Skip to main content

တပ်မတော်ကြီးကို စစ်စွမ်းအားရှိဖို့ ဘယ်လိုကူညီနိုင်မလဲ


တပ်မတော်သား ၀န်ထမ်းတွေ အနေနဲ့ အရပ်ဘက်တာဝန် တွေကို ပြောင်းပြီးထမ်းဆောင် တယ်ဆိုတာ မြန်မာ့လူ့အဖွဲ့အ စည်းမှာ ရိုးဟိုးဟိုးနေတာကြာပါ ပြီ။ ဒါပေမဲ့ အခု ကျန်းမာရေးဝန် ကြီးဌာနထဲကို ဘောင်းဘီတောင် မချွတ်တော့ဘဲ တပ်ဘက်က ၀င် လာတဲ့အခါ အသံတွေ မြည်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ် ဘက်က အတွေးမျိုး ကြိုးစားတွေး ကြည့်လိုက်ပါတယ်။
အဖွဲ့အစည်းတွေမှာ အဖွဲ့ ၀င်အင်အားတောင့်တင်းအောင် ကြိုးပမ်းရရိုးထုံးစံရှိပေမယ့် နိုင်ငံ တော်အဆင့် တာဝန်တွေကို ထမ်း ဆောင်နိုင်လောက်တဲ့ အဖွဲ့အ စည်းတွေမှာတော့ တွေးရမှာတွေ က
တစ်ပုံတစ်ပင်ပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ တပ်မတော်သားအင်အားကို ဖြည့်တင်းရာမှာ တပ်မတော်သားစင်စစ်အဖြစ် ရာ သက်ပန်တာဝန်ထမ်းဖို့အတွက် ရော အရပ်ဘက်တာဝန်တွေကို ထမ်းဆောင်ဖို့အတွက်ပါ ရည် ရွယ်ပြီး အင်အားဖြည့်တင်းတယ် လို့ ဆိုရမှာပါ။ ၁၉၈၈ ခုနှစ်နောက် ပိုင်းမှာတော့ တပ်မတော်ရဲ့ အင် အားဖြည့်ဆည်းမှုတွေဟာ အသွင်ပြောင်းစပြုလာခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံကာလ မှာ ‘‘သုံးယောက်ပေါင်းမှ ဆယ် တန်းမအောင်သူတွေ’’လို့ အပြော အဆိုခံခဲ့ရတာကို နာကျင်တဲ့အ တွက် တပ်မတော်အနေနဲ့ ပညာ တတ်များမွေးထုတ်ဖို့ စတင်ကြိုး ပမ်းခဲ့တယ်လို့လည်း တွက်နိုင်ပါ တယ်။ ဒီလိုနဲ့ စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဟာ အုံနဲ့ ကျင်းနဲ့ သော ဆယ်တန်းအောင်များကို တပ်မတော်သားပညာတတ်များ အဖြစ် မွေးထုတ်ခဲ့ပါတယ်။ အရင် က အရပ်ဘက်ဆေးတက္ကသိုလ် က မွေးထုတ်ပေးတဲ့ ဆရာဝန်တွေကိုပဲ စစ်ဘက်ကိုခေါ်သုံးတာမျိုး၊ စစ်ဘက်ထောက်ပံ့ကြေးနဲ့ အရပ် ဘက်ဆေးတက္ကသိုလ်မှာ တက်ခဲ့ ကြတဲ့သူတွေကို ကျောင်းပြီးတာနဲ့ စစ်ဘက်တာဝန်ပေးတာမျိုး လုပ် ခဲ့ပေမယ့် အခုတော့ ကိုယ့်တပ်ထဲ မှာ ကိုယ့်တပ်ဆရာဝန်ကို ကိုယ့် ဘာသာမွေးမယ်လို့   ဆုံးဖြတ်လိုက်တဲ့ သဘောပါပဲ။
