည် ။
၇ ။ ၁၉၆၄-၆၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ်ရှိ စိန့်ဟူးခ်ျကောလိပ်၌ ဒဿနိကဗေဒ ၊ နိုင်ငံရေး သိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး ၀ိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည် ။
၈ ။ ၁၉၆၈ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် အရှေ့တိုင်း နှင့် အာဖရိကလေ့လာရေးဌာန ၊ နိုင်ငံရေး သိပ္ပံဌာန၌ သုတေသနလက်ထောက်အဖြစ် ထမ်းဆောင်ခဲ့သည်။
၉ ။ ၁၉၆၉-၇၁ ခုနှစ်များတွင် နယူးယောက် ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးရုံး ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ အကြံပေးကော်မတီ တွင် လက်ထောက် အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၀ ။ ၁-၁-၁၉၇၂ ရက်နေ့တွင် ဒေါက်တာမိုက်ကယ်အဲရစ် နှင့် လက်ထပ်ခဲ့သည် ။ ဒေါက်တာမိုက်ကယ်အဲရစ် သည် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်၍ အောက်စဖို့တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သည် ။ မြောက်ပိုင်း ဗုဒ္ဓဘာသာ(မဟာယန)၏ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းကို အထူးပြုလေ့လာနေသော သုတေသန ပညာရှင်ဖြစ်ပြီး ယင်းပညာရပ်နှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားပြုစု ထုတ်ဝေခဲ့သည် ။ သားနှစ်ယောက် ထွန်းကားခဲ့ရာ ယင်းတို့မှာ အလက်ဇန္ဒား (ခေါ်) မြင့်ဆန်းအောင် နှင့် ကင် (ခေါ်) မောင်ထိန်လင်း တို့ဖြစ်သည် ။
၁၁ ။ ၁၉၇၂-၇၃ ခုနှစ်များတွင် ဘူတန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် သုတေသနအရာရှိ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၁၂ ။ ၁၉၇၅-၇၇ ခုနှစ်များတွင် အောက်စဖို့တက္ကသိုလ် ဘော့ဒလီယန် စာကြည့်တိုက်၌ မြန်မာစာအုပ်နှင့်ပေစာ ၊ ပုရပိုက်များကို ကတ်တလောက်ပြုစုသူ ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။
၁၃ ။ ၁၉၈၅-၈၆ ခုနှစ်များတွင် ဂျပန်နိုင်ငံ ၊ ကျိုတိုတက္ကသိုလ် ၊ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေး ဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက် သုတေသနပြုခဲ့သည် ။
၁၄ ။ ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ၊ ဆင်းမလားမြို့ရှိ အထူးလေ့လာသုတေသနပြုရေး ၊ အိန္ဒိယသိပ္ပံဌာနတွင် သုတေသနပညာရှင်အဖြစ် သုတေသန ပြုခဲ့သည် ။
၁၅ ။ ၁၉၈၇ ခုနှစ်တွင် လန်ဒန် တက္ကသိုလ် ၊ အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးဌာနတွင် တင်သွင်းရန် ဘွဲ့လွန်စာတမ်းတစ်စောင်ကို ပြုစုခဲ့သည် ။
ယင်းစာတမ်းအမည်မှာ “၁၉၁၀-၁၉၄၀ ခုနှစ်အတွင်း မြန်မာစာပေတွင် ရိုးရာအစဉ်အလာမသစ် ဖြစ်ပေါ်ထွန်းကားမှုများနှင့် အမျိုးသားရေးဝါဒ”ဟူ၍ ဖြစ်သည် ။
၁၆ ။ ၁၉၈၈ ခုနှစ်တွင် မိခင်ဖြစ်သူ သီရိသုဓမ္မ ဒေါ်ခင်ကြည် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ပြုစုရင်း နိုင်ငံရေးလောကအတွင်းသို့ ရောက်လာသည် ။
၁၇ ။ ၁၉၉၀ ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ထူထောင်ပြီး ရွေးကောက်ပွဲဝင်သည် ။
ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်အစိုးရမှ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့သည် ။
၁၈ ။ ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရသစ်မှ လွတ်ငြိမ်းချမ်းသာခွင့်များ ပေးခဲ့ရာ အကျယ်ချုပ်မှ လွတ်ခဲ့သည် ။.
ပြန်လည် မျှဝေပေးပါတယ်
လေးစားလျက်.
Credit :Maung Tun Wai
[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး Online လှုပ်ရှားမှု]

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...