Skip to main content

ရာထူးမှနုတ်ထွက်၍ မဲဆွယ်ဝင်ပြိုင်ပါ


၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နီးကပ်လာခြင်းနှင့်အတူ မကြာမီရက်ပိုင်းများအတွင်း ရွေးကောက် ပွဲမဲဆွယ်စည်းရုံးရေးစတင်တော့ မည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင် များ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်များအနေဖြင့် ရွေး ကောက်ပွဲဆိုင်ရာ ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့် နယ်မြေစည်း ရုံးရေးလုပ်ငန်းများကို ရာထူး သက်တမ်းအတွင်း ဆောင်ရွက်ခွင့်ရရှိပြီး ရွေးကောက်ပွဲဝင်ပြိုင် မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးဆန်း စစ်ရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ နိုင်ဝင်ဘာလ ၆ ရက် နေ့အထိ ရက်ပေါင်းခြောက်ဆယ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလတွင် ရွေးကောက်ပွဲဝင်ပြိုင် မည့် အစိုးရအဖွဲ့ဝင်များနှင့် အုပ် ချုပ်ရေးအာဏာပိုင်အဖွဲ့ဝင်များ အနေဖြင့် ရာထူးသက်တမ်းအ တွင်း မဲဆွယ်စည်းရုံးရေးလုပ်ငန်း များ ဆောင်ရွက်လာမည်ဆိုလျှင် အခြေခံဥပဒေနှင့် မဆီမလျော်ဖြစ် လာနိုင်ဖွယ်ရှိနေသည်။ လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ဒုတိ ယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး ၄၀ ကျော်တို့သည် အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည်လည်း ကယားပြည်နယ် အမျိုးသားလွှတ်တော်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးခံကြမည်ဖြစ်သည်။

ဒုတိယသမ္မတများ၊ ဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် အုပ် ချုပ်ရေးအာဏာပိုင်များအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလကို အာဏာပိုင်ရာထူး ကျောထောက်နောက်ခံပြုလျက် ဖြတ်သန်းမည်ဆိုလျှင် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးထက်အဆိုးဖြစ်နိုင်ခြေများပြီး ရွေးကောက်ပွဲ၏ လွတ်လပ်၍တရားမျှတနိုင်ခြေကိုလည်း အငြင်းပွားဖွယ်ဖြစ်လာနိုင်သည်။ အာဏာပိုင်ရာထူးသက်တမ်းရှိနေမည်ဆိုလျှင် လုပ်ပိုင်ခွင့်နှင့် အရှိန်အဝါလည်းရှိနေမည်ဖြစ်သည့် အလျောက် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများအပေါ် အသာစီးယူယှဉ်ပြိုင်သည့် သဘောဖြစ်နိုင်သည့်အားလျော်စွာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၏ စံချိန်စံညွှန်းများကို တိုက်စားသွားဖွယ်ရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် အစိုးရ အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများ၊ တရားသူကြီးချုပ်၊ တရားလွှတ် တော်တရားသူကြီးများ၊ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေ့နေ  ချုပ်နှင့် ဒုတိယရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်း စစ်ချုပ်၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်က ကြေညာသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ  ပါတီစည်းရုံးရေးလုပ်ငန်းများနှင့်  နယ်မြေစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
 နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်သော်လည်း ကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ် ခံသူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ် တာဝန်ပေးခြင်းခံ ရသည့်နိုင်ငံသားတစ်ဦးဖြစ်လျှင် သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောက်လာမည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက  နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (က)အရ ပေးအပ်ထားသော ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ရှိသည်ဟု ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ၇(ခ)တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တို့သည် ကျွန်းကိုင်းမှီကိုင်းကျွန်းမှီဖြစ်နေသည်မှာ ထင်ရှား သော်လည်း ဥပဒေတို့၏ အချုပ် ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ပြန်လည်ချိန်ထိုးရမည်ဖြစ် သည်။
ပြည်ထောင်စုသမ္မတမြန်မာ  နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော် သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု အတိအလင်းပြဋ္ဌာန်းထားသည်။ ထိုနည်းတူ ပုဒ်မ ၂၃၂(ဋ)၊ ပုဒ်မ ၂၃၄(စ)ပါ ပြဋ္ဌာန်းချက်များအရပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည်လည်း မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရှိမည် မဟုတ်ပေ။
 ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၇(ဇ)အရ ပြည်ထောင်စု ရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ် တို့သည်လည်းကောင်း၊ ပုဒ်မ ၂၄၂(ဆ)အရ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်း စစ်ချုပ်တို့သည်လည်းကောင်း၊ ပုဒ်မ ၂၈၅(ဆ)အရ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင် တို့သည်လည်းကောင်း ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ် ငန်းများတွင် ပါဝင်ဆောင်ရွက် ခြင်းပြုနိုင်မည်မဟုတ်ပေ။
သို့ဖြစ်၍ ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပါ ပြဋ္ဌာန်းချက်များသည် ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် လွဲချော် ကွဲ လွဲနေသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မိမိရာထူးသက်တမ်း အတွင်း ယင်းပါတီအဖွဲ့အစည်း ၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရဟု အတိ အလင်းပြဋ္ဌာန်းပြီးဖြစ်သည်။ ရွေး ကောက်ပွဲမဲဆွယ်စည်းရုံးရေးလုပ် ငန်းများနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများသည် ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများပင် ဖြစ်သည့်အားလျော်စွာ ကော်မရှင်၏ ကြေညာချက်နှင့် အစိုးရ အဖွဲ့၏ ဥပဒေတို့တွင် မည်သို့ပင် ပြဋ္ဌာန်းထားစေကာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီအဖွဲ့ အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ကိုက် ညီမည်မဟုတ်ပေ။ သို့ဖြစ်၍ နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာခုံရုံး၏ အဆုံးအဖြတ်ကို မဖြစ် မနေရယူရမည်ဖြစ်သည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂(က)အရ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် တာဝန်ရှိသည့်အလျောက် ရွေး ကောက်ပွဲဆိုင်ရာပါတီစည်းရုံး ရေးလုပ်ငန်းများနှင့် နယ်မြေစည်း ရုံးရေးလုပ်ငန်းများသည် ယင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ် ငန်းများဟုတ်၊ မဟုတ်ကို တရား ဝင်တိုင်းသိ ပြည်သိထုတ်ပြန်ရ မည်ဖြစ်သည်။
အနှစ်ချုပ်ရသော် ဒုတိယ သမ္မတများ၊ ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်း စစ်ချုပ်၊ ရာထူးဝန်ဥက္ကဋ္ဌအပါ အဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင် ရောက်ယှဉ်ပြိုင်မည်ဆိုပါက မိမိ တို့၏ ရာထူးနေရာများမှနုတ်ထွက် ပြီး ရွေးကောက်ပွဲဆိုင်ရာပါတီ စည်းရုံးရေးလုပ်ငန်းနှင့် နယ်မြေ စည်းရုံးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့် ကိုက်ညီနိုင်ခြေရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဥပဒေဖြစ်ပြီး ဥပဒေအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ရန်အရေးကြီးသည့် အလျောက် ကြေညာချက်နှင့် ဥပဒေတွင် မည်သို့ဆိုစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ယင်းပြဋ္ဌာန်းချက်များအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်တို့သည်သာ သော့ချက်ကျမည်ဖြစ်ပါကြောင်း မီးမောင်းထိုးတိုက်တွန်း  ဆော်ဩလိုက်ရပါသည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video