ဆေးတက္ကသိုလ်တွေမှာ တက်ခွင့်ပြုမယ့် ဆေးကျောင်းသားအ ရေအတွက်ဟာလည်း ၁၉၈၈ မ တိုင်ခင်ကနဲ့စာရင် လေးငါးဆထိများလာခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာလည်း အရေအတွက် ဦးစားပေးမွေးထုတ်မှု တွေ တိုးလုပ်လာပါတယ်။ တ ကယ်တော့     သက်မွေးဝမ်းကျောင်းအတတ်ပညာရှင်တွေကို အရေအ တွက်တိုးပြီးမွေးထုတ်တာဟာ နိုင် ငံတစ်နိုင်ငံအတွက် ကောင်းပေမယ့် ကိုယ့်နိုင်ငံရဲ့ အခြေခံအဆောက်အအုံနဲ့ ဘဏ္ဍာရေးအခြေအနေတွေကို အခြေခံစဉ်းစားပြီး မမွေးထုတ်နိုင်ရင် ပညာတတ်လူပိုတွေ ပေါ်ထွက်နိုင်တာပါပဲ။ တစ်နည်းအားဖြင့် ဦးနှောက်ယိုစီးမှုတွေ ပိုဖြစ်လာတာပေါ့။
အရင်က အရပ်ဘက်ဆေး တက္ကသိုလ်တွေမှာ ကျောင်းပြီးရင် တောင် ကျန်းမာရေးဝန်ကြီးဌာန ရဲ့ လစ်လပ်နေရာမရှိလို့ အလုပ် မရနိုင်ဘဲ ပြည်ပကို ဦးနှောက်ယို စီးရင် စီး၊ ဒါမှမဟုတ် ဆရာဝန် ကျူရှင်ဆရာ၊ ဆရာဝန်စီးပွားရေး သမားရယ်လို့ ပြည်တွင်းမှာ ဦး နှောက်ယိုစီးရင် စီးဆိုပြီး ပြဿနာ တွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ ၀န်ထမ်းဆရာဝန်ကို လုပ် ချင်စိတ်မရှိကြတော့တဲ့အထိ ဌာနဆိုင်ရာ ကြိုးနီစနစ်ကဆိုးရွားလာ ရာက ကျောင်းပြီးရင်လည်း ဆေး ကုသခွင့်လိုင်စင် (ဆမ)မပေး တော့ဘဲ ၀န်ထမ်းလုပ်မှ ဆမထုတ်ပေးဆိုတဲ့ ဥပဒေကြောင့် ဦးနှောက်ယိုစီးမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါ ဟာ နိုင်ငံရဲ့ ကျန်းမာရေးအခြေခံ အဆောက်အအုံနဲ့ ကျန်းမာရေး ၀န်ကြီးဌာန ဘတ်ဂျက်တွေနဲ့ လျော်ညီတဲ့ ဆရာဝန်အရေအ တွက်ကို ခန့်မှန်းဖြည့်စွမ်းခဲ့တာမျိုး မလုပ်ဘဲ ဆရာဝန်အရေအတွက် တိုးရုံတွေးပြီး ဆေးကျောင်းတွေ မှာ ကျောင်းသားတွေ တိုးခေါ်ခဲ့ တာရဲ့ ပြဿနာပါ။
အခုစစ်ဘက်ဆိုင်ရာဆေး ကျောင်းရဲ့ ပြဿနာကို စတွေ့ရ တယ်လို့ ထင်ပါတယ်။ နှစ်စဉ် မြောက်မြားလှစွာသော ပညာ တတ်စစ်ဆရာဝန်တွေကို မွေး ထုတ်နိုင်ခဲ့ပေမယ့် စစ်ဆေးရုံဆို တာ အရပ်ဘက်ဆေးရုံတွေလို ရပ်တကာ ရွာတကာမှာ ဖွင့်ရရိုးမရှိ တော့ သူတို့ကို နေရာချထားဖို့မှာ အခက်အခဲဖြစ်လာတယ်နဲ့ တူပါ တယ်။ စစ်အင်ဂျင်နီယာတွေအ တွက်ကတော့ ဖွဲ့စည်းပုံနေရာချ ရတာ အခက်အခဲမရှိနိုင်ဘူးလေ။ စစ်တပ်ဆိုတာ စစ်လက်နက် ပစ္စည်းနဲ့ မကင်းတော့ စစ်အင်ဂျင် နီယာတွေဆိုတာ ထာဝရလိုအပ် နေမယ့် ပညာရှင်တွေပါပဲ။ စစ် ဆရာဝန်တွေကိစ္စကတော့ တစ်မျိုးဖြစ်လာတာပေါ့။
နှစ်စဉ်လိုအပ်ချက်ထက် ပို တဲ့အရေအတွက်ကို ခေါ်ယူနေတဲ့ စစ်ဆေးကျောင်းတွေဟာ သူ့ လက်ကလွတ်ရင် သွားစရာနေရာ သိပ်မရှိတဲ့ ဆရာဝန်တွေကို မွေး ထုတ်ပေးသလို ဖြစ်လာခဲ့သလား ဆိုတာ ပြန်လည်ဆန်းစစ်ရမယ် ထင်ပါတယ်။ ဒါမှမဟုတ် စစ်ဆေးရုံ၊ စစ်ဆေးပေးခန်းတွေ တိုးပြီး ဆောက်ဖို့ ကြံရင်ကောလို့ မေး မယ်ဆို မေးစရာပေါ့။ ဒါပေမဲ့ အဲဒီအတွက် ဘတ်ဂျက်၊ အဲဒီလို ဆောက်ဖို့ လိုအပ်နေတဲ့ စစ်ဆေး ကုခံမဲ့သူစသဖြင့် ဆက်စဉ်းစားစရာတွေ ရလာတာကို တွေ့ရပါမယ်။
ဒါကြောင့် တပ်မတော်အနေ နဲ့   လတ်တလောမှာ အဘက်ဘက်က ဖြေရှင်းစရာတွေ များလာနေရ တယ်လို့ ယူဆနိုင်ပါတယ်။ တကယ်တော့ တပ်မတော်အနေနဲ့ ကာ ကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက် ထဲမှာ တပ်မတော်သား စစ်စစ် တွေကိုပဲ ဖြည့်ဆည်းမွေးထုတ်ပြီး တပ်မတော်စစ်စစ်အတွက် လို အပ်မှုတွေကိုပဲ ဖြည့်တင်းမယ်ဆို ရင် အခက်အခဲတွေ တဖြည်းဖြည်းလျော့ကျလာနိုင်ပါတယ်။ ဘယ် အဖွဲ့အစည်းမဆို၊ ဘယ်လူပုဂ္ဂိုလ် မျိုးမဆို အရာရာကို ဖြည့်ဆည်း ပေးနိုင်မှာမဟုတ်တဲ့အတွက်သာ ကိုယ်ကျွမ်းကျင်ရာကိုယ်လုပ်ကြ တဲ့ ထုံးစံရှိကြတာပါ။ ကျွမ်းကျင် ရာ လိမ္မာဆိုတာမို့ မကျွမ်းကျင်တဲ့ အရာတွေကို လိုက်လုပ်တာဟာ မလိမ္မာရာကျပါတယ်။ တပ်အနေ နဲ့ ကိုယ်ကျွမ်းကျင်ရာဟာ စစ်စွမ်း ရည်သာ ဖြစ်သင့်ပါတယ်။ စစ်စွမ်းရည်ပြည့်ဝတဲ့ စစ်သားတွေကိုပဲ မွေးထုတ်ဖြည့်ဆည်းတာဟာ လိမ္မာတဲ့ အဆုံးအဖြတ်ပါ။
မလိုအပ်ဘဲ အင်အားဖြည့် တင်းတဲ့အခါ အဲဒီလူတွေအတွက် အစစတာဝန်ရှိသလို ဖြစ်ရတာမို့ သူတို့ကို အဆင်ပြေပြေနေရာမချ နိုင်ရင် မွေးထုတ်ပေးတဲ့ ကိုယ့်ကို ပဲရှူးပြန်ပတ်ရတာပေါ့။ အခုလို အရပ်ဘက်က လက်မခံလို့ ဆက်မပို့တော့ဘူးလို့ ဆုံးဖြတ်ချိန်မှာ လျာထားစစ်ဆရာဝန် ဆေးအမှုထမ်းက ၄၈၄ ဦးကျန်နေတယ်ဆိုတော့  အဲဒီလူတွေနေရာက ကြည့်ရင်လည်း အဆင်မပြေနိုင်ပါဘူး။ နဂိုကမှ ဒီနှစ်ကျောင်းပြီးလို့ နောက် နှစ် အလုပ်မရနိုင်၊ လုပ်သက် နှစ် ၂၀ လောက်မှ အဆင့်မြင့်ရာထူး လေးမှန်းနိုင်ကြတဲ့ အရပ်ဘက်က ဆရာဝန်တွေနေရာကကြည့်ရင် လည်း အဆင်မပြေပါဘူး။ သေချာပြန်စဉ်းစားရင် ဒီနေ့ဖြစ်တဲ့ ပြဿ နာဟာ အရပ်ဘက်ကျန်းမာရေး အမှုထမ်းတွေနဲ့ စစ်ဘက်နဲ့ ဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ တကယ့် ပြဿနာက တပ်မတော်ရဲ့ ပြဿ နာသာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ ကိုယ့် အဖွဲ့အစည်းရဲ့ လိုအင်ကိုအတိ အကျခန့်မှန်းတွက်ချက်ပြီး ပညာ တတ်စစ်သည်တွေကို မွေးထုတ် တာမျိုးမလုပ်ခဲ့ဘဲ မြန်မာနိုင်ငံကြီး ထဲမှာ စစ်နိုင်ငံငယ်သဘောနဲ့ ဘယ်လိုပညာရှင်မဆို တပ်မ တော်သားအနေနဲ့ မွေးထုတ်နိုင် အောင် ကြိုးပမ်းခဲ့မှုရဲ့ ရလဒ်လို့ ဆိုနိုင်ပါတယ်။ အရေအတွက်မှ သည် အရည်အချင်းသို့လို့ တွေးခဲ့ တာလည်းပါတာပေါ့။ အရည်အ ချင်းမရှိတဲ့ အရေအတွက်တွေများ သထက်များလာရင် အရည်အ ချင်းဘက် ပြန်လှည့်ဖို့ သိပ်ခက်ပါ တယ်။ ဒါကြောင့် ကျွန်မအရင်က အပြင်ဆေးခန်းတစ်ခုမှာ ထိုင်စဉ် မှာ စစ်ဆေးကျောင်းမှာ စာသင် နေတဲ့ ဆရာဝန်တစ်ယောက် အ ပြင်ဆေးခန်းမှာ တိတ်တိတ်က လေး ဆေးခန်းလာထိုင်တာနဲ့ ဆုံ ခဲ့ဖူးပါတယ်။ တပ်ထဲက အေဖိုး စက္ကူထုတ်ကိုယူလာပြီး ကျွန်မကို ရောင်းတာမျိုး ကြုံဖူးတော့ သူ့ တပည့်တွေကို ဘယ်လိုသင်မလဲ ဆိုတာတွေးပူဖူးပါရဲ့။
တကယ်တော့ ရေရှည်မှာ ကာကွယ်ရေးဘတ်ဂျက်ဟာ ဘယ်လိုခရီးဆက်မလဲ။ ကာကွယ်ရေး အခြေခံအဆောက်အအုံတွေမှာ စစ်ဆရာဝန်အယောက်တိုင်းကို ဒူးနေရာဒူး တော်နေရာတော်ချ ထားနိုင်ဖို့ ဘာတွေက စိန်ခေါ်မှု ဖြစ်လာမလဲဆိုတာတွေကို မျှော် ကြည့်ပြီး တပ်မတော်ရဲ့ ပညာ တတ်မွေးထုတ်ရေးစီမံကိန်းကို အဲဒါနဲ့အညီ ပြန်လည်ပြုပြင်ရေးဆွဲ ဖို့ အချိန်ကျနေပြီထင်ပါတယ်။ ဒါ မှလည်း အချိန်မနှောင်းခင်မှာ ဘာမဆို အကုန်လုပ်ပြီး ဘယ်မှာမှ နေရာမကျဘူးလို့ အထင်ခံနေရတဲ့ အဖြစ်ကနေ စစ်စွမ်းအားပြည့် တပ်မတော်စင်စစ်ပြန်ဖြစ်မှာ မ ဟုတ်ပါလား။။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